CH-20

44 5 0
                                    

CH-20 အရေးကြီးဆုံးက လင်းရီရီ အပေါ်ထားတဲ့ လူထုရဲ့အမြင်တွေက ဒီထက်ပိုပြီးမဆိုးရွား နိုင်တော့ဘူး !(2)

ဝတ္ထု ထဲမှာ လင်းရီရီ အမေက ထူးချွန်တဲ့ အမျိုးသမီးတစ်ဦးပါ။သူ(မ)က ပင်လယ်စာ ရောင်းဝယ်ရေးလုပ်ငန်းနဲ့ကြီးပွားလာခဲ့တာ ဖြစ်ပြီး မြို့တွင်းရှိ ပင်လယ်စာ ဖြန့်ချီရေးလုပ်ငန်း‌ တော်"များ"က သူ(မ)ရဲ့ လက်အောက် ကပင်ဖြစ်သည် ။ သူ(မ)က အဲ့လုပ်ငန်းက ရလာတဲ့ အကျိုးမြတ် ငွေတွေကိုလဲ ပုံသေမထားပဲ အိမ်‌‌ဈေးအတတ်အကျ ပြောင်းလဲမူတွေကိုလေ့လာပြီး  အိမ်ခြံမြေလုပ်ငန်းစု မှာချက်ချင်းဆိုသလို ငွေတွေကို ရင်းနှီးမြှပ်နှံလိုက်တယ် ထိုအချင်းရာတွေကြောင့်ပဲ သူ(မ)တို့မိသားစုက အတိုင်းဆမဲ့ ကြွယ်ဝချမ်းသာလာခဲ့တာပင်ဖြစ်သည်။

ထိုအချိန်မှာ ဝတ္ထုထဲက လင်းရီရီ ရဲ့ဖခင်ခေါင်းထဲမှာ‌ တော့ ငွေတွေသုံးဖြုံန်းဖို့ပဲရှိတယ် ။သူက ကလပ်တစ်ခုက အမျိုးသမီးငယ်တစ်ဦးနဲ့ ကြိတ်ပုန်းခုတ်‌ နေခဲ့တာလေ ထိုအချင်းရာကို လင်းရီရီ မိခင်ဖြစ်သူ သိသွားတော့ ထိုအတွဲကို လုံခြုံရေးဝန်ထမ်းများနဲ့  စောင့်ကြပ်ဖမ်းဆီးလိုက်တယ် ။ နောက်ပိုင်းတော့ သူ(မ) လဲ ထိုသူနဲ့ တရားဥပဒေအတိုင်း ကွာရှင်းရန် ဆောင်ရွက်တော့တာပဲ။

ပြောရရင်တော့ လင်းပင်းက ချီးကျူးစရာကောင်းတဲ့ အမျိုးသမီးတစ်ဦးပဲ။ သူ(မ)က ခင်ပွန်းဖြစ်သူကို ကွာရှင်းရန် တုံ့ဆိုင်း မနေခဲ့ဘူး  တောင်ပိုင်းမြို့ကနေတောင် ထိုလူကို ကန်ထုတ်ပစ်ခဲ့တာ ။

သူ့မှာတခြားရွေးချယ်စရာမရှိတော့ဘူးလေ ဒါကြောင့် တောင်ပိုင်းမြို့တော်ဆီ ကနေထွက်ခွာသွားခဲ့တယ်။ နောက်ပြီးသူ က လင်းရီရီ အမေလို မဟုတ်ဘူး ဘာမှ အသုံးမကျတဲ့ လူတစ်ယောက်လေ ငွေဘယ်လိုရှာရမယ်ဆိုတာ သူ မသိဘူး။ ဒါပေမဲ့ ကွာရှင်းခွင့်ကြောင့် ပိုင်ဆိုင်မူ တစ်ချို့ကိုတော့ သူရခဲ့တယ် ဒါပေမဲ့ အဲ့ပိုက်ဆံတေနဲ့ပဲ သူဘယ်လောက်ကြာကြာ ရပ်တည်နိုင်မှာတဲ့လဲ..

နောက်ပိုင်းမှာ ထိုလူက နေရာတစ်ခုမှာအခြေတကျ‌ နေထိုင်ပြီးတောင်ပိုင်းမြို့မှာ အလုပ်ရှာချင် ခဲ့တယ် ဒါပေမဲ့ လင်းပင်း ကြောင့် သူ့ကြိုးစားမူတွေ အရာမရောက်ခဲ့ဘူး ။ထင်ရှားတဲ့ ဥပမာ ပြောရရင် သူ့ကို အလုပ်ရှာပေးတဲ့ သူ့သူငယ်ချင်းတစ်ယောက်က အဆုံးသတ်မှာ ခေါင်းကို အိတ်စွပ်ခံလိုက်ရပြီး အုပ်စုလိုက်ဝိုင်းရိုက်တာကို ခံလိုက်ရပဲ။ အဲ့တာ‌တွေဖြစ်ပြီးနောက်ပိုင်း သူ့ကို ကူညီရဲတဲ့သူ မရှိတော့ဘူး။

ဗိီလိန်လေးတို့ရဲ့အ‌မြှောက်စာဇာတ်‌ကောင်မေမေ (ဘာသာပြန်)Where stories live. Discover now