(A/N: တချက်လောက်ရှင်းစရာရှိနေတယ်ဗျ ဟန်နီ့နွယ်ကို ဓားထိုးခံရတယ်ဆိုရင် သေမှမလား? အင်း မှန်တယ် ဒါမယ့် ဆရာပြောသလို အပေါ်ယံ တကယ့်ကို ကပ်ရှပ်လေးမို့လို့ပါ မရှင်းမှာဆိုးလို့နော် ပေါက်စတို့)
_________________________________
"ဉီးဉီးနဲ့ လိုက်မလားကလေးတို့......"
ကလေးတွေ၏ မျက်နှာဟာ ကြောက်ရွံ့နေသည့်ပုံနှင့် အမုန်းတရားတွေဟာ အထင်းသား။ အဖေဖြစ်သူအား မုန်းတီးသည့်ပုံနှင့်သာ ကြည့်နေသည်။
"မနေဘူး~~~....."
အံ့ထွဋ်မင်းနွယ်ဆီကနေ အသံတိုးတိုးလေး ထွက်လာသည်။
"သမီးလဲ မနေဘူး~~"
အငယ်မလေးစီကပါ မနေဘူး ဆိုသည့်အသံကြားရတော့ အံ့ဘုန်းမာန် တကယ်မျက်လုံးပြူးရပြီ။
"ဘာ ဘာလို့လဲ။....."
ရုတ်တရက် ထွက်လာသည့် တုန်ရင်နေသည့်အသံ။
"ဟန်နီ......"
"ကိုထွဋ်ရယ်။ အဲ့လို အဲ့လိုမလုပ်ပါနဲ့နော် အဟင့် ဟန်နီ တောင်းပန်ပါတယ်နော်။......"
မျက်ရည်တွေ တသွင်သွင်စီးကျကာ ငိုနေသည့် ဟန်နီနွယ်။ ထွဋ်ရဲရင့် စိတ်လဲတိုသလို သနားမိသည်။ သို့ပေမယ့် ဒီနေ့လိုသာ ထပ်ဖြစ်ရင် ကလေးတွေရဲ့ ငယ်ဘဝဟာ လှပမည်မဟုတ်တော့ပေ။
"အဲ့ဒါဆို မင်းသဘောဘဲ"
အေးဆက်စွာထွက်လာသည့် အသံကတော့ ထွဋ်ရဲရင့်စီကပင်။ ဟန်နီနွယ်ပါ သူ့အား စိုက်ကြည့်နေမိသည်။
"ဘာ ဘာကို"
"မင်း မလိုက်ချင် နေခဲ့လိုက်။ ဒါပေမယ့် ကလေးတွေကို ငါခေါ်သွားမှာ။ မင်းတို့ဘာသာ သေသေ ကွဲကွဲ ငါ$ဂရုမစိုက်တော့ဘူး။ မင်းတို့လုပ်တာဘာလဲ။ ကလေးတွေကို နာကျင်ဖို့လားဟမ်။ ဖခင်စိတ် မိခင်စိတ်တယောက်မှာမှ မရှိဘူး။ သူများမိသားစုတွေကြား ကလေးတွေ တအားမျက်နှာငယ်ရတယ်။ ဟန်နီနွယ် မင်းအသိဆုံးပါ မင်းကသူတို့ကို မွေးထားတာလေ။ တော်ပြီ။ ဆက်မပြောချင်တော့ဘူး။ ဆက်ပြောရင် ကလေးတွေ စိတ်ဆင်းရဲရလိမ့်မယ်။ တစ်ပတ်ကို တခါလောက် အလည်ပို့ပေးမယ်။ အခုတော့ ငါသွားပြီ။ လာကလေးတို့။"
ထွဋ်ရဲရင့်ရဲ့ စကားတွေကို ဟန်နီနွယ် ြငိမ်၍သာနားထောင်နေမိသည်။ သူ့ကိုချစ်ပါရဲ့နှင့် ကောင်းစားဖို့ လက်လွှတ်ခဲ့သည့်သူပင်။
အံ့ဘုန်းမာန်ကတော့ ထိုနေရာမှာပင် ကျောက်ရုပ်လို ရပ်နေမိသည်။
"ကျစ်!"
တစ်ချက် စုပ်သက်လိုက်ကာ အခန်းထဲကနေ ထွက်သွားလေပြီ။
---------------------------------------
ထွဋ်ရဲရင့် ကလေးတွေကို သူနေသည့် တိုက်ခန်းကိုသာ ခေါ်လာခဲ့သည်။ တိုက်ခန်းရောက်သည်ထိ ကလေးတွေဟာ စကားလုံးဝမပြော။
ညနေကပင် ပြုံးပျော်နေသည့် ထိုမောင်နှမနှစ်ယောက်ဟာ ယခုအချိန်မှာတော့ အပြုံးတွေဟာ မရှိတော့ပေ။
"ကလေးတို့"
အသံကိုအနူးညံ့ဆုံးသုံးပြီး.....
"ကလေးတို့ အခုလို ဖြစ်တာကို သဘောမကြတာ ဉီးဉီးသိတယ်။ ဒါပေမယ့် ကလေးငယ်တို့ကို ဉီးဉီး စိတ်ဆင်းမရဲစေချင်ဘူး။ ဒါကြောင့် နားလည်ပေးကွယ်နော်။"
ကလေးတွေ၏ နူးညံ့သည့် ပါးပြင်နုနုလေးတွေကို အုပ်ကိုင်ပြီး ပြောလိုက်လေသည်။
"ဉီးဉီးကို အပြစ်မမြင်ပါဘူး။ ကျနော်လဲ တကယ် အဲ့အိမ်မှာ မနေချင်တော့လို့။"
ချက်ချင်းလက်ငင်းသုံးလိုက်သည့် ကျနော် ဆိုသည့်နာမ်စားကြောင့် တကယ်အံ့သြရပါပေသည်။ အသက်က အခုမှ ၅နှစ်ပါ။ ကျနော ဆိုသည့် နာမ်စားနှင့် လုံးဝမလိုက်ပါ။
"ဉီးဉီး စိတ်ဆင်းမရဲေစရဘူး သမီးတို့ ဉီးဉီးနဲ့ အတူနေမှာမလို့ စိတ်မပူပါနဲ့။"
ကလေးတွေ၏ စကားကြောင့် ထွဋ်ရဲရင့် ငိုရလေပြီ။ သို့သော်လည်း ခန္ဓာကိုယ် သေးသေးလေးတွေနဲ့ သူ့အားဖက်ကာနှစ်သိမ့်ပေးနေသည်ကြောင့် ပြန်၍ ဖက်ထားပေးသည်။
_____________________________
5 ͟e͟a͟r͟s͟ Later
(ကျော်မယ် ခွမယ်ကွာ👀)
ဘာလိုလိုနဲ့ အမွှာလေးနှစ်ယောက် ထွဋ်ရဲရင့်စီ ရောက်လာသည်မှာ 5နှစ်ရှိပီ။ အမွှာလေးတွေလဲ အသက်10အရွယ်ကို ရောက်လာသည်။
အရာရာမှာ ထူးချွန်သလို စာမေးပွဲတိုင်းမှာလဲ အမြဲ အမှတ်ပြည့် ပထမပူးတွဲကြည့်ပင်။ ဒါအပြင် လွန်ခဲ့သည့်ရက်အနည်းငယ်ကမှ ဆေးရုံသွားပြီး ဗီဇစစ်သည့်အခါ သူတို့၏ အဖေ အံ့ဘုန်းမာန်ကဲ့သို့ ဗီဇမြင့်Alpha ဖြစ်နေလေသည်။
အဖေဆိုကာမှ သတိရမိသည်။
လွန်ခဲ့သည့် 5နှစ်တုန်းကဖြစ်ခဲ့သည့် အဖြစ်အပျက်ကြီးကြောင့် အမွှာလေးတွေဟာ ဖခင်ကို လုံးဝမုန်းတီးလေသည်။ ဒါအပြင် အရင်ကလို နူးညံ့ချိုသာသည့် အပြုံးတွေဟာ လွန်ခဲ့သည့် 5နှစ်က အဖြစ်အပျက်မှာ ပါသွားလေသည်။
တချို့တွေက အပြုံးမဲ့ဘုရင်တွေဟု ခေါ်ကြသော်လည်း ဂရုမစိုက်။
သို့သော် ထွဋ်ရဲရင့်နှင့်ဆိုလျှင် အသံလေးတွေဟာ အနည်းငယ် နူးညံ့နေတတ်သည်။ အပြုံးကတော့ လုံးဝမရှိပါ။
"ကလျာ မင်းနွယ် အိမ်မှာ ဧည့်သည်ရောက်နေတယ်။..."
အော်ခေါ်လိုက်တာကြောင့် အခန်းထဲကနေ အိပ်မှုံစုံမွှားနှင့် ထလာသည့် အမွှာလေးကိုကြည့်ရင်း ထွဋ်ရဲရင့် ကြည်နူးမိသည်။
"ဉီးထွဋ် ဘယ်သူလဲ~~~"
အိပ်ချင်မူးတူးနဲ့ ပြောလိုက်သည်မှာ အမွှာထဲက အကြီးလေး အံ့ထွဋ်မင်းနွယ်ပင်။
"စောစောစီးစီး ဘယ်ဧည့်သည်လဲ ဉီးထွဋ်ရယ်~~"
အငယ်လေးဖြစ်သည့် အံ့ကလျာနွယ်ကပါ ပြောလေသည်။
"ဟော မသိရင်ကြည့်ဗျာ။"
ထွဋ်ရဲရင့်က သူ့ရဲ့ ခန္ဓာကိုယ်ကို ဘေးရွေ့လိုက်တာနှင့်.......
"စပရိုက်!!!ကိုကို မမ မောနီး....."
"ဖူးငယ်!!!!!"
ချက်ချင်းဆိုသလို စောနက သူတို့မဟုတ်သည့်အတိုင်း ဖူးငယ်လေးအား ပြေးပွေ့လိုက်ကြသည်။ ဖူးငယ်ဆိုသည်မှာ အမွှာမောင်နှမ သည်းသည်းလှုပ် ချစ်တဲ့ အငယ်ဆုံး အံ့ရွှေရည်ဖူး ပင်။
ဘယ်လောက်ဘဲ အေးဆက်တယ် ပြောပြော ထိုကလေးလေးရှေ့ဆို အမြဲတမ်း နူးညံ့သည့် လူသားတွေပင်။
.
.
.
.
.
.
.
.
.
.
.
.
.
.
တစ်ပတ်ထဲ ၂ခါအပ်ပေးတာ အားတုန်းလေး
#Jeon