CH-13

48 5 0
                                    

CH-13 မည်းမှောင်နေတဲ့ အမူရာနဲ့ မိန့်ယူ့ရန်!(1)

သူ(မ) ဒီဝတ္ထု ထဲကိုမနေ့ကမှ ကူးပြောင်းလာခဲ့တာဆိုပင်မဲ့လဲ အချိန်တွေက ကဋေ ချီကြာသွားခဲ့ပြီလို့တောင်ခံစားနေရတယ်။ သူ(မ) သည် ရုန်းရင်းဆန်ခတ် အခြေနေတွေကြားမှာလိုက်လျောညီထွေဖြစ်အောင် နေထိုင်ခဲ့တယ်။

ကနေဦးကတောင် ဒီထဲ ကူးပြောင်းလာခဲ့ရတာနဲ့ ပတ်သက်ပြီး ဦးနှောက်ခြောက် နေရတဲ့ထဲ အခုတော့ မမျှော်လင့်ထားတဲ့ အခြေနေတစ်ခုကြောင့်စိတ်ရူပ်ရပြန်ပြီ !

လင်းရီရီ အခန်းထဲပြန်လာခဲ့ပြီး, ခေါင်းအုန်း ကိုဖက်ကာ ချင့်ချိန်စဉ်းစားနေမိတယ်။

သူ(မ)ရဲ့ သားနဲ့ သမီးက အမြှောက်စာ ဇာတ်ကောင်ဗိလိန် ဖြစ်ရခြင်းအကြောင်းကို သူ(မ) လုံလောက်စွာ နားလည်ထားပြီဖြစ်သည်။ပြီးတော့ သူတို့ရဲ့ မိခင်ဖြစ်သူက လုံးဝကို စိတ်မမှန်သလိုပဲ။

ယောင်္ကျားဖြစ်သူနဲ့ ကွာရှင်းပြီးသွားခဲ့တာတောင် ဘာလို့များ ပြန်ဆွဲထားချင်နေခဲ့ရတာလဲ?

ဒီဝတ္ထု ထဲက လင်းရီရီ က အိပ်ဆေးတွေအများကြီးသောက်မိလို့  သူ(မ) ဒီထဲ ကူးပြောင်းဖို့ အကြောင်းဖန်လာတာ မဟုတ်ဘူးလား?

ဝတ္ထုထဲက လင်းရီရီကို ဆေးရုံမှာ အချိန်မှီကယ်တင်လိုက်နိုင်ပင်မဲ့ သူ(မ)ရဲ့ ဝိဉာဉ်က ရှိမနေခဲ့ပါပဲ သူ(မ)နဲ့ နေရာချိန်းသွားခဲ့တယ်....

ဒါပေမဲ့ တခြားသူတွေအမြင်မှာ သူ(မ)က လင်းရီရီ ဖြစ်ပြီး လင်းရီရီကလဲ သူ(မ) ပါပဲ ပြီးတော့ သူ(မ) က ကလေးနှစ်ယောက်မိခင်တစ်ဦး...

ဒါကြောင့်ပဲ သူတို့ကို လျစ်လျှူရူထားဖို့ ဆိုတာမဖြစ်နိုင်ဘူး။

သူ(မ) စာအုပ်ပါအကြောင်းရာအများစု ကိုမေ့နေပင်မဲ့လဲ သူ(မ)ရဲ့ပျော့ပျောင်းတဲ့ကိုယ်လေးကို အိပ်ယာပေါ်လဲလှောင်းလိုက်ပြီး မှတ်ဉာဏ်ထဲရှိ ဇာတ်လမ်းရဲ့ အချက်လက် တချို့ကိုပြန်ဆွဲထုတ်ကာစဉ်းစားခန်းဖွင့်လေသည်။

ဇာတ်လမ်းထဲမှာ လင်းရီရီ က သနားစရာကောင်းတဲ့ဇာတ်ကောင်လေးသာ..

သူ(မ)က ငယ်ရွယ်တဲ့ မင်းသမီးတစ်လတ်ဖြစ်ခဲ့ပင်မဲ့လဲ အောင်မြင်မူ‌ ကိုတော့ မရရှိခဲ့ပေ။လှပတဲ့ ရုပ်ရည်သွင်ပြင်ကို ပိုင်ဆိုင်ထားတဲ့ သူ(မ) မှာ မစိုသလောက်သော ပရိတ်သတ် အနဲငယ်သာ ရှိလေသည်။ ဒီလို အနေထားမျိုးမှာ ရှိခဲ့တဲ့သူ(မ)လို လူက ရုပ်ရှင်ဧကရာဇ် ကိုလက်ထက်နိုင်ခဲ့လိမ့်မယ်ဆိုတာ ဖျော်ဖြေရေးအသိုင်းဝိုင်းမှာသာမက လူထုကြားထဲမှာလဲ စိတ်ကူးနဲ့တောင်တွေးမိကြလိမ့်မည်မဟုတ်ပါ။

ဗိီလိန်လေးတို့ရဲ့အ‌မြှောက်စာဇာတ်‌ကောင်မေမေ (ဘာသာပြန်)Where stories live. Discover now