စကားတပြောပြောနှင့် အသေးစားမွေးနေ့ပွဲလေးဟာ အလွန်ပျော်စရာကောင်းလှသည်။ အမ် ဒါပေမယ့် ဟိုအမွှာတွေကတော့ တစ်ချက်မှမပြုံး။ အိမ်စေမလေးတွေ ထည့်ပေးထားတဲ့ မနက်စာကို စားရင်း၊ ဖုန်းတစ်ဖက်နှင့် အလုပ်ကိုသာ အာရုံစိုက်နေလေသည်။
"ကိုကို!!မမ!!"
"ဟမ် အော်ဖူးငယ်"
"ဘာလို့လဲ ဖူးငယ်"
ဖူးငယ်ဒေါသတစ်ကြီး အော်လိုက်မှ အင်တွေ အယ်တွေဖြစ်ကာ ဖုန်းတွေကို ဘေးချထားလိုက်တယ်။
"အဲ့အလုပ်ကို ဖယ်ထားစမ်းပါ။ အခုမုန့်စား အဖိုးတို့နဲ့ စကားပြောလေ။ ဘယ့်နှယ် အလုပ်တွေကြည့် လုပ်နေတယ်။"
လူကြီးလေးလို သူတို့ကို ကြိမ်းမောင်းနေတဲ့ ကလေးငယ်ကြောင့် ရင်ထဲကြည်နူးမိတာ အမှန်တကယ်။
"ခဏနေ ကိုကိုကျောင်းလိုက်ပို့မယ်။"
"ရဘူး မမပါ ခေါ်ရမယ်"
အံ့ထွဋ်မင်းနွယ် လိုက်ပို့မယ်ဆိုတာကို အမဖြစ်သူပါ ဇွတ်ခေါ်နေတဲ့ကောင်မလေးပင်
"အင်း မမလိုက်မယ်"
"ဟ ငါပို့မှာဆိုနေ"
အံ့ထွဋ်မင်းနွယ်စီက မကျေမနပ်သံလေး ထွက်လာသည်။ ဒါကြောင့် ဖူးငယ်လေးရဲ့ အကြိုအပို့ကို တာဝန်ကို ခွဲထားတာဖြစ်သည်။
အံ့ထွဋ်မင်းနွယ်က ဖူးငယ်ကို ကျောင်းပို့ရပီး ကျောင်းအကြိုကြ အံ့ကလျာနွယ် တာဝန်ပင်။
"ငါက လိုက်ဘဲလိုက်မှာ နင့်ဘာသာ ကားမောင်း မေဘေးရဲ့"
"ဟ မလိုက်ဘဲနေခဲ့ပါလား ကြီးတော်မရဲ့"
"နင့်အမေလင်လား ကြီးတော်မက"
"ငါ့အမေလင်မဟုတ်ဘူး ငါ့လင်လေ ဟဲဟဲ"
"အံ့ ထွဋ် မင်း နွယ်!!"
"ဘာ လဲ"
"ငါ့လက်ထဲ ကိုင်ထားတာ ဓားမြှောင်နော် ထိုးရင် သေမှာ"
ကျောင်းအကြိုအပို့ကိစ္စနဲ့ စကားများရင်း ဓားမြှောင် တွေပါပါလာတာကြောင့် အဖိုးက.......
"နှစ်ယောက်လုံး ကြာပွတ်ဒဏ်ကို မေ့နေတာလား......"
ပြောလိုက်ကာမှ နှစ်ယောက်လုံး ခေါင်းလေးတွေပုသွားကာ လက်ထဲကဓားတွေကို ကိုယ်စီပြန်သိန်းလိုက်သည်။
အဖိုးက အမေရိကန်မှာသာနေတာ အမွှာတွေရန်ဖစ်တယ် ဆိုတဲ့အသံကြားရင် နေ့တွင်းချင်းပြန်လာပြီး ကြာပွတ်နှင့် အမှားမဝန်ခံမချင်း ရိုက်တတ်သည်။
"သွား အက်ျီလဲချေ။ ပီးရင်ဖူးငယ်လိုက်ပို့။ အဲ့တာ ပြီးမှရုံးကိုသွားကြ။"
ဘာမှအထွန့်မတက်ရဲဘဲ အပေါ်ထပ်ကို အသာလေးတက်သွားကြသည်။
"အန်ကယ်ကို သူတို့ကြောက်သားဘဲနော်"
"ဟားဟား"
လူကြီးတွေက ပြောရင်း ရယ်နေကြသည်။
"မင်းခနဲ့ ရောင်ခြည် သွား။ မင်းတို့ရဲ့ လူတွေစီကို လိုက်သွားကြ"
"ဟုတ်ကဲ့"(မင်းခ၊ရောင်ခြည်)
...................,....................
*ဒေါက် ဒေါက်*
"ဝင်ခဲ့"
အမိန့်သံအဆုံး ခွန်းရောင်ခြည်တစ်ယောက် ခေါင်းလေးငုံ့ကာ ဝင်လာလေသည်။
"ဘာလို့လဲ ရောင်ခြည်"
"ဟို bossကို ပြောစရာရှိလို့"
"ဟမ်"
ဝတ်နေသည့်အက်ျီကို ခဏရပ်လိုက်ပြီး။
"ဘာလဲ"
တစ်ဖြည်းဖြည်း ရောင်ခြည်အနားကို ကပ်လာတာကြောင့် ရောင်ခြည်အနည်းငယ် လန့်သွားသည်။
"ဟူးးးးးးးbossကို သဘောကြတယ်။ bossကို ချစ်တယ်။ bossရဲ့ mateအဖြစ် လက်ခံပေးပါ။"
အံ့ကလျာနွယ်၏ မျက်ခုံးတွေဟာ ထိစပ်မတက် တွန့်ချိုးသွားသည်။
"ငါ ငြင်းတယ်"
"ရှင်!"
"ကျစ်! မကြားတာလားဟမ်!"
အံ့ကလျာနွယ်၏ အသံဟာ ကျယ်ပြန့်သွားသည်။
"ဘာ ဘာလို့လဲ"
ရောင်ခြည်တစ်ယောက် အသံတုန်တုန်ရင်ရင်နဲ့ဘဲ ပြန်၍မေးခဲ့သည်။
"မလိုချင်လို့။
"ရောင် ရောင်ခြည်ကြိုးစား......
"မကြိုးစားနေနဲ့ရောင်ခြည် ငါဆိုတဲ့သူက အချစ်ဆိုတာကို ယုံတဲ့ကောင်မဟုတ်ဘူး။ အချစ်က တအားပူလောင်ရတာ။ ငါ့ဘဝကို အဲ့လို အပူထဲတွန်းမပို့ဘူး။ ငါ့Mateက ဒီတစ်သက် ရှိမှာမဟုတ်ဘူး။"
ပြောနေသည့် တစ်လျှောက်လုံး အံ့ကလျာနွယ်က ခွန်းရောင်ခြည်ကို ကျောပေးထားတာပင်။ ဒါ့အပြင် ဆေးလိပ်ကို လက်ကမချဘဲ အားပြင်းပြင်းဖြင့်သာ သောက်နေသည်။
"မင်းသိလား အချစ်ဆိုတဲ့အရာမှာ လူတိုင်းက သူတို့ရဲ့ဘဝတွေကို ပုံအောပေးကြတာ။ ခံစားရတာလဲ တအားဘဲ။"
"........"
"ဒါကြောင့် ငါမင်းရဲ့ပြောဆိုချက်ကို ငြင်းတယ်။"
"ဟင့် bo bossရယ်"
"ပြီးတော့ ငါ့စီမှာ အလုပ်ဆင်းစရာမလိုတော့ဘူး။ "
"ရှင်!!"
ထိုသို့ပြော၍ အံ့ကလျာနွယ်ဟာ သောက်လက်စ ဆေးလိပ်ကို မီးငြိမ်းလိုက်ပြီး မျက်မှန်ကိုပါ ချွတ်လိုက်သည်။
"ထွက်သွားတော့"
ဒေါသထွက်သည်အသံ မဟုတ်သော်လည်း အသံဟာ အေးဆက်လွန်းသည်။
ဒါကြောင့် ခွန်းရောင်ခြည် ဘာမှမပြောဘဲ အသာလေးလှည့်ထွက်လာသည်။ ထိုစဉ်.......
"သြော် ဒါနဲ့ မင်းငါတို့ဂိုဏ်းနဲ့ ပတ်သက်တာတွေကို ဖြန့်မယ်ဆိုရင် နောက်ဘဝကူးမယ်ဆိုတာ ငါအာမခံတယ်"
သို့သော်လည်း ရောင်ခြည်မမှုပါ အဓိကက သူအံ့ကလျာနွယ်ကို သိမ်းပိုက်နိုင်ဖို့ပင်....
အခန်းထဲက မျက်ရည်အရွဲသားနှင့် ထွက်လာသည့်ရောင်ခြည်ကို စစ်မင်းခက တွေ့သဖြင့်။
"ရောင်ခြည် နေမကောင်းဘူးလား"
"ငါ အဆင်ပြေပါတယ်"
ထိုသို့သာ ပြန်ပြောပြီး ရောင်ခြည်ထွက်လာလိုက်သည်။
*ရပါတယ် ကလျာ။ နင်ငါ့ကို ငြင်းလိုက်တယ်ဆိုပေမယ့် ငါက နင်ကိုမရ ရအောင်သိမ်းပိုက်မှာ အံ့ကလျာနွယ်ဆိုတဲ့ နင်က ခွန်းရောင်ခြည်ဆိုတဲ့ ငါ့အတွက်ဘဲ ဖြစ်ရမယ်။*
ကြဆင်းနေသည့် မျက်ရည်တွေကို ကြမ်းတမ်းစွာ သုတ်လိုက်ပြီး အမည်မသိတဲ့ အပြုံးတစ်ခုဖြစ်ပေါ်လာသည်။
(A/N: ခွန်းရောင်ခြည်ကို မှတ်ထားပေးပါဗျ)
----------------------------------
အံ့ကလျာနွယ်တစ်ယောက် ရင်ဘက်ထဲ တစ်မျိုးကြီးဖြစ်နေတာရော စိတ်တွေက ပိုရှုပ်လာတာကြောင့် ဆေးကို ၆လုံးတိတိသောက်လိုက်မိသည်။
ထို့နောက် ရုံးဝတ်ဆုံကို ထပ်ဝတ်ပြီး အခန်းထဲက ထွက်လာသည်။
.
.
.
.
.
.
.
ဒီနေ့ တိုသွားရင် ဆောရီးပါ။ မျှော်နေတဲ့သူလေးရှိလို့ ကိုယ် နေမကောင်းဘဲ အပ်ပေးတာပါဗျ။ ကျေးဇူးပါ
#Jeon