ကျွန်းပေါ်တွင် တပတ် [ ကျွန်းပေ...

Autorstwa RoseJaipur

212K 15.9K 2.3K

မင်းသစ် - ကျွန်...ကျွန်တော်က ယောကျာ်းလေးလေ... JorDan - ဒီကျွန်းမှာ ငါတို့ပဲ ရှိတယ်...မင်းမှ မလုပ်ရင် ဘယ်သူ့... Więcej

ကျွန်းပေါ်တွင် ( ​စရောက်ခြင်း )
ကျွန်းပေါ်တွင် ( ​နောက်ကြောင်းပြန် )
ကျွန်းပေါ်တွင် ( ပထမရက် (18+)🚨🚨)
ကျွန်းပေါ်တွင် ( နောက်ကြောင်းပြန် (2) )
တောင်းဆိုခြင်း
ကျွန်းပေါ်တွင် ( ဒုတိယရက် )
ကျွန်းပေါ်တွင် ( ဒုတိယရက် အဆက်( 18+)🚨)
ကျွန်းပေါ်တွင် (ဒုတိယရက် part3 18+🚨)
ကျွန်းပေါ်တွင် ( ဒု Part 4 🚨🚨🚨 )
ကျွန်းပေါ်တွင် ( တတိယရက် )
ကျွန်းပေါ်တွင် ( နောက်ကြောင်းပြန် 3 )
ကျွန်းပေါ်တွင် (နောက်ကြောင်းပြန် 4 )
ကျွန်းပေါ်တွင် ( နောက်ကြောင်းပြန် 5🚨 )
ကျွန်းပေါ်တွင် ( တတိယရက် part2 )
ကျွန်းပေါ်တွင် ( စတုတ္ထရက် )
ကျွန်းပေါ်တွင် ( စတုတ္ထရက် 2 )
ကျွန်းပေါ်တွင် ( စတုတ္ထရက် 3 )
ကျွန်းပေါ်တွင် ( 5ရက်မြောက်နေ့ 🚨🚨🚨 )
ကျွန်းပေါ်တွင် ( 6ရက်မြောက်နေ့ 🚨 )
ကျွန်းပေါ်တွင် (6ရက်မြောက် part2 )
ကျွန်းပေါ်တွင် ( 6ရက်မြောက် part 3🚨🚨 )
ကျွန်းပေါ်တွင် ( နောက်ဆုံးရက် )
Readerလေးများ ထံသို့
ကျွန်းပေါ်တွင် ( Brother )
ကျွန်းပေါ်တွင် ( I Want to see... )
ကျွန်းပေါ်တွင် ( WonderLand )
ကျွန်းပေါ်တွင် ( Fall in Love )
ကျွန်းပေါ်တွင် ( Give and Take )
ကျွန်းပေါ်တွင် ( 🚨🚨🚨🚨 )
ကျွန်းပေါ်တွင် ( Pain and revenge )
ကျွန်းပေါ်တွင် ( Idea = Advice )
ကျွန်းပေါ်တွင် ( Sexy Dance )
ကျွန်းပေါ်တွင် ( Global Dancer )
ကျွန်းပေါ်တွင် ( Be Patient )
ကျွန်းပေါ်တွင် ( I will save it )
ကျွန်းပေါ်တွင် ( Bright Hazel )
ကျွန်းပေါ်တွင် ( Uncertain future )
ကျွန်းပေါ်တွင် ( Bad Dream )
ကျွန်းပေါ်တွင် ( Help... me )
ကျွန်းပေါ်တွင် ( About the past )
ကျွန်းပေါ်တွင် ( On my behalf )
ကျွန်းပေါ်တွင် ( Your My Soul 🚨🚨🚨 )
ကျွန်းပေါ်တွင် ( A strange dream )
ကျွန်းပေါ်တွင် ( Attempting to..)
ကျွန်းပေါ်တွင် ( Devil )
ကျွန်းပေါ်တွင် ( Freedom )
ကျွန်းပေါ်တွင် ( JorDan Death )
ကျွန်းပေါ်တွင် ( Fragments )
ကျွန်းပေါ်တွင် ( 17+ )
ကျွန်းပေါ်တွင် ( Still in love )
ကျွန်းပေါ်တွင် ( BirthDay )
ကျွန်းပေါ်တွင် ( Twins )
ကျွန်းပေါ်တွင် ( Love you JorDan )
ကျွန်းပေါ်တွင် ( Choise )

ကျွန်းပေါ်တွင် ( I can do this )

1K 94 21
Autorstwa RoseJaipur

အဲ့နေ့ကစပြီး Sophieဒေါသတွေက ဂျူဒိုက သင်တန်းဖော်တွေအပေါ်ပုံချရင်း ပုံချရင်း ဂျူဒိုပညာက Sophieရဲ့စိတ်ထွက်ပေါက်တစ်ခုလိုဖြစ်လာခဲ့ရာ ဘာမှန်းမသိလိုက်ခင်မှာပင် ပညာရှင်အဆင့်ရောက်သွားသည် ။

ဒီကြားထဲတော့ Sophie ထိုလူ့အနားယောင်လည်လည်သွားလုပ်တဲ့အခါတိုင်း မိမိဘာသာတပ်ခေါက်ပြန်ခဲ့ရသည် ။ အချိုးကိုမပြေ ။ လူ့စိတ်ကိုမြင်လွန်းသည့် ထိုလူကြောင့် Sophieဘာလိုခြင်လဲသိသိရက်နဲ့ အ ခြင်ယောင်ဆောင်နေသည်မို့ ကြာတော့မိန်းမဂုဏ်ကျသည်ဟုထင်မိသည် ။

အိမ်တော်မှာ Sophieသိသလောက် မြေအောက်လောက အလုပ်ကနေ့စဥ်အထပ်လိုက်ရှိသည် ။ Wilsomမျိုးရိုးသည် ဘုရင်ကလူသိရှင်ကြား ရှင်းမရသည့်ကိစ အဝဝကို နောက်ကွယ်ကနေ ရှင်းပေးရသည့် ဘုရင့်လူသတ်သမားတွေလို့ပြောရင်လဲမမှား ။

ဒါကြောင့် JorDanWilsomဆိုသည့်လူ ထိုအကြွေးရှင်3ယောက်ကို မျက်တောင်တစ်ခက်နှင့် ရှင်းနိုင်တာပင် ။ ပြသနာက ဒီမှာစသည်... အိမ်တော်က သား2ယောက်ရှိသည့်အနက် Sophieသိသလောက် အငယ်ကောင်က ဒီလောကနှင့်ဝေးဝေးရှောင်သည် ပြောရရင် လက်အားသွေးစွန်းမခံသည့်လူမျိုး ။ ဒါကြောင့် အခုဦးစီးနေသည်က JorDanဆိုသည့်လူပင် ။

ဒါပေမဲ့ Sophieကြားရသည့်စကားများအရ JorDanဆိုသည့်လူက သူလုပ်ခြင်ရာလုပ် သွားခြင်ရာသွား စိတ်ပါမှ အိမ်လှည့်လာသည့်လူမျိုးဆိုတော့ အိမ်တော်မှာ တာဝန်တွေကတောင်လိုပုံ၍ တိုင်ပတ်ရသည် ။

တစ်ခါတစ်လေဆို6လနေမှအိမ်ပြန်လာသည် ။ ဒါ့ကြောင့် သူ့ကိုအိမ်တော်က ဘယ်လိုမှမှီခိုလို့မရ... သနားစရာကောင်းသည်က ဘဏ္ဍာစိုးကြီးWeliပဲဖြစ်သည် ။ လတ်တလော အမှုတွေ အရေးကြီးပြဿနာများ သူကိုယ်တိုင်ပဲကြည့်လုပ်နေရသည် ။

ကြာတော့ သူတို့ကြား ဘဏ္ဍာစိုးWeliကိုမျက်နှာပူလာတာ Sophieပဲဖြစ်၍ အကူညီယူလိုယူငြား ပြောကြည့်ရာ..

Weli - မိန်းကလေးလောက် အိမ်က သခင်လေးကိုလဲနဲနဲလောက်လေးသိတက်စေခြင်လိုက်တာ.. အခုဆိုပြန်မလာတာ 2လရှိပြီ..

Sophie - ဒါကြောင့် ဟို.. နဲနဲလောက်လုပ်ကူစရာရှိရင် အားမနာတန်းပြောပါ..

Weli - တကယ်လား.. ဒါကိုအကူညီသေးသေးလေး တစ်ခုတောင်းဆိုခြင်ပါတယ်..

သူပြောသည့် အကူညီသေးသေးလေးသည် Sophieအသက်နဲ့ရင်း၍ ကူညီခဲ့ရသည့်ပထမဆုံးတာဝန်ပဲဖြစ်သည် ။

ထိုမှစ၍ Sophieသည် တာဝန်မယူသည့် အိမ်တော်ကသခင်တွေအစား အသက်ငယ်ငယ်လေးဖြင့် ဝန်ဖိထမ်းခဲ့ရာ အသက်18နှစ်မှာတော့ Mission 42ပြီးစီးသွားခဲ့ပီပဲဖြစ်သည် ။

Weli - တော်ပါသေးရဲ့ ကျွန်တော်မျိုးမှာ အားကိုးစရာ Sophieလေးရှိနေလို့..

အစဥ်မြဲပြုံး၍ အပြောခံရတိုင်း မျက်နှာစူပုတ်ကာ..

Sophie - ဒီတစ်ခါနောက်ဆုံးပဲ.. နောက်ထပ်ဒါမျိုး တာဝန်ထပ်မယူနိုင်တော့ဘူး...

လို့ပြောပေါင်းလဲများ၍ တာဝန်များဆက်လက်ဆောင်ရွက်ရစဲပင် ။

ဒါပေမဲ့ အနဲဆုံးတော့ Sophie တာဝန်ကပြန်လာတိုင်း ဒဏ်ရာပေါင်းသောင်းခြောက်ထောင်အား အိမ်ဖော်တွေမြင်တော့ အနဲဆုံးအလကား ကပ်စားနေတာပါဟု အမြင်လျော့သွားသည့်မဟုတ်လား ။ တစ်ခါတစ်လေ ဘဏ္ဍာစိုးကိုယ်တိုင် သူတို့ရှေ့ချေးကျူးတော့ Sophieဆိုအရင်ကလို မကျောရဲကြတော့ချေ ။

တနေ့ အိမ်တော်မှာ အုပ်အော်သောင်းနင်းဖြစ်နေကြသည် ။ တခြားတော့မဟုတ် JorDanလုပ်ကြံခံရသည်ဟူ၍ ။ သို့သော် ဘေးကင်းပြီး အိမ်ပြန်လာနိုင်ခဲ့သည် ။

သူအိမ်ပြန်ရောက်တဲ့အချိန် Sophieတာဝန်နှင့် အပြင်သွားနေခဲ့ရသည် ။ ဒါ့ကြောင့်ပဲ ပြန်ရောက်ရောက်ခြင်း သူအခန်းတံခါးခေါက်ဖို့သတိပင်မရဘဲ ဝုန်းကနဲဖွင့်ကာ..

Sophie - JorDan..!

ပထမဆုံး သူ့နာမည်ကိုခေါ်မိခြင်း ။

သူသည် ပြတင်းပေါက်သို့မျက်နှာမူကာ အပြင်လောကကိုငေးမောနေသည် ။

ပြန့်ကြီးသောကျောပြင် သိသိသာသာရှည်လာသောအရပ် ၊ နီညိုရောင်ပိုတောက်လာသော ဆံပင် စသည့်အပြင် Sophieအားလှည့်ကြည့်လာသော ထိုမျက်ဝန်းများက အပြင်ကနေရောင်ဖြင့်ရောင်ပြန်ဟပ်နေသည် ။

မတွေ့ရတာ1နှစ်နီးပါး ။ သူ၏အပြောင်းလဲသည် လွန်စွာကြီးမားသည် ။ ပို၍ယောကျာ်းဆန်လာသည်လား ။ ဟုတ်သားပဲ.. သူဟိုနေ့က23နှစ်ပြည့်မွေးနေ့ ။

လူ့ဘဝတွင် အတောင်အစုံဆုံး အနူးညံ့ဆုံး အမာအကျောဆုံးနှင့် အလှပဆုံးအချိန် ။

Victorian clothingကိုမှ ဘောင်းဘီအမဲ အကျီအဖြူဖြင့်ရိုးရှင်းစွာဝတ်ဆင်ထားသော်လည်း သူဖြစ်နေလို့ကိုကြည့်ကောင်းသည် ။

JorDan - တစ်ခုခုဖြစ်လို့လား Sophie..

အေးဆေးစွာပြော၍လာသည် ။ အသံကအစ ပြောင်းသွားသလို ။

Sophieတစ်လှမ်းခြင်းသွား၍ သူ့ဘေးရပ်လိုက်သည် ။

Sophie - 23နှစ်ပြည့် ဂုဏ်ပြုပါတယ် သခင်လေး..

JorDan - ဟင်..အဟင်း..

အခုပြုံးလိုက်တာလား ။ ရွဲ့ပြုံးမဟုတ်သည့်အပြုံးမျိုး ပထမဆုံးမြင်ဘူးတာပင် ။ ဒီလိုအပြုံးမျိုးပြုံးတက်အောင် ဘယ်သူကများသင်ပေးလိုက်တာလဲ ။

မဟုတ်မှလွဲရော.. အချစ်ကိုရှာတွေ့သွားတာလား ။ မဟုတ်ပါစေနဲ့ ။

JorDan - အရေးတကြီးဝင်လာလို့ ဘာများဖြစ်လို့လဲလို့ ဂုဏ်ပြုပါတယ်လား..

တကယ်က ဘာများထိခိုက်သွားသလဲစိုးရိပ်လို့ပေမဲ့ ။ အခြေနေကထင်တာထက်အများကြီးကောင်းသည်မို့ ထိုအကြောင်းကို မပြောတော့ခြင်းဖြစ်သည် ။

JorDan - ဟုတ်သားပဲ.. Sophieလဲ ပြီးခဲ့တဲ့လက 18နှစ်ပြည့်သွားတာမလား.. ဂုဏ်ပြုပါတယ် Sophie..

Sophie - ဟင်..

သူ မွေးနေ့ကိုသိတယ်လား ။ ဒါဆို အဲ့ဒီ့နေ့က စကားကိုရော မှတ်မိသေးလား ။

ပါးစပ်ကပြောဖို့ပြင်လိုက်သည် ။ တော်ရုံထွက်မလာ ။

ဘာတွေတွန့်ဆုတ်နေတာလဲ ။ ငါရောသူရော အရွယ်ရောက်ပြီးသူတွေ ။ ဒီနှစ်အတွင်းငါလဲ သူ့အနားမြဲအောင် ဘယ်လောက်တောင်ကြိုးစားခဲ့ရလဲ ။ ဒါကြောင့် ရပိုင်ခွင့်အားကျိန်းသေတောင်းခံရမည် ။

Sophie - အ.အင်း..ဟို..ဟိုလေ..

JorDan - ကိုယ်မင်းနဲ့ တည်မြဲတဲ့ဆက်ဆံရေးတစ်ခု အစပျိုးခြင်တယ်..

Sophie - ဟင်

နှလုံးသားတွေပြုတ်ထွက်မတက် ။ နောက်ဆုံးတော့ သူငါ့ကိုမြင်ပြီပေါ့ ။

စိုက်ကြည့်လာတဲ့မျက်ဝန်းတွေရဲ့ အတိမ်အနက်က ခန့်မှန်းရခက်လွန်းသည် ။

JorDan - ကိုယ် မင်းကို...

စကားအားနားထောင်နေရင်း မျှော်လင့်ချက်များကြောင့် မျက်ဝန်းများပြူးကျယ်လာသည် ။

JorDan - ညီမအရင်းအနေနဲ့မွေးစားခွင့်ပေးပါ..

" ဟင်.. "

နှစ်ခါမြောက် အံအားသင့်သွားခြင်း ။

" နောက်နေတာလား.. အိမ်မက်လား... တစ်ခုခုတော့ဖြစ်လိုက်ပါ ။ လက်တွေ့မှာတော့ မဟုတ်လိုက်ပါစေနဲ့ "

အတော်အတန်ထိ 2ယောက်ကြားတိတ်ဆိတ်သွားသည် ။

ဒီလောက်ဆိုကျိန်းသေပါသည် ။ သူနောက်ပြောနေတာမဟုတ် ။ Sophieစီကအဖြေကို စောင့်နေတာပင် ။

" တကယ့်Zoneကြီးထဲကိုအသွင်းခံရတော့မည့် အခြေအနေ " ငါညင်းရင်ရော ဘာဆက်ဖြစ်မှာလဲ ။
ပုံမှန်အရင်စိတ်အနေအထားနှင့်ဆို တန်းပြီးဝုန်းဒိုင်းကျဲကာ ညင်းလွှတ်မှာအမှန်ပင် ။

ဒါပေမဲ့ ဒီလိုလုပ်ရာကနေ ငါဒီလူ့အနားလုံးဝမရှိနိုင်တော့ရင်ရော.. ။

အတွေးနှင့်တင် ခြောက်ခြားလာသည် ။ ဆက်မတွေးနိုင် ။ ဒါကြောင့် အခုအနေအထားနှင့် Sophieပြောနိုင်တာတစ်ခုပဲရှိမည် ။

Sophie - စဥ်းစားပါရစေဦး

ထိုနေ့ကစ၍ Sophie သူနဲ့စီးတစ်ခုခြားထားသည်ကို မတရားလက်ခံလိုက်ရသည် ။

နောက်3ရက်ကြာ Sophieအမွေဆိုင်မဟုတ်သော် မွေးစားညီမအဖြစ်လက်ခံလိုက်သည် ။ မဟုတ်ပါက Sophieသူ့အနားဆက်ရှိနိုင်မယ်ဟု မထင်လို့ပင် ။

==================================

ယနေ့ခေတ်

မင်းသစ် - ဟင်..

သူမှသူအစစ် ။ ထိုနေ့ကသတို့သားဝတ်စုံနှင့်ပင် ။ သို့သော် နွမ်းနွမ်းဖက်ဖက်ကိုမှ ဒဏ်ရာဗလပွဖြင့် သူသည်မင်းသစ်အားပြုံး၍ကြည့်နေသည် ။

မင်းသစ်အပြေးသူ့ထံသွားကာ ရင်ခွင်သို့အတင်းတိုးဝင်၍ အကျယ်ကြီးအော်ငိုလိုက်သည် ။ ပါးစပ်မှလဲ တတွတ်တွတ် တစ်လောကလုံးကBossကိုဆုံးပြီဟု မင်းသစ်ကိုလိမ်ပြောနေကြောင်း တိုင်တန်းကာ မတရားအနိုင်ကျင့်ခံရသောကလေးလို ။

မင်းသစ် မော့ကြည့်လိုက်ချိန် သွေးပျက်သွားသည်က ထိုမျက်ဝန်းတွေ အသက်မဲ့နေသည် ။ ပါးစပ်ကပြုံးနေသော်လဲ မျက်ဝန်းတွေကြောင့် မင်းသစ်ခြောက်ခြားရသည် ။

သူသည် ကြောင်၍ကြည့်နေသည့် မင်းသစ်ရဲ့ညာလက်ဖဝါးအားကိုင်၍ မင်းသစ်ဗိုက်သို့ကပ်လိုက်ပြီးလျှင်

" Baeအထီးမကျန်ပါဘူး "

ဘာလို့ရယ်မသိ မင်းသစ်ထိုစကားကြောင့် မျက်ရည်များစီးလာသည် ။ သူဘာကိုဆိုလိုတာလဲ ။

ထို့နောက် မင်းသစ်ခေါင်းတွေတရိပ်ရိပ်မူးလာသည် ။ နားထဲ၌လဲအသံတွေဆူညံစွာကြားလာသည် ။ ထို့နောက် စူးရှသောအလင်းများက မျက်စိထဲတိုးဝင်လာပြီးလျှင်...

မင်းသစ် အိမ်မက်မှနိုးထလာခဲ့သည် ။

Aiden - ဘာပြောတယ်...ကိုယ်ဝန်??

" ဟုတ်ပါတယ် သေချာအောင် အကြိမ်ကြိမ်အတည်ပြုပြီးမှပြောတာပါ "

Aiden ဆရာဝန်စီက ဓာတ်မှန်ကိုလုယူကြည့်လိုက်သည် ။

" ကိုယ်ဝန်သက်တမ်းက တစ်လကျော်ပါပြီ.. အခုမှ ပြောမိတာတောင်းပန်ပါတယ် သိသိခြင်းအကြောင်းကြားဖို့လုပ်ပေမဲ့ Sirဘက်ကခရီးတွေဆက်နေတာကြောင့်ပါ "

Aiden - နေပါအုံး ဓာတ်မှန်အရဆို 3မွှာဆိုတဲ့သဘောလား..

" ဟုတ်ပါတယ်.. 3ယောက်လုံးရှင်နိုင်ခြေနည်းပေမဲ့ပေါ့ "

Aidenကိုယ်မျက်လုံးကိုယ်မယုံနိုင် ။

ဒါဆို အမွေကိစက ဘယ်လိုဆက်ဖြစ်မှာလဲ ။ မင်းသစ်နဲ့ရောဘယ်လိုဆက်ဆံရေး ဆက်ရမှာလဲ ။ ကလေးတွေကရော ဘယ်လိုပုံစံနဲ့မွေးမှာလဲ ။ မွေးခိုင်းသင့်ရဲ့လား ။

စသည်းအတွေးပေါင်းစုံခေါင်းထဲဝင်လာသည် ။

မင်းသစ် - ကိုယ်ဝန်?

အကုန်လုံးအလန့်တကြား မင်းသစ်ထံသို့အကြည့်များရောက်ချလာသည် ။

"ကျစ်.. ဒီအချိန်မှနိုးလာရတယ်လို့ "

မင်းသစ် ကိုယ်ဗိုက်အားကိုယ်စမ်းကာ မယုံနိုင်စွာအိမ်မက်ကိုပြန်သတိရမိ၍ မျက်ရည်များဝဲတက်လာသည် ။

Aiden - ကိုယ့်ကိုစကားပြောခွင့်ပေးပါ..ကိုယ်ဝန်ဆောင်ဖို့ကိစက အခုဒီခနွာကိုယ်နဲ့ဘယ်လိုမှအဆင်မပြေဘူး အရမ်းအားနည်းလွန်းတယ်..

အခုမှနိုးလာသည့်မင်းသစ်ကိုပြောတဲ့စကားတဲ့ ။ မင်းသစ်ငိုဖို့မေ့ရသည်အထိ အံ့သြသွားသည် ။

ဒါမင်းသစ်အသက်ကိုကယ်ဘူးသည်​့ Sirမှဟုတ်ပါရဲ့လား ။

မင်းသစ် - Sir ဘယ်လိုပြောလိုက်တာလဲ..

သူမျက်နှာပျက်သွား၍ စိတ်ရှုပ်သွားဟန် ။

Aiden - အမှန်တရားကို လက်ခံဖို့ပြောနေတာ အခုကလေးက မွေးဖို့မပြောနဲ့ကိုယ်ဝန်ဆောင်ချိန်တောင် မင်းအသက်ထိခိုက်နိုင်တယ် သိရဲ့လား..

မင်းသစ် - ဒါနဲ့ပဲဖြတ်ချရတော့မှာလား အသက်3ချောင်းတောင်လေ..

Aiden - ကလေးတွေအသက်မရှိသေးပါဘူးမင်းသစ်.. စကားကိုကန့်လန့်မပြောနဲ့ကွာ..

မင်းသစ် - မရဘူးနော် ကျွန်တော် သေရင်သေပါစေ မတရားလုပ်ဖို့တော့မစဥ်းစားကြပါနဲ့ ခွင့်မပြုနိုင်ဘူး..

သူဝုန်းကနဲထရပ်သည် ။

Aiden - မင်းအခုပြောနေတဲ့စကားတွေကို စဥ်းစားမိရဲ့လား...ဟမ်..မင်းမှာဘာအရည်အချင်းရှိလို့ ကလေး3ယောက်ကို လူ့လောကထဲခေါ်မှာလဲ.. လူလားမြောက်အောင်ထားပေးနိုင်လို့လား...

မင်းသစ် - ဘယ်လိုမေးခွန်းကြီးလဲSir.. ကလေးအဖေက Wilsomမိသားစုရဲ့ခေါင်းဆောင် JorDan Wilsomပါ.. သူ့ခံစားခွင့်နဲ့သူ အနဲအကျင်းတော့ရှိမှာပေါ့...ဘာလဲ Sirကခွဲပေးရမှာကြောက်နေတာလား..

Aidenပြောခြင်တဲ့စကားတွေလွဲချော်ကုန်သည် ။ တကယ်တန်းပြောရရင် အမွေကိစက ခေါင်းရှုပ်စရာဖြစ်ပေမဲ့ ဒီကလေးကိုမမွေးစေခြင်တာ အကြောင်းပြချက်တစ်ခုဘဲရှိသည် ။

မွေးဖြစ်သွားခဲ့ပါက Aidenမင်းသစ်နှင့်လက်ထပ်ဖို့ကိစက မဖြစ်နိုင်သလောက်ဖြစ်သွားမှာစိုးပင် ။

Aiden - ဟူး.. တောင်းပန်ပါတယ် ကိုယ်ပြောခြင်ဇောလောသွားတယ်.. အခုမှသတိရတဲ့သူကို ကိုယ်စကားတွေချော်သွားတယ်.. အရင်နားလိုက်ပါ ခဏနေကြရင်ဆရာဝန်တွေလာကြည့်ပေးလိပ်မယ်..

သူ့အားမကြေမနပ်စိုက်ကြည့်နေသည့် မျက်ဝန်းလေးများကိုကျောခိုင်း၍ အခန်းထဲမှထွက်လာခဲ့သည် ။ ချာတိတ်ကို လူဆိုးကြီးဟုမမြင်စေခြင် ။

" တစ်ဆက်ထဲမှာတင် JorDanပါးစပ်က လက်ထပ်ပေးပါဟု အကြိမ်ကြိမ်ပြောခဲ့သော်လည်း သေသည်အထိ မင်းသစ်ကိုတစ်ကြိမ်မျှသူများလက်ထဲ ထည့်ပေးခဲ့ခြင်းမဟုတ်မှန်း နားလည်လိုက်သည် ။ "

မင်းသစ် သူထွက်သွားတော့ လေကိုမှုတ်ထုတ်လိုက်ခြင်းကစ၍ ခနွာကိုယ်ကမူးဝေဝေပြန်ဖြစ်လာသည် ။ ခုနက သားဇောကြောင့်မို့မသိသာပေမဲ့ အခုကြ လည်ချောင်းတွေကခြောက်ကပ်၍ တစ်ခုခုမှမသောက်ရရင် အသက်ပဲထွက်တော့မလိုဖြစ်လာသည် ။

ထို့ကြောင့် ရေသောက်ရန် ဘေးတွင်အသင့်ထားရှိသည့်ရေသန့်ဘူးကိုလက်ကအလှမ်း လမ်းတစ်ဝက်တင် ရပ်တန့်သွားသည် ။

အကယ်၍များ ရေထဲငါ့ကလေးတွေကို ဒုက္ခရောက်မည့် ဆေးတစ်ခုခုသာခတ်ထားရင်.. ။

မသောက်တော့ပါ ။ ကုတင်ပေါ်သာ လှဲချလိုက်သည် ။

" ဒါတွေကျွန်တော် တစ်ယောက်ထဲရင်ဆိုင်နိုင်မယ်လို့ Bossထင်ခဲ့တာလား "

==================================

< 5လကျော်အကြာ >

မနက်ခင်းက နေသာခဲ့သည် ။ သို့သော် ယခုအခါကောင်းကင်သည်သူမဟုတ်ခဲ့သလို ။

မြန်မာပြည်ဖွားကောင်လေးတစ်ယောက်ရဲ့ ဘေးတွင် တစ်ချိန်က သူ့ဘေးတွင်ရှိခဲ့သော ဝါရင့် Body Guardများ ။ အကုန်လုံး အဝတ်အစားအမဲအားဝတ်ဆင်လျှက် ။ တစ်ယောက်မှအရယ်အပြုံးမရှိကြ ။

အချိန်သည် လူတိုင်းကိုပြောင်းလဲစေခဲ့သည် ။ တစ်ချိန်က စပါးစေ့လောက်စိန်ပွင့်ကို သူများထံမှမြင်ဘူးသည့်ကောင်လေးက ယခုအခါ မျိုးရိုးစဥ်ဆက် လက်ဆင့်ကမ်းဝတ်ဆင့်သည့် ပြည်ပတမြား လက်စွပ်ကြီးက လက်သေးသေးလေးဖြင့်မလိုက်စွာ ၊ နာမည်ကြီး ဒီဇိုင်နာထံ ဖိနပ်ကအစ ဦးထုပ်အဆုံး ကိုယ်တိုင်းအပ်၍ ချုပ်ထားသော်လည်း တစ်ပတ်အကျော်မှာ ဗိုက်ကသိသိသာသာကျပ်လို့နေသည် ။

" ဒီကလေးတွေ ဒီအထိဒီခနွာကိုယ်နဲ့မြဲအောင် ဘယ်လောက်ကြိုးစားထားရလဲ ခင်ဗျားကြီးသိရဲ့လား "

JaorDan Wilsom

1967 - 2003

ခြေရင်းက ဂူအားကြည့်၍ စိတ်ထဲတွင်မုန်းတီးစိတ်ဖြင့်ပြောလိုက်သည် ။ ဒီနေ့က သူ၏6လပြည့် ။ နေရာက သူရွှံမုန်းလှသည့် Wilsomအိမ်ရဲ့ ခြံတစ်နေရာမှာ ။

မင်းသစ် ဒီလတွေအတွင်း Aidenနဲ့ဘယ်လောက်အတိုက်အခံလုပ်လိုက်ရလဲ ။ ဘာအစွမ်းအစမှမရှိသည့်မင်းသစ် ဒီလိုနေရာရအောင် ဘယ်လောက်ထိကြိုးစားလိုက်ရလဲ ။ ညတွေဆို အိပ်မပျော်လို့ အိပ်ဆေးပုံမှန်သောက်၍ တစ်ပတ်တစ်ခါစိတ်ကျမ်းမာရေးဆရာဖြင့် ပြနေရသောအခြေအနေ ။

ဒါတွေဖြစ်ရတာ ခင်ဗျားကြောင့် ။ ခင်ဗျားမကောင်းလို့ ။

Aidenသည် ကလေးတွေကို မင်းသစ်အားလွယ်လွယ်မွေးခွင့်မပေးခဲ့ပါ ။ အနုနည်းရော အကြမ်းနည်းရော မျိုးစုံပြောဆိုရာ နောက်ဆုံး မင်းသစ်က မိမိသည်မတော်တစ်ဆကြောင့်ဖြစ်စေ လုပ်ကြံခံရသောကြောင့်ဖြစ်စေ ဒီကိုယ်ဝန်တစ်ခုခုဖြစ်ပါက တစ်ချိန်ထဲ Aiden Wilsomနှင့်သူ၏ လက်ထောက်အပေါင်းအပါများကို ပိုင်ဆိုင်မှုသိမ်း၍ ထောင်ချရန် 96နှစ်ရှိပြီဖြစ်သော တစ်ချိန်က မြို့စားကြီး Diamni Wilsomအား ဦးတိုက်လျှောက်ခဲ့ရာ အနဲငယ်အသက်ရှုခွင့်ရသွားခြင်ပင် ။

" မကောင်းတဲ့လူကြီး "

ဒါတွေတွေးမိပြန်တော့ ဒေါသစိတ်ဖြင့်နုတ်ခမ်းအားကိုက်ကာ သူ့နာမည်ထွင်းထားသည့် နေရာကိုစိုက်ကြည့်နေမိသည် ။

ယခုမင်းသစ်အခြေအနေက ခနွာကိုယ်ကျန်းမာရေး အရမ်းထိခိုက်ပျက်ဆီးနေပြီပင် ။ လူရောစိတ်ရော ဖိအားများစွာဖြင့် တစ်စုံတစ်ယောက်သာရှိနေသေးရင် ရင်ခွင်ထဲအော်ဟစ်ငိုမိမှာအမှန်ပင် ။

သို့သော် ကံတရားက ပင်ပန်းနေရင်တောင် မင်းသစ်ကိုငိုခွင့်ပေးမထားပါ ။ အနားကရှိသမျှလူတွေ မင်းသစ်တစ်ယောက်မှ ရင်ဖွင့်ဖို့အစီစဥ်မရှိ ။

မိုးသားတောင် မင်းသစ်မယုံရဲလောက်အောင် လောကကြီးကိုကြောက်နေပြီဖြစ်သည် ။

မိုးသား - မင်းသစ် အိမ်တော်ဘက်ကိုပြန်ကြရအောင်လား.. လေစိမ်းတွေကြောင့် မတော်လို့ဖျားရင်.

မင်းသစ် - ဒီတော့လဲ Aidenရဲ့အလိုပြည့်သွားတာပေါ့.. မင်းပျော်ရမဲ့ကိစလေ..

စေတနာစကားအား အကန်ပြောခံရတော့ မိုးသားစိတ်မကောင်း ။ သို့သော် မင်းသစ်ခံစားချက်ကိုသိသည် ။

မင်းသစ်အတန်တန်တားသည့်ကြားက Sirရဲ့ အတွင်းရေးမှုးနေရာကို ယူမိတဲ့အချိန်ကစလို့ ဒီလိုပုံစံဖြစ်သွားတာပင် ။

မင်းသစ်ချာကနဲ လှည့်ထွက်တော့ မိုးသားအပါအဝင် ကျန်Body Guardများလိုက်ပါရသည် ။ မိုးသားအတွက် မင်းသစ်ကအချစ်ရဆုံးသူငယ်ချင်း Sirကအချစ်ရဆုံးသူ 2ယောက်ကြားဗျာများရသည့်အချိန်တွေက အ​မြဲလိုလိုပင် ။

ဒီကြားထဲ မိုးသားသိသွားသည်က Sirသည် မင်းသစ်ထင်သလို ကလေးတွေကိုမုန်းတီးနေသည်ကြောင့် မွေးခွင့်မပေးတာမဟုတ်ဘဲ နုနယ်လွန်းသည့် မင်းသစ်ပါ ဒီလောကကြီးထဲကထွက်သွားမှာစိုးလို့ပင် ။ သူချစ်ရသူတွေအကုန် သူ့ကိုကျောခိုင်းသွားခဲ့ကြသည် မဟုတ်လား ။ 2ယောက်လုံးခံစားချက်နားလည်တော့ခက်ရသည် ။

ဝုန်းး

မင်းသစ် အိမ်တော်တံခါးကိုစောင့်ဖွင့်လိုက်သည် ။ တကယ်က မိုးသားကိုမကြည်၍လုပ်လိုက်တာပါ သို့သော် ဧည့်ခန်းထဲ မခေါ်ဘဲရောက်လာသည့်လူက အဆင့်သင့်စီးကြိုနေလျက် ။

Aiden - ဒီအဝတ်အစားနဲ့အပြင်ထွက်နေတယ်ဆိုတော့ မင်းကလေးတွေကိုတကယ်ကာကွယ်နေတာ ဟုတ်ရဲ့လား..

လက်မောင်းကနေစလို့ လက်ကောက်ဝတ်အထိ ဇာအမဲ ကနုတ်လက်ရှည်အကျီဖြင့် ဗိုက်ဖုံးအကျီလေးနှင့် ချာတိတ်ကသိပ်ချစ်ဖို့ကောင်းသည် ။ပေစောင်းစောင်းအကြည့်ကစလို့ပေါ့ ။

မင်းသစ် - လာမယ်မှန်းသိရင် Hotelစောစောထွက်သွားပါတယ်..

Aiden - မလာလို့ရမလား ကိုယ့်အကိုရဲ့6လပြည့်ပဲလေ

မင်းသစ် - အကုန်ရစရာမရှိတာလုယူပြီး အရှက်မရှိတာနော်..

Aiden - ဒါတင်ဘယ်ကမလဲ ငါလုဖို့တစ်ခုကျန်သေးတယ်လေ..

ပြောရင်း မင်းသစ်ပါးကိုပွတ်သပ်လာသည်ကြောင့် မင်းသစ်ရိုက်ဖယ်ချတော့ သူ့Body Guard ကိုယ့်Body Guardတွေ နေရာယူကုန်ကြသည် ။

မိုးသား - နေ..နေကြပါအုံး.. ကြားက ကျွန်တော်ပဲတောင်းပန်ပါတယ်.. Sir ဒီအကျီရဲ့လက်ကဇာက အရင်Bossရဲ့အဝတ်တစ်ခုစီက ယူချုပ်ထားတာမို့ မင်းသစ်ကတန်ဖိုးထားဝတ်တာပါ..

စကားအဆုံး သူလက်အကျီစကိုကြည့်ကာ မဲ့ပြုံးပြုံး၍ ။

Aiden - အဟင်း..သေသောသူကြာရင်မေ့ ဆိုတဲ့စကားက မင်းအတွက်တော့ဟုတ်မနေဘူးထင်တယ်

ဒီလို ခနဲ့သည့်စကားတွေကြားတိုင်း Bossကိုသေရာကခေါ်ပြီး မျက်နှာကြည့်ပိတ်ထိုးခိုင်းစေခြင်တာပင် ။

လက်ရှိမှာတော့ မင်းသစ်အနေနဲ့သူ့အား လက်ပါလို့ရသည့်အားမရှိတာကြောင့် လက်သီးအားကျစ်ကျစ်စုပ်ထားရသည် ။

မိုးသား - ဟို.. ကျွန်တော်တို့Milton manchester hotelမှာအစည်းအဝေးရှိသေးတယ်တယ်လေ Sir.. အချိန်ကလဲမလိုတော့ဘူးဆိုတော့ အရင်Bossအုတ်ဂူကိုကြည့်ပြီးတန်းသွားကြမလား..

စကားဝင်ဖြတ်သည် ။ သို့သော် သူတို့အကြည့်တွေကမပြတ်ကြသေး ။

Aidenကဘဲအရင်အကြည့်လွှဲလိုက်ကာ ထွက်လာလိုက်သည် ။ မိုးသားကတော့ မင်းသစ်ကိုအရိုအသေပေးကာ Sirနောက်ပြေးလိုက်ရသည် ။ အလုပ်ကိုက သူ့အတွင်းရေးမှူးကိုး ။

သူတို့ထွက်သွားတာနှင့် မင်းသစ်လဲ အပေါ်ထပ်ကာ Boss( JorDan )ရဲ့အခန်းစီပဲအနားယူရန်သွားလိုက်သည် ။ ဒီအိမ်တော်ကြီးမှာတည်းတိုင်း မင်းသစ်ဒီအခန်းမှာပဲအိပ်သည် ။ ပျောက်ကွယ်လုဆဲဆဲ သူ့ရနံ့တွေကတစ်ချက်တစ်ချက်ရတက်လို့ပင် ။

မင်းသစ် ကုတင်ကြီးပေါ်ထိုင်လိုက်သည် ။ ဗိုက်ကိုတမင်ကြည့်တာမဟုတ်ပင်မဲ့ အရှေ့တစ်တောင်လောက်ထွက်နေပြီဖြစ်တာမို့ အမြဲမင်းသစ်မြင်ကွင်းထဲပေါ်လာသည် ။

" သုံးမွှာတဲ့ နာမည်ဘယ်လိုပေးရပါ့မလဲ "

ပထမဆုံးအကြိမ် နာမည်ပေးကို 7လကိုယ်ဝန်ရင့်မှ စဥ်းစားမိခြင်းပင် ။ ဒီ့မတိုင်ခင် မင်းသစ်ဘဝက တီတီတာတာတွေးတောချိန်လုံးဝမရှိခဲ့ပါ ။

မင်းသစ်တစ်ပတ်2ကြိမ် သွေးအလျှူရှင်ရအောင်ရှာရသည် ။ တစ်နေ့ဆေးအလုံး50လောက်သောက်ရသည် ။ အိပ်ချိန်7နာရီမှမပြည့်ရင် နောက်နေ့ပန်ဒါမျက်ကွင်းတန်းဖြစ်ကာ ခနွာကိုယ်ကမခံနိုင်တာအရမ်းသိသာသည် ။

အကျီချွတ်၍ ကိုယ်လုံးပေါ်မှန်ကြီးရှေ့ရပ်ကာ အကြောများထင်းနေအောင်ထ၍ ပေါက်ထွက်တော့မတက်ဗိုက်လေးကြီး လက်ဖြင့်ပွတ်သပ်လိုက်သည် ။

" ငါ့ဒီပုံကို Bossမြင်ရင်ဘာပြောလိပ်မလဲ "

ဘေဘီပိန်သွားတယ်လို့ပဲပြောမလား ။ ဗိုက်ထဲက ကလေးတွေအကြောင်းပဲပြောလေမလား ။

" Bossသာအသက်ရှိသေးရင် ဘယ်လိုအိမ်ထောင်ဦးစီးမျိုးဖြစ်လာမလဲ ။ အရင်တုန်းကလို အထက်တန်းလွှာပုံစံနဲ့ကလေးတွေကိုထိန်းကျောင်းမည့် စည်းကမ်းကြီးတဲ့Daddyပုံစံလား ၊ သူ့တုန်းကဆိုးခဲ့တာမို့ ကလေးတွေကိုလဲနားလည်မှုအပြည့်ပေးပြီး နောက်ကငွေထုပ်နဲ့လိုက်ရှင်းမည့် သူဋေးတစ်ယောက်လိုလား ၊ ချစ်စရာအမွှာလေးတွေကို မျက်စိအောက်ကအပြောက်မခံဘဲ အမြဲအချိန်ပေးပြီး ရှိသမျှအလုပ်အကုန်သူများလွှဲထားမည့် တာဝန်ကျေတဲ့ဖခင်ကောင်းပုံစံလား ။ "

တွေးရင်းပြုံးမိသည် ။

နောက်ဘဝကြရင်တော့ Bossကျွန်တော်တို့ သားအဖကိုကျိန်းသေစောင့်ရှောင်ရမယ်နော် ။ ဒီဘဝတော့ ကျွန်တော်ပဲကြည့်လုပ်လိုက်ပါ့မယ် ။

သက်ပြင်းဖွဖွချလိုက်သည် ။ သူ့သေဆုံးမှုမင်းသစ်တစ်ရက်မှလက်မခံခဲ့ပါ ။ အခုတော့ တဖြည်းဖြည်းနေသားကျလို့လာပြီ ။ သူမပါတဲ့အနာဂါတ်ကို မင်းသစ်တစ်ချက်တစ်ချက်တွေးတောမိလာပြီ ။ ဒါတွေကလဲ ဒီဗိုက်လေးကြောင့်ပင် ။

9လလွယ် 10လဖွားဆိုပေမဲ့ မင်းသစ်ဗိုက်က သဘာဝဟုတ်မနေ၍ ဘယ်အချိန်ဘာထဖြစ်မှန်း ဘယ်လိုမှမသိနိုင် ။ ဒါ့ကြောင့် မင်းသစ်အားလပ်ချိန်မှာ တရားဖွင့်သည် 5ပါးသီလမြဲအောင်စောင့်သည် တရားထိုင်သည် ။ စိတ်နှင့်ခနွာအသန့်ရှင်းဆုံးဖြစ်အောင်နေထိုင်သည် ။

မင်းသစ် ဗီဒိုကြီးဖွင့်လိုက်သည် ။ အထဲမှာ သူ့အဝတ်တွေနှင့်မင်းသစ်အဝတ်တွေရောနေသည် ။ အိမ်ဖော်တွေက သူ့အဝတ်တွေတစ်နေရာပြောင်းပေးဖို့လုပ်ပေမဲ့ မင်းသစ်ကိုကလက်မခံတာပင် ။ လင်မယားတွေပဲလေ သေလို့အနားကခွာမည် ရှင်လို့အနားကပ်မည်ဟုမတွေးပေ ။ ဒီလိုလေးရှိနေတာသဘောကျသည် ။

အိမ်နေရင်းအဝတ်အနေဖြင့် မြန်မာငွေသိန်း70ကျော်ရှိသည့် ဗိုက်ဖုံးအကျီလေးထုတ်လိုက်သည် ။ ဒါနှင့်လိုက်ဖက်မည့် လည်စီး မျက်မှန် ဦးထုပ် စိန်ဟန်းချိန်းကို စားပွဲပေါ်အသင့်တင်ကာ ရေချိုးဖို့ဝင်သွားသည် ။

ပြန်ထွက်လာတော့ စားပွဲပေါ်အသင့်တင်ပေးသွားတဲ့ ကော်ဖီပူပူတစ်ခွက် ပေါင်မုန့်တစ်လုံးနှင့်ဆေးတစ်ထုပ် ။ ကော်ဖီအခါးဆို ယောင်လို့တောင်မထိသော မင်းသစ်အခုတော့ လျှာဖျားကခါးမှသောက်ခြင်လာသည် ။

ရေချိုးသည်အထိသာမင်းသစ်အလုပ်ဖြစ်ပြီး အကျီဝတ်သည်က ဒီဗိုက်နှင့်မရသည်မို့ အမြဲအိမ်ဖော်တွေခေါ်ကာဝတ်ခိုင်းစေသည် ။

မင်းသစ် - ဒါလုပ်ပြီးရင် ငါ့အခန်းထဲဘယ်သူမှမဝင်လာစေနဲ့နားတော့မို့

မြန်မာစကားကလွဲ၍မတက်တာကြောင့် မင်းသစ်တစ်ကိုယ်ရည်အိမ်ဖော်များကို ​မြန်မာစကားတက်သူများထားရသည် ။

" ဟုတ်ကဲ့ "

ထို့နောက်အိပ်ယာပေါ်လှဲကာ အနားယူမယ်တွေးယုံရှိသေး စိတ်ပင်ပန်းမှုကြောင့်တန်းအိပ်ပျော်သွားသည် ။

နူးညံ့သောအထိအတွေ့တစ်ချက် ၊ စိမ်းသက်သော ကိုယ်ရနံ့တစ်ရှိုက် မင်းသစ်မျက်ခုံးတွေကျုံ့သွားစေသည် ။

ပါးပြင်ကနေ လည်တိုင်စီသို့ ရိုက်ခက်သောလေနွေးနွေးနှင့် ညှပ်ရိုးနားထိဆင်းသက်သွားသည် ။ ဒီအထိအတွေ့များက မင်းသစ်အတွက်မစိမ်းပါ ။

သို့သော် မသိစိတ်ကသဘောမတွေ့ ။

ထို့နောက် ရင်ဘက်နားကအဝတ်မကပ်တော့သလို အေးခနဲခံစားပြီးလျှင် နူးညံ့သောနမ်းရှိုက်ခြင်းနှင့်အတူ..

မင်းသစ် - အာ့ Boss..

တီးတီးသောညီးသံနှင့်အတူ မျက်ဝန်းများဖြည်းညှင်းစွာဖွင့်လိုက်သည်နှင့်

" ဟင် "

အော်တော့မည် မင်းသစ်ပါးစပ်သို့ လက်ဝါးကြီးဖြင့်ဖိအုပ်ကာ..

Aiden - ကိုယ်သူ့ကိုမရှုံးရအောင် သာယာမှုပေးမှာပါ..

အသက်ရှုကြပ်မှုနှင့်အတူ မျက်ရည်များဝဲလာသည် ။

ခြေများများက ကုတင်ထက်တွန့်လူးအောင်ရုန်းကာ ပြည်တောင်းနီးနီးရှိသောဗိုက်ကြီးမှာ ဘယ်ညာရိမ်လျှက် လွတ်မြောက်ရန်အစွမ်းကုန်ကြိုးစားသည် ။

Aiden - အဟင်း ခုနအထိသာယာနေပြီတော့ အခုမှဘာဖြစ်တာလဲ မျက်စိလေးခဏလောက်ထပ်မှိတ်ပေး..

တောင်းဆိုမှုနှင့်အတူ အနမ်းကနုတ်ဖျားပေါ်ကျလာတော့ ခေါင်းစောင်း၍ရှောင်စဥ် ပါးမို့မို့သို့ထိသွားသည် ။

မျက်ရည်များတလိမ်လိမ့်အတားဆီးမဲ့စွာလိမ့်ဆင်းလာသည် ။ ဘယ်လိုမှစိတ်ကဒါကိုလက်မခံနိုင် ။ ခေါင်းတစ်ခုလုံးပူထူကာ ငါရုန်းမှရမဲ့ဆိုသည်စိတ်နှင့် ခေါင်းသို့ဘယ်ညာရုန်းစဥ် ပါးစိပ်သို့ဖိအုပ်ထားသောလက်မှာလွတ်ထွက်သွားသည်နှင့်..

မင်းသစ် - အယုတ်တစ်မာကောင်.. အခုချက်ချင်း ငါ့အပေါ်ကဆင်း..!!

ဒေါသကမျက်ဝန်းများထဲအရှင်းသားမြင်ရသည် ။ အရင်အခြေနေနဲ့အသံကျယ်ကျယ်မပြောရဲသောမင်းသစ်က သူ့မျက်နှာကိုတည့်ကြည့်ရင်း ငါကိုနာမ်စားသုံးကာ ဒေါသတကြီးအမိန့်ပေးလေသည် ။

Aiden - အဟင်းဟင်း..

ဒါကိုပဲတိုးတီးသော ရယ်သံနှင့်အတူ သူသည်ဒီလောက်တော့မျှော်လင့်ထားပုံရသည် ။

Aiden - ဘာတွေဒီလောက်အထိမခံနိုင်တာလဲ ဟမ် သေတဲ့သူလဲသေပြီ အတိတ်မှာပဲထားလိုက်ကြရအောင် ဒီကလေးတွေ ကိုယ်တာဝန်ယူမှာပါ..

မင်းသစ် - ဖာစကားမထွက်နဲ့... ငါအခုလူသတ်ခြင်နေတာနော်.. ဒီကိစ္စဒီမှာတင်ပြီးစေခြင်ရင် အခုချက်ချင်းငါ့အခန်းထဲကထွက်သွား..

သူနဲ့တုန်းက အားနွဲ့ခဲ့သောမင်းသစ်သည် အခု ကိုယ့်ကိုကိုယ်ပင်မယုံနိုင် ။

Aiden - မသွားဘူးဆိုရင်ရော..

မင်းသစ်ကိုစိုက်ကြည့်လာသော မျက်ဝန်းတွေသည် နောက်နေတာမဟုတ် ။

ဒါကြောင့် ဘယ်လက်ကတစ်ဖြည်းဖြည်း အနားစားပွဲတင်ခုံပေါ်က ပန်းအိုးကိုလက်ဖြင့်ကိုင်စွဲကာ ခေါင်းကိုချိန်၍ ဦးတည်ရိုက်ချလိုက်သော်..

Aiden - အဟား..ချာတိတ်ကစိတ်ကြည့်ဘဲ

ခေါင်းသို့မထိခင် သူ့လက်ဖြင့်ဖမ်းတားကာ မင်းသစ်လက်2ဖက်လုံးချုပ်၍ တစ်ဖက်တည်းဖြင့်ကိုင်ပြီးလျှင် သူ့မျက်နှာနှင့်လက်2လုံးလောက်ပဲခွာ၍ စိုက်ကြည့်ကာ..

Aiden - ပြောပြီးသားလေ အကုန်တာဝန်ယူပါမယ်ဆိုတာ မင်းသိလား ဒီကလေးတွေ ကိုယ်တကယ်ရှင်းခြင်ရင်ဒီအခြေနေထိရောက်လာမှာမဟုတ်ဘူး... ကိုယ်တကယ်လိုခြင်တာလဲဒါမျိုးမဟုတ်ဘူး ကိုယ်မင်းဘဝကို ကာကွယ်ပေးခြင်တယ် ကာကွယ်ပေးခွင့်လေးပဲလိုအပ်တာ ကမ္ဘာမှာJorDanနဲ့ရုပ်ရော အရည်အချင်းရောယှဥ်နိုင်တဲ့သူဆိုလို့ ကိုယ်ပဲရှိတာမင်းသိပါတယ်..

မင်းသစ် - ငါကတော့ JorDanခြေဖျားတောင်မမှီဘူးလို့ပဲမြင်တယ်..

ထိုစကားမှာတော့ အချိုသပ်နေတဲ့ သူ့ရုပ်နဲ့သူ့စကားတွေချက်ချင်းဆိုသလိုပြောင်းလဲသွားသည် ။

Aiden - အေး အဲ့ဒီ့ခြေဖျားတောင်မမှီတဲ့ကောင်ကို မင်းဒီညယှဥ်နိုင်မှလွတ်မယ်ဆိုတာ နားလည်ထား..

သူသည်လိမ်နေတာမဟုတ် အကြည့်တွေနဲ့အသံသည် အညှာတာကင်းမဲ့လွန်းသည် ။ အရက်နဲ့ခပ်ပါးပါးဖြင့် ဆေးလိပ်နံ့ကိုလဲတစ်ချက်ချက်ရလောက်အောင် သူ့မျက်နှာနှင့်မင်းသစ်မျက်နှာနီးကပ်လွန်းသည် ။

ငါတကယ် မလွတ်နိုင်တော့ဘူးလား ။

ထိုအတွေးအဆုံး အကြည့်ကသူ့ကိုကျော်၍ နောက်ကနံရံ၌ချိတ်ဆွဲထားသည် လွန်ခဲ့သော10နှစ်ကျော်လောက်က ဒီအိမ်ရဲ့သခင်JorDan Wilsomပုံထံ အကြည့်ကတန်းနေအောင်ရောက်သွားသည် ။

ပုံထဲမှာတောင် မျက်လုံးတွေကအရမ်းအသက်ဝင်သည် ။အရယ်အပြုံးမရှိ တည်တန့်သောမျက်နှာဖြင့် ထိုမျက်ဝန်းတွေမှာ မင်းသစ်ကိုစောင့်ကြည့်နေသယောင်... ။

ဟင့်အင်း... ငါတစ်ခုခုလုပ်မှရမည် ။

==============///////////==============

Czytaj Dalej

To Też Polubisz

1 0 1
Company Profile Perusahaan Jasa Logistik, Jasa Video Company Profile, Video Shooting Usaha, Company Profile Perusahaan Jasa Tenaga Kerja, Harga Jasa...
13.8K 1K 17
.
ALACA Autorstwa Bir yazar

Literatura Kobieca

1.9K 246 1
"Öldürün." Hayatımı karartmayacaktım. "Ne!?" Annem bağırmıştı. "Öldürün ikisinide ben berdele kurban gitmeyeceğim ya da şöyle yapalım siz öldüremezsi...
8.6K 691 10
សុខចិត្តធ្វើគ្រប់យ៉ាងដើម្បីបាននៅក្បែរមនុស្សដែរខ្លួនស្រលាញ់។ ទោះបែបណាក៏ដោយ...ក៏សុខចិត្តនឹងទទួល