CH-11

49 5 0
                                    

CH-11 ခေါင်းကိုက်ခြင်းဝေဒနာ နဲ့အတူ လင်းရီရီ အောက်ဆီဂျင် ပြတ်တောက်သွားသလိုပင် ခံစားနေရခြင်း(2)

ညစာ တွက်တော့ လင်းရီရီ ရဲ့ အားသွန်ခွန်စိုက် ချက်ပြုတ်ထားသော ဟင်းလျာ များအား စားပွဲပေါ်တွင် ခင်းကျင်းထားပြီးဖြစ်သည်။

မောင်နှမ နှစ်ယောက် က တစ်ခါမှ မိခင်ဖြစ်သူ ချက်ပြုတ်ပေးတဲ့ အစားသောက်တွေ‌ကို မစားခဲ့ရဖူးဘူး ဒါပေမဲ့ ဒီနေ့မှာတော့ မနက်စာ အပြင် နေ့လည်စာ ကိုပါ သူတို့ မိခင်ဖြစ်သူ ကိုယ်တိုင် ပြင်ဆင် ပေးခဲ့တာကြောင့် ညစာ အတွက်လဲ ယုံကြည်ချက်ရှိနေကြသည်။

ထိပ်ထိန်းလွှာ စာဖိုမှူး တစ်ယောက်ဖြစ်တဲ့ လင်းရီရီ ရဲ့ ဟင်းချက် စကေး က မြင့်မားပြီး ကောင်းလွန်းနေတာ ကတော့ စာဖွဲ့စရာလိုလိမ့်မဟုတ်။

အမျိုးသမီး ချန်း နဲ့ ပေါက်စ နှစ်ယောက်ရဲ့ " မွေးရာပါ အချက်ပြုတ်ရာမှာ ပါရမီ ပါတာ" ဟူသော ခေါင်းစဉ် ပေးခံထားရကြောင့် သူ(မ) ရဲ့ ကျွမ်းကျင် တတ်မြှောက် မူကို ဖုံးကွယ်ထားစရာ မလိုတော့ပေ။ မီးဖိုခန်း ထဲမှာလဲ ဟင်းချက်နည်း အကြောင်းအရာတွေနဲ့ ရှုပ်ပွ နေခဲ့သည်။ သို့ရာတွင် ဒီတစ်ကြိမ်မှာတော့ သူတို့လဲ အံ့ဩ မနေတော့ပဲ သူ(မ) ရဲ့ ဟင်းချက် စွမ်းရည် ကို အသိမှတ်ပြု လက်ခံကြပြီးဖြစ်သည်။

ကောင်ညှင်း အသားလုံး, အသားကင်နှပ်, ငါးချိုချဉ်, ကင်းမှို အရွက်ကြော်, ကိုလာဆော့ ကြက်တောင်ပံ ဟင်း, အပြင် အသားလွတ် အရွက်ကြော် နှစ်ပွဲ, နောက်ဆုံးတွင်တော့ ပဲပိစပ် နဲ့ ဝက်လက် စွတ်ပြုတ် တို့ကို ခင်းကျင်းထားလေသည်။ အကုန်လုံးက အနံ မွှေးကြိုင်နေပြီး ကြည့်ရတာ အရသာလဲ ကောင်းမဲ့ပုံ ပင် ညစား စာချိန်၌ ထမင်းစာပွဲပေါ်တွင် ပြေးလွှားနေသော ရှုပ်ရှပ်ခက် နေတဲ့ လက်များ ကို တွေ့ရပေလိမ့်မည်သာ.....

သားအမိတွေ ညစာကို ‌စိတ်ကျေနပ်စွာ စားသုံးတာကို ကြည့်ပြီး အမျိုးသမီး ချန်း က သူ(မ) မကြာခင် အလုပ်ပြုတ်တော့မည် ဟု စိတ်ထင့် နေလေပြီ..

ဒါပေမဲ့ ms.လင်း ကတကယ့်ကို အံ့ဩဖို့ကောင်းတယ် သူ(မ) က ဟင်းပွဲတွေကို ချက်ပြုတ် ဖို့တွက် အရည်ချင်းရှိတယ် ဆိုတာ ကြည့်ယုံနဲ့ သိနိုင်‌တယ် နောက်ပြီး သူ(မ) ကြားထားတာက ms.လင်းရဲ့ သားဖြစ်သူက အမှတ် အမြင့်ဆုံးကို နှစ်တိုင်း စွတ်ခူး နေတယ်ဆိုတာပဲ !

ဗိီလိန်လေးတို့ရဲ့အ‌မြှောက်စာဇာတ်‌ကောင်မေမေ (ဘာသာပြန်)Where stories live. Discover now