ထွဋ်ရဲရင့်တို့ရဲ့ ကားလေးဟာ တရွေ့ရွေ့နှင့် ရတနာပုံ တိရစ္ဆာန်ဉယျာဉ်သို့ ချီတက်လာကြသည်။
လမ်းမှာလည်း သူနဲ့ဖူးငယ်ကသာ သီချင်းတွေဆိုနေသော်လည်း အမွှာတွေကတော့ တိတ်ဆိတ်စွာ လိုက်လာလေရဲ့။
ဒါဟာ အမြဲတမ်း အပြင်သွားမည်ဆိုလျှင် သူတို့၏ ပုံစံဟာ တမျိုးပြောင်းလဲသွားသည်။ အပြုံးအရယ် မရှိဘူး ဆိုကာမှ တည်တင်းထားတဲ့ မျက်နှာကြောင့် ဘယ်ကလေးမှ သူတို့နဲ့ သူငယ်ချင်း မလုပ်ရဲ။
---------–----------------------------
တိရစ္ဆာန် ဉယျာဉ်ထဲ၌ ကလေးတွေရဲ့ အော်ဟစ်သံတွေ စျေးသည်တွေရဲ့အသံတွေ မိသားစုလိုက် ခရီးထွက်လာတဲ့သူတွေနှင့် ဆူညံနေသည်။
"မေမေ မီးမီးကို ရုပ်ရုပ်ဝယ်ပေး"
"ဖေဖေ သားသားချီ"
မိဘတွေကို ပူဆာနေသည့် ကလေးတွေရဲ့အသံဟာ ဖူးငယ်လေးကို ဖိနှိမ်နေသရောင်။ ဖခင်ကို ချစ်သော်လည်း လျစ်လျူရှုမှုတွေကို သာရရှိသည်။
တွေးရင်းဝမ်းနည်းလာသည်ကြောင့် မျက်ဝန်းအိမ်မှာ မျက်ရည်လေးတွေဟာ ဝေ့သီလာတော့သည်။
အမွှာနှစ်ယောက်ကတော့ အနောက်ကနေလိုက်လာသည်မို့ ထိုမြင်ကွင်းကို မမြင်ပါ။ ဒါ့အပြင် Pheromoneအနံ့မျိုးစုံကြောင့် လူက မူးနောက်လာသလိုပင်။
ဒါကြောင့် မျက်ခုံးတွေကို တွန့်ချိုးကာလမ်းကို လျှောက်လာလေရဲ့။
ရုတ်တရက်.....
*ဘုန်း!!*
"အ့!!"
အသံနဲ့အတူ ဖူးငယ်လေးဟာ မြေပြင်ပေါ်သို့လဲကျလျက်။
"ဖူးငယ်!!"
ဖူးငယ်ဆိုသည့်အသံကြားမှသာ အာရုံတွေက ပြန်စုမိသည့်။ မြင်ရသည့် မြင်ကွင်းကြောင့် နှစ်ယောက်လုံး ဒေါသတွေဟာထောင်းကနဲ။
တဖက်ကလူမှာလဲ ကလျာတို့နဲ့ အရွယ်တူကောင်လေးပင် ဖြစ်ချင်တော့ ကလျာတို့ကို အမြဲလိုက်လှောင်နေသည့် ကောင်လေး
"ဟိတ် စက်ဘီးကြီးလာနေတာကို မင်းမမြင်ဘူးလားဟ....."
ဒေါသ သံ၊ စိတ်မရှည်တဲ့အသံတွေဟာ ပေါင်းစပ်လျက်။
"သား သားလေး ဘယ်လိုဖြစ်တာလဲ။ အမလေးလေး ပွန်းသွားပြီဟယ်။ ဟဲ့ ကလေးမ လမ်းကိုဘယ်လိုလျှောက်နေတာလဲဟမ်။ ငါ့နှယ် ဘယ်လိုမိဘမျိုးကများ မွေးထားမှန်းမသိဘူး"
"အီးဟီး ကိုကို မမ"
အမွှာတို့စီကို ဖူးငယ်လေးဟာ ငိုရင်းနဲ့ပြေးလာကာ ရှိုက်ကြီးတငင် ငိုနေလေသည်။
"ဒီမှာ သူကကလေးလေ ဘယ်လိုသိမှာလဲဗျာ။"
"သြော် နင်ကအုပ်ထိန်းသူလား။ အဲ့တာကြောင့် ဟိုကလေးမက နင်နဲ့တူနေတာကိုး။"
ခနဲ့သလိုပြောလာတဲ့ အဲ့ဒီမိန်းမဟာ ထွဋ်ရဲရင့်ကို လောင်သလိုကြည့်ပြီး ရွဲ့စောင်းနေလေသည်။
"ဒီမှာ "
အေးဆက်စွာ ထွက်လာသည့် ထိုအသံဟာ ကလျာ့နဲ့ မင်းနွယ်စီကပင်။
စူးရဲနေသည့် မျက်ဝန်းတွေ၊ အေးစက်စက်အကြည့်တွေဟာ အရွယ်နဲ့မလိုက်အောင်ကို ကြောက်စရာကောင်းသည်။
"ဘာလဲ ဟမ်။ ဘာထပ်ပြောချင်လို့......
"ခများ ပါးစပ်ကိုပိတ်!"
လူအုပ်အလယ်မှာ အံ့ထွဋ်မင်းနွယ်ရဲ့ အသံဟာ ဟိန်းခနဲထွက်လာသလို ရုတ်ချဉ်းဆိုသလို ပတ်ဝန်းကျင်ဟာ တိတ်ဆိတ်သွားသည်။
ထိုအမျိုးသမီးဟာလည်း မျက်လုံး အပြူးသားနှင့်ပင်။
"စောက်ရှက် မရှိဘူးလားဟမ် ဒီနေရာက Publish areaဆိုတာ ခများမမေ့နဲ့။ကလေးတယောက်ကို ဒီလောက် ရင့်ရင့်သီးသီးမပြောသင့်ဘူး။ ပြီးတော့ ဟိုအကောင် မင်းမနက်ဖြန် ကျောင်းမှာ အေးဆေးနေရမယ်မထင်နဲ့။"
အေးဆက်နေတဲ့အသံတစ်လျှောက် ဒေါသတွေဟာ ဖုံးဖိမရ။
"အဟင့် မမ"
အံ့ကလျာနွယ်က ဖူးငယ်လေးကို ပွေ့ထားရာမှ ရုတ်တရက် ဖယ်ကာ။
*ဖြန်း!*
"အံ့ကလျာနွယ် နင် ဘာလုပ်တာလဲ"
"ဟဲ့ ကောင်မ နင်ကငါ့သားကို.....
"ဘာလဲ မကျေနပ်ဘူးလား"
မျက်နှာသေနှင့်ပင် ထိုအမျိုးသမီးလက် လှည့်လာပြီး။
"လူကြီးက လူကြီးလိုနေ။ စောက်ပြသနာထဲ ဝင်မပါနဲ့။ ပြီးတော့ ကျုပ်နာမည်က အံ့ကလျာနွယ် ဘယ်သူ့ကိုမှ စောက်ဂရုမစိုက်ဘူး ကိုယ့်ဘာသာကိုယ် နေတာ။ အေး ငါချစ်တဲ့ ဖူးငယ်နဲ့ အဲ့ဒီအမျိုးသားကိုထိရင် ခများတို့ကို ဘဝကူးအောင်လုပ်မှာ ဆိုတာ မမေ့လေနဲ့။"
"နင်!!
"မပြီးသေးဘူး ကျုပ်အသက်က ၁၀နှစ် ဟုတ်တယ် လက်တောက်လောက်ဘဲရှိသေးတာ ဒါပေမယ့် ကျုပ်မြတ်နိုးတဲ့ လူသုံးယောက်ကို စော်ကားရင် ခများတို့တစ်မိသားစုလုံး လမ်းဘေးက ခွေးတွေနဲ့ နေအောင်......"
ခပ်တည်တည်နဲ့ပင် ထိုမိန်းမ သားရဲ့မျက်နှာကို တည့်တည့်ကြည့်လိုက်ပြီး။
"လုပ် ပစ် မှာ"
တစ်လုံးချင်းစီကို ခပ်အေးအေးလေသံနှင့်သာ ပြောလေသည်။
သူတို့ကို ကြည့်နေသည့် လူတွေဟာလဲ အံ့ကလျာနွယ်တို့ဘက်ကသာ ထောက်ခံပေးသည်။
ထိုသားအမိနှစ်ယောက်မှာတော့ ရှက်တာရော ဒေါသထွက်တာပါ ပေါင်းပြီး ထိုနေရာမှ ပြေးထွက်သွားလေသည်။
သူတို့လဲ ထွက်သွားရော အံ့ကလျာနွယ်က ထွဋ်ရဲရင့် ရင်ခွင်ထဲ ငိုနေသည့် ဖူးငယ်အား
"ဖူးငယ်ရဲ့ဘေးမှာ ကိုကိုရော မမရော ရှိတယ်။ ဖူးငယ်ကို နှောက်ယှက်သူမှန်သမျှကို မမတို့က ရှင်းပစ်မှာ။ တစ်ခုဘဲ ဖူးငယ်လေးမငိုနဲ့။ ဖူးငယ်ငိုလို့ရင် ဟောဒီ မမရဲ့ရင်ဘက်ထဲမှာ နာနေတာဘဲ။"
စောနကလိုမဟုတ်ဘဲ နူးညံ့သည့် အကြည့်၊ နူးညံ့သည့် အသံနှင့် ဒူးလေးထောက်ကာ သူ့ရင်ဘက်ပေါ် တင်ပေးထားသည်။
ကြည့်နေသည့် လူတွေမှာလဲ ကြည်နူးစရာကောင်းသည့် ထိုမြင်ကွင်းကို ကြည့်၍ တစ်ချို့မှာ ငိုနေကြလေသည်။
*တီ တီ တီ*
ထွဋ်ရဲရင့်ရဲ့ ဖုန်းကနေမြည်လာချင်းပင်။
"ဟလို"
"ထွဋ် ထွဋ်ရေ ဟင့်"📞
"ဟုတ်ကဲ့ ကြီးကြီး ပြောပါ"
"ဟန် ဟန်နီက"📞
"သူ့အကြောင်းလား ခဏနေ ကလေးတွေကို လာပို့မလို့ဘဲလေ......"
"မ မဟုတ်ဘူး ထွဋ်ရဲ့"📞
"အဲ့တာဆို ဘာလဲ"
ရုတ်တရက် ဟိုဘက်က အသံဟာ တိတ်သွားပြီး အတော်ကြာမှ စကားပြောသံကို ကြားရလေသည်။
"ဟန် ဟန်နီက နှလုံးအမောဖောက်ပြီး ဆုံး ဆုံးပြီ ထွဋ်ရဲ့။"
*ခွမ်း*
တစ်ဖက်ကအသံအဆုံး၌ လက်ထဲမှာကိုင်ထားသည့် ဖုန်းဟာ ကြမ်းပြင်ပေါ်သို့ ကြရောက်ရလေသည်။
"ဉီး ဘာဖြစ်လို့လဲ "
စိတ်ပူသည့်မျက်လုံးတွေဖြင့် သူ့အားကြည့်နေသည့် ကလေးတွေကို သူဘယ်လိုပြောရပါ့မလဲ။
အသက်ထက်မြတ်နိုးပါတယ် ဆိုတဲ့သူတို့အမေ ဆုံးပြီလို့သာ ပြောလိုက်ရင် ဘယ်လောက် ခံစားလိုက်ရမလဲ။
အထူးသဖြင့် အမွှာလေးတွေ ငယ်စဉ်က အမဲစက်ဟာ မပျက်သေးဘဲ အခုထပ်ပြီး သူတို့ ငယ်ဘဝဟာ အမဲကြီး စွန်းထင်းရပြန်ပြီ။
*ဉီး ဘယ်လို ပြောရမလဲ ကလေးတို့ရယ်*
TBC
Words: 1182
Date: 28.6.2023(8:00pm)
Author: JeonHerry
(A/N ဇာတ်လမ်းက မဟုတ်လဲ ခါးမှာပါ ဒါကြောင့် မကြိုက်ဘူးဆိုလို့ရင် မဖတ်ပါနဲ့နော် ပြီးမှ ကျနော့်ကို မဆဲကြပါနဲ့ဗျ။ အချိုပိုင်းကတော့ နောက်ပိုင်းတွေမှ ပါမှာပါ။ စာဖတ်သူလေးတို့ တမျိုးထင်မှာ စိုးလို့ပါဗျ)