CH-24

58 4 2
                                    

CH-24 * ဆယ်ကျော်သက် ကောင်လေးသုံးယောက် ကနှုတ်ခမ်းကို လက်ဖြင့်ရိုက်ရုံမှ တစ်ပါးမတတ်နိုင်!*

လင်းရီရီက သူမချက်ပြုတ်ထားတဲ့ ညစာကို ဓာတ်ပုံရိုက်၍ အွန်လိုင်းပေါ် တင်လိုက်သည်။

ဗီလာရဲ့ အတွင်းပိုင်းပြင်ဆင် မူက အလွန်တောက်ပြောင်ပြီး နေရတာလဲ သက်တောင့်သက်သာ ဖြစ်လွန်းသည်။ ဗီလာရဲ့ ဘယ်နေရာကိုမဆို နောက်ခံထားရိုက်မယ်ဆိုရင်တောင် ပြဿနာမရှိပဲ လှပတဲ့ ဓာတ်ပုံကောင်းတစ်ပုံ ထွက်ရှိလာပေလိမ့်မည်။

အချက်ပြုတ်ကျွမ်းကျင်တဲ့ စားဖိုမှူး တစ်ယောက်အနေနဲ့ ကိုယ့်အိမ်တွက် ချက်ပြုတ်တယ်ဆိုရင်တောင် ထိုစားဖိုမှူး အဖို့ကတော့ ရှေးခေတ်ရဲ့ ဘုရင့်စားပွဲ‌တော်အတိုင်း တည်းခင်းလိမ့်မည်။ သူမ ပြင်ဆင်ထား‌တဲ့ အစားသောက်များကလဲ မဂ္ဂဇင်းထဲမှာဖော်ပြကြတဲ့ ပုံစံမျိုးအတိုင်းပင် ဖြစ်နေပြီး ဒါက သာမာန် အိမ်ရှင်မ တစ်ယောက်ရဲ့ ချက်ပြုတ်ပြင်ဆင်ထားပုံနှင့် မတူညီပဲ Michelin Chef တစ်ယောက်ရဲ့ ပုံစံမျိုးပင်ဖြစ်နေတော့သည်။

လူအများစုက ပင်ကိုယ်ဗီဇအရ အစားသောက်လိုက်စားသူများဖြစ်ကြသည်။အရသာရှိတဲ့ ဘယ်အစားသောက်မျိုးမဆိုနှစ်ခြိုက်စွာစားသုံးကြပြီး ထူးခြားတဲ့ အစားသောက်များကိုလဲ မြည်းစမ်းစားသုံးရန် ဆန္ဒရှိကြသည်။

လင်းရီရီ Weiboမှာတင်လိုက်တဲ့ ပုံကလဲ လူတွေကို စားသောက်ချင်စိတ်များဖြစ်ပေါ်ရန် အကြီးမားဆုံးဆွဲဆောင်နေပေလိမ့်မည်။

ဒါတင်မကပဲသူမ လျို့ဝှက်စွာရိုက်ယူထားတဲ့ မိန့်ယူ့ရန် နဲ့ မိန့်ရှင်းရှင်း ရဲ့ပုံတွေပါ တွဲတင်လိုက်သည် !

ပုံထဲမှာ မိန်းကလေးငယ်က ကလေးထိုင်ခုံပုလေးတွင် ပုံပုံလေးထိုင်နေပြီး ခေါင်းကိုငုံ လက်တွေချခါ အရွက်များဆေးကြောခြင်းလုပ်ငန်းကို အာရုံစိုက် လုပ်ကိုင်နေလေသည်။

မိန်းကလေးငယ်ပဲဖြစ်စေ/ကောင်ငယ်လေးပင်ဖြစ်စေ လူကြီးယောင်ဆောင်ထားတဲ့ ထိုပုံစံ‌လေးက မြင်ရသူ့အဖို့ ရယ်စရာကောင်း‌ နေပေလိမ့်မည်။ အရွက်ဆေးကြောရန် ရှင်းရှင်းလက်လေးတွေက သေးလွန်းတာကြောင့် အရွက်တွေကို ဆုပ်ကိုင်ရာမှာ အခက်ခဲ ရှိနေပုံလေးက ရှင်းရှင်း ရဲ့ရယ်ချင်စရာကောင်းလှတဲ့ အခိုက်တန့်ပုံလေးဖြစ်နေတော့သည်။

ဗိီလိန်လေးတို့ရဲ့အ‌မြှောက်စာဇာတ်‌ကောင်မေမေ (ဘာသာပြန်)Where stories live. Discover now