အချစ်တွေနဲ့ မိုးထားတဲ့ အိမ် {...

De KhatSixx

376K 18.5K 622

Romance ဆန်ဆန် ဇာတ်အိမ်လေးနဲ့ အချိုတစ်လိုင်း ကြိုက်တတ်သူလေးတွေ အတွက် 💙🫰 အော်သာ - မိုင်းမိုင် Romance ဆန္ဆန္... Mai multe

ဇာတ်လမ်း အညွှန်း - ဇာတ်လမ်း အညွှန်း
အခန်း (၁)
အခန်း (၁)
အခန်း (၂)
အခန်း (၂)
အခန်း (၃)
အခန်း (၃)
အခန်း (၄)
အခန်း (၄)
အခန်း (၅)
အခန်း (၅)
အခန်း (၆)
အခန်း (၆)
အခန်း (၇)
အခန်း (၇)
အခန်း (၈)
အခန်း (၈)
အခန်း (၉)
အခန်း (၉)
အခန်း (၁၀)
အခန်း (၁၀)
အခန်း (၁၁)
အခန်း (၁၁)
အခန်း (၁၂)
အခန်း (၁၃)
အခန်း (၁၃)
အခန်း (၁၄)
အခန်း (၁၄)
အခန်း (၁၅)
အခန်း (၁၅)
အခန်း (၁၆)
အခနျး (၁၆)
အခန်း (၁၇)
အခန်း (၁၇)
အခန်း (၁၈)
အခန်း (၁၈)
အခန်း (၁၉)
အခန်း (၁၉)
အခန်း (၂၀)
အခန်း (၂၀)
အခန်း (၂၁)
အခန်း (၂၁)
အခန်း (၂၂)
အခန်း (၂၂)
အခန်း (၂၃)
အခန်း (၂၃)
အခန်း (၂၄)
အခန်း (၂၄)
အခန်း (၂၅)
အခန်း (၂၅)
Warning 21+ 🚨🚨🚨
Warning 21+ ( Zawgyi )🚨🚨🚨
အခန်း (၂၆) [Mature 21++🚨🚨🚨]
အခန်း (၂၆) [Mature 21++🚨🚨🚨]
အခန်း (၂၇)
အခန်း (၂၇)
အခန်း (၂၈)
အခန်း (၂၈)
အခန်း (၂၉)
အခန်း (၂၉)
အခန်း (၃၀)
အခန်း (၃၀)
အခန်း (၃၁)
အခန်း (၃၁)
ဇာတ်သိမ်းပိုင်း
( ဇာတ်သိမ်းပိုင်း )

အခန်း (၁၂)

2.2K 50 1
De KhatSixx

M I N E M Y:
အချစ်တွေနဲ့ မိုးထားတဲ့အိမ် (၁၂)

လေညှင်းဖျော့ဖျော့လေး သွေးဆော်တိုက်ခက်နေသည့် နွေရဲ့ညတွေသည် လွမ်းမောစရာကောင်းလောက်ပါသည်။ ရော်ရွက်ဝါတို့ တစ်ရွက်ချင်း ပင်ယံထက်ကနေ ကြွေဆင်းကုန်ကြသည်မှာပင် လွမ်းမောဖွယ်အတိ။ မီးရောင်ထိန်ထိန်သာနေသည့် မန္တလေးမြို့ကြီး၏အလှကို အထပ်မြင့်ကနေ ကြည့်မယ်ဆိုရင် ရင်ခုန်စိတ်လှုပ်ရှားစရာကောင်းလောက်တဲ့ ရှုမြင်ကွင်းတွေတသီကြီး တွေ့မြင်နိုင်သည်။

Paradise Hotel ၏ အပေါ်ဆုံးထပ်တွင် ရေကူးကန်နှစ်ကန်နဲ့ Bar လေးတစ်ခု ဖန်တီးပေးထားသည်။ Puppet Show ဖျော်ဖြေဖို့အတွက် မနိမ့်မမြင့် စင်လေးတစ်ခုကို Bar အတွင်းရှိ မီးရောင်စုံများ၏အောက်တွင် ခင်းကျင်းပေးထားသည်။ ထိုစင်၏ အနီးဝန်းကျင်တွင် စားပွဲခုံ အလုံး (၂၀) လေးကို ပတ်ပတ်လည် စီရီပေးထားသည်။

Bar ဆိုပေမဲ့ ဆူဆူညံညံ နဲ့ အသံတွေကွဲအက်အောင် DJတွေ ဖွင့်ထားတဲ့ Club တွေလိုမဟုတ်ပါ။ အေးငြိမ့်ငြိမ့်လေးနှင့် ပင်ပန်းနွမ်းနယ်မှုတွေကို စီးမျောခံစားဖြေဖျောက်ဖို့ နူးညံ့သည့် တေးဂီတ သံစဉ်တွေရှိရာ အရပ်တစ်ခုသာဖြစ်သည်။

ဟိုတယ်ရဲ့ အပေါ်ဆုံးအထပ် (Roof top) ကနေ စက်ရှိန်တစ်ယောက် မန္တလေးရဲ့ညကို ခံစားသက်ဝင်နေသည်။ နေ့လည်ပိုင်း Meeting ပြီးတော့ ညပိုင်းလုပ်ငန်းရှင် ဧည့်သည်တွေနဲ့ တွေ့ဆုံရမည်ဖြစ်တာကြောင့် ညနေ (၆)နာရီ တည်းက ဟိုတယ်ရဲ့ Bar ကို ရောက်နေခြင်းဖြစ်သည်။ ခဏ အကြာမှာတော့ ရှယ်ယာဖိုင်တွဲကို သတိရတာနဲ့ စက်ရှိန် အခန်းဆီသို့ ခဏ ပြန်ဆင်းလာခဲ့သည်။

ဓာတ်လှေကားအတိုင်းမဆင်းပဲ ရိုးရိုးလှေကား သုံးကာ ငါးလွှာဆီသို့ ရောက်လာခဲ့သည်။ ငါးလွှာ၏ လှေကားအဆင်း တစ်နေရာတွင် ပုံရိပ်နှင့် အတက်အဆင်း ပက်ပင်းကို တိုးလေတော့သည်။

" ဟော ပုံရိပ်...အခုထိ အလုပ်မဆင်းသေးဘူးလား။ ညတောင် ရောက်နေပြီ "

" ဟုတ်...ဒီနေ့ည ဂျူတီကျတဲ့ ဝန်ထမ်းကောင်လေးတစ်‌ယောက်က နေမကောင်းလို့ ခွင့်တိုင်တာနဲ့ ပုံရိပ်က Overtime ဆင်းပေးရတာ။ ဒီနေ့ညကလည်း Puppet Show ရှိတဲ့ညဆိုတော့ ဟိုတယ်အပြည့် ဧည့်သည်တွေရှိတာကြောင့် လူမနိုင်လို့ပါ "

" ဒါဆို ပုံရိပ်က တစ်ညလုံး ဟိုတယ်မှာ ရှိမယ်ပေါ့"

"..."

ပုံရိပ် ဘာပြန်ပြောရမှန်းမသိအောင် စကားလုံးတို့ ပျောက်ဆုံးနေခဲ့သည်။ ခမ်းနားစက်ရှိန် နဲ့ တွေ့တဲ့အချိန်တိုင်း ပုံရိပ် အနေရကြပ်ပါသည်။ ရီဝေ ညှို့ငင်နေတဲ့ မျက်လုံးအိမ်ထက်က အကြည့်တွေကြောင့် ပုံရိပ် ပို၍အနေရခက်ခြင်းလည်းဖြစ်သည်။ထို့ထက် ထိုလူ၏ ညှို့ချက်တွေနှင့် ခပ်ရှရှ အသံဩဇာအောက်တွင် အငွေ့ပျံမတက်ပင်။

" ပုံရိပ်ကို ခွင့်ပြုပါဦး "

Roof top အထပ်ဆီသို့ ပုံရိပ် တက်လာခဲ့သည်။ ခဏနေဆို Puppet Show စတော့မယ်မလား။ နာမည်သာကြားဖူးတာ တစ်ခါမှ ပုံရိပ် မကြည့်ဖူးတာကြောင့် ရုပ်သေးကပွဲလေးကို ကြည့်ဖို့ တက်လာခဲ့ခြင်းဖြစ်သည်။

Paradise Hotel က ညဝန်ထမ်းတွေကို ဝေါ်ကီတော်ကီ လို့ခေါ်တဲ့ စကားပြောစက်ကို တစ်ယောက်တစ်လုံး ပေးထားလေသည်။ နေ့လည်ခင်းလို အထပ်ဖုန်းသံတွေက ညခင်းပိုင်းမှာ ဧည့်သည်တွေအတွက် ဆူညံတဲ့ အသံတွေဖြစ်စေလို့ ဝေါ်ကီတော်ကီ သာ ကိုင်စေခဲ့ခြင်းဖြစ်သည်။

ညဝန်ထမ်းတွေက ပို၍လွတ်လပ်သည်။ ကိုယ်ကိုင်ရတဲ့ အထပ်ဆီက ကိစ္စမှန်သမျှသာ အထပ်ကိုင်သူအတွက် တာဝန်ရှိသည်။ ထို့အတွက် တစ်ခုခုဆိုရင်လည်း ဝေါ်ကီတော်ကီနဲ့သာ လှမ်းပြောပေးတာဖြစ်လို့ ဟိုတယ်ရဲ့ ကြိုက်တဲ့နေရာကို လှည့်ပတ်သွားလာနေလို့ရသည်။

ပုံရိပ်အစားထိုးဆင်းပေးရသည့် ဝန်ထမ်းကောင်လေး၏ တာဝန်ကျရာ အထပ်သည် ငါးထပ်နှင့် ‌ခြောက်ထပ် အထပ်နှစ်ခုဖြစ်ပါ၏။ နေ့ခင်းတွင် အထပ်တစ်ထပ်ဆီအတွက် ဝန်ထမ်းတစ်ယောက်နှုန်းနှင့် တာဝန်ယူရသော်လည်း ညဘက်ဂျူတီတွင် ဝန်ထမ်းတစ်ယောက်ကို နှစ်ထပ်ကျနှုန်းဖြင့် တာဝန်ယူရသည်။

စကားပြောစက်သည် ပေါ့ပေါ့ပါးပါး သယ်ရတာ အဆင်ပြေတာဖြစ်လို့ ပုံရိပ်က အင်္ကျီအိတ်ကပ်လေးထဲသို့ထည့်ကာ အပေါ်ထပ်သို့တက်လာခဲ့သည်။ ဧည့်သည်တွေတောင် စားပွဲဝိုင်းအပြည့်ရောက်နှင့်နေကြပြီ။ စင်လေးပေါ်မှာတော့ ရုပ်သေးကပြဖို့ မင်းသမီးလေးတွေ ပြင်ဆင်နေကြပြီ ဖြစ်ပါ၏။

စက်ရှိန် စားပွဲနံပါတ် (၇) ဆီသို့ လှမ်းလျှောက်ခဲ့သည်။ အငြိမ်မနေသော မျက်လုံးအစုံတို့က တစ်စုံတစ်ဦးကို အလောတကြီး ရှာဖွေနေမိသည်။ တွေ့ပါပြီ...။ Housekeeping ( အိပ်ခန်းဆောင်သန့်ရှင်းရေး ) ဝတ်စုံလေးနဲ့ ပုံရိပ်ရဲ့ အသွင်အပြင်လေးဟာ တူညီစွာ ဝတ်ဆင်ထားတဲ့ တခြား ဝန်ထမ်းတွေထက် ထူးခြားစွာကွဲထွက်နေလေသည်။ ကိုယ်ကပဲ ခွဲခြားပြီးမြင်နေလို့လားတော့ မသိပါ။ ပုံရိပ်ကို မြင်တွေ့ရတိုင်း ပုံမှန်ထက် ခုန်လှုပ်နေတဲ့ နှလုံးခုန်သံတို့ကြောင့် စိတ်တို့ ဂဏာမငြိမ်ဖြစ်ရသည်။

" မင်္ဂလာပါ မောင်ခမ်းနားစက်ရှိန် "

" မင်္ဂလာပါ ဦးမင်းမျိုးနွယ် "

စားပွဲဝိုင်းက ရှယ်ယာအများဆုံး ထည့်ဝင်တဲ့ ဦးမင်းမျိုးနွယ်ဆီက ခွန်းနှုတ်ဆက် စကားကို တုံ့ပြန်လိုက်သည်။ ဦးမင်းမျိုးနွယ်ဆိုတာ ခမ်းနားစက်ရှိန်ထက် အသက်ဆယ်ငါးနှစ်ကျော်ကျော်ကြီးသည့် ဝါရင့်ရှယ်ယာရှင်တစ်ယောက်သာဖြစ်သည်။ ငယ်ငယ်ရွယ်ရွယ်နှင့်ကြိုးစားတဲ့ စက်ရှိန်ကို ဦးမင်းမျိုးနွယ်က သိပ်ကိုသဘောကျသည်သာ။

" မောင်စက်ရှိန်ကိုကြည့်ပြီး ဦးရဲ့သားကိုလည်း ကျောင်းပြီးရင် ကုမ္ပဏီကို ဦးစီးခိုင်းရမယ်။ ငါ့တူက ဦးရဲ့သားကို လက်တွဲခေါ်ပေးပါဦးကွာ။ ငါ့တူဆီ ဦးရဲ့သားကို အပ်ပါတယ်  "

" အချင်းချင်းတွေ ပြောနေစရာလား ဦးမျိုးရယ်။ ဒါနဲ့ ဦးမျိုးသားက အင်ဂျင်နီယာ နော "

" ဟုတ်ပါ့ဗျာ။ အင်ဂျင်နီယာ ကျောင်းသားကြီးဖြစ်နေပြီ "

စကားလက်ဆုံကျကာ စားပွဲဝိုင်းလေးသည် စကားသံများနှင့် ညံစီစွာ။ စက်ရှိန် မျက်လုံးသည်တော့ ပုံရိပ်ရှိရာဆီသာ ခဏ ခဏ ရောက်နေမိသည်။

" ဒါနဲ့...ကျွန်တော်ရောက်နေတာကြာပြီဗျ။ အခုလေးတင် ရှယ်ယာဖိုင်လေးသွားယူနေတာ။ ရောက်တာကြာပြီလား "

" အကုန်လုံး အခုမှ ရောက်ကြတာပါ။ ကဲ...ပမထဆုံး နှုတ်ဆက်တဲ့အနေနဲ့ တစ်ခွက်လောက် Cheer လုပ်ရအောင်ဗျာ "

ဦးသီဟကျော်ဇောကပင် ရှေ့ကဦးဆောင်ကာ မတ်တပ်ရပ်၍ ဘီယာခွက်ကို လေထဲသို့ မြှောက်ပြလိုက်သည်။ စက်ရှိန်တို့ဝိုင်းက အသက် (၃၀) ဝန်းကျင်ရှိသည့် လူလတ်ပိုင်းအမျိုးသားတွေသာဖြစ်သည်။

" ကမ်းပေ့ခ်ျ...Cheer !!! အောင်မြင်ပါစေ "

ဘီယာခွက်အချင်းချင်း တိုက်လိုက်ပြီးတော့
စက်ရှိန် One Shot မော့ချလိုက်သည်။ အေးစက် ခါးသက်စွာပင် လည်တိုင်ကတစ်ဆင့် ဘီယာများ စီးဆင်းသွားလေသည်။ လူခန္ဓာကိုယ်က စားပွဲဝိုင်းမှာ ရှိနေသည့်တိုင် စိတ်အစဉ်နဲ့ မျက်လုံးအစုံတို့က ပုံရိပ်ရဲ့ လှုပ်ရှားမှုဟန်ပန်တို့ကိုသာ သတိထားစောင့်ကြည့်နေခဲ့သည်။

ပုံရိပ်ရှိသည်ဆိုသည့် အသိနှင့် ရင်ခုန်သံများ ဝုန်းတိုင်းကြဲနေသည်မှာ ဆထက်တိုးလို့ပင်။ ထိုကောင်လေး ရှိရာအရပ်တွင် စက်ရှိန် နှလုံးသားတို့ ခုန်လှုပ်ယိမ်းထိုးနေသည်မှာ ထိန်းမနိုင်စွာပင်။

💙

Ding...Ding....Ding

ဘောင်းဘီအိတ်ကပ်ထဲက ဖုန်းမြည်သံလေးကြောင့် ပုံရိပ် ဖုန်းလေးထုတ်လိုက်လေသည်။
Screen ပေါ်မှာ ပြေးလွှားနေတဲ့ နာမည်က မောင်တဲ့။

" ဟယ်လို... မောင် "

" ပုံရိပ် ပင်ပန်းနေပြီလား...သတိရလို့ "

" ညပိုင်းက ထွေထွေထူးထူးမပင်ပန်းပါဘူး မောင်ရ။ ဧည့်သည်တွေများလို့ လူမနိုင်မှာစိုးလို့သာ ဆင်းပေးရတာပါ။ ပုံရိပ်လည်း မောင့်ကို သတိရနေတာ "

" ပုံရိပ် ထမင်းကော စားပြီးပြီလား "

" ပြီးသွားပြီ မောင်။ ပုံရိပ် အခု ရုပ်သေးကပွဲကြည့်မလို့... စတော့မှာသိလား။ မောင်နဲ့အတူတူ ဇိမ်လေးနဲ့ ကြည့်ချင်လိုက်တာ "

" မောင့်အတွက် ပိုကြည့်ခဲ့လေနော်။ ပြီးရင် တစ်ခုချင်းပြန်ပြောပြ...ဒါဆိုလည်း ဒါပဲလေ မောင့်အချစ်က အလုပ်မှာဆိုတော့ ဆူခံနေရမယ် "

" ဟုတ်ကဲ့ မောင်။ မနက် (၈) နာရီလာကြိုပေးနော်။ နောက်ကျရင် ပုံရိပ်ကစိတ်ကောက်မှာ "

" မောင့်အချစ် ဟိုတယ်ထဲက ထွက်လာတာနဲ့ ဟောဒီက ယောင်္ကျားမျက်နှာလေးကို အမောပြေတွေ့စေရပါမယ် ကွာ "

" ချစ်လိုက်တာ ပုံရိပ်ရဲ့ယောင်္ကျားလေး "

" မောင်ကပိုချစ်တယ် အချစ်လေးရဲ့"

" ချိုလိုက်တာ...ဒါပဲနော် "

" ချစ်တယ် မောင့်အချစ်လေး "

တီ...တီ...တီ

ဖုန်းလေး ချလိုက်သည်။ မောင့်ဆီက ချစ်မေတ္တာတွေသည် ချစ်စတုန်းကလိုပင် ယနေ့ထိ လက်ဆတ်ချိုမြိန်ဆဲပင်ဖြစ်သည်။ ဟိုတစ်နေ့ညက မောင်နဲ့ အချစ်နယ်ကျွံမိခဲ့တဲ့ ညလေးကို ပြန်သတိရလာမိတော့ နှလုံးခုန်သံတို့ ပိုမိုမြန်ဆန်လာရသည်။

နှလုံးသား အနက်ဆုံးထိ ချစ်မြတ်နိုးရသည့် မောင်နှင့်အတူတူ ကုန်ဆုံးခဲ့ရသည့် လူပျိုရည်ပျက်ခဲ့ရတဲ့ ညလေးသည် ပြန်တွေးမိတိုင်း တစိမ့်စိမ့်ကြည်နူးမိသည့် အဖြစ်အပျက်လေးတစ်ခုအဖြစ် ရှိနေခဲ့သည်။ သိပ်ကို ကျေနပ်ခဲ့မိသည်။

မောင့်ရဲ့ ချစ်ရသူအဖြစ် ကိုယ့်ကိုယ်ကို ပြန်တွေးမိလာချိန်တွင် ရှက်ရိပ်လေးတွေ သမ်းကာ မျက်နှာလေးနွေးခနဲ နီမြန်းလာတော့သည်။

* ချစ်တယ်...မောင် *

💙

ည(၇) ထိုးပြီးတော့ Puppet Show တောင် စတင်ခဲ့လေသည်။ ကပြဖျော်ဖြေမဲ့ အမျိုးသားတစ်ယောက်၊ အမျိုးသမီးတစ်ယောက် စင်လေးပေါ်ကို ရုပ်သေးရုပ်လေးတွေကိုင်ပြီး တက်လာခဲ့ကြသည်။ ထို့နောက်တွင်တော့ ငြိမ့်ငြောင်းဖွယ်သံစဉ်နှင့် အရုပ်ကြိုးလေးပေါ်တွင် လက်ကလေးတွေ ယိမ်းနွဲ့ကာ လှုပ်ရှားလိုက်ကြသည်။ ကြိုးမျှင်စများကို လက်တစ်ဖက်က လက်ချောင်းလေးတွေဆီမှာ သူ့နေရာနှင့်သူ နေရာတကျ အစီအစဉ်ကျစွာ ချိတ်ဆွဲလိုက်သည်။ နောက်လက်တစ်ဖက်တွင်တော့ လိုအပ်သလို ယိမ်းထိုးလှုပ်ရှားဖို့ ကြိုးတစ်ခုလုံးကို ဆုပ်ကိုင်ထားသည်။

ဆလိုက်မီးရောင်များရဲ့ အရောင်စုံ၊ အသွေးစုံ၊ ကာလာစုံ မီးရောင်များအောက်တွင် ရုပ်သေးမောင်နှံနှစ်ယောက် စည်းချက်ညီစွာ ယိမ်းထိုးကခုန်နေကြသည်။ ရင်သပ်ရှုမောဖွယ်ရာ မြန်မာ့ရိုးရာ ရုပ်သေးကပြဖျော်ဖြေမှုကို ပုံရိပ် မျက်တောင်မခပ်စတမ်း ကြည့်နေမိသည်။

အက၊ အလှ၊ အချိုးအဖွဲ့လေးတွေ ရှုမဝဖြစ်နေတုန်းမှာပဲ ရုပ်သေးကပြဖျော်ဖြေမှုပြီးဆုံးသွားတော့ ဧည့်သည်တော်များ၏ လက်ခုပ်သြောဘာသံများ ညီစီသွားရသည်။

ထို့နောက်တွင်တော့ မိနစ်အနည်းငယ်လေးခြားပြီးသည့်နောက်တွင် ပုဂံဝတ်စုံ အပြည့်အစုံနှင့် ပုဂံခေတ် မိန်းမပျိုလေးနှစ်ဦး စင်လေးပေါ်သို့ ကြွရွစွာ တက်လာခဲ့ကြသည်။ ရွှေခြေချင်း အကွင်းကြီးက ခြေထောက်တစ်ဖက်စီမှာ ဝင်းလဲ့နေသည်။ အပြာရောင် ပုဂံဝတ်စုံလေးမှာ ဖန်စီဘော်ကြယ်လေးများ လက်လက်ထကာ တောက်ပနေတော့သည်။ ဆလိုက်မီးရောင်များရဲ့ ပံ့ပိုးတောက်ပမှုကြောင့် ထိုညက မိန်းမပျိုလေးနှစ်ဦး အစွမ်းကုန် တောက်ကြွား လှပနေတော့သည်။

ပုဂံတီးလုံးလေး Intro ဝင်လာချိန်မှာပင် ကွေးညွှတ်နေတဲ့ လက်အစုံက လှပစွာ လူးလွန့်လှုပ်ရှားလာတော့သည်။ ကြွရွပေါ့ပါးတဲ့ ခြေထောက်ဆီက လှုပ်ရှားမှုဟန်ပန်တို့ကလည်း မျက်တောင်တမှိတ်လေးအတွင်းမှာပင် ကြည့်ရှုမဝဖြစ်လောက်အောင် ဆွဲဆောင်နိုင်ရက်သည်။ ညလေညှင်းလေးရယ်၊ ပုဂံတီးလုံးလေးရယ်၊ မိန်းမပျိုလေးတွေရဲ့ စည်းချက်ညီညီ အကအလှတွေမှာ စီးမျောသွားလိုက်တာ သံစဉ်ရပ်သွားသည်အထိပင်။

ကြည့်မဝလိုက်တာ...

ပုံရိပ်ရင်ထဲတွင် ကြည်နူးရိပ်တို့နှင့် ပြည့်လျှံပျံ့နှံ့သွားရသည်။ ထို့နောက်တွင်တော့ ပုံရိပ် ကိုယ်တာဝန်ကျရာ အထပ်ဆီသာ ပြန်လာခဲ့လိုက်သည်။

💙

ကပြဖျော်ဖြေမှု အပြီးမှာတော့ လက်ခုပ်သံလေးတွေ ကျယ်လောင်စွာ ထွက်ပေါ်လာခဲ့သည်။

" ဒီလို အေးအေးငြိမ့်ငြိမ့်လေးနဲ့ ဖျော်ဖြေမှုကောင်းကောင်းလေးကြည့်ရတာ သိပ်အရသာ ရှိတာပဲဗျာ "

စက်ရှိန်ကပင် စကားစမြည်ပြောလိုက်သည်။

" နောက်တခေါက် အားတဲ့အချိန်တွေကျရင် အလုပ်ကိစ္စမပါဘဲ ကျွန်တော်တို့ ပြန်ဆုံချင်ပါသေးတယ်။ ဒီနေ့တော့ အားလုံးပဲ ဒီလောက်ပါပဲဗျာ။ အခန်းမှာ အနားယူဖို့ ကျွန်တော့်ကို ခွင့်ပြုပါဦး "

စက်ရှိန် အကုန်လုံးကို လက်ဆွဲနှုတ်ဆက်ကာ ထိုနေရာမှ ထွက်ခွာလာခဲ့သည်။ တစ်ပြိုင်နက်တည်းမှာပင် ပုံရိပ်ယောင် ဆိုသည့် ကောင်လေးကို အသိစိတ်ထဲမှာ တမ်းတ သတိရမိတယ်။ ဟိုတယ်မှာ ညဆိုင်းဆင်းနေတယ် ဆိုတဲ့ အသိစိတ်တို့ကြောင့် သတိရသည့်စိတ်တို့ပိုမိုပြင်းထန်လာခဲ့ရသည်။

ငါးလွှာအထပ်ဆီသို့ ဓာတ်လှေကားလေး ပွင့်သွားပြီးချိန်တွင် လျှောက်လှမ်း အနီးတဝိုက်မှာ ပုံရိပ်ကို ရှာနေမိသည်။ အရိပ်အယောင်မျှ မတွေ့ရပါ။ သို့နှင့် မိမိအခန်းရှိရာ (၅၀၅) ဆီသို့ ဝင်ရောက်လာခဲ့သည်။

ပုံရိပ်နှင့် မတွေ့ခင်က ပကတိ တည်ငြိမ်စွာ အနေတည်ဖြောင့်မတ်စွာရှိခဲ့တဲ့ ခမ်းနားစက်ရှိန် တစ်ယောက် အခုတော့ ထိန်းချုပ်ရန်ခက်ခဲစွာပင် စိတ်တို့ဟိုဒီပြေးလွှားခဲ့ရသည်။ ပုံရိပ်ကို တွေ့ချင်စိတ်တို့ ပြင်းထန်စွာ ပေါက်ကွဲမတက် ဖြစ်ရသည်မို့ Reception ဖုန်းနံပါတ်လေးကို ယောင်ယမ်းစွာ နှိပ်လိုက်မိသည်။

" ဟယ်လို မင်္ဂလာပါ၊ Paradise Hotel ကပါခင်ဗျာ"

" ညီလေး အခန်းနံပါတ် (၅၀၅) ကို ရေသန့်တစ်ဗူးလာပို့ပေးပါဦး "

" ဟုတ်ကဲ့ပါခင်ဗျာ။ အခုပဲ ပို့ခိုင်းလိုက်ပါမယ် "

အကြောင်းပြချက်ကား ပုံရိပ်ကို တွေ့ချင်လိုသော စိတ်တို့ကြောင့်သာဖြစ်သည်။ ဖမ်းဆုပ်လို့မရနိုင်တဲ့ ရင်ခုန်သံတွေဟာ အခန်းတွင်းလေးထဲမှာ ဂဏာမငြိမ်စွာ လွင့်ပျံနေသည်။ ထိုစဉ် အခန်းတံခါးခေါက်သံလေး ထိုးခွင်းဝင်ရောက်ခဲ့သည်။

" Housekeeping...Housekeeping "

လျင်မြန်စွာပင် တံခါးဘုလေးကို ဆွဲဖွင့်လိုက်သည်။ ကိုယ်တွက်ထားသည့်အတိုင်းပင် ပုံရိပ် ရေသန့်ဗူးလေးကိုင်ကာ ရောက်လာခဲ့သည်။

" ဝင်ခဲ့ပါ ပုံရိပ် "

ရေခဲသေတ္တာလေးထဲကို ရေသန့်ဗူးနှစ်ဗူး ထည့်ပေးလိုက်သည်။ ထို့နောက် အခန်းအပြင်သို့ထွက်ရန် ပုံရိပ် မတ်တပ်ရပ်လိုက်တဲ့ အချိန်မှာပင် ခမ်းနားစက်ရှိန်ရဲ့ မြင့်မားတဲ့အရပ်ရှည်ရှည်ကြီးက ပုံရိပ်အပေါ်ကနေ အုပ်မိုးထားသည်။

" ပုံရိပ် "

အသိစိတ်ကင်းမဲ့အောင် မူးရူးမနေသည့်တိုင် အရက်နံ့တစ်ချို့ကို ခမ်းနားစက်ရှိန်ဆီက ပုံရိပ် အနံ့ရလိုက်သည်။ ရင်တလှပ်လှပ်ဖြစ်ကာ စိမ့်ခနဲ ကျောချမ်းသွားရသည်။

" ကိုစက်ရှိန်...ကျွန်တော့်ကို အခန်းအပြင်ထွက်ဖို့ ခွင့်ပြုပါဦးဗျ "

" ခဏလေး...ကိုယ် စကားလေးအနည်းငယ်ပြောချင်လို့။ ခဏလေးတော့ အချိန်ပေးပါကွာ "

" ကျွန်တော့်အလုပ်ချိန်မို့လို့ ဧည့်သည်အခန်းထဲမှာ အကြာကြီးနေဖို့ မသင့်တော်ပါဘူး "

မျက်နှာနား နီးကပ်လာတဲ့ ရင်ဘတ်အစုံကို လက်ဖြင့်တွန်းထုတ်လိုက်မိသည်။ သို့သော် အင်အားခြင်းမမျှစွာ ပုံရိပ်ရှေ့မှာ စက်ရှိန် ပိတ်ရပ်ထားသည်။

" ပုံရိပ်...ကိုယ်မင်းကို အရမ်းချစ်တယ် "

" ... "

ထင်မှတ်ထားသည့်အတိုင်းပင် ခမ်းနားစက်ရှိန်ဆီက အချစ်တွေ ပွင့်ကျလာသည်။

" ဟုတ်တယ်၊ ပုံရိပ်...ကိုယ် မင်းကို စွဲစွဲလမ်းလမ်းနဲ့ ချစ်မိနေမိပြီ။ ကိုယ့်ဘဝမှာ ဘယ်သူ့မှ ချစ်မြတ်နိုးခဲ့ခြင်း မရှိဖူးဘဲ မင်းကိုတော့ ရူးရူးမိုက်မိုက်နဲ့ ချစ်မိသွားခဲ့တယ်။ ကိုယ့်ကို အထင်သေးချင်လည်း သေးလို့ရတယ်။ ကိုယ် ထိန်းချုပ်လို့ မရတော့လို့ မင်းကို ဖွင့်ပြောပြမိတာ။ ကိုယ် အခုမူးနေလို့မဟုတ်ဘူးနော်။ ကိုယ် မမူးဘူး။ မင်းကို ချစ်တာကတော့ လုံးဝသေချာတယ် "

" ဒီလိုစကားတွေအတွက် ကျွန်တော်အားနာပါတယ် ကိုခမ်းနားစက်ရှိန်။ ကျွန်တော် ခင်ဗျားရဲ့ အချစ်မေတ္တာတွေကို လက်ခံဖို့ နေရာမရှိတာ ကျွန်တော့်ကို နားလည်ပေးပါ "

" ဟင်...ဘာလို့လဲ။ ကိုယ့်မှာ ပုံရိပ် ငြင်းရလောက်အောင် ဘာချို့ယွင်းချက်တွေများ ရှိနေလို့လဲ။ ပုံရိပ်ဆီက အချစ်ကိုရမယ်ဆိုရင် ကိုယ်ပြုပြင်ပါ့မယ်။ ကိုယ့်ကိုပြောပါ...ပုံရိပ်။ ကိုယ် လေးလေးနက်နက်နဲ့ ပုံရိပ်ဆီက အချစ်ကို တောင်းဆိုပါရစေ "

ထိန်းချုပ်မရတဲ့ နှလုံးခုန်သံတို့ကြောင့် စကားလုံးများ တုန်ရီစွာ ထွက်လာခဲ့သည်။ ယောင်္ကျားလေးတစ်ယောက် အတွက်နဲ့ စက်ရှိန် ဒီလောက်ခံစားရလိမ့်မယ်လို့ ဘဝမှာ တစ်ခါမှ တွေးထင်ထားခြင်းမရှိပါ။

" ဟင့်အင်း...ကိုစက်ရှိန်ဆီမှာ ငြင်းရလောက်အောင် ပြစ်ချက်လုံးဝမရှိပါဘူး။ လုံးဝ Perfect ဖြစ်တဲ့ ယောင်္ကျားကောင်းတစ်ယောက်ပါ။ ဒါပေမယ့်လေ...ကျွန်တော့်မှာ တစ်ဘဝလုံးစာအတွက် ရည်ရွယ်ထားတဲ့သူ ရှိနေခဲ့ပြီ။ ဒီအတွက် ကျွန်တော့်ကို နားလည်ပေးဖို့ မျှော်လင့်ပါတယ် "

တိကျပြတ်သားစွာ ထွက်ကျလာခဲ့တဲ့ ပုံရိပ်ဆီက စကားလုံးတို့က စက်ရှိန်ရဲ့ နှလုံးသားတို့ကို အစိတ်စိတ်အမွှာမွှာ ပိုင်းဖြတ်ပစ်မဲ့ ဓားသွားစိပ်လိုမျိုး ပြတ်ရှစွာ ထိုးဖောက်ဝင်ရောက်လာသည်။

* သက်ဆိုင်သူ ရှိနှင့်နေခဲ့ပြီတဲ့လား *

" ပုံရိပ်...တကယ် တကယ်ပြောနေတာလား "

" ကျွန်တော်မညာပါဘူး။ တစ်နေ့မှာ ကိုခမ်းနားစက်ရှိန်ဆီက ဒီလိုစကားမျိုး ကြားရမယ်ဆိုတာ ကျွန်တော် ရိပ်စားမိပြီးသားပါ။ ဒီလောက် မြန်မြန် ဖွင့်ပြောလိမ့်မယ်လို့တော့ မထင်ထားခဲ့ဘူး။ ဘာပဲဖြစ်ဖြစ်ပါ...ကျွန်တော်တို့ အစတည်းက မပတ်သက်မိတာ အကောင်းဆုံးပါ။ ခင်ဗျားအတွက်လည်း နာကျင်စရာတွေကို ပိုပြီးမပေးချင်လို့ပါ။ ဒါဆို...ကျွန်တော့်ကို ခွင့်ပြုပါဦး "

အခန်းတံခါးလေး ညင်သာစွာ ပိတ်သွားသည်။ အမျိုးအမည်မသိတဲ့ ခံစားချက်တို့က စက်ရှိန်ရဲ့ ခန္ဓာကိုယ်ထဲက တစ်ခုခုကို ဆွဲနှုတ်လိုက်သလို လစ်ဟာသွားသည်။ မစခင်မှာပဲ ပြီးဆုံးသွားခဲ့တဲ့ ရင်ခုန်သံတွေဟာ သိပ်ကို ကံဆိုးတာပဲ။

ဘဝမှာ ဦးဆုံးဖြစ်ပေါ်လာတဲ့ အချစ်ဆိုတဲ့ အရာက ဒီနေရာမှာ ဇာတ်သိမ်းသွားခဲ့ပြီလား။ ဟင့်အင်း...စက်ရှိန်ဆီက မကျေနပ်နိုင်စွာ ခံပြင်းချက်တွေနဲ့ လှောင်ရယ်သံတစ်ချို့ ထွက်ပေါ်လာခဲ့သည်။

" ပုံရိပ်...ကိုယ့်ရဲ့ ဦးဆုံးအချစ်အတွက် ကိုယ့်ကို ကြိုးစားခွင့်ပြုပါ။ ကိုယ်မင်းကို လက်မလွှတ်နိုင်ဘူး။ ကိုယ့်ရဲ့ အချစ်ဦးက မင်းပဲ...ပုံရိပ်ယောင် "

💙💙💙

Continuă lectura

O să-ți placă și

55.7K 3K 43
ကျောင်းစိမ်းဘဝကနေ အရွယ်ရောက်လာတဲ့အထိ ပြဿနာတွေကြားထဲကနေ မြဲမြဲမြံမြံချစ်သွားကြတဲ့ကောင်လေးနှစ်ယောက်ကြားက နွေးထွေးတဲ့ရပ်ဝန်းငယ်လေးအကြောင်း... ပြီးတော့ ထ...
3.6M 361K 38
ခူးဆွတ်ဖို့မလောပါနဲ့ တစ်ချိန်မှာအလိုက်သင့်ကြွေကျပေးပါ့မယ် အဲအချိန်ကျရင်သာ တယုတယနဲ့ကောက်ယူပါ မောင်ရယ်
204K 7.1K 59
🥰ချစ်တဲ့လွန်းတဲ့သူရယ်
348K 11.8K 45
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...