အခန်း (၁၄)

5.2K 354 13
                                    

Mine:
အချစ်တွေနဲ့ မိုးထားတဲ့ အိမ် (၁၄)

နွေရဲ့ ပူပြင်းခြောက်သွေ့မှုအောက်မှာပင် စျေးချိုတော်ကြီးက စည်ကားသိုက်မြိုက်စွာပင် လှုပ်ရှားသက်ဝင်နေခဲ့သည်။

" ဦးဇင်...ဟိတ်ရောင်၊ မိဘမေတ္တာ ဆန်ပွဲရုံက မင်းကိုလွှတ်ပေးပါဦးတဲ့။ အခုလာခဲ့ပါတဲ့နော်"

" ဟေ ဟုတ်လား ငကောင်း။ အေး ငါအခုပဲ သွားလိုက်မယ် "

ချကာလီ တွန်းလှည်လေးဆွဲကာ ဆန်ပွဲရုံဆီ သက်ဦးဇင် လာခဲ့လိုက်သည်။ မနက်က ပုံရိပ်ကို ဂေဟာ ကိုပို့ပေးပြီးတည်းက ဂိတ်မှာ ကုန်တင် စောင့်နေတာ။ အခုမှပင် တစ်ခေါက် ရတော့သည်။

ဆန်ပွဲရုံလေးရှေ့မှာ ဝယ်ယူသူတွေနှင့် ကြက်ပျံမကျ စည်းကားလို့နေသည်။ ပွဲရုံပိုင်ရှင် ဒေါ်လေးငွေက ဧည့်သည်တစ်ယောက်နှင့်စကားလက်ဆုံကျနေလေရဲ့။

" ဒေါ်လေးငွေ...ကျွန်တော့်ကို ခေါ်တယ်ဆိုလို့ "

သက်ဦးဇင် ဆိုင်အတွင်းထဲ ဝင်လာခဲ့လိုက်သည်။ ဆန်ထည့်သူကထည့်၊ ဆန်အိတ်ပိတ်သူကပိတ်နှင့် ဆိုင်ထဲမှာ အားလပ်သူဟူ၍ တစ်ယောက်မျှပင် မရှိခဲ့ပါ။

" ဦးဇင်ရေ၊ ဆန်အိတ် ဆယ်အိတ် ကားဂိတ်ကို ချပေးပါဦးကွယ် "

" ဟုတ်ကဲ့ ဒေါ်လေး။ ဘယ်အိတ်တွေလဲ "

" ဟိုနားမှာ စီထားတယ်။ ကိုယ့်ဘာသာ တင်သွားလိုက်တော့ကွယ်။ ဒေါ်လေးတို့ အလုပ်ရှုပ်နေကြလို့ "

" ရတယ် ရတယ် "

ဆန်အိတ်တွေကို တစ်အိတ်ချင်း ချကာလီ တွန်းလှည်းလေးပေါ် တင်ခဲ့လိုက်သည်။ ထို့နောက် ဒေါ်လေးငွေ ပြောတဲ့ ကားဂိတ်လေးဆီ ခပ်မြန်မြန်လေး ထွက်လာခဲ့တော့သည်။ ဆိုင်ထဲက သက်ဦးဇင် ထွက်သွားတော့မှ ဒေါ်လေးငွေနဲ့ စကားလက်ဆုံကျနေတဲ့ ထိုဧည့်သည်က...

" ဒေါ်လေးငွေ...ခုနကောင်လေးက ချကာလီ ဆွဲသမားလား "

" သြော်...သက်ဦးဇင်ကို မေးတာလား "

" ဟုတ်တယ်ဗျ "

" ဦးဇင်က ချကာလီလည်းဆွဲတယ်။ ကုန်ပို့စရာမရှိရင် ကြုံရာကျပန်းလည်း လုပ်တယ်။ အလုပ်တော့မပျင်းဘူးရှင့်။ ဖင်ပေါ့နေတာပဲ။ မောင်ခမ်းနားစက်ရှိန် နဲ့က သိလို့လား "

အချစ်တွေနဲ့ မိုးထားတဲ့ အိမ် {𝓒𝓸𝓶𝓹𝓵𝓮𝓽𝓮} - အချစ်တွေနဲ့ မိုးထားတဲ့ အိမ် Where stories live. Discover now