အဖြေလွှာတွေကို ပြရင်း သွားဖွေးဖွေးလေးတွေပေါ်အောင် ပြုံးပြနေသော အမွှာလေးနှစ်ယောက်ကြောင့် ထွဋ်ရဲရင့် ကြည်နူးမိသည်......
ထို့အပြင် Alphaဆိုတာကြောင့် ပို၍စိတ်အေးရသည် အကယ်၍ Omegaသာဖြစ်ခဲ့ရင် ဆိုတဲ့အတွေးလည်း ဝင်မိပေမယ့် လုံးဝမဖြစ်နိုင်ဘူးလို့သာ မှတ်ယူထားလိုက်သည်.......
"ဒါက ပျော်စရာဘဲ.....ကဲ ဒီတော့ မင်းလေးတို့ကို မုန့်ဝယ်ကျွေးမယ် ဘာစားမလဲ....."
"Ice-cream!!!!"
"Ok......Let's Go Kids....."
"Ok.....Oo Oo Htut!!"
အမှန်တကယ်ဆို ဒါဟာ သက်သက်လှည့်စားလိုက်တာပါ အိမ်မှာဖြစ်နေတဲ့အရာတွေကို ကလေးတွေ မသိစေချင်တာကြောင့် အခုလို လုပ်လိုက်ရခြင်းပင်........
ကလေးမှတ်ဉာဏ်ထဲ အရိပ်မည်းဖြစ်နေမှာ ထွဋ်ရဲရင့် စိတ်ပူမိသည်။ အတွေးတွေကို ရပ်တန့်ကာ အမူအရာမပျတ်စေရန် မျက်နှာကို ပြုံးထားလိုက်တယ်.......
*တိုးကြွယ် ရေခဲမုန့်ဆိုင်*
စတော်ဘယ်ရီ နှင်းပုလဲကို တစ်ယောက်တစ်လှည့်စီ ခွန့်ကျွေးနေတဲ့ ကလေးနှစ်ယောက်ဟာ ချစ်စဖွယ်အတိ.......
ဆိုင်ထဲက ဝန်ထမ်းတွေကလဲ အလုပ်သိပ်မလုပ်ဘဲ ထိုကလေးတွေအနားသာ တဝဲဝဲလည်လည်လုပ်နေသည်.......
ထိုအချိန်......
"Hello👋"
အမေရိကန် မိန်းမတယောက်က သူတို့ဝိုင်းကို လာကာနှုတ်ဆတ်နေလေသည်။ သူ့ဘက်ကစပြီး နှုတ်ဆတ်တာကြောင့် ထွဋ်ရဲရင့်လဲ အလိုက်သင့် ပြန်နှုတ်ဆတ်လိုက်သည်......
"Hi"
"They're Your Kids?"
"No That__"
"Yes, We'ar his Son and daughter"
တပြိုင်နဲ့ပြောလိုက်သည့် စကားကြောင့် မျက်လုံးပြူးမိသည်။ ထိုအဂ်လိပ်အမျိုးသမီးကတော့ ကလေးတွေဘက် လှည့်ကာ......
"Arr.....Your So Cute...."
"Thant Pretty Lady......"
အံ့ထွဋ်မင်းနွယ်ရဲ့ စကားကြောင့် အမျိုးသမီးရဲ့ မျက်နှာမှာ အပြုံးတွေဟာ အဆက်မပြတ်။ ငယ်စဉ်ကတည်းက E-Skillမှာကျွမ်းကျင်သည့်အတွက် ဘယ်နိုင်ငံခြားသားနဲ့မဆို အဆင်ပြေအောင် ပြောတတ်သည်မှာ နှစ်ယောက်လုံးပင်........
"Your Handsome Boy and Hey Girl...."
"Yes Lady...."
"May I Know Your Name?"
"Sure, My Name's "Just call me Stacy" and My Twin Brother Name's "Alex""
မေးသမျှမေးခွန်းတိုင်းကို အလွယ်တကူပင် ဖြေနေကြတဲ့ အမွှာလေးတွေကြောင့် တစ်ဆိုင်လုံးရဲ့ အကြည့်တွေဟာ သူတို့စီမှာပင်။ တချို့တွေဆို ဖုန်းနဲ့vdတောင် ရိုက်ယူကြသေးသည်.......
"Great Names, Where Your Mother....."
"At Home, Mom Is Sick At This Monmouth..... "
"Oh.....That's Bad, Don't Worry It Quickly Fine....."
"Thank You Lady....."
"So, We May Do Selfi?"
"Ok!"
ထိုအမျိုးသမီးဟာ ကလေးတွေနဲ့ ဆယ်ဖီရိုက်ပီးမှ ပြုံးပြကာ ထွက်သွားလေသည်....
သူမလဲထွက်သွားရော အမွှာလေးနှစ်ယောက်က တယောက်ကိုတယောက်ကြည့်ရင်း အားရပါးရ ပြုံးနေကြသည်.....
(A/N: E-skillနဲ့ပတ်သတ်ပီး အမှားပါရင် ခွေးလွှတ်ပါ)
_____________
အိမ်ကိုလိုက်ပို့တဲ့ တစ်လှမ်းလုံး စိတ်ပူပန်မှုတွေဟာ စိုးမိုးနေလေသည်။
ထိုသို့ဖြင့် ကားလေးဟာ ဒဏ္ဍာရီစံအိမ်ကြီးစီကို ရောက်ရှိလာလေပြီ။
ကားရပ်တာနဲ့ ကားပေါ်က တဟုန်ထိုးပြေးဆင်းသွားတဲ့ ကလေးနှစ်ယောက်ဟာ တားဖို့အချိန်တောင်မရှိ။ ထွဋ်ရဲရင့်လဲ အိမ်ထဲအပြေးဝင်သွားတော့ ထိတ်လန့်စရာက ထင်းကနဲ။......
အမွှာလေးတွေက သူတို့ရဲ့ လက်သီးဆုပ် သေးသေးလေးတွေကို တင်းနေအောင် ဆုပ်ထားပြီး မျက်ရည်တွေဖြင့် သူတို့အမေအား စိုက်ကြနေလေသည်။
မိခင်ဖြစ်သူ၏ အဝတ်အစားတွေမှာ သွေးတွေနှင့် ရဲတောက်နေပြီး ဗိုက်ပေါ်၌ ဓားတစ်ချောင်းဟာ စိုက်နေလျက်.......
ဘေးနားတွင် ဖခင်ဖြစ်သူက မျက်လုံးအပြူးသားပင်။ ချက်ချင်း ထွဋ်ရဲရင့်တယောက် ဟန်နီနွယ်ကို ပွေ့လိုက်ပီး ဆေးရုံကို ဖုန်းဆက်လိုက်သည်။
______________<
"နောက်ဆို ဒီလိုအဖြစ်မခံပါနဲ့ သူ့မှာက ကိုယ်ဝန်နဲ့ အခုဟာက အပေါ်ယံမို့လို့ ဘာမှတော့မဖစ်ဘူး နောက်ဆို ဆင်ခြင်ပါ......"
ကြားလိုက်ရတဲ့ ကိုယ်ဂန်ဆိုတာကြောင့် ထွဋ်ရဲရင့် အံ့သြမိသည်......
ဟန်နီရဲ့ကိုယ်ထဲ၌ ထိုဖခင်စိတ်မရှိသော ကောင်၏ ကလေးက ထပ်ပြီး ရောက်ရှိလာပြန်ပြီ။
"ဟန်နီကို ဒီမှာမထားဘူး"
ထွဋ်ရဲရင့် ပြတ်သားစွာ ပြောလိုက်သည်။
"ဘာ!"
"ဟုတ်တယ် မင်းနဲ့ထားရင် ကလေးတွေရော ဟန်နီပါ အန္တရာယ်ရှိတယ်။ ဒါကြောင့်မို့ ငါခေါ်သွားမယ်....."
"မင်းအဲ့လို လုပ်မရဘူး....."
"ဘာလို့မရ ရမှာလဲ အခုကိစ္စကို ငါရဲတိုင်လိုက်ရင် မင်းထောင်ထဲ ရောက်မှာ မမေ့လေနဲ့......"
ထိုသို့ပြောရင်း ကလေး၂ယောက်ဘက်လှည့်ကာ။.....
"ဉီးဉီးနဲ့ လိုက်မလား ကလေးတို့......."
.
.
.
.
.
.
.
.
.
.
.
.
.
.
အပ်ဒိတ် done! ကဲကဲ pp နောက်တပတ်မှ တွေ့မယ်