အခန်း (၅)

7.7K 559 13
                                    

M I N E M Y:
အချစ်တွေနဲ့မိုးထားတဲ့အိမ် (၅)

အထပ် ရှစ်ထပ်ဖြင့် ဆောက်လုပ်ဖန်တီးထားသည့် Paradise Hotel ကြီးသည် လမ်း (၈၀) မိန်းလမ်းမကြီးပေါ်တွင် ငွားငွားစွင့်စွင့် လှပနေတော့သည်။

Hotel ၏ Facility စုံလင်မှု၊ အခန်းကျယ်ကျယ်နှင့်သန့်ရှင်းသပ်ရပ်မှု၊ Service Rating သာလွန်မှုတွေကြောင့်တစ်နှစ်ပတ်လုံး ဧည့်အဝင်အထွက် ခပ်စိတ်စိတ်ရှိလှပါ၏။

အပတ်စဥ်ရဲ့ တနင်္ဂနွေနေ့တိုင်းမှာ Puppet Show လို့ခေါ်တဲ့ ရုပ်သေးအက၊ မြန်မာအက၊ ပုဂံအက၊ သင်္ကြန်အက နဲ့ ခေတ်ပေါ်အက တွေကိုည (၇) နာရီမှ စတင်ဖြေဖျော်ပေးသည့် Free Mini Show လေးကလည်း Paradise Hotel ၏ လူသိများရခြင်း၊ နိုင်ငံခြားဧည့်သည်တွေရဲ့ အထူးကြိုက်နှစ်သက်လှသည့် ဝန်ဆောင်မှုတစ်ခုသာဖြစ်သည်။

"ကလင် ကလင် ကလင် "

ဟိုတယ်သုံးဖုန်းမြည်သံသည် Reception ကနေ ဟိုတယ်၏ ငါးလွှာအထပ်ဆီသို့ ဝင်ရောက်လာသည်။ ပုံရိပ် လုပ်လက်စ အလုပ်တွေကို လက်စသတ်ကာ ဖုန်းဖြေကြားရန် ကောင်တာဆီသို့ အပြေးလာခဲ့လိုက်သည်။

" ဟယ်လို မင်္ဂလာပါ။ ငါးလွှာအထပ်ကနေ ပုံရိပ် ဖြေကြားနေပါတယ် ခင်ဗျာ "

" ပုံရိပ်ရေ မောင်လေး... အခန်းနံပါတ် (၅၀၁) က Check Out (ဧည့်သည်ထွက်ခွာခြင်း) လုပ်မယ်တဲ့။ Mini bar နဲ့ အခန်းလေးတစ်ချက်လောက် စစ်ပေးပါဦး ရှင့် "

" ဟုတ်ကဲ့ အမ "

ဖုန်းအံခွက်လေးပေါ်သို့ ဖုန်းလေးချလိုက်ပြီးနောက် Check out စစ်ရန် အခန်းဆီသို့ ထွက်ခွာလာခဲ့သည်။ ပုံရိပ်တို့ ဟိုတယ်တွေရဲ့ ထုံးစံက ဧည့်သည်တစ်ယောက် အခန်းအပ်တော့မယ်ဆိုရင် အခန်းထဲက ရေခဲသေတ္တာထဲမှာထည့်ထားတဲ့ အအေးဗူးတွေ၊ ရေဗူးတွေ၊ ဘီယာပုလင်းတွေ၊ ဝိုင်ပုလင်းတွေ သုံးမသုံးဆိုတာ စစ်ဆေးပေးရသည်။ ထို့နောက် ရေခဲသေတ္တာပေါ်က အာလူးကြော်ဗူးတွေ၊ ငှက်သိုက်တွေ ရှိမရှိလည်း စစ်ဆေးပေးရသည်။ ထိုကဲ့သို့ ဟိုတယ် အခန်းတွင်းရောင်းချပေးသည့် ပစ္စည်းစစ်ဆေးခြင်းကို (Mini bar) စစ်ခြင်းဟူ၍ ခေါ်တွင်ခြင်းဖြစ်ပါ၏။

ထို့နောက်တွင်တော့ ရေချိုးတဘက်တွေ အစွန်းထင်းရာရှိမရှိ၊ အိပ်ရာခင်းပေါ်မှာ သွေးကွက်တွေ၊ ဖျက်မရတဲ့ အစွန်းအထင်းတွေ ရှိမရှိကိုလည်း လှန်လှောပြီး စစ်ဆေးရသည်။ အကယ်၍ ဧည့်သည်ကြောင့်စွန်းထင်းသွားတဲ့ အညစ်အကြေးများရှိခဲ့လျှင် ဧည့်သည်က အစွန်းချွတ်ခ ပေးဆောင်ရသည်။

အချစ်တွေနဲ့ မိုးထားတဲ့ အိမ် {𝓒𝓸𝓶𝓹𝓵𝓮𝓽𝓮} - အချစ်တွေနဲ့ မိုးထားတဲ့ အိမ် Where stories live. Discover now