CH-15

45 6 0
                                    

CH-15 မည်းမှောင်နေတဲ့ အမူရာနဲ့ မိန့်ယူ့ရန်!(3)

မနေ့ညက ကောင်း"အိပ်မပျော်ခဲ့တာ ကြောင့် မနက်နိုးလာတော့သူ(မ) ခေါင်းကိုက်နေခဲ့ပြီလေ။ သူ(မ) မနက်စာ ပြင်ဆင်လို့ အပြီးမှာ မောင်နှမနှစ်‌ယောက် အောက်ထက်သို့ ဆင်းလာခဲ့ပြီဖြစ်သည်။

မိန့်ရန် က မိခင်ဖြစ်သူ မျက်ကွင်းညိုနေတာကို တခနတာ စိုက်ကြည့်လိုက်ပြီးနောက် တခြားတစ်ဖက်သို့ လှည့်လိုက်လေသည်။

"ဒီနေ့ သား တွက် နေ့လည်စာ လာပို့ပေးစရာ မလိုဘူး"

သူ(မ)ရဲ့ အသွင်ပြင်ကို ကြည့်လိုက်ပြီး သူ ခံစားမိတာက မနေ့ည ကြည့်လိုက်ရတဲ့ သတင်းကြောင့် အရမ်းဝမ်းနေလိမ့်မယ် ပြီးတော့ သူ(မ) ရဲ့စိတ်အခြေနေက သူ့တွက် ချက်ပြုတ်ပေးဖို့ ဘယ်လိုမှ ဖြစ်နိုင်မှာမဟုတ်ဘူး။

လင်းရီရီ က မိန့်ရှင်းရှင်း ရဲ့လက်ကိုဆွဲလိုက်ပြီး ထိုင်ခိုင်းစေလိုက်တယ် ။ဒါကိုကြားတော့ သူ(မ) ကချက်ချင်းဆိုသလို သူ့ရဲ့ အကြံပြုချက်ကို ပယ်ချလိုက်
ပြီး " မေမေ က ဘာလို့ ဒီလိုလုပ်ရမှာလဲ ,မင်းက နှစ်လတွင်းမှာ အတန်းတင် စာမေးပွဲ‌ဖြေရတော့မှာလေ မေမေ မင်းကို ဒီလိုအချိန်မှာ ပိုဂရုစိုက်ပေးရမှာပေါ့  ကန်တင်း ကအစားသောက်တွေက အိမ်ကချက်တဲ့ အစားစာတွေလောက် ကျန်းမာရေးညီညွှတ်မှာ မဟုတ်ဘူး"

မိန့်ရန် က ခေါင်းကိုငုံ‌လိုက်ပြီး ပေါင်မုန့် မီးကင် ကို တစ်ကိုက်‌ ကိုက်ချလိုက်ကာ မပီမပြင်ဖြင့် "ဒါဆိုလဲ မေမေ့ သဘောပဲ"

သူ့ရဲ့ နှုတ်ခမ်း အပေါ်သို့အနဲငယ်ကွေးတတ်သွားတာကိုတော့ သူ(မ) သတိမထားမိလိုက်ပေ။ သူရဲ့ ခံစားချက်တွေ ကောင်းမွန် နေတာပဲ။

တစ်စုံတစ်ယောက် သူ့ကို စိုက်ကြည့်နေတာကို သတိထားမိသွားပြီး သူ့ရဲ့ ညီမငယ် က သူ့ကို လူထူးဆန်းတစ်ယောက်လိုမျိုး ကြည့်နေတာကို မြင်လိုက်ရလေသည်။ သူ့က နှုတ်ခမ်းတွေကို တင်းတင်းစေ့လိုက်ပြီးနောက်, မှေးမိန် တဲ့အပြုံးလေးကလဲ အဝေးသို့လွင့်စင် သွားလေသည်။

မနေ့က မောင်နှမ နှစ်ယောက်ကို ကျောင်းလိုက်ပို့ပြီးနောက်မှာ သူ(မ) မားကတ် ထဲဝင်ခဲ့ပြီး ဟင်းအမယ် အများအပြားကို ဝယ်ယူလာခဲ့တာဖြစ်သည်။

ဗိီလိန်လေးတို့ရဲ့အ‌မြှောက်စာဇာတ်‌ကောင်မေမေ (ဘာသာပြန်)Where stories live. Discover now