CH-12

49 5 0
                                    

CH-12 ခေါင်းကိုက်ခြင်းဝေဒနာ နဲ့အတူ လင်းရီရီ အောက်ဆီဂျင် ပြတ်တောက်သွားသလိုပင် ခံစားနေရခြင်း(3)

ထိုအချိန်မှာပဲ သူ(မ) ရဲ့ ရှေ့သွားနှစ်ချောင်းကျိုးနေတဲ့ သမီးအသစ် စက်စက် လေးက သူ(မ)ရဲ့ လက်ဖြူဖြူဖွေးဖွေး လေးနဲ့ TV ကို ထိုးခါ ညွှန်ပြနေပြီး

"ဒယ်ဒီ"

မိန့်ယန် နဲ့ ကျန်းရှီရီ...

နောက်ပြီး သူ(မ) ဘေးမှာထိုင်နေတဲ့ ကလေးနှစ်ယောက်က မိန့်ယူ့ရန် နဲ့ မိန့်ရှင်းရှင်း...

လင်းရီရီ:!!!!!!

အိုမို ! အိုမို !

သူ(မ) ခန္ဓာကိုယ် ချိန်းသွားတာ မဟုတ်ဘူး စာအုပ်ထဲကို ကူးပြောင်းလာခဲ့တာ!

ဒီကလေးနှစ်ယောက်ရဲ့ နံမည် တွေကို သူ(မ) ရင်းနှီး နေသလိုခံစားခဲ့ရပင်မဲ့ သူ(မ) သတိလက်လွတ် ပဲထားခဲ့တာ ဒါပေမဲ့ မိန့်ယန် နဲ့ ကျန်းရှီရီ ရဲ့ နမည် တွေ TV ကိုတွေ့ပြီးနောက် ကလေးတွေနဲ့ ဒီနှစ်ယောက် အကြောင်းကို ဆက်စက် တွေးမိသွားခဲ့ ပြီး သူ(မ) ခေါင်းပေါ် မိုးကြိုးအစင်း လိုက်ပစ်ချ ခံလိုက်ရသလိုပင်  ခံစားလိုက်ရသည်။

ဒါအပြင် မိန့်ယန် ကို ကြည့်ပြီး "ဒယ်ဒီ" ခေါ်လိုက်တဲ့ အချက်ကြောင့် ပိုသေချာ ခဲ့ပြီ !

သူ(မ) ထင်နေတာ မမှားဘူးပဲ..

သူ(မ) က အမှန်တကယ် ကို ဖတ်ခဲ့ဘူးတဲ့ စာအုပ်ထဲ ကူးပြောင်းလာခဲ့တာ!!

အဲ့ဇာတ်လမ်းရဲ့ အဓိက ဇာတ်ကောင် က လုမင်ကျင် သူက ရှန်းရှစ် entertainment ရဲ့ မင်းသားတစ်လတ်ဖြစ်ပြီး ဇာတ်လိုက်မ ကျန်းရှီဝူ က ရှန်းရှစ် entertainment ရဲ့ မျက်နှာသစ် မင်းသမီးတစ်လတ်ဖြစ်သည်။

ကျန်းရှီဝူ က သူ(မ) အနှပညာကျောင်း ပြီးပြီးချင်းမှာ ပဲ အနှပညာ လောကထဲဝင်လာခဲ့တယ်။ သူ(မ)က ရုပ်ရှင် အသိုင်းဝိုင်းထဲ တလှမ်းပြီးတလှမ်း တိုးဝင်လာခဲ့ပြီး ရုပ်ရှင် လောကရဲ့ ဧကရီ ဆိုတဲ့ ဘွဲ့ကို ရရှိခဲ့တာပင်။ ထိုအချိန်တွင်းမှာပဲ သူ(မ) က လုမင်ကျင် နဲ့တွေ့ခဲ့ပြီး ချစ်ကျွမ်းဝင်ခဲ့ကြတယ်....

သူ(မ) က အသက်မွေးဝမ်းကြောင်းမှာတင် မဟုတ်ပဲ အချစ်ရေးမှာပါ ဖြောင့်ဖြူးနေတာကြောင့် သူ(မ) ကတခြားသူတွေ တွက် အားကျစရာကောင်းလှပေသည်။

ဗိီလိန်လေးတို့ရဲ့အ‌မြှောက်စာဇာတ်‌ကောင်မေမေ (ဘာသာပြန်)Where stories live. Discover now