အခန်း (၁၈)

4.7K 349 14
                                    

အချစ်တွေနဲ့ မိုးထားတဲ့ အိမ်
အခန်း (၁၈)

ခန်းဆီးလိုက်ကာမှတစ်ဆင့် ပါးလျဖျော့တော့စွာ ဝင်ရောက်လာသည့် နံနက်ခင်းနေရောင်ခြည် မျှင်မျှင်လေးသည် ခေတ်သစ် အခန်းလေးဆီသို့ တိုးလျှိုးဝင်ရောက်လာခဲ့သည်။

မျက်လုံးအစုံတို့သည် တပြိုင်တည်း ပွင့်ဟလာပြီးနောက် အသိတစ်ခု ဗြုန်းကနဲ ဝင်ရောက်လာသည်။ ထိုနေ့သည် ခေတ်သစ်၏ အသက် (၂၀) နှစ်ပြည့် မွေးနေ့တစ်ရက်ဖြစ်ကြောင်း သိလိုက်ရချိန်တွင် စိတ်အစုံသည် ပျော်ရွှင်ကြည်နူးရိပ်များဖြင့် ပြည့်လျက်ရှိသည်။

ထို့ထက် ရင်ခုန်စရာကောင်းသည်က ဒီနေ့ ခေတ်သစ်တို့ အလှူသွားလုပ်မည့် ဂေဟာသည် ယံလေးတို့ " မေတ္တာရိပ်မြုံ " ဂေဟာလေးဖြစ်ကြောင်း မေမေ့ဆီမှ တစ်ဆင့် သိလိုက်ရချိန်ကို ပြန်တွေးမိလိုက်ချိန်တွင် ခေတ်သစ်နှုတ်ခမ်းလေးများ အဆုံးထိ ကွေးညွှတ်ကော့တက် သွားရသည်ည်။

မွေးနေ့ရက်ဖြစ်သောကြောင့် ကြာကြာ အကြောဆန့်မနေပါ။ ရေချိုး ပြင်ဆင်ဖို့အတွက် မဆိုင်းမတွ စိတ်ဆုံးဖြတ်လိုက်ပါ၏။

ရေချိုး အဝတ်စားလဲပြီးသည့်အချိန်တွင်တော့ခေတ်သစ် လှေကားလေးကနေ အောက်ထပ်သို့ဆင်းလာခဲ့သည်။ ဒေါ်မြသွေး ခေတ်သစ် နဖူးလေးကို နမ်းရင်း မွေးနေ့ ဆုတောင်းပေးလိုက်သည်။

" Happy Birthday သား "

" Thanks Mommy "

ချိုသာသော အပြုံးလေးသည် ခေတ်သစ် နှုတ်ခမ်းလေး ကွေးညွတ်သွားသည်အထိပင်။

" မေမေတို့ အဆင်သင့်ဖြစ်ပြီလား "

"ဖြစ်ပါပြီရှင်...ကိုယ်တော်ချောလေး စောင့်နေတာ။ လာ...မနက်စာစားဖို့ မေမေ ပြင်ပေးထားတယ် "

လည်ကတုံးအဖြူရောင်လေးနှင့် ရခိုင်ပုဆိုး အနီအကွက်စိပ်စိပ်လေး ကို မြန်မာဆန်စွာ ဝတ်ဆင်ထားသည့် ခေတ်သစ် ပုံစံလေးက ရှင်းသန့်လို့နေသည်။ ခေါင်းလိမ်းဆီသုံးပြီး နောက်လှန်ဖြီးတင်ထားတဲ့ ဟန်ပန်လေးက လူပျိုငယ်လေးတစ်ယောက်လို လှသွေးဟန်ကြွယ်နေတော့သည်။ ခေတ်သစ် လူတစ်ယောက်ဆီက မွေးနေ့ဆုတောင်းစကားလေးကို အမြန်ကြားချင်လှပြီ။ ထိုစကားသံလေးလောက် ဘယ်အရာကမျှ ခေတ်သစ်အတွက် အရေးမကြီးလှပါ။ဂေဟာလေးဆီသို့သာ ခေတ်သစ် စိတ်တို့ ပျံ့လွင့်နေတော့သည်။

အချစ်တွေနဲ့ မိုးထားတဲ့ အိမ် {𝓒𝓸𝓶𝓹𝓵𝓮𝓽𝓮} - အချစ်တွေနဲ့ မိုးထားတဲ့ အိမ် Donde viven las historias. Descúbrelo ahora