CH 7

49 4 0
                                    

CH-7 သူတို့ရဲ့ဖခင်က သေသွားပြီဆိုရင် ,သူ(မ)က သူတို့တွက် ကျန်ရှိတဲ့တစ်ဦးတည်းသော မိသားစုဝင်ပါလို့ ဆိုလိုတာလား?(3)

အရင်ကဆို အိမ်မူကိစ္စ လုပ်ရန် စိတ်မဝင်စားတဲ့ သူ(မ)က အခုများကျ  ရေခဲသေတ္တာထဲမှ ဟင်းချက်ရန် လိုအပ်မည့် အမျိုးမယ်များအား ထုတ်ကာ  ဆေးကြောသန့်စင်ပြီး မနက်စာ ပြင်ဆင်ချက်ပြုတ်ရန်တွက် စိတ်အားထန်သန် နေသည်ကို ချန်း အမျိုးသမီးတွေ့မြင်လိုက်ရသည်။ ဒါပေမဲ့ သူ(မ) အနဲငယ်တော့ စိုးရိမ်နေမိပါသည်။
"ကျွန်မ သခင်မလေးကို ဘေးကနေ ကူပေးမယ်ဆိုရင်ရော?"

"ဟင့်အင်း မလိုပါဘူး ကျွန်မ အဆင်ပြေတယ် ရှင်တခြားလုပ်စရာ ရှိတာသာ သွားလုပ်လိုက်ပါ"

လင်းရီရီ ကရေခဲသေတ္တာထဲမှ ကြက်ဥသုံးလုံးနဲ့ ဝက်ပေါင်ခြောက် အားထုတ်လိုက်‌ လေသည်, ပြီးနောက် သူ(မ)က ကြက်ဥအား ခွဲပြီး ပန်ကန်လုံးထဲသို့ ထည့်လိုက် ကာ ဆားအနဲငယ် ထည့်၍ ခလောက် လေသည်။ ထို့နောက် ဆီအနဲငယ်ထည့်ကာ  ဒယ်အိုးအား အပူပေးလိုက်ပြီးနောက် ဆီပူလာသော်အခါ မွှေထားသော ကြက်ဥအား ထည့်လိုက်လေသည်....

သူ(မ) က ကောင်းကောင်းမွန်မွန်  ချက်ပြုတ် နေတာကိုမြင်လိုက်ရတာကြောင့်  ချန်း အမျိုးသမီးဟာ စိတ်အနဲငယ်သက်သာရာရ သွားလေသည်။ သူ(မ) မီးဖိုချောင် မှ ထွက်လာလိုက်ခါ ယောင်္ကျားယူပြီး ကလေးနှစ်ယောက် ရပြီးသည့်တိုင် အိမ်မူကိစ္စ မလုပ်ခဲ့ဘူးပါသော  Ms.လင်း ကအရင်က နဲ့မတူ ကွဲပြား နေကြောင်းကို မတွေးပဲမနေနိုင်ခဲ့ပါ။ ကြည့်ရတာ Ms. လင်း က ချက်ပြုတ်တတ်နေပုံပင် ,ဒါဆို သူ(မ) စိတ်ပူစရာ အကြောင်းမရှိတော့ပါဘူး။

လင်းရီရီ ကတော့ အကူဟင်းချက် ၏ခေါင်းထဲရှိ အတွေးများစွာကို သိမနေခဲ့ပါ, သူ(မ) က ကြက်ဥလိပ်ကြော် သုံးခုအား ကြွေပန်းကန် သုံးချပ် ပေါ်တွင်ခွဲထည့်လိုက်လေသည်။ ဒီအရာ ကိုပြင်ဆင်ဖို့ရန် သူ(မ) အချိန်မကြီး မယူလိုက်ရပါပေ။

ဒီ ဟာပဲဆိုရင် ငြီးငွေ့ဖွယ် ကောင်းတာကြောင့် သူ(မ) စဉ်းစား လိုက်ပြီးနောက် အသားညှပ် ပေါင်မုန့်ပါ ထပ်လုပ်ရန် ဆုံးဖြတ်လိုက်လေသည်။ 

ဗိီလိန်လေးတို့ရဲ့အ‌မြှောက်စာဇာတ်‌ကောင်မေမေ (ဘာသာပြန်)Tahanan ng mga kuwento. Tumuklas ngayon