*လူတွေဟာ ကိုယ်ချစ်တဲ့သူရှေ့ရောက်ရင် ဘယ်လောက် အေးဆက်တဲ့သူဖြစ်ပါစေ အဲ့ဒီအေးဆက်မှုတွေဟာ လေနှင့်အတူ လွင့်ရတာပါဘဲ*
------------------------
ဖူးငယ်စီကို တအားတွေပြေးလာသည့် အတွက်ကြောင့် ထွဋ်ရဲရင့် လှမ်းသတိပေးရပြန်ပါသည်။
"ဟိတ် ဟိတ် ဖြေးဖြေးလာ။ မပြေးခဲ့နဲ့......"
"Ok"
"Ok"
အိုခေဆိုသည့်ပုံလေးကို လက်ကထောင်ပြရင်း ဖူးငယ်လေးစီကို ရောက်လာသည်။
"မရဘူး ဖူးငယ်ကို ငါချီမှာ"
"မရဘူး ဖူးငယ်ကို ငါချီမှာ"
"မရဘူး"
"မရဘူး"
သူချီ ငါချီနှင့် အမွှာနှစ်ယောက်ဟာ ငြင်းခုံနေကြသည်။ ဒါဟာလဲအမြဲလိုလို ဖြစ်နေသည့် အရာပင်။
ဖူးငယ်လေးကတော့ သူ့၏ အမွှာအကိုနှင့်အမအားကြည့်၍ တစ်ခစ်ခစ် ရယ်လေသည်။ အပတ်တိုင်းဖြစ်နေသည့် ပျော်စရာ အဖြစ်အပျက်ပင်။
"ကဲ ဘယ်သူမှ မချီနဲ့။ ဖူးရေ ဉီးစီလာ။ "
"ဟုတ်တဲ့"
ဟိုအမွှာနှစ်ယောက်ရဲ့မျက်နှာဟာ ချက်ချင်း တည်သွားပြီး ဆိုဖာပေါ် ဆောင့်ကြီးအောင့်ကြီး ထိုင်လေသည်။
"အဟားဟား"
ထွဋ်ရဲရင့်က ရယ်တော့ မျက်ထောက်နီတွေနဲ့ လှည့်ကြည့်နေလေရဲ့။
"ဘာရယ်တာလဲ"
"ချစ်ဖို့ကောင်းလို့ ဟားဟား"
ပြောလဲပြော ရယ်လဲရယ်ရင်း အူတက်နေလေသည်။ အမွှာနှစ်ယောက်ဟာ မတက်နိုင် ဆိုသည့်အကြည့်နဲ့သာ ကြည့်နေသည်။
"ဉီးဉီးရေ။ မီးမီးကို ချပေးရော့"
ဖူးငယ်လေးဟာ သူ၏အမနဲ့အကိုကိုယ်ကြည့်၍ သနားသည့်ပုံဖြင့် သူ့ချီထားသည့် ထွဋ်ရဲရင့်ကို အောက်ချပေးရန် တောင်းဆိုသည်။
"ခ်ခ် ကိုကိုရော မမရော ချိတ်ချိုးနဲ့ယေ"
"ဖူးငယ်ကို စိတ်မဆိုးဘူး"
"ကြားထဲက ဖြတ်ခုတ်သွားတဲ့သူကို ဆိုးတာ။"
တစ်ယောက်စကားတစ်ယောက်က ဆက်ပြောလေသည်။ ဒါဟာအမွှာတွေထဲအကျင့်စရိုက်တစ်ခုပင်။ ထိုအကျင့်လေးကိုပင် ထွဋ်ရဲရင့်က သဘောကြတာပင်။
"ကဲပါ မျက်နှာသစ်ကြအုံး ညစ်ပတ်အိုးလေးတွေရဲ့ ဖူးငယ်လေးတောင် သန့်နေပြီ။ မင်းတို့က အခုမှနိုးရတယ်လို့။ သွားသွား"
ထွဋ်ရဲရင့်က ရယ်ကျဲကျဲဖြင့် အမွှာတွေအားပြောလိုက်သည်။ ဘာစကားမှမပြန်ဘဲ အပေါ်ထပ်သို့သာ တက်သွားကြလေသည်။
ထွဋ်ရဲရင့် အရင်တုန်းက တိုက်ခန်းမှာအထီးကျန်စွာ တစ်ယောက်ထဲနေသည်။ သို့ပေမယ့် အမွှာလေးတွေ ရောက်လာတော့ ၂ထပ်အိမ်အသေးလေးကို လဖြတ်ငှား၍ နေရတော့သည်။
အမွှာတွေမှာ မတူညီတာလေးတွေလည်း ရှိသေးသည်။ မင်းနွယ် နှင့် ကလျာမှာ ကလျာဟာ ပိုပြီးတည်ငြိမ်အေးဆက်သည်။ မင်းနွယ်က အပြုံးအရယ် အနည်းငယ် ရှိသော်လည်း ကလျာဟာ လုံးဝမပြုံးပါ။ ဘယ်လောက်ဘဲ ရယ်စရာတွေ ကလိတွေထိုးပါစေ။ လုံးဝမပြုံးတော့ပါ။
ဝါသနာလေးတွေဟာလည်း အနည်းငယ် ကွဲပြားနေသေးသည်။ ကလျာဟာ စာဖတ်စာရေးမှာ ဝါသနာပါပေမယ့် မင်းနွယ်ကတော့ အချက်အပြုတ်နဲ့ ပန်းပင်စိုက်တာကိုပင် သဘောကြသည်။
တခါတလေ နှစ်ယောက်သား သူတို့သဘောကြတွေကို လဲလှယ်ကြသည်မှာ ထုံးစံ။ တူညီတာကတော့ သူတို့သဘောမကြတာရှိရင် တိတ်သွားတတ်ပြီး ကုမ္ပဏီ ကိစ္စတွေမှာလဲ စိတ်ဝင်စားသည်။
----------------------–--------------------
အမွှာလေးတွေဟာ ထမင်းဝိုင်းမှာသာ ထိုင်နာ စကားလုံးဝမပြောပေ။ ထွဋ်ရဲရင့် သိပါသည်။ ထိုကလေးတွေ သူ့ကိုစိတ်ကောက်နေတယ်ဆိုတာကို။ သေချာပေါက် ချော့ရပါတော့မည်။
"အဟမ်း အဟမ်း ပြောစရာရှိတယ်။"
ပုံမှန်အချိန်ဆို သူဘာပြောပြော စိတ်ဝင်တစား နားထောင်တဲ့ အမွှာတွေက အခုချိန်မှာ ဘာလဲဆိုသည့် အကြည့်နှင့်သာ ကြည့်လိုက်သည်။
"ဒီနေ့ အပြင်သွားကြရအောင်။"
ထိုသို့ပြောတော့မှ တကယ်လားဆိုသည့် အကြည့်နှင့် ပြန်ကြည့်လာလေသည်။ သေချာပေါက် သိတာပေါ့။ ဒီနေ့ဟာ ကျောင်းပိတ်ရက်မို့လို့ အမွှာလေးတွေလဲ အားနေသလို ထွဋ်ရဲရင့်လဲ ကုမ္ပဏီပိတ်ရက်မို့လို့ အားနေသည်။
"ကဲ မနက်စာစားပြီးရင် ရတနာပုံ တိရစ္ဆာန်ဉယျာဉ်လိုက်ပို့မယ်။ အပြန်ကြ ကလျာ့အတွက် နဂါး စာပေမှာ စာအုပ်ဝယ်မယ်။ နောက်ပြီးကြ မင်းနွယ်အတွက် ပန်းမျိုးတွေအသစ်ထပ်ဝယ်မယ်။ အိုခေဘယ်လိုသဘောရလဲ။"
အမွှာတွေက မျက်လုံးချင်း စကားပြောနေပြီး နောက်ပြီးကြမှ ထွဋ်ရဲရင့် ဘက်လှည့်ကာ ခေါင်းညိမ့်ပြလေသည်။ ထိုအချိန်
"မီးမီးကျရော"
ဖူးငယ်လေးရဲ့ မကျေနပ်သံလေးတွေဟာ ထမင်းစားဝိုင်းမှာ ပြန့်နှံ့လာပြန်ပီ။
"ဟူး တိရစ္ဆာန်ဉယျာဉ်မှာ ဖူးငယ်စိတ်ကြိုက်နေရတယ်။"
ထိုသို့ပြောမှာသာ စောနက ဆူပုတ်ထားသည့်မျက်နှာလေးဟာ အပြုံးလေးတွေ ပြန်ပွင့်လာသည်။
အသက်က30ကျော်နေသော်လည်း ယခုအချိန်ထိ Mateနဲ့မတွေ့သေးပေ။ ကလေးတွေနဲ့သာ အချိန်ကုန်နေလေသည်။ အမွှာနှစ်ယောက်က Alphaေတွဖြစ်တာကြောင့် အနည်းငယ်တော့ ဒုက္ခများသည်။
အမွှာဆိုသည့်အတိုင်း Rutဖြစ်သည့် ကာလဟာလည်း တစ်ချိန်တည်းပင်။ သူOmegaလို သိတဲ့နေ့ကစ အမွှာတွေဟာ သူတို့Rutကာလရောက်တိုင်း ထွဋ်ရဲရင့်ကို အိမ်မှာမနေခိုင်း။ အပြင်ဟိုတယ်တစ်ခုခုမှာသာ နေခိုင်းလေသည်။ Pheromoneတွေကိုလည်း ထွဋ်ရဲရင့် ရှိချိန်ဆို လုံးဝမထုတ်လွှတ်ဘဲ ထိန်းသိမ်းထားနိုင်သည်။
-----------------—----------------------
အားလုံးပြီးစီးတော့ ထွဋ်ရဲရင့်နဲ့ ဖူးငယ်တို့ဟာ ကားနားက စောင့်နေကြသော်လည်း အမွှာတွေဟာ တော်တော်နှင့် ထွက်မလာ။
"ဉီးဉီးယေ ကိုကို တို့က ကြာရိုက်တာနော်"
ဟု၍ ဖူးငယ်လေးကတောင် ပြောလေသည်။
ထိုသို့ပြောပြီးမကြာ အမွှာတွေဟာ ရှိုးစမိုးအပြည့်နှင့် အခန်းကိုယ်စီက ထွက်လာကြသည်။
အံ့ထွဋ်မင်းနွယ်က ဂျင်းဘောင်းဘီနှင့် အောက်က စပုတ်ရှပ်အဖြူကိုဝတ်ထားပြီး အပေါ်ကာနေ အမြဲရောင် လက်ရှည်ကို ထပ်ဝတ်ထားသည်။
အံ့ကလျာနွယ်ကတော့ အနည်းငယ်ရှည်နေသည့် သူမဆံပင်အား အပေါ်ထိစုစည်းထားပြီး သူ၏ အမွှာအကိုနှင့် အက်ျီဟာဆင်တူပင်။
အမွှာတွေဆိုသည့်အတိုင်း စိတ်ချင်းဆက်နေတော့ ဘာလုပ်လုပ် အမြဲတမ်းအတူတူပင်။
ထွဋ်ရဲရင့်နှင့် ဖူးငယ်တို့ကတော့ ရှိုးအပြည့်နဲ့ ဆင်းလာတဲ့ အမွှာတွေကိုကြည့်ရင်း ပြုံးသာနေကြသည်။
အခုကြတော့လည်း စောနက စိတ်ဆိုးနေတာ သူတို့မဟုတ်သည့်အတိုင်း~~~~~
TBC
Word:1184
Date: 23.6.2023
Author: Jeon Herry