(Unicode)
အဓိကမင်းသားကို ငါမလိုဘူး။
အပိုင်း ၄
Author - 라닐슨생
Translator – Galene
**********
ဒါကြောင့်မလို့ ငါထပ်မေးလိုက်မိတယ်။
"မရဘူးလား"
အရှင့်သားရဲ့မျက်နှာပေါ်မှာ ငါတွေ့လိုက်ရတဲ့ အကြည့် က ချက်ချင်းပျောက်ကွယ်သွားပြီး သူ့ရဲ့ နဂို နူးညံ့သိမ်မွေ့ တဲ့ အမူအရာက ပြန်ရောက်လာတယ်။
"ဘာလို့မရရမှာလဲ"
သူက ရထားနံရံကို လေးငါးခေါက် ခေါက်လိုက်ပြီး "ကလစ်ဖို့ဒ်မြို့စားနေအိမ်ဆီကို သွားရအောင်" လို့ ပြော လိုက်တယ်။
"ဟုတ်ကဲ့ပါ အရှင်"
ရထားလုံးက ရွေ့သွားတာနဲ့အတူ ငါလည်း မြင်းတွေ၊ မြင်းစီးသူရဲကောင်းတွေ နောက်ကလိုက်နေတာကို ကြားလိုက်ရတယ်။ ဒါမှမဟုတ် မင်းသားအီနော့ချ်က စဉ်းစားပေးတတ်လို့ ပတ်ဝန်းကျင်က တိတ်ဆိတ် နေတာကြောင့်လည်းပါမယ်။
"အရှင့်သားက တကယ့်လူကောင်းပဲ"
"..."
သူကလက်ပိုက်လိုက်ပြီး မျက်လုံးတွေကို ပိတ်လိုက် တယ်။ သူ့အပြုအမူက အပြုသဘောမဆောင်သလို အပျက်သဘောလည်းမဟုတ်လောက်ဘူး။
ရထားလုံးက တလိမ့်လိမ့်သွားနေတော့ ငါလည်း မျက်လုံးမှိတ်လိုက်မိတယ်။ ကျေးဇူးတင်ဖို့ကောင်းစွာနဲ့ပဲ သူလည်း ငါ့ကိုစကားမပြောတော့ဘူး။ ဒါကြောင့် ငါလည်း ငါ့ဘာသာတွေးဖို့ အချိန်ရသွားခဲ့တယ်။
ဝတ္ထုထဲမနိုးလာခင် ရက်အနည်းငယ်အလိုတုန်းက ငါနဲ့ နှစ်တော်တော်ကြာတွဲခဲ့တဲ့ ချစ်သူကောင်လေးရဲ့ မင်္ဂလာဆောင်ကို သွားခဲ့သေးတယ်။
ငါတို့တော်တော်ကြာကြာတွဲခဲ့ကြပြီး တစ်လမပြည့် သေးတဲ့ တစ်နေ့မှာပဲ သူကလက်ထပ်သွားခဲ့တယ်။
ဒါက ဝမ်းနည်းစရာမဟုတ်ဘူးလို့ ငါထင်ခဲ့မိတယ်။ ဒါပေမဲ့ ထူးဆန်းစွာနဲ့ပဲ ငါရက်တော်တော်ကြာ အိပ်မပျော်ခဲ့ဘူး။
တော်တော်လည်းအိပ်ချင်နေတော့ ငါတော်ရုံ မသောက်တတ်တဲ့အရက်တွေကို သောက်ခဲ့မိတယ်။ ပြီးတော့ ငါ မသောက်တတ်တဲ့ အိပ်ဆေးတွေကိုပါ မျိုချလိုက်သေးတယ်။
ဒါဆိုရင် ငါက မှေးရုံတင်မဟုတ်ဘဲ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတာလား။ ဒါကြောင့်မလို့ ဒီလိုအိပ်မက်မျိုး မက်နေတာလား။
မဟုတ်သေးဘူး။ အိပ်မက်ဖြစ်ဖို့က ဒါက အရမ်းကြီး ထင်ရှားလွန်းနေတယ်။
ဒါကြောင့် တစ်ခုပဲ ကောက်ချက်ချစရာရှိတယ်။ ငါက အရက်နဲ့ အိပ်ဆေးတွေကြောင့် သေသွားတာပဲ။
အခြားလူတွေကတော့ ရည်းစားဟောင်း လက်ထပ် သွားလို့ ပူဆွေးရင်းကနေ ကိုယ့်ကိုယ်ကိုယ် သတ်သေ သွားတဲ့ မိန်းမတစ်ယောက်လို့ ထင်ချင်ထင်လိမ့်မယ်။
ထူးဆန်းလိုက်တာ။
ဒါပေမဲ့ အခြေအနေက ဘယ်လောက်ပဲ လက်တွေ့ မဆန်ဆန်၊ ငါ မထိတ်လန့်မိဘူး။ ငါ့အကျင့်က ဒီအတိုင်း ပဲလေ။ ဘယ်လောက်ပဲ ကြီးကြီးမားမား တွေ့ကြုံရ တွေ့ကြုံရ ငါသိပ်မခံစားရဘူး။
ဒါကြောင့်လည်း သူက ငါ့ကိုစိတ်ကုန်သွားပြီလို့ ပြောခဲ့တာနေမယ်။
ဒါပေမဲ့လည်း ငါက ဘယ်ကဘယ်လို ဒီဝတ္ထုထဲကို ရောက်လာတာလဲ။ ခိုးလီရဲ့ ကိုယ်ကိုတောင်မဟုတ်ဘူး။ အဲရင်စပီးလက်ရဲ့ ကိုယ်ထဲကို။
ငါအရှင်မင်းသားကို ကြည့်လိုက်တဲ့အခါ သူ့မျက်လုံး တွေက ပိတ်ထားတုန်းပဲ။ သူအိပ်ပျော်နေလား မပျော် ဘူးလား ဆိုတာ ငါမပြောနိုင်ဘူး။
ငါ့မျက်လုံးတွေကို ထပ်မှိတ်လိုက်ရင်း ဝတ္ထုထဲက အကြောင်းအရာတွေကို ပြန်စဉ်းစားကြည့်လိုက်တယ်။
ကံကောင်းစွာနဲ့ပဲ ငါဝတ္ထုဖတ်ထားတာ သိပ်မကြာ သေးတော့ တချို့နေရာတွေကို မှတ်မိနေတုန်းပဲ။ ကံ မကောင်းတာကတော့ ငါကဇာတ်လမ်းကို သေချာ အာရုံစိုက်မဖတ်ထားတော့ ဇာတ်လမ်းရဲ့ အခြေခံ ဇာတ်ကြောင်းလောက်ပဲ မှတ်မိတယ်။
ပြီးတော့ အဲရင်စပီးလက်ကလည်း ဇာတ်လိုက်မဟုတ် တော့ ငါလည်း သူဇာတ်လိုက်တွေနဲ့ဆက်ဆံတဲ့ အပိုင်း တွေလောက်ပဲ မှတ်မိတယ်။
ဒါကတော့ စိတ်ရှုပ်ဖို့ကောင်းတယ်။
အထင်ရှားဆုံးအပိုင်းကတော့...
ရူးဘတ်ကိုချစ်နေတဲ့ အဲရင်စပီးလက်က ခိုးလီနဲ့ ရူးဘတ် ကြိုက်နေတဲ့အကြောင်းကကို ရူးဘတ်အဖေ၊ လက်ရှိကလစ်ဖို့ဒ်မြို့စားကိုတိုင်ဖို့ ခြိမ်းခြောက်တာပဲ။
အဲ့ဒီအချိန်က ရူးဘတ်နဲ့ခိုးလီ ခိုးတွဲနေကြတဲ့အချိန်။
ကလစ်ဖို့ဒ်မြို့စားနဲ့ ဗာရီစီယန်နယ်ပိုင်မှူးရဲ့ ဆက်ဆံရေးက သိပ်မကောင်းတော့ သူတို့ရဲ့ ဆက်ခံသူ တွေကိုလက်ထပ်ပေးဖို့ စိတ်ကူးရှိမှာမဟုတ်ဘူး။
ကလစ်ဖို့ဒ်မြို့စားက အိမ်ရှေ့မင်းသားကို ထောက်ခံ အားပေးပြီး ဗာရီစီယန်နယ်ပိုင်မှူးက အခြားမင်းသား တစ်ယောက်ကို ထောက်ခံတယ်။
မြို့စားကြီးသာသိသွားရင် ခိုးလီဒုက္ခရောက်လိမ့်မယ်။
ဒါကြောင့်ပဲ အဲရင်က ရူးဘတ်ကို သူ(မ)ရဲ့နှုတ်ပိတ်ခ အတွက် ပိုက်ဆံတော်တော်များများနဲ့ လက်ထပ်ဖို့ကို တောင်းဆိုခဲ့တယ်။
အဲရင်ကိုယ်တိုင်က စပီးလက်မြို့စားဖြစ်ပြီးတော့ စပီးလက်မိသားစုက ကလစ်ဖို့ဒ်တွေလို အထက်တန်းလွှာ မျိုးရိုးက ဆင်းသက်လာတယ်။ ခိုးလီနဲ့ရူးဘတ်အကြောင်း ဖုံးဖိဖို့အတွက် သူက အသင့်တော်တော်ဆုံးပဲ။
နောက်ဆုံးတော့ ရူးဘတ်က အဲရင်ရဲ့ကမ်းလှမ်းမှုကို လက်ခံလိုက်တယ်။ ဒါပေမဲ့ သူက လက်ထပ်ဖို့ သက်တမ်း ကို တစ်နှစ်ပဲသတ်မှတ်လိုက်တယ်။
ဝတ္ထုထဲမှာငါအဲ့ဒီအပိုင်းကို ဖတ်ရတဲ့အချိန်မှာ ဇာတ်လိုက်က သတ္တိကြောင်တယ်လို့ထင်မိတယ်။ သူက သူ့ချစ်သူရော လက်ရှိသူရထားတဲ့ဂုဏ်၊ အာဏာ ဘာ တစ်ခုမှ မဆုံးရှူံးချင်ဘူး။
အဲရင်ကလည်း လက်ထပ်ပြီးပြီးချင်း စပြောင်းလဲ လာတယ်။ သူက ခိုးလီကို တစ်ယောက်တည်းမထားဘူး။ ဖမ်းဆီးပြီးတောင် ခြိမ်းခြောက်လိုက်သေးတယ်။
နောက်ဆုံးမှာတော့ တစ်နှစ်တောင်မပြည့်သေးဘဲ အဲရင်က ကလစ်ဖို့ဒ်မိသားစုက ကန်ထုတ်ခံလိုက်ရပြီး သူ(မ)ရဲ့အကြွေးတွေဆပ်ဖို့ ပြည့်တန်ဆာအိမ်ကို ရောင်းစားခံလိုက်ရတယ်။
ငါ အဲ့ဒီအတွေးကြောင့် ကြက်သီးထသွားမိတယ်။
ခဏလောက်ကြာပြီးသွားတဲ့အချိန်မှာတော့ ရထားလုံး က ရပ်သွားတော့တယ်။
"မြို့စား၊ မြို့စားစပီးလက်"
"ဟုတ်ကဲ့"
"မြို့တော်ထဲက မြို့စားကြီးရဲ့ပိုင်နက်ကို ရောက်လာ ပြီ။ ဒါနဲ့ မင်းအဆင်ပြေရဲ့လား"
"ရှင်.."
"မင်းကြည့်ရတာ ဖြူဖျော့နေသလိုပဲ"
သူ့စကားကြောင့် ငါ့အခြေအနေကို ငါသဘောပေါက် သွားပြီး ပါးနှစ်ဖက်ကို ပုတ်လိုက်မိတယ်။
"အဆင်ပြေပါတယ်။ စိုးရိမ်ပေးတဲ့အရှင့်သားကို ကျေးဇူးတင်ပါတယ်"
"မင်းအဆင်ပြေတဲ့အတွက် ဝမ်းသာပါတယ်။ ဒါပေမဲ့..." သူက လိုက်ကာတွေကို ဖွင့်လိုက်ရင်း ပြတင်းပေါက်အပြင်ကို တစ်ချက်ကြည့်လိုက်တယ်။
ငါလည်း သူ့အကြည့်အတိုင်း လိုက်ကြည့်လိုက်ပြီး နှုတ်ခမ်းသပ်လိုက်မိတယ်။
အီနော့ချ်က ငါတုံ့ပြန်လာမှာကို စိတ်ဝင်စားသလို ကြည့်နေတယ်။
"သူက ဒီလောက်လူလယ်ကောင်မှာ အရှက်ကွဲပြီး တာတောင် လာတွေ့သေးတယ်"
"အဆင်ပြေရဲ့လား"
"ပြေပါတယ်။ တစ်အိမ်ထဲ အတူနေရမှာပဲလေ"
"အကယ်၍များ..." သူက စကားစကိုရပ်လိုက်တယ်။
သူဆက်ပြောမှာကို ငါ စိတ်ရှည်လက်ရှည် စောင့်နေခဲ့ တယ်။
ဒါပေမဲ့ ငါတို့ရဲ့စကားပြောနေတာတွေကို မသိတဲ့ ရူးဘတ်ကတော့ မစောင့်နေဘူး။ သူက ရထားလုံးရှိတဲ့ နေရာဆီ ရောက်လာပြီး တံခါးလာခေါက်တယ်။
ရှားရှားပါးပါး အီနော့ချ်ရဲ့မျက်နှာပေါ်မှာ မနှစ်မြို့သလို အကြည့်တစ်ချက်ပေါ်လာတယ်။
သူက မျက်လုံးမှိတ်ပြီး အသက်ပြင်းပြင်းတစ်ချက် ရှူလိုက်ပြီးမှ စကားဆက်ပြောတယ်။
"ဒီမှာမနေနိုင်ရင် နန်းတော်ကို အချိန်မရွေး လာလို့ ရတယ်။ သတင်းစကားသာ ပါးလိုက်ပါ။ စပီးလက် မြို့စား"
"အရှင့်သားရဲ့ ကြင်နာမှုအတွက် ကျေးဇူးတင် ပါတယ်။ ကျွန်မမှတ်သားထားပါ့မယ်"
သူ့ကမ်းလှမ်းမှုက အချည်းနှီးဖြစ်နိုင်ပေမဲ့ သူ့စိုးရိမ် စိတ်ကတော့ စစ်မှန်နေတယ်။ ငါ သူ့ကိုကျေးဇူးတင်ပြီး ပြုံးပြလိုက်တဲ့အခါ သူက သူ့ခေါင်းကိုခါလိုက်ပြီး ရထားလုံးတံခါးကိုဖွင့်လိုက်တယ်။
"အရှင့်သား" ရူးဘတ်ကနောက်ဆုတ်ပြီး အရှင့်သား အီနော့ချ်ဘက် ဦးညွှတ်အရိုအသေပေးလိုက်တယ်။
"မင်းအရင်ရောက်တာပဲ"
"ဟုတ်ပါတယ် အရှင့်သား။ ကျွန်တော့်ဇနီးကို လိုက်ပါ ပို့ဆောင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်"
ရူးဘတ်က 'ဇနီး' ဆိုတဲ့နေရာကို ဖိပြောတဲ့အချိန်မှာ ငါ မထီမဲ့မြင်အသံတစ်ချက်ပြုလိုက်မိတယ်။ အဲရင်က နှလုံးသားမရှိဘူးဆိုပေမဲ့ ဒါက သူ့ဂုဏ်သိက္ခာကိုတော့ ထိခိုက်စေမှာပဲ။
ငါအသံထွက်လိုက်မိတဲ့အချိန် ရူးဘတ်က ငါ့ကို မျက်မှောင်ကြုတ်ရင်း စိတ်မရှည်သလို ပြောလာတယ်။
"မင်းဘယ်အချိန်ထိ အဲ့ဒီမှာပဲထိုင်နေမှာလဲ။ အရှင့်သားက မင်းကြောင့် တော်တော်ဒုက္ခများခဲ့ရပြီးပြီ။ မြန်မြန်ထွက်လာတော့"
ဒီကျက်သရေရှိလူကြီးမင်းက အမျိုးသမီး တစ်ယောက်ကို ဘယ်လိုခေါ်ဆောင်ရမလဲ မသိဘူးနဲ့ တူတယ်။
ငါ ဝတ်စုံလေးလေးကြီးကို လက်တစ်ဖက်တည်းနဲ့ သယ်ဖို့ရုန်းကန်နေရပေမဲ့ ငါတို့ရဲ့ ဂရုစိုက်တတ်တဲ့ ဒုတိယမင်းသားက လှမ်းကူပေးတယ်။
ရူးဘတ်က ဒါကိုမြင်တဲ့အချိန်မှာ တွန့်ခနဲ ဖြစ်သွား တယ်။ နင်ကဘာဖြစ်နေတာလဲ။
ငါ အီနော့ချ်ရဲ့လက်ကို အသာကိုင်လိုက်ရင်း ရထားလုံးပေါ်က ဆင်းလိုက်တယ်။ အပြင်မှာက မှောင်နေပြီ။ နေ့အချိန်က ကုန်သွားခဲ့ပြီ။
ငါ့ခြေထောက်က မြေပြင်ကိုထိထိချင်းပဲ ရူးဘတ်က ငါ့နောက်လက်တစ်ဖက်ကိုကိုင်ပြီး ငါ့ကိုအီနော့ချ် အဝေးကခေါ်သွားတယ်။ ငါ တစ်ချက် ခလုတ်တိုက်မိ သွားပေမဲ့ ထိန်းလိုက်မိလို့ လဲမကျသွားဘူး။
အီနော့ချ်က သတိထားမိလို့ပြောလိုက်တယ်။
"...ဒီနေ့မင်းလုပ်ခဲ့တာက မှားတယ်။ မင်းဇနီးကိုမင်း လေးစားသမှုလေးတောင်မပေးနိုင်ဘူးလား။"
အဲ့ဒီပါးစပ်လှလှလေးနဲ့ အီနော့ချ်က မှန်တဲ့စကားတွေ ကိုပဲ ပြောသွားတယ်။ ရူးဘတ်က ရှေ့ဆက်လည်း ဒီလိုပဲလုပ်နေမယ်ဆိုရင်တော့ လွယ်မှာမဟုတ်ဘူး။
ပျားရည်ဆမ်းခရီးတွေ ဘာတွေ ထွက်ဖို့ ပြောနေတာ မဟုတ်ပါဘူး။ အနည်းဆုံး အရှက်တော့ မခွဲသင့်ဘူးပေါ့။ လူမြင်ရာမှာတော့ လေးလေးစားစား ဆက်ဆံသင့်တယ် မဟုတ်ဘူးလား။
"အရှင့်သားကို ဒီလိုမျိုး မြင်တွေ့စေမိတဲ့အတွက် စိတ်မကောင်းဖြစ်ရပါတယ်။ ကျွန်တော့်ရဲ့ မိသားစုရေး ကိုတော့ အရှင့်သား စိတ်ပူစရာမလိုပါဘူး"
မောက်မာလိုက်တဲ့လူ။ ဒါနဲ့ သူတို့က ရင်းနှီးတယ် မဟုတ်ဘူးလား။
ရူးဘတ်က ဒီလိုပိတ်ပြောလိုက်တာကို လျစ်လျူရှုဖို့ ခက်ခဲတယ်။ သူကမြို့စားကြီးရဲ့ဆက်ဆံသူမလို့လား ဒါမှမဟုတ် နဂိုကပဲမောက်မာလို့လားတော့မသိဘူး။ ဒါပေမဲ့ သူပြောပုံက မင်းသားနဲ့သူနဲ့က အဆင့်တူတွေ ကြနေတာပဲ။
အခုအချိန် ဝတ္ထုထဲမှာက ဒီလူနှစ်ယောက်က ခိုးလီ ကြောင့် မတည့်ကြတော့တာ။
ဒါပေမဲ့ အီနော့ချ်က သူဘာမှမမှားသလို ရူးဘတ်ရဲ့ စကားတွေကို ပြန်တုံ့ပြန်တယ်။
"ကလစ်ဖို့ဒ်မြို့စားရဲ့ကိစ္စတွေက အခြားလူတွေရဲ့ ကိစ္စ မဟုတ်ဘဲ မင်းရဲ့ကိစ္စတွေပဲလို့တော့ ငါမပြောနိုင်ဘူး။ မင်းကောင်းကောင်းလုပ်ရင်တော့ ငါစိုးရိမ်စရာလိုမှာ မဟုတ်ဘူး"
"...ကျွန်တော့်စိတ်ထဲမှာ မှတ်သားထားပါ့မယ်"
ဒီလိုနဲ့ အီနော့ချ်က ရူးဘတ်နဲ့ စကားစဖြတ်လိုက်ပြီး ငါ့ဘက် လှည့်လိုက်တယ်။ ငါ့ကို စကားပြောလိုက်တဲ့ အချိန်မှာ သူ့အမူအရာက နူးညံ့လာတယ်။
"ဒါဆိုရင် ငါသွားတော့မယ်"
"ဒီနေ့အတွက် တကယ်ကျေးဇူးတင်ပါတယ်၊ အရှင့်သား"
သူက ငါ့လက်ကိုမြှောက်လိုက်ပြီး လက်ဖမိုးကို ခပ်ဖွဖွတစ်ချက်အနမ်းပေးတယ်။ ရူးဘတ် ဘယ်လိုတုံ့ပြန် လာမလဲဆိုတာ ငါသိချင်ပေမဲ့ သူ့ကြည့်ရတာ စိတ်က တစ်နေရာရောက်နေသလိုပဲ။
မကြာခင်မှာပဲ အရှင့်သားရဲ့ရထားလုံးက ထွက်ခွာ သွားပြီး ငါလည်း မြို့စားကြီးရဲ့ အိမ်တော်ရှေ့ ရပ်နေမိ တယ်။
ငါ လှုပ်ရှားကြည့်လိုက်ပေမဲ့ ဝတ်စုံစကို မတော်တဆ တက်နင်းလိုက်မိပြီး ငါ့ကိုယ်က လဲကျသွားတော့မလို ဖြစ်သွားတယ်။
ငါ ထိန်းနိုင်အောင် ကြိုးစားရင်း ရူးဘတ်ရဲ့လက်ကို လှမ်းကိုင်ဖို့ ငါ့လက်ကို လေထဲမြှောက်မိတယ်။
သူက ဂရုမစိုက်သလိုဘဲ နေနေတယ်။
ဒီမင်္ဂလာဝတ်စုံကိုမြင်ရတဲ့အချိန်မှာ အခုအခြေအနေ က ဘယ်လောက်ဆိုးရွားမှန်း ငါသဘောပေါက်လာတယ်။
အီနော့ချ်သာ အဲ့ဒီနေရာမှာမရှိခဲ့ရင် ငါဒီအိမ်ကို ဝတ်စုံအလေးကြီးကို ကိုင်ပြီး ခြေဗလာနဲ့ပဲ လာခဲ့ရ လောက်တယ်။
အဲရင်က အထက်တန်းလွှာကပေမဲ့ သူ့ကိုကူညီပေးဖို့ အိမ်ဖော်တစ်ယောက်တစ်လေတောင် မရှိဘူးလား။
"ဝင်လာခဲ့"
အိမ်ကြီးရဲ့သံတံခါးဝက ပွင့်လာပြီး ငါလည်း ရူးဘတ် နောက်လိုက်သွားလိုက်တယ်။ မသက်မသာဖြစ်နေရတဲ့ ဝတ်စုံလေးလေးကြီးနဲ့အတူ မြို့စားရာထူးနဲ့လိုက်တဲ့ ဂုဏ်သရေရှိအထက်တန်းစားလွှာပုံပေါ်အောင် တတ်နိုင် သလောက်ကြိုးစားရင်း ငါအထဲကိုဝင်လိုက်တယ်။
ရူးဘတ်က သူ့နောက်ကို တစ်ချက်ကြည့်တယ်။ သူက အခုထိလည်း မိန်းကလေးတစ်ယောက်ကို ဘယ်လို လိုက်ပို့ပေးရမလဲ မသိသေးဘူး။ ဒါမှမဟုတ်လည်း အဲရင်ကိုပဲ မခေါ်ချင်တာနေမှာပေါ့။
ဒီအိမ်က ကလစ်ဖို့ဒ်မိသားစုရဲ့ မြို့ထဲကအိမ်ဖြစ်မယ်။ အလယ်မှာ ဇိမ်ခံအိမ်ကြီးတစ်လုံးရှိပြီး ဘယ်ဘက်မှာ တော့ ဗီလာလိုအိမ်သေးတစ်လုံး ရှိတယ်။
အဲ့ဒီမှာက အစောင့်အကြပ်တွေ တော်တော်များတယ်။
ငါ လမ်းလျှောက်ရမယ့်အစား အဲ့ဒီဘက်ကို ကြည့် လိုက်တဲ့ အချိန်မှာ ရူးဘတ်က ပြင်းပြင်းထန်ထန် ပြန်တုံ့ပြန်လာတယ်။
"အဲ့ဒီဘက်ကိုသွားဖို့ စိတ်မကူးနဲ့"
သူဒီလိုပြောလိုက်တဲ့အချိန် ငါပိုသိချင်လာတယ်။ အစက ငါသိပ်အာရုံမထားခဲ့မိဘူး။ ငါ ဒီအပိုင်းကိုလည်း မှတ်မိတယ်။
ဝတ္ထုထဲမှာ ခိုးလီက မေ့မြောသွားတော့ အရှင့်သားက သယ်သွားပေးတယ်။ ဒါပေမဲ့ နောက်ဆုံးမှာတော့ ရူးဘတ် က ပြန်ခေါ်လာတယ်။ သူက ခိုးလီကို ခိုးကြောင်ခိုးဝှက်နဲ့ စံအိမ်အပြင်ဘက်က အိမ်သေးလေးကို ခေါ်လာခဲ့တယ်။ သူ့ဘေးနားမှာထားပြီး တိတ်တဆိတ် ဂရုစိုက်ပေးချင်လို့ ပေါ့။
အာ၊ ဒီလိုလား။
ဒါပေမဲ့ ခိုးကြောင်ခိုးဝှက်လို့တောင် ပြောလို့ရလို့လား။ ဒီလောက်လူတွေအများကြီးက အဲ့ဒီအိမ်ကို စောင့် ထားတာလေ။
ငါ ရယ်ပဲရယ်နိုင်တော့တယ်။
အခြေအနေက ဒီလိုသာဆက်ဖြစ်ရင် ဝတ္ထုထဲက မူရင်းဇာတ်ကြောင်းအတိုင်း ဆက်သွားမှာလား။
စိတ်လေးလေးနဲ့ပဲ ငါရူးဘတ်နောက်ကို ဆက်လိုက်ခဲ့ ရတယ်။
မင်းသားကိုပို့ဆောင်ပေးတဲ့ ရထားလုံးကလည်း သိပ်မကြာခင်မှာပဲ ရပ်တန့်သွားတယ်။
အီနော့ချ်က အဲရင်နဲ့အတူရှိနေတဲ့အချိန်နဲ့ ကွာခြားလှ တယ်။ သူ့ရဲ့ နူးညံ့ချိုသာတဲ့ပုံစံက ပျောက်ကွယ်သွားပြီး နွေးထွေးမှုမရှိတဲ့ မျက်နှာထားတင်းတင်းနဲ့ ကန့်လန့်ကာ ကို မလိုက်တယ်။
အဲ့ဒီနောက်မှာတော့ ဝတ်စုံနက်ဝတ်ထားတဲ့လူတွေက ပေါ်လာကြပြီး သူ့ကိုတိတ်ဆိတ်စွာပဲ ဦးညွှတ်အရိုအသေ ပေးကြတယ်။
အစောင့်အကြပ်တွေကလည်း သူတို့ကိုသိသလို မတားကြဘူး။
အီနော့ချ်က သူတို့ကို တစ်ချက်ကြည့်လိုက်တဲ့အခါမှာ သူတို့က ပေါ်လာတဲ့အချိန်လိုပဲ အသံတစ်ချက်မပေးဘဲ ပြန်ပျောက်သွားတော့တယ်။
ဝတ်စုံနက်နဲ့လူတွေက သူအဲရင်ကိုချပေးခဲ့တဲ့ ကလစ်ဖို့ဒ်စံအိမ်ဘက်သွားရင်း ပျောက်သွားကြတယ်။
အဲ့ဒီအချိန်မှာ သူ့မျက်နှာမှာ အပြုံးသေးသေးတစ်ခု ပေါ်လာတယ်။
"...လူကောင်းတစ်ယောက်လား။ အင်း"
သူရထားလုံးတံခါးကို ခေါက်လိုက်တဲ့အချိန်မှာ သူတို့ လည်း ပြန်ထွက်ခွာကြတယ်။ ရထားလုံးက အသံ တစ်ချက်တောင် မထွက်ဘဲ ချောချောမွေ့မွေ့ ထွက်ခွာသွားတော့တယ်။
**********
SWARA WEBNOVEL TRANSLATION
ဒီဝတ္ထုလေးကို StoryGlory Website မှာ You Can Keep The Male Lead ဆိုတဲ့ နာမည်နဲ့ ရိုက်ရှာပြီး Chapter 52 အထိ ဖတ်လို့ရပြီနော်။
StoryGlory Website အသုံးပြုနည်းကို StoryGlory လမ်းညွှန်ဆိုတဲ့ နေရာလေးမှာ အပိုင်း ၃ပိုင်းနဲ့ တစ်ဆင့်ချင်းစီ ရှင်းပြပေးထားပါတယ်။
(Zawgyi)
အဓိကမင္းသားကို ငါမလိုဘူး။
အပိုင္း ၄
Author - 라닐슨생
Translator – Galene
**********
ဒါေၾကာင့္မလို႔ ငါထပ္ေမးလိုက္မိတယ္။
"မရဘူးလား"
အရွင့္သားရဲ႕မ်က္ႏွာေပၚမွာ ငါေတြ႕လိုက္ရတဲ့ အၾကည့္က ခ်က္ခ်င္းေပ်ာက္ကြယ္သြားၿပီး သူ႔ရဲ႕ နဂိုႏူးညံ့သိမ္ေမြ႕တဲ့ အမူအရာက ျပန္ေရာက္လာတယ္။
"ဘာလို႔မရရမွာလဲ"
သူက ရထားနံရံကို ေလးငါးေခါက္ေခါက္လိုက္ၿပီး "ကလစ္ဖို႔ဒ္ၿမိဳ႕စားေနအိမ္ဆီကို သြားရေအာင္" လို႔ ေျပာလိုက္တယ္။
"ဟုတ္ကဲ့ပါ အရွင္"
ရထားလုံးက ေ႐ြ႕သြားတာနဲ႔အတူ ငါလည္း ျမင္းေတြ၊ ျမင္းစီးသူရဲေကာင္းေတြ ေနာက္ကလိုက္ေနတာကို ၾကားလိုက္ရတယ္။ ဒါမွမဟုတ္ မင္းသားအီေနာ့ခ်္က စဥ္းစားေပးတတ္လို႔ ပတ္ဝန္းက်င္က တိတ္ဆိတ္ေနတာေၾကာင့္လည္းပါမယ္။
"အရွင့္သားက တကယ့္လူေကာင္းပဲ"
"..."
သူကလက္ပိုက္လိုက္ၿပီး မ်က္လုံးေတြကို မွိတ္လိုက္တယ္။ သူ႔အျပဳအမူက အျပဳသေဘာမေဆာင္သလို မေကာင္းတဲ့သေဘာလည္း မပါေလာက္ဘူး။
ရထားလုံးက တလိမ့္လိမ့္သြားေနေတာ့ ငါလည္း မ်က္လုံးမွိတ္လိုက္မိတယ္။ ေက်းဇူးတင္ဖို႔ေကာင္းစြာနဲ႔ပဲ သူလည္း ငါ့ကိုစကားမေျပာေတာ့ဘူး။ ဒါေၾကာင့္ ငါလည္း ငါ့ဘာသာေတြးဖို႔ အခ်ိန္ရသြားခဲ့တယ္။
ဝတၳဳထဲမႏိုးလာခင္ ရက္အနည္းငယ္အလိုတုန္းက ငါနဲ႔ ႏွစ္ေတာ္ေတာ္ၾကာတြဲခဲ့တဲ့ ခ်စ္သူေကာင္ေလးရဲ႕ မဂၤလာေဆာင္ကို သြားခဲ့ေသးတယ္။
ငါတို႔ေတာ္ေတာ္ၾကာၾကာတြဲခဲ့ၾကၿပီး တစ္လမျပည့္ေသးတဲ့ တစ္ေန႔မွာပဲ သူကလက္ထပ္သြားခဲ့တယ္။
ဒါက ဝမ္းနည္းစရာမဟုတ္ဘူးလို႔ ငါထင္ခဲ့မိတယ္။ ဒါေပမဲ့ ထူးဆန္းစြာနဲ႔ပဲ ငါရက္ေတာ္ေတာ္ၾကာ အိပ္မေပ်ာ္ခဲ့ဘူး။
ေတာ္ေတာ္လည္းအိပ္ခ်င္ေနေတာ့ ငါေတာ္႐ုံမေသာက္တတ္တဲ့အရက္ေတြကို ေသာက္ခဲ့မိတယ္။ ၿပီးေတာ့ ငါ မေသာက္တတ္တဲ့ အိပ္ေဆးေတြကိုပါ မ်ိဳခ်လိုက္ေသးတယ္။
ဒါဆိုရင္ ငါက ေမွး႐ုံတင္မဟုတ္ဘဲ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္ေပ်ာ္ေနတာလား။ ဒါေၾကာင့္မလို႔ ဒီလိုအိပ္မက္မ်ိဳးမက္ေနတာလား။
မဟုတ္ေသးဘူး။ အိပ္မက္ျဖစ္ဖို႔က ဒါက အရမ္းႀကီး ထင္ရွားလြန္းေနတယ္။
ဒါေၾကာင့္ တစ္ခုပဲ ေကာက္ခ်က္ခ်စရာရွိတယ္။ ငါက အရက္နဲ႔ အိပ္ေဆးေတြေၾကာင့္ ေသသြားတာပဲ။
အျခားလူေတြကေတာ့ ရည္းစားေဟာင္း လက္ထပ္သြားလို႔ ပူေဆြးရင္းကေန ကိုယ့္ကိုယ္ကိုယ္ သတ္ေသသြားတဲ့ မိန္းမတစ္ေယာက္လို႔ ထင္ခ်င္ထင္လိမ့္မယ္။
ထူးဆန္းလိုက္တာ။
ဒါေပမဲ့ အေျခအေနက ဘယ္ေလာက္ပဲ လက္ေတြ႕မဆန္ဆန္၊ ငါ မထိတ္လန႔္မိဘူး။ ငါ့အက်င့္က ဒီအတိုင္းပဲေလ။ ဘယ္ေလာက္ပဲ ႀကီးႀကီးမားမား ေတြ႕ႀကဳံရ ေတြ႕ႀကဳံရ ငါသိပ္မခံစားရဘူး။
ဒါေၾကာင့္လည္း သူက ငါ့ကိုစိတ္ကုန္သြားၿပီလို႔ ေျပာခဲ့တာေနမယ္။
ဒါေပမဲ့လည္း ငါက ဘယ္ကဘယ္လို ဒီဝတၳဳထဲကို ေရာက္လာတာလဲ။ ခိုးလီရဲ႕ ကိုယ္ကိုေတာင္မဟုတ္ဘူး။ အဲရင္စပီးလက္ရဲ႕ ကိုယ္ထဲကို။
ငါအရွင္မင္းသားကို ၾကည့္လိုက္တဲ့အခါ သူ႔မ်က္လုံးေတြက ပိတ္ထားတုန္းပဲ။ သူအိပ္ေပ်ာ္ေနလား မေပ်ာ္ဘူးလား ဆိုတာ ငါမေျပာႏိုင္ဘူး။
ငါ့မ်က္လုံးေတြကို ထပ္မွိတ္လိုက္ရင္း ဝတၳဳထဲက အေၾကာင္းအရာေတြကို ျပန္စဥ္းစားၾကည့္လိုက္တယ္။
ကံေကာင္းစြာနဲ႔ပဲ ငါဝတၳဳဖတ္ထားတာ သိပ္မၾကာေသးေတာ့ တခ်ိဳ႕ေနရာေတြကို မွတ္မိေနတုန္းပဲ။ ကံမေကာင္းတာကေတာ့ ငါကဇာတ္လမ္းကို ေသခ်ာအာ႐ုံစိုက္မဖတ္ထားေတာ့ ဇာတ္လမ္းရဲ႕ အေျခခံဇာတ္ေၾကာင္းေလာက္ပဲ မွတ္မိတယ္။
ၿပီးေတာ့ အဲရင္စပီးလက္ကလည္း ဇာတ္လိုက္မဟုတ္ေတာ့ ငါလည္း သူဇာတ္လိုက္ေတြနဲ႔ဆက္ဆံတဲ့ အပိုင္းေတြေလာက္ပဲ မွတ္မိတယ္။
ဒါကေတာ့ စိတ္ရႈပ္ဖို႔ေကာင္းတယ္။
အထင္ရွားဆုံးအပိုင္းကေတာ့...
႐ူးဘတ္ကိုခ်စ္ေနတဲ့ အဲရင္စပီးလက္က ခိုးလီနဲ႔ ႐ူးဘတ္ ႀကိဳက္ေနတဲ့အေၾကာင္းကို ႐ူးဘတ္အေဖ၊ လက္ရွိကလစ္ဖို႔ဒ္ၿမိဳ႕စားကိုတိုင္ဖို႔ ၿခိမ္းေျခာက္တာပဲ။
အဲ့ဒီအခ်ိန္က ႐ူးဘတ္နဲ႔ခိုးလီ ခိုးတြဲေနၾကတဲ့အခ်ိန္။
ကလစ္ဖို႔ဒ္ၿမိဳ႕စားနဲ႔ ဗာရီစီယန္နယ္ပိုင္မႉးရဲ႕ ဆက္ဆံေရးက သိပ္မေကာင္းေတာ့ သူတို႔ရဲ႕ ဆက္ခံသူေတြကိုလက္ထပ္ေပးဖို႔ စိတ္ကူးရွိမွာမဟုတ္ဘူး။
ကလစ္ဖို႔ဒ္ၿမိဳ႕စားက အိမ္ေရွ႕မင္းသားကို ေထာက္ခံအားေပးၿပီး ဗာရီစီယန္နယ္ပိုင္မႉးက အျခားမင္းသားတစ္ေယာက္ကို ေထာက္ခံတယ္။
ၿမိဳ႕စားႀကီးသာသိသြားရင္ ခိုးလီဒုကၡေရာက္လိမ့္မယ္။
ဒါေၾကာင့္ပဲ အဲရင္က ႐ူးဘတ္ကို သူ(မ)ရဲ႕ႏႈတ္ပိတ္ခအတြက္ ပိုက္ဆံေတာ္ေတာ္မ်ားမ်ားနဲ႔ လက္ထပ္ဖို႔ကို ေတာင္းဆိုခဲ့တယ္။
အဲရင္ကိုယ္တိုင္က စပီးလက္ၿမိဳ႕စားျဖစ္ၿပီးေတာ့ စပီးလက္မိသားစုက ကလစ္ဖို႔ဒ္ေတြလို အထက္တန္းလႊာမ်ိဳး႐ိုးက ဆင္းသက္လာတယ္။ ခိုးလီနဲ႔႐ူးဘတ္အေၾကာင္း ဖုံးဖိဖို႔အတြက္ သူက အသင့္ေတာ္ေတာ္ဆုံးပဲ။
ေနာက္ဆုံးေတာ့ ႐ူးဘတ္က အဲရင္ရဲ႕ကမ္းလွမ္းမႈကို လက္ခံလိုက္တယ္။ ဒါေပမဲ့ သူက လက္ထပ္ဖို႔ သက္တမ္းကို တစ္ႏွစ္ပဲသတ္မွတ္လိုက္တယ္။
ဝတၳဳထဲမွာငါအဲ့ဒီအပိုင္းကို ဖတ္ရတဲ့အခ်ိန္မွာ ဇာတ္လိုက္က သတၱိေၾကာင္တယ္လို႔ထင္မိတယ္။ သူက သူ႔ခ်စ္သူေရာ လက္ရွိသူရထားတဲ့ဂုဏ္၊ အာဏာ ဘာတစ္ခုမွမဆုံးရႉံးခ်င္ဘူး။
အဲရင္ကလည္း လက္ထပ္ၿပီးၿပီးခ်င္း စေျပာင္းလဲလာတယ္။ သူက ခိုးလီကို တစ္ေယာက္တည္းမထားဘူး။ ဖမ္းဆီးၿပီးေတာင္ ၿခိမ္းေျခာက္လိုက္ေသးတယ္။
ေနာက္ဆုံးမွာေတာ့ တစ္ႏွစ္ေတာင္မျပည့္ေသးဘဲ အဲရင္က ကလစ္ဖို႔ဒ္မိသားစုက ကန္ထုတ္ခံလိုက္ရၿပီး သူ(မ)ရဲ႕အေႂကြးေတြဆပ္ဖို႔ ျပည့္တန္ဆာအိမ္ကို ေရာင္းစားခံလိုက္ရတယ္။
ငါ အဲ့ဒီအေတြးေၾကာင့္ ၾကက္သီးထသြားမိတယ္။
ခဏေလာက္ၾကာၿပီးသြားတဲ့အခ်ိန္မွာေတာ့ ရထားလုံးက ရပ္သြားေတာ့တယ္။
"ၿမိဳ႕စား၊ ၿမိဳ႕စားစပီးလက္"
"ဟုတ္ကဲ့"
"ၿမိဳ႕ေတာ္ထဲက ၿမိဳ႕စားႀကီးရဲ႕ပိုင္နက္ကို ေရာက္လာၿပီ။ ဒါနဲ႔ မင္းအဆင္ေျပရဲ႕လား"
"ရွင္.."
"မင္းၾကည့္ရတာ ျဖဴေဖ်ာ့ေနသလိုပဲ"
သူ႔စကားေၾကာင့္ ငါ့အေျခအေနကို ငါသေဘာေပါက္သြားၿပီး ပါးႏွစ္ဖက္ကို ပုတ္လိုက္မိတယ္။
"အဆင္ေျပပါတယ္။ စိုးရိမ္ေပးတဲ့အရွင့္သားကို ေက်းဇူးတင္ပါတယ္"
"မင္းအဆင္ေျပတဲ့အတြက္ ဝမ္းသာပါတယ္။ ဒါေပမဲ့..." သူက လိုက္ကာေတြကို ဖြင့္လိုက္ရင္း ျပတင္းေပါက္အျပင္ကို တစ္ခ်က္ၾကည့္လိုက္တယ္။
ငါလည္း သူ႔အၾကည့္အတိုင္း လိုက္ၾကည့္လိုက္ၿပီး ႏႈတ္ခမ္းသပ္လိုက္မိတယ္။
အီေနာ့ခ်္က ငါတုံ႔ျပန္လာမွာကို စိတ္ဝင္စားသလို ၾကည့္ေနတယ္။
"သူက ဒီေလာက္လူလယ္ေကာင္မွာ အရွက္ကြဲၿပီးတာေတာင္ လာေတြ႕ေသးတယ္"
"အဆင္ေျပရဲ႕လား"
"ေျပပါတယ္။ တစ္အိမ္ထဲ အတူေနရမွာပဲေလ"
"အကယ္၍မ်ား..." သူက စကားစကိုရပ္လိုက္တယ္။
သူဆက္ေျပာမွာကို ငါ စိတ္ရွည္လက္ရွည္ ေစာင့္ေနခဲ့တယ္။
ဒါေပမဲ့ ငါတို႔ရဲ႕စကားေျပာေနတာေတြကို မသိတဲ့ ႐ူးဘတ္ကေတာ့ မေစာင့္ေနဘူး။ သူက ရထားလုံးရွိတဲ့ ေနရာဆီ ေရာက္လာၿပီး တံခါးလာေခါက္တယ္။
ရွားရွားပါးပါး အီေနာ့ခ်္ရဲ႕မ်က္ႏွာေပၚမွာ မႏွစ္ၿမိဳ႕သလို အၾကည့္တစ္ခ်က္ေပၚလာတယ္။
သူက မ်က္လုံးမွိတ္ၿပီး အသက္ျပင္းျပင္းတစ္ခ်က္ရႉလိုက္ၿပီးမွ စကားဆက္ေျပာတယ္။
"ဒီမွာမေနႏိုင္ရင္ နန္းေတာ္ကို အခ်ိန္မေ႐ြးလာလို႔ ရတယ္။ သတင္းစကားသာ ပါးလိုက္ပါ။ စပီးလက္ၿမိဳ႕စား"
"အရွင့္သားရဲ႕ ၾကင္နာမႈအတြက္ ေက်းဇူးတင္ပါတယ္။ ကြၽန္မမွတ္သားထားပါ့မယ္"
သူ႔ကမ္းလွမ္းမႈက အခ်ည္းႏွီးျဖစ္ႏိုင္ေပမဲ့ သူ႔စိုးရိမ္စိတ္ကေတာ့ စစ္မွန္ေနတယ္။ ငါ သူ႔ကိုေက်းဇူးတင္ၿပီး ၿပဳံးျပလိုက္တဲ့အခါ သူက သူ႔ေခါင္းကိုခါလိုက္ၿပီး ရထားလုံးတံခါးကိုဖြင့္လိုက္တယ္။
"အရွင့္သား" ႐ူးဘတ္ကေနာက္ဆုတ္ၿပီး အရွင့္သားအီေနာ့ခ်္ဘက္ ဦးၫႊတ္အ႐ိုအေသေပးလိုက္တယ္။
"မင္းအရင္ေရာက္တာပဲ"
"ဟုတ္ပါတယ္ အရွင့္သား။ ကြၽန္ေတာ့္ဇနီးကို လိုက္ပါပို႔ေဆာင္ေပးတဲ့အတြက္ ေက်းဇူးတင္ပါတယ္"
႐ူးဘတ္က 'ဇနီး' ဆိုတဲ့ေနရာကို ဖိေျပာတဲ့အခ်ိန္မွာ ငါ မထီမဲ့ျမင္အသံတစ္ခ်က္ျပဳလိုက္မိတယ္။ အဲရင္က ႏွလုံးသားမရွိဘူးဆိုေပမဲ့ ဒါက သူ႔ဂုဏ္သိကၡာကိုေတာ့ ထိခိုက္ေစမွာပဲ။
ငါအသံထြက္လိုက္မိတဲ့အခ်ိန္ ႐ူးဘတ္က ငါ့ကို မ်က္ေမွာင္ၾကဳတ္ရင္း စိတ္မရွည္သလို ေျပာလာတယ္။
"မင္းဘယ္အခ်ိန္ထိ အဲ့ဒီမွာပဲထိုင္ေနမွာလဲ။ အရွင့္သားက မင္းေၾကာင့္ ေတာ္ေတာ္ဒုကၡမ်ားခဲ့ရၿပီးၿပီ။ ျမန္ျမန္ထြက္လာေတာ့"
ဒီက်က္သေရရွိလူႀကီးမင္းက အမ်ိဳးသမီးတစ္ေယာက္ကို ဘယ္လိုေခၚေဆာင္ရမလဲ မသိဘူးနဲ႔ တူတယ္။
ငါ ဝတ္စုံေလးေလးႀကီးကို လက္တစ္ဖက္တည္းနဲ႔ သယ္ဖို႔႐ုန္းကန္ေနရေပမဲ့ ငါတို႔ရဲ႕ ဂ႐ုစိုက္တတ္တဲ့ ဒုတိယမင္းသားက လွမ္းကူေပးတယ္။
႐ူးဘတ္က ဒါကိုျမင္တဲ့အခ်ိန္မွာ တြန႔္ခနဲ ျဖစ္သြားတယ္။ နင္ကဘာျဖစ္ေနတာလဲ။
ငါ အီေနာ့ခ်္ရဲ႕လက္ကို အသာကိုင္လိုက္ရင္း ရထားလုံးေပၚက ဆင္းလိုက္တယ္။ အျပင္မွာက ေမွာင္ေနၿပီ။ ေန႔အခ်ိန္က ကုန္သြားခဲ့ၿပီ။
ငါ့ေျခေထာက္က ေျမျပင္ကိုထိထိခ်င္းပဲ ႐ူးဘတ္က ငါ့ေနာက္လက္တစ္ဖက္ကိုကိုင္ၿပီး ငါ့ကိုအီေနာ့ခ်္ အေဝးကေခၚသြားတယ္။ ငါ တစ္ခ်က္ ခလုတ္တိုက္မိသြားေပမဲ့ ထိန္းလိုက္မိလို႔ လဲမက်သြားဘူး။
အီေနာ့ခ်္က သတိထားမိလို႔ေျပာလိုက္တယ္။
"...ဒီေန႔မင္းလုပ္ခဲ့တာက မွားတယ္။ မင္းဇနီးကိုမင္း ေလးစားသမႈေလးေတာင္မေပးႏိုင္ဘူးလား။"
အဲ့ဒီပါးစပ္လွလွေလးနဲ႔ အီေနာ့ခ်္က မွန္တဲ့စကားေတြကိုပဲ ေျပာသြားတယ္။ ႐ူးဘတ္က ေရွ႕ဆက္လည္း ဒီလိုပဲလုပ္ေနမယ္ဆိုရင္ေတာ့ လြယ္မွာမဟုတ္ဘူး။
ပ်ားရည္ဆမ္းခရီးေတြ ဘာေတြ ထြက္ဖို႔ ေျပာေနတာ မဟုတ္ပါဘူး။ အနည္းဆုံး အရွက္ေတာ့ မခြဲသင့္ဘူးေပါ့။ လူျမင္ရာမွာေတာ့ ေလးေလးစားစား ဆက္ဆံသင့္တယ္ မဟုတ္ဘူးလား။
"အရွင့္သားကို ဒီလိုမ်ိဳး ျမင္ေတြ႕ေစမိတဲ့အတြက္ စိတ္မေကာင္းျဖစ္ရပါတယ္။ ကြၽန္ေတာ့္ရဲ႕ မိသားစုေရးကိုေတာ့ အရွင့္သား စိတ္ပူစရာမလိုပါဘူး"
ေမာက္မာလိုက္တဲ့လူ။ ဒါနဲ႔ သူတို႔က ရင္းႏွီးတယ္ မဟုတ္ဘူးလား။
႐ူးဘတ္က ဒီလိုပိတ္ေျပာလိုက္တာကို လ်စ္လ်ဴရႈဖို႔ ခက္ခဲတယ္။ သူကၿမိဳ႕စားႀကီးရဲ႕ဆက္ဆံသူမလို႔လား ဒါမွမဟုတ္ နဂိုကပဲေမာက္မာလို႔လားေတာ့မသိဘူး။ ဒါေပမဲ့ သူေျပာပုံက မင္းသားနဲ႔သူနဲ႔က အဆင့္တူေတြ ၾကေနတာပဲ။
အခုအခ်ိန္ ဝတၳဳထဲမွာက ဒီလူႏွစ္ေယာက္က ခိုးလီေၾကာင့္ မတည့္ၾကေတာ့တာ။
ဒါေပမဲ့ အီေနာ့ခ်္က သူဘာမွမမွားသလို ႐ူးဘတ္ရဲ႕ စကားေတြကို ျပန္တုံ႔ျပန္တယ္။
"ကလစ္ဖို႔ဒ္ၿမိဳ႕စားရဲ႕ကိစၥေတြက အျခားလူေတြရဲ႕ ကိစၥမဟုတ္ဘဲ မင္းရဲ႕ကိစၥေတြပဲလို႔ေတာ့ ငါမေျပာႏိုင္ဘူး။ မင္းေကာင္းေကာင္းလုပ္ရင္ေတာ့ ငါစိုးရိမ္စရာလိုမွာ မဟုတ္ဘူး"
"...ကြၽန္ေတာ့္စိတ္ထဲမွာ မွတ္သားထားပါ့မယ္"
ဒီလိုနဲ႔ အီေနာ့ခ်္က ႐ူးဘတ္နဲ႔ စကားစျဖတ္လိုက္ၿပီး ငါ့ဘက္ လွည့္လိုက္တယ္။ ငါ့ကို စကားေျပာလိုက္တဲ့အခ်ိန္မွာ သူ႔အမူအရာက ႏူးညံ့လာတယ္။
"ဒါဆိုရင္ ငါသြားေတာ့မယ္"
"ဒီေန႔အတြက္ တကယ္ေက်းဇူးတင္ပါတယ္၊ အရွင့္သား"
သူက ငါ့လက္ကိုေျမႇာက္လိုက္ၿပီး လက္ဖမိုးကို ခပ္ဖြဖြတစ္ခ်က္အနမ္းေပးတယ္။ ႐ူးဘတ္ ဘယ္လိုတုံ႔ျပန္လာမလဲဆိုတာ ငါသိခ်င္ေပမဲ့ သူ႔ၾကည့္ရတာ စိတ္က တစ္ေနရာေရာက္ေနသလိုပဲ။
မၾကာခင္မွာပဲ အရွင့္သားရဲ႕ရထားလုံးက ထြက္ခြာသြားၿပီး ငါလည္း ၿမိဳ႕စားႀကီးရဲ႕ အိမ္ေတာ္ေရွ႕ ရပ္ေနမိတယ္။
ငါ လႈပ္ရွားၾကည့္လိုက္ေပမဲ့ ဝတ္စုံစကို မေတာ္တဆ တက္နင္းလိုက္မိၿပီး ငါ့ကိုယ္က လဲက်သြားေတာ့မလို ျဖစ္သြားတယ္။
ငါ ထိန္းႏိုင္ေအာင္ ႀကိဳးစားရင္း ႐ူးဘတ္ရဲ႕လက္ကို လွမ္းကိုင္ဖို႔ ငါ့လက္ကို ေလထဲေျမႇာက္မိတယ္။
သူက ဂ႐ုမစိုက္သလိုဘဲ ေနေနတယ္။
ဒီမဂၤလာဝတ္စုံကိုျမင္ရတဲ့အခ်ိန္မွာ အခုအေျခအေနက ဘယ္ေလာက္ဆိုး႐ြားမွန္း ငါသေဘာေပါက္လာတယ္။
အီေနာ့ခ်္သာ အဲ့ဒီေနရာမွာမရွိခဲ့ရင္ ငါဒီအိမ္ကို ဝတ္စုံအေလးႀကီးကို ကိုင္ၿပီး ေျခဗလာနဲ႔ပဲ လာခဲ့ရေလာက္တယ္။
အဲရင္က အထက္တန္းလႊာကေပမဲ့ သူ႔ကိုကူညီေပးဖို႔ အိမ္ေဖာ္တစ္ေယာက္တစ္ေလေတာင္ မရွိဘူးလား။
"ဝင္လာခဲ့"
အိမ္ႀကီးရဲ႕သံတံခါးဝက ပြင့္လာၿပီး ငါလည္း ႐ူးဘတ္ေနာက္လိုက္သြားလိုက္တယ္။ မသက္မသာျဖစ္ေနရတဲ့ ဝတ္စုံေလးေလးႀကီးနဲ႔အတူ ၿမိဳ႕စားရာထူးနဲ႔လိုက္တဲ့ ဂုဏ္သေရရွိအထက္တန္းစားလႊာပုံေပၚေအာင္ တတ္ႏိုင္သေလာက္ႀကိဳးစားရင္း ငါအထဲကိုဝင္လိုက္တယ္။
႐ူးဘတ္က သူ႔ေနာက္ကို တစ္ခ်က္ၾကည့္တယ္။ သူက အခုထိလည္း မိန္းကေလးတစ္ေယာက္ကို ဘယ္လို လိုက္ပို႔ေပးရမလဲ မသိေသးဘူး။ ဒါမွမဟုတ္လည္း အဲရင္ကိုပဲ မေခၚခ်င္တာေနမွာေပါ့။
ဒီအိမ္က ကလစ္ဖို႔ဒ္မိသားစုရဲ႕ ၿမိဳ႕ထဲကအိမ္ျဖစ္မယ္။ အလယ္မွာ ဇိမ္ခံအိမ္ႀကီးတစ္လုံးရွိၿပီး ဘယ္ဘက္မွာေတာ့ ဗီလာလိုအိမ္ေသးတစ္လုံး ရွိတယ္။
အဲ့ဒီမွာက အေစာင့္အၾကပ္ေတြ ေတာ္ေတာ္မ်ားတယ္။
ငါ လမ္းေလွ်ာက္ရမယ့္အစား အဲ့ဒီဘက္ကို ၾကည့္လိုက္တဲ့ အခ်ိန္မွာ ႐ူးဘတ္က ျပင္းျပင္းထန္ထန္ ျပန္တုံ႔ျပန္လာတယ္။
"အဲ့ဒီဘက္ကိုသြားဖို႔ စိတ္မကူးနဲ႔"
သူဒီလိုေျပာလိုက္တဲ့အခ်ိန္ ငါပိုသိခ်င္လာတယ္။ အစက ငါသိပ္အာ႐ုံမထားခဲ့မိဘူး။ ငါ ဒီအပိုင္းကိုလည္း မွတ္မိတယ္။
ဝတၳဳထဲမွာ ခိုးလီက ေမ့ေျမာသြားေတာ့ အရွင့္သားက သယ္သြားေပးတယ္။ ဒါေပမဲ့ ေနာက္ဆုံးမွာေတာ့ ႐ူးဘတ္က ျပန္ေခၚလာတယ္။ သူက ခိုးလီကို ခိုးေၾကာင္ခိုးဝွက္နဲ႔ စံအိမ္အျပင္ဘက္က အိမ္ေသးေလးကို ေခၚလာခဲ့တယ္။ သူ႔ေဘးနားမွာထားၿပီး တိတ္တဆိတ္ ဂ႐ုစိုက္ေပးခ်င္လို႔ေပါ့။
အာ၊ ဒီလိုလား။
ဒါေပမဲ့ ခိုးေၾကာင္ခိုးဝွက္လို႔ေတာင္ ေျပာလို႔ရလို႔လား။ ဒီေလာက္လူေတြအမ်ားႀကီးက အဲ့ဒီအိမ္ကို ေစာင့္ေနတာေလ။
ငါ ရယ္ပဲရယ္ႏိုင္ေတာ့တယ္။
အေျခအေနက ဒီလိုသာဆက္ျဖစ္ရင္ ဝတၳဳထဲက မူရင္းဇာတ္ေၾကာင္းအတိုင္း ဆက္သြားမွာလား။
စိတ္ေလးေလးနဲ႔ပဲ ငါ႐ူးဘတ္ေနာက္ကို ဆက္လိုက္ခဲ့ရတယ္။
မင္းသားကိုပို႔ေဆာင္ေပးတဲ့ ရထားလုံးကလည္း သိပ္မၾကာခင္မွာပဲ ရပ္တန႔္သြားတယ္။
အီေနာ့ခ်္က အဲရင္နဲ႔အတူရွိေနတဲ့အခ်ိန္နဲ႔ ကြာျခားလွတယ္။ သူ႔ရဲ႕ ႏူးညံ့ခ်ိဳသာတဲ့ပုံစံက ေပ်ာက္ကြယ္သြားၿပီး ေႏြးေထြးမႈမရွိတဲ့ မ်က္ႏွာထားတင္းတင္းနဲ႔ ကန႔္လန႔္ကာကို မလိုက္တယ္။
အဲ့ဒီေနာက္မွာေတာ့ ဝတ္စုံနက္ဝတ္ထားတဲ့လူေတြက ေပၚလာၾကၿပီး သူ႔ကိုတိတ္ဆိတ္စြာပဲ ဦးၫႊတ္အ႐ိုအေသေပးၾကတယ္။
အေစာင့္အၾကပ္ေတြကလည္း သူတို႔ကိုသိသလို မတားၾကဘူး။
အီေနာ့ခ်္က သူတို႔ကို တစ္ခ်က္ၾကည့္လိုက္တဲ့အခါမွာ သူတို႔က ေပၚလာတဲ့အခ်ိန္လိုပဲ အသံတစ္ခ်က္မေပးဘဲ ျပန္ေပ်ာက္သြားေတာ့တယ္။
ဝတ္စုံနက္နဲ႔လူေတြက သူအဲရင္ကိုခ်ေပးခဲ့တဲ့ ကလစ္ဖို႔ဒ္စံအိမ္ဘက္သြားရင္း ေပ်ာက္သြားၾကတယ္။
အဲ့ဒီအခ်ိန္မွာ သူ႔မ်က္ႏွာမွာ အၿပဳံးေသးေသးတစ္ခု ေပၚလာခဲ့တယ္။
"...လူေကာင္းတစ္ေယာက္လား။ အင္း"
သူရထားလုံးတံခါးကို ေခါက္လိုက္တဲ့အခ်ိန္မွာ သူတို႔လည္း ျပန္ထြက္ခြာၾကတယ္။ ရထားလုံးက အသံတစ္ခ်က္ေတာင္ မထြက္ဘဲ ေခ်ာေခ်ာေမြ႕ေမြ႕ ထြက္ခြာသြားေတာ့တယ္။
**********
SWARA WEBNOVEL TRANSLATION
ဒီဝတၳဳေလးကို StoryGlory Website မွာ You Can Keep The Male Lead ဆိုတဲ့ နာမည္နဲ႔ ႐ိုက္ရွာၿပီး Chapter 52 အထိ ဖတ္လို႔ရၿပီေနာ္။