*ဖတ်ဖြစ်အောင်ဖတ်ပါ မကျော်သွားပါနဲ့
ယခုအပိုင်းတွင်ရေးသားထားသောအရာများသည် စိတ်ကူးယဉ်၍ ရေးသားထားခြင်းဖြစ်ပြီး မည်သူတစ်ဉီးတစ်ယောက်ကိုမှု ထိခိုက်စေလိုချင်းမရှိပါ။*
............................................🌸🌸
မန္တလေးမြို့ရဲ့ အကြီးဆုံး တက္ကသိုလ်။ သူဌေးရဲ့ သားသမီးတွေသာ တက်သည့်ကျောင်းတွင် ဖူးငယ်လေးက ကျောင်းသူအချောလေးတစ်ယောက် အဖြစ်ရပ်တည်နေသည်။
သူဌေးသားသမီးတွေဆိုသည့်အတိုင်း လုပ်ချင်တိုင်းလုပ် ပြသနာတွေရှာ ပြီးရင် မိဘခေါ်ငွေပေးပြီး ကိစ္စတွေကို အဆုံးသတ်လိုက်တာကြည့်ပါဘဲ။
အဲ့လိုလူစားမျိုးထဲ ဖူးငယ်လေးဟာ မပါပါ။ လိမ်မာသူလေးတစ်ယောက် အနေနဲ့သာ နေသည်။ ဒါပေမယ့် သူ၏ ချစ်လှစွာသော အကိုနဲ့အမကို စော်ကားပြီဆိုရင် ငြိမ်မခံဘဲ ပြန်၍လက်စားချေတက်သည်မှာ ကလျာနှင့် တစ်ပုံစံထဲပင်။
ဖူးငယ်က အနုပညာဘက်ကို ဝါသနာပါပေမယ့် "ကိုကိုနဲ့မမခြေရာကို နင်းမှာ" ဆိုပြီး စီးပွားရေးမေဂျာကို ယူထားသည်။ ဝါသနာမလို့ဆိုပြီး ညံ့ဖျင်းသည့်ပုံလုံးဝမဟုတ်။ ကြိုးစားသည်။ ထို့အပြင် ကျောင်းပိတ်ရက်တွေဆို ကုမ္ပဏီကိုလိုက်ပြီး အကိုဖြစ်သူနဲ့ အမဖြစ်သူဆီက လက်တွေ့သင်ယူသေးသည်။
.............................................🌸🌸
"ဒီကနေ့ ကျောင်းသားအသစ်ရောက်မယ်ဆိုလား......."
"ဟုတ်တယ်ဟ ငါလဲ စောနက ကျောင်းအုပ်ကြီး ဖုန်းပြောနေတာကြားတယ်......"
"အဟက် အချိုးမပြေလို့ကတော့......... ကောင်းကောင်းကြီးကို ဆုံးမပြစ်မယ်....."
"ခ်ခ်ခ်ခ်......."
"ဟဲ့ ဟိုမယ် အံ့ရွှေရည်ဖူး......"
မင်းနွယ်တို့ရဲ့ကား ကျောင်းဝင်းထဲကိုဝင်လာသည်နှင့် သစ်ပင်အောက်က စားပွဲပေါ်မှာ စကားပြောနေကြတဲ့ မိန်းကလေးတစ်စုရဲ့အသံဟာ တိတ်သွားသည်။
"ရွှေရည်ရေ......."
"အာ......သူငယ်ချင်းတို့"
ဖူးငယ်ရဲ့ အချစ်ဆုံးသူငယ်ချင်း ကေသီခိုင်၊ ဖြိုးဇော်မင်း၊ ပိုးမြင့်ဇူတို့က ဖူးငယ်နဲ့ ၈တန်းကထဲက အတူတူကျောင်းတက်လာတဲ့သူတွေပင်။
ပြောမနာဆိုမနာ သူငယ်ချင်းတွေဆိုလည်း မမှားပေ။
"ရွှေရည် ဒီနေ့လေ ကျောင်းသားအသစ်ရောက်မှာဟ......"
ရောက်တာနဲ့ တစ်ကျောင်းလုံးရဲ့ cctvကေသီခိုင်က ပြောလာချင်းဖြစ်သည်။ သူတို့အဖွဲ့မှာ ကိုယ်စီအကျင့်မတူတာလေးတွေရှိသည်။
ကေသီခိုင်က တစ်ကျောင်းလုံးရဲ့ cctv။ သူမသိတာမရှိ။ အနက်ရောင် ဆံပင်ဂုတ်ဝဲလေးနှင့် ချစ်စရာကောင်းသည့် Omegaလေး။
ဖြိုးဇော်မင်းက စာဂျပိုး မျက်မှန်အထူကြီးနှင့် အနေအေးတဲ့သူဖြစ်သည်။ ယောက်ျားဆန်တဲ့ မျက်ဝန်းတွေနဲ့အတူ မျိုးရိုးမြင့် Alpha။
ပိုးမြင့်ဇူက ပျော်ပျော်နေတတ်ပြီး ဝမ်းနည်းလွယ်သူ။ အရပ်ရှည်ရှည် ဆံပင်ရှည်ရှည်နှင့် အင်အားကြီးသည့် Alphaပင်....။
"ရွှေရည်.....နင့်ကို ဟိုအဖွဲ့ကြည့်နေတယ်...."
ပိုးမြင့်ဇူကပြောလို့ကြည့်လိုက်တော့ သူ့အား ဒေါသမျက်ဝန်းတွေနဲ့ ကြည့်နေသည့် ထက်ဧကရီ......
ထက်ဧကရီ ဆိုတာ တက္ကသိုလ်တစ်ခုလုံးရဲ့ အလှဆုံး Queen။ ရုပ်ချော စာတော်ပြီး စီးပွားရေးမေဂျာမှာ အထူးချွန်ဆုံး Omega။
ဒါတွေဟာ ဖူးငယ်မရောက်ခင်အထိ။ ဖူးငယ်ရောက်လာတာနဲ့ သူမ၏ Queenဆိုတဲ့ ဂုဏ်ပုဒ်ဟာ နေ့ချင်းဆိုသလို ဖူးငယ်ဆီကိုရောက်သွားသည်။ ဒါကြောင့် ထက်ဧကရီ ကမကျေနပ်ပါ။ အမြဲရန်သူလို ဖူးငယ်ကို နှောက်ယှက်တက်သည်။
"အဟားဟား ငါချောလို့နေမှာပေါ့......ဒါမှမဟုတ် ငါ့ကိုကိုက ချောလို့နေမှာ....."
ဘာမှမဖြစ်သလိုနဲ့ဘဲ သူငယ်ချင်းတွေကို ဖူးငယ်စနှောက်လိုက်တယ်။
"အမယ်လေး......ရှင့်ကိုကို ရေခဲတုံးကြီးချောတာ ကျမတို့သိပြီးသားပါနော်....."
"ဘယ်လို??"
ကေသီခိုင်ဆီက ရေခဲတုံးဆိုတဲ့ အသံကိုကြားတော့ နည်းနည်းတော့ ကြောင်သွားသည်။ ဒါဟာ သူ ကလျာ့ကို အမြဲလိုလို ခေါ်နေကြနာမ်စား။
"အာ အကိုေဗွမယူပါနဲ့.....ကေသီက ကျနော်အထဲမှာ အဆိုးဆုံးဖြစ်နေလို့ပါ......"
အနေအေးသည့် ဖြိုးဇော်မင်းက ကြားထဲကနေ တောင်းပန်ရှာသည်။
*တီ တီ တီ!!*
ကျောင်းထဲကိုဝင်လာသည့် အနက်ရောင်ကားတစ်စီး။ တစ်နိုင်ငံလုံးမှာ တော်တော်တန်တန် ဘယ်သူမှ ဝယ်မစီးနိုင်သည့် ကားပင်။ ဖူးငယ်က ကားကိုမြင်သည်နှင့် ချက်ချင်းကိုပြုံးသွားသည်။
ဒီဘယ်သူကားမှန်း ဖူးငယ်သိတာပေါ့။ မင်းနွယ်ကတော့ မထူးစမ်းသည့်ပုံဖြင့်သာ ကြည့်နေသည်။
ကျောင်းသားတိုင်းက ထိုကားကိုသာ အာရုံတစ်စိုက်ကြည့်နေကြသည်။ ထက်ဧကရီတို့အဖွဲ့က ထိပ်ဆုံးက။
ကားတံခါးဖွင့်သည်နှင့် စမတ်ကျစွာ ဆင်းလာသည့် အမျိုးသမီးတစ်ဉီး။ အနက်ရောင် shoes၊ ဆံနွယ်ရှည်တွေကို ဖားလျားချထားကာ အညိုရောင် မျက်ဝန်းတွေနဲ့ ဆွဲဆောင်မှုရှိလွန်းသည်။
ဒါ့အပြင် ဝတ်ဆင်ထားတဲ့ အဖြူရောင် Uniformနဲ့အတူ အနက်ရောင် ဘောင်းဘီရှည်ကလိုက်ဖက်စွာ။ ကျောပိုးအိတ်ကိုမလွယ်ဘဲ လက်ကနေ ပြောင်းပြန်ကိုင်လာသည်။ အရပ်ရှည်ရှည်၊ အပြုံးအရယ်မပါဘဲ အေးဆက်သည့် အကြည့်တွေက လူတိုင်းကို ရှိန်စေသည်။
(မမကလျာကို ကြူချင်သွားပြီToT)
"မမ!!"
ဖူးငယ်က ချက်ချင်း ဆိုသလို ကလျာ့ဆီပြေးသွားကာ ဖက်လိုက်တော့သည်။ အားနဲ့ပြေးလာတာကြောင့် ကလျာ့ခမျာ မနည်းထိန်းယူလိုက်ရသည်။
"မှောက်လဲမယ်"
"ခ်ခ် ရတယ်။ ကိစ္စမရှိဘူး....."
သွားဖြူဖြူလေးတွေကို ပေါ်အောင်ပြုံးပြီး ကလျာ့ကို ဖက်နေတာမခွာတော့ပါ။
"ကလျာ ငါသွားတော့မယ်.....ဖူးငယ်ကို ဂရုစိုက်......"
"အင်း"
အကိုဖြစ်သူက တစ်ကူးတစ်က မှာတာကို အင်း တစ်လုံးသာပြောလိုက်တာကြောင့် ဟို၃ယောက်မှာ အံ့သြလျက်။
မင်းနွယ်ရဲ့ကားလေးဟာ ကျောင်းထဲကနေထွက်သွားတာနဲ့ ကလျာတို့လဲ ထက်ဧကရီတို့ရဲ့ အရှေ့နားမှာရှိတဲ့ စားပွဲဝိုင်းကို သွားလိုက်ကြသည်။ ဖူးငယ်ကတော့ အမဖြစ်သူနားမှာ ကြောင်ပေါက်စလေးသဖွယ်.......
"မမ မိတ်ဆက်ပေးရအုံး ဒါက ဖူးငယ်ရဲ့ သူငယ်ချင်း ကေသီခိုင်၊ ဖြိုးဇော်မင်း၊ ပိုးမြင့်ဇူတဲ့.....သူငယ်ချင်းတို့ ဒါက ငါပြောပြောနေတဲ့ ငါ့မမ......"
"ဘာ!!"
၃ယောက်လုံးရဲ့ အာမေဋိအသံဟာ တစ်ကျောင်းလုံးကို ဖုံးလွှမ်းသာသည်။
"Nice to meet you kids"
အရယ်အပြုံးမပါဘဲ ခပ်အေးအေးနဲ့ နှုတ်ဆက်တဲ့ ကလျာ့ကို ကြည့်၍ ၃ယောက်သား တုန်နေကြသည်......
"အာ ဟုတ်ကဲ့..... ကျနော်က ဖြိုးဇော်မင်းပါဗျ......."
"Alphaမလား?"
"ဗျာ?!"
ရုတ်တရက်ကြီး Alphaလို့ အပြောခံလိုက်ရတာကြောင့် ဖြိုးဇော်မင်းလန့်သွားသည်။
"Promoneတွေ တအားများနေတယ် ဆေးသောက်ထား မင်းကာလရောက်တော့မှာမလို့ ထင်တယ်......."
"ဟုတ် ဟုတ်ကဲ့"
"ဟို ဟိုလေ အမနာမည်လေးပြောပြအုံး"
ကေသီက ပြောတော့ လွယ်အိတ်ထဲကနေ business cardကို တစ်ယောက်တစ်ကဒ်ဆီ ပေးလိုက်သည်။
"ဝါး လှလိုက်တဲ့ nameဘဲ"
"အံ့ကလျာနွယ်တဲ့ မဟုတ်မှ ......"
ပိုးမြင့်ဇူက ချက်ချင်းသတိထားမိသွားသည်။ ဒါကြောင့် ကလျာက တိုးတိုးနေဆိုသည့်ပုံဖြင့် လက်ညှိုးနှင့်ပါးစပ်ကိုထိကာလုပ်ပြသည်
......
TBC