အတွေးတွေကြောင့် မျက်ရည်တွေဟာ တသွင်သွင်ဖြင့် ဖြူလှသည့် ပါးပြင်ပေါ်ကို ကြလာသည်။
"ဉီးထွဋ်!!ဘာလို့လဲ ဘာလို့ငိုနေတာလဲဟင်"
"ဉီးတစ်ခုခုဖြစ်လို့လား စောနက ဘယ်သူဖုန်းဆက်တာလဲ"
ဆက်တိုက်မေးလာတဲ့မေးခွန်းတွေကိုလည်း သူမဖြေနိုင်ပါ။ ရင်ထဲက အောင့်သက်သက်နဲ့ ခံစားရသည်မှာ အလွန်ဆိုးလှတယ်။
"ဟူးးးးးးးးးးးး"
သက်ပြင်းရှည်တစ်ခါချလိုက်ပြီး မျက်ရည်တွေကို သုတ်ကာ......
"ဒ ဒဏ္ဍာရီအိမ်ကို သွား သွားရအောင်"
"အာ ဟုတ်"(ပြိုင်တူ)
...............….........................
လမ်းတစ်လျှောက် တိတ်ဆိတ်စွာပင်။ မင်းနွယ်က ဖူးငယ်လေးကို ချော့နေသလို ကလျာနွယ်ကလည်း ဖူးငယ်ကို မုန့်ကြွေးနေလေသည်။
နောက်ကြည့်မှန်က မြင်နေရသည့် ကလေးတွေရဲ့ စည်းလုံးမှုကိုကြည့်ပြီး မျက်ရည်တွေဟာ ထပ်မံကျဆင်းလာပြန်ပြီ။
ဒဏ္ဍာရီစံအိမ်
အိမ်တော်၌ ငိုယိုသံတွေဟာ ဆူညံနေလေသည်။ အိမ်တော်ရဲ့ အစေခံဟာတွေလည်း သူတို့ရဲ့ သခင်မသေဆုံးမှုကြောင့် ဝမ်းနည်းမှုတွေဟာ ဖုံးဖိမရ။
အိမ်တော်ရဲ့ ဆူညံသံတွေကို နားထောင်ပြီး အမွှာတွေရဲ့ မျက်ခုံးဟာ တွန့်ချိုးနေသည်။
"လာ"
တုန်ရည်နေသည့် လက်တွေဖြင့် ကလေးတွေကို လက်ဆွဲကာ အိမ်အတွင်းဝင်လာသည်။
"ကြီးကြီး"
"အော် ထွဋ် ရောက်လာပြီလား"
မျက်ရည်တွေကိုသုတ်ရင်း ပြောလာသည့်အတွက် ကြီးကြီးဟာလည်း တစ်ခုခုပင်။
ရုတ်တရက်
"အမလေး ဟန်နီရယ်! ပြန်လာခဲ့ပါဟဲ့! နင် နင်မရှိတော့ ဟင့် ကလေးတွေကို ဘယ်လိုလုပ်မလဲလို့! ဟန်နီရဲ့!!"
ဒီအသံဟာ ဟန်နီနွယ်၏သူငယ်ချင်း ချစ်ခွန်းသူစီကပင်။ ထိုအသံကြားကာရှိသေး ကလေးနှစ်ယောက်ဟာ တွဲထားတဲ့ လက်တွေကိုဖြုတ်ပြီး အပေါ်ထပ်ကို ပြေးတက်သွားလေသည်။
ဖူးငယ်လေးကတော့ ကလေးသဘာဝအတိုင်း ပြူးလည်လည်ပင် ကြည့်နေရှာသည်။
ထွဋ်ရဲရင့်လဲ ဟန်မဆောင်နိုင်တော့ မျက်နှာကိုအုပ်ကာ ငိုကြွေးနေလေသည်။ အပေါ်ထပ်မှာတော့ ချစ်ခွန်းသူရဲ့ ငိုသံက လွှမ်းနေသည်။
"အမေ~~"
တိုးလျဖြူဖြော့လှသည့် အသံကတော့ မင်းနွယ်စီကပင်။
"အ အမေ ထ ထအုံးလေဗျာ"
အပြောလေးတွေဟာ တုန်ရင်နေလေသည်။
ကလျာကတော့ မျက်ရည်တွေဖြင့် ကြက်သေသေနေသည်။
"က ကလျာ အ အမေ့ကို ခေါ်အုံးလေဟာ"
"နင်ဖယ်"
ဒီတစ်ခေါက်ပြောတာက ကလျာ့စီကပင်။ အမေဖြစ်သူ၏ အသက်မရှိတော့သည့် ခန္ဓာကိုယ်ဘေးမှာ ထူးထောက်ထိုင်လိုက်ပြီး။
"ဘာလို့ ထားခဲ့ရတာလဲ အမေ"
"......"
"အမေပြောတော့ မနက်ဖြန် ပုဂံနားက ကျောဇီကိုအလည်သွားမယ်ဆို"
"......."
"အမေဘာလို့ ဘာလို့ ရွှတ် အတူမသွားနိုင်တော့တာလဲ"
"........."
"ပြန်ပြောပါအုံး!! ဒေါ်ဟန်နီနွယ်!! ခများကကြ ရွှတ် တယောက်ထဲ ရွှတ် ကိုယ်လွတ်ရုန်းသွားတယ်!! ကျုပ်တို့ကြ ဘယ်လိုနေရမှာလဲဟမ်!! ဖြေလို့ ဖြေစမ်းပါလို့!!"
အတည်တငြိမ်ပြောနေရာမှာ ရုတ်တရက် ဒေါသတွေကြီးကာ Promoneတွေ ထုတ်လွှတ်နေတာကြောင့် အားလုံးလန့်သွားရသည်။
"ကလျာ စိတ် စိတ်ထိန်းစမ်း"
"ငါ့ကို မထိနဲ့!!"
သူ့ကိုစိတ်ထိန်းဖို့ပြောသည့် မင်းနွယ်အား အော်လိုက်ချင်းဖြစ်သည်။ မျက်ဝန်းနီနီတွေဟာ ဘယ်လောက် ဒေါသထွက်နေသည်ကို ဖော်ပြနေတာပင်။
"ဘာတွေဖြစ်နေတာလဲ"
အသံမပေးဘဲ အခန်းထဲဝင်လာတဲ့ အေးဆေးစွာဝင်လာသည့်သူကတော့ အံ့ဘုန်းမာန်ပင်။
"အဟက်!"
မြင်တာနဲ့ ရယ်လိုက်သည့် အံ့ကလျာနွယ်
"ပျော်လား"
"ဘာ"
မျက်ရည်အရွဲသားနှင့်ပင် ဖအေဖြစ်သူအား မေးလိုက်သည်။ အံ့ဘုန်းမာန်ကတော့ နားမလည်စွာဖြင့် မျက်ခုံးကို တွန့်ချိုးထားလေသည်။
"အခု ခများမချစ်တဲ့ မိန်းမသေတော့ ခများပျော်လားဟမ်"
မုန်းတီးမှုရော နာကျင်မှုတွေပါ ရောထွေးနေသည့် ထိုသူ၏ အသံ။ သက်ပြင်း ခပ်ဖွဖွချပြီး။
"ကျုပ်အမေသေရတာ ခများကြောင့်"
"ဘာ!"
"ဟုတ်တယ် အဲ့တာခများကြောင့်! ကျုပ်အမေက သူ့ကိုမချစ်တဲ့လူတယောက်အတွက်နဲ့ သူ့အသက်ကို ပေးခဲ့တာ! ဘာလို့ဟမ်! အမေက အမေက ဘာအမှားလုပ်ထားလို့ ခများခါးသီးနေတာလဲ! ဖြေလေ!"
"......"
အံ့ကလျာနွယ်၏ ဒေါသသံတွေဟာ တစ်အိမ်လုံးကို ဖုံးလွှမ်းလျက်။ ဒေါသကြောင့် စောနက နီရဲနေသည့်မျက်ဝန်းဟာ ယခုအချိန်မှာတော့ ပို၍ အရောင်တောက်နေသည်။
အားပြင်းသည့် Promoneနှစ်ခုကြောင့် တချို့အိမ်စေOmegaတွေဟာ မနေနိုင်ဘဲ အခန်းထဲမှ ထွက်သွားကြလေသည်။
"ဖြေလေဟမ်! မဖြေရင် ကျုပ် ခများကိုသတ်မှာ! ဘာလို့များ အဲ့လိုလုပ်ရတာလဲလို့! အမေ့ကို လက်လွှတ်ပေးလိုက်ရင် ခများဘာဖြစ်မှာမို့လို့လဲ! အမေ့ခမျာ အမေ့ဟင့် တအားတွေ နာကျင်နေရတာ~~အဲ့ဒါတွေ ခများမသိဘူး! ခများ ခများကြောင့်......
*ဘုန်း!*
"ကလျာ!!"
စိတ်အခြေအနေက အဆိုးဆုံးဘက်ကိုရောက်ကာ ကလျာတစ်ယောက် နေရာမှာတင် သတိလစ်သွားသည်။
"ကလေးငယ်! ကလျာ ကလျာ ဉီးခေါ်တာ ကြားလား ကလျာ ကလျာ"
ထွဋ်ရဲရင့်တယောက် ကလျာကို လှုပ်နိုးပေသော်လည်း ထိုကလေးမလေးက သတိရမလာ။
ငယ်စဉ်ကတည်းက စိတ်အခြေအနေနဲ့ပတ်သတ်ပြီး ရောဂါရှိတဲ့ ထိုကောင်မလေးကြောင့် ထွဋ်ရဲရင့် ကိုယ်တိုင် ဂရုစိုက်ပေးရသည်။
"မင်းနွယ် ဆရာဝန်ကို ဖုန်းဆက်"
"ဟုတ် ဟုတ်ကဲ့"
အံ့ထွဋ်မင်းနွယ်လဲ အမွှာညီမလေးကြောင့် ခေါင်းတွေပင် ခြောက်လာသလိုပင်။ သို့သော်ငြား အသိစိတ်မလွတ်စေဘဲ အရာအားလုံးကို ထိန်းချုပ်နိုင်ရှာသည်။
ဖူးငယ်လေးကတော့ အမဖြစ်သူကိုကြည့်ပြီး ငိုနေရှာသည်။
----------------------------------
"သူကို ပိုဂရုစိုက်သင့်တာ၊ အခုချိန်မှာ စိုးရိမ်စရာမရှိပေမယ့် အရွယ်ရောက်လာရင်ကြ အန္တရာယ် ဖြစ်လာနိုင်တယ်။ ဒါကြောင့် အခုကတည်းက စိတ်ငြိမ်ဆေး စွဲသောက်သင့်တယ်"
နောက်ဆုံးစကားကြောင့် ထွဋ်ရဲရင့် ရူးချင်သွားသည်။ ငယ်ငယ်ရွယ်ရွယ်နှင့် စိတ်ငြိမ်ဆေး စွဲသောက်ရမှာ လုံးဝမကောင်းပါ။ သို့ပေမယ့် ကလေးငယ်ရဲ့ အခြေအနေဟာလည်း ထိုသို့လုပ်မှ ရတော့မည်မဟုတ်ပါလား။
"မင်းနွယ် ကလျာ့ကို ကြည့်ထားပေး"
ထိုသို့ပြော၍ အခန်းပြင်ကို ထွက်လာလိုက်သည်။ အံ့ဘုန်းမာန်က ဆေးလိပ်ကို ပြင်းပြင်းရှူရှိုက်ရင်း မှုတ်ထုတ်လိုက်သည်။
"အံ့ဘုန်းမာန်"
အသံကြောင့် သောက်လက်စ ဆေးလိပ်ကို နွင့်ပြစ်ကာ......
"ဘာလဲ"
အေးဆက်စွာ ပြောလိုက်သည်။
"ဒီပုံစံဘဲ ထပ်လုပ်နေမှာလား"
"ငါမသိဘူး သိလဲ မသိချင်ဘူး"
စိတ်ရှုပ်မှုတွေပြည့်နေသည့် ထိုအသံဟာ နားထဲ ပဲ့တင်ထပ်သွားသည်။
"လောင်းကစားလုပ်မယ်"
အသံထွက်လာသည်မှာ ထွဋ်ရဲရင့် စီကပင်။
"ဘယ်လိုလဲ"
စိတ်ဝင်စားဟန်ဖြင့် အံ့ဘုန်းမာန်က ပြောလိုက်သည်။
"နောက်နှစ်ပေါင်း များစွာကြာတဲ့အခါ အမွှာလေးတွေ အရွယ်ရောက်လာလိမ့်မယ်။ အဲ့ဒီအခါ သူတို့ရဲ့ Mateကို သူတို့ဘယ်လိုရွေးချယ်မယ်လို့ မင်းထင်သလဲ"
"မျိုးရိုးကပေးခဲ့တဲ့အတိုင်း Mateကို လက်ထက်ရမှာဘဲ။ ဘာမှအထွန့်တက်မရဘူး"
အံ့ဘုန်းမာန်ပြောပြီးသည်နှင့် ထွဋ်ရဲရင့် ခပ်ဟဟရယ်ကာ
"ထင်လို့လား, သူတို့က မင်းကိုဆန့်ကျင်ပြီး သူတို့နှလုံးသား စေရာကိုဘဲ လိုက်လိမ့်မယ်။ သူတို့ရဲ့ Mateကို သူတို့ချစ်တဲ့သူဘဲရှာလိမ့်မယ်။ နှလုံးသားကို သွေးအစွန်းခံပြီး သွေးစွန်းနေတဲ့အချစ်ကို ဖန်တီးလိမ့်မယ်"
Bloody Love
Now Begin⚔
TBC
Word: 1330
Date: 30.6.2023(8:51pm)
Author: JeonHerry