𝐁𝐥𝐨𝐨𝐝𝐲 𝐋𝐨𝐯𝐞(သွေးစွန...

By Royal_Ling

45.7K 1.5K 73

(ကြမ်းတမ်းသည့် စကားလုံးများ ပါသည့်အတွက် စာဖတ်သူ၏ သဘောထားအပေါ် မူတည်ပါသည်🔞) ဖခင်ကို မုန်းတီးနေကြတဲ့ အမွှာမောင... More

Bloody Love - Intro
Bloody Love- Part 2🖤
Bloody Love- 3🚨
Sorry My loves
Bloody Love- Part 4🖤
Bloody Love Part-5🖤
Bloody Love Part- 6🖤
Bloody Love Part- 7🖤
Bloody Love Part- 8🖤
Update for fic📚
Bloody Love Part- 9🖤
Bloody Love Part- 10
Bloody Love part- 11🖤
Bloody love part-12🖤
Bloody Love part- 13🖤
Bloody Love part- 14🖤
Bloody Love part-15🖤
Bloody Love part- 16🖤
Bloody Love part-17🖤
Bloody Love part- 18🖤
Bloody Love part- 19🖤
Bloody Love part- 20🖤
Bloody Love part- 21🚨
Bloody Love part- 22🚨
Bloody Love part- 23🖤
Bloody Love part- 24🖤
Bloody Love part- 25🖤
Bloody Love part- 26🖤
Bloody Love part- 27🖤
Bloody Love part- 28🚨
Bloody Love part- 29🚨
Bloody Love part- 30🖤
Bloody Love part- 31🖤
Bloody Love part- 32🖤
Bloody Love part- 33🖤
Bloody Love part- 34🖤
Bloody Love part- 35🖤
A/N🙏
Bloody Love part- 36🖤
Bloody Love part- 37🖤
Bloody Love part- 38🖤
Bloody Love part- 39🖤
Bloody Love part- 40♥
Bloody Love part- 41🖤
Bloody Love part- 42🚨
Short Story For My Readers💐
Bloody Love part- 43🖤
Bloody Love part- 44🖤
Bloody Love part- 45🖤
Bloody Love part- 46🚨
Bloody Love part- 47🚨
Bloody Love part- 48🖤
Bloody Love part- 49🖤
Bloody Love part- 51🖤
Bloody Love part- 50🖤
Bloody Love part- 52🖤
Bloody Love part- 53🖤
Bloody Love part- 54🖤
Bloody Love part- 55🖤
Bloody Love Part-56🖤
Bloody Love part- 57🖤
Bloody Love part- 58🖤
Come Come👐❤
Bloody Love part- 59🖤
အမှာစာ
Bloody Love part- 60🖤
Bloody Love part- 61🖤
Bloody Love part- 62🖤
Bloody Love part- 63🖤
Bloody Love part- 64🖤
Bloody Love part- 65🖤
Christmes Speical🎄⛄
Bloody Love part-66🖤
For Update🖤
Bloody Love part- 67🖤
Bloody Love Part- 68🖤
Intro for next parts🖤
Attention My Loves!!

Bloody Love- Part 1🖤

2.4K 41 1
By Royal_Ling

မေလ ၁၅ရက် (စနေနေ့)
မနက် ၉နာရီ

မန္တလေးမြို့ရဲ့ အကြီးဆုံး ဆေးရုံတစ်ခုမှာ မိန်းမတယောက် အသက်လုကာ မီးဖွားနေလေသည်........

"ကတ်ကြေး........ဆေးအပ်ပေး........"

ဆရာဝန်တွေဟာလည်း ချွေးတရွဲရွဲနှင့် သူတို့အလုပ်ကိုလုပ်ဆောင်နေကြသည်.......

*အူငဲ အူငဲ~~*

ကလေးငယ်ရဲ့ ငိုသံဟာ တခန်းလုံးကို ပြန့်နှံ့သွားလေသည်.......

ထိုအချိန်.......

"ဆရာ ကလေးက အမွှာဗျ!!"

"ဘယ်လို......"

"ဟုတ်တယ် ဆရာ......."

"ဒါပေမယ့် သူမရောဂါသည်.......အင်း ငါတို့တာဝန်ကို အတက်နိုင်ဆုံး အောင်မြင်အောက်လုပ်ကြတာပေါ့......."

ဆရာဝန်တွေလည်း လက်မလျော့ဘဲ သူတို့တာဝန်ကို ပြီးမြောက်အောင်လုပ်ဆောင်ကြလေသည်.......

ခွဲစိတ်ခန်းရဲ့ အပြင်ဘက်မှာတော့........

အသက်ကြီးကြီး မိန်းမကြီးတစ်ယောက်နဲ့ အသက် ၃၀အရွယ် ယောက်ျားသားနှစ်ဉီးဟာ လူနာစောင့် ခုံမှာ ထိုင်ကာစောင့်နေတယ်........

ယောက်ျားနှစ်ယောက်ထဲက တစ်ယောက်ကတော့ စိတ်ပူနေဟန်ဖြစ်ပြီး ကျန်တယောက်ကတော့ သူ့ဘာသာအေးဆေးနေနေသည်........

"အံ့ဘုန်းမာန်!!"

မိန်းမကြီးရဲ့ အသံဟာ တအားကြီးမကျယ်ပေမယ့် သူ့ဘေးနားက သားဖြစ်သူကတော့ မျက်မှောင်ကျုံ့လိုက်တယ်.......

"ဘာလဲ အမေရာ"

"ဘာကို ဘာလဲ......ဟမ်......ခွဲခန်းထဲမှာက နင့်မိန်းမဟဲ့......အဲ့ဟာကို နင်ကဘာသဘောလဲ......နည်း"လေးတောင် မစိုးရိမ်ဘူးလားဟမ်......."

"ဟာ...... အမေက ဘာတွေဇယားရှုပ်နေတာလဲ.......သူ့ဘာသာမွေးတာ ကျနော်နဲ့ ဘာဆိုင်လဲ....... "

"နင်က သူ့ရဲ့ လင်ယောက်ျားလေ.......ကိုယ့်မိန်းမကို စိတ်ပူရတယ်ဟဲ့......."

"မပူပါဘူး....... အဲ့ကလေးက ကျနော့်ကလေး ဟုတ်ရင်မှ ဟုတ်မှာ!!......"

အံကြိတ်ရင်း မျက်နှာချင်းဆိုင်က ယောက်ျားကို ဒေါသမျက်လုံးတေနဲ့ ကြည့်ရင်းပြောလိုက်တယ်.......

တဖက်က လူကတော့ ဘာမှပြန်မပြောဘဲ အသာလေး ငြိမ်နေလိုက်တယ်........

..................…................
၃နာရီကြာပြီးနောက်

ခွဲခန်းထဲကနေ သူနာပြုတစ်ယောက် ထွက်လာကာ.........

"ကလေးရဲ့ ဖခင်........"

"........."

ဘယ်လောက်ဘဲ မေးပါစေ ဉီးအံ့ဘုန်းမာန်ဟာ လုံးဝမထ.......

"ဟို......ကလေးအဖေက သူပါဗျ......"

မျက်နှာချင်းဆိုင်ခုံက ထွဋ်ရဲရင့်ဟာ လှမ်းပြောလိုက်တယ်......

"သြော်...... အဲ့ဒါဆို ဒီမှာလက်မှတ်ထိုးပေးမှာ........"

စိတ်မရှည်စွာနဲ့ဘဲ လက်မှတ်ကို ထိုးပေးလိုက်တယ်.........

ထို့နောက် သူနာပြုက......

"ဂုဏ်ယူပါတယ်ရှင်.......အမွှာကလေး မွေးပါတယ်ရှင့်.......မိခင်ရော ကလေးတွေပါ ကျန်းမာပါတယ်......ခဏနေ တွေ့လို့ရပါပီရှင့်......."

သူနာပြောပြီး နောက်မှာတော့ အကုန်လုံးပျော်နေပေမယ့်.......

"မွေးပီးပီမလား...... အဲ့တာဆို ကျနော်ပြန်တော့မယ်........"

အံ့ဘုန်းမာန်စကားကြောင့် ထွဋ်ရဲရင့် စိတ်တိုသွားလေပြီ သူထိန်းထားခဲ့တဲ့ ဒေါသတွေဟာ အခုချိန်မှာ ပေါက်ကွဲလေပြီ........

"မင်းစကားက ဘာလဲအံ့ဘုန်းမာန်......ဒါက မင်းမိန်းမနော်......ဘာလို့အဲ့လောက် အကြင်တရား ကင်းမဲ့နေရတာလဲ အံ့ဘုန်းမာန်........."

"အဟက်!!"

အံ့ဘုန်းမာန် တစ်ချက်ရယ်ပြီး......

"အဲ့တာက ငါ့ကလေးမှ မဟုတ်တာ......!!"

စကားတွေအချေအတင်ဖြစ်နေတာကြောင့် သူနာပြုမလေးကဘဲ.......

"ရှင်တို့တွေ ဆေးရုံမှာ ရန်ဖြစ်လို့မရပါဘူး...... ဒီမှာ လူနာတွေရှိတယ်ဆိုတာ သိကြပါ......"

ဘာမှပြန်မပြောဘဲ အံ့ဘုန်းမာန်တစ်ယောက် လှည့်ထွက်သွားတော့တယ်......

"ဟင်းးးးးး"

ထွဋ်ရဲရင့် သက်ပြင်းသာချလိုက်ပီး သူနာပြုမလေးကိုတောင်းပန်လိုက်တယ်.......

ထို့နောက် လူနာနားနေခန်းကို သွားပြီး ဟန်နီနွယ် သွားတွေ့လိုက်တယ်........

ဟန်နီနွယ်ဆိုတာဟာ တခြားသူမဟုတ်ပါ ထွဋ်ရဲရင့် ငယ်စဉ်ကတည်းက ကြိတ်ကြိုက်နေရတဲ့ လှပတဲ့ Omegaလေးသာ........

သူဘက်က အကြိမ်ကြိမ်ဖွင့်ပြောပေမယ့် ဟန်နီနွယ်ကတော့ အံ့ဘုန်းမာန် ဆိုတဲ့သူကိုသာ လက်ခံခဲ့လေတယ်.........

___________________

အခန်းထဲမှာတော့ ဟန်နီ​တယောက် သူ့ရဲ့ကလေးလေးတွေကိုကြည့်ရင်း ပီတိဖြာနေလေရဲ့.......

"ဟန်နီ......."

"သြော် ကိုထွဋ်......."

နူးညံ့တဲ့ အပြုံးလေးနဲ့ ပြန်ပီးနှုတ်ဆက်ကာ......

"ကိုထွဋ် ကြည့်ပါဉီး ဒါက ဟန်နီနဲ့ ကိုမာန်ရဲ့ ကလေးလေးတွေ......."

ပျော်ရွှင်နေတဲ့ သူမကိုကြည့်ရင်း ထွဋ်ရဲရင့်တစ်ယောက် သူကိုယ်တိုင်လဲ ပျော်မိတယ်......

"ဟုတ်တယ် ချစ်စရာလေးတွေ......"

"ကိုထွဋ် ကိုမာန်ရောဟင်......."

အနည်းငယ် ဝမ်းနည်းနေတဲ့ အသံလေးနဲ့ မေးလာတဲ့ ဟန်နီကို......

"သူ​ အလုပ်ကိစ္စပေါ်လာလို့ ပြန်သွားပြီ...... ဒါမယ့် ကလေးတွေကို သူမြင်လိုက်ပါတယ်......."

"အင်းပါ....."

နာကျင်နေတဲ့ အပြုံးလေးနဲ့သာ ပြန်တုန့်ပြန်ခဲ့တယ်......

အိမ်ထောင်သက်တမ်း တစ်လျှောက်လုံးမှာလဲ အံ့ဘုန်းမာန်ဘက်က လုံးဝမချစ်ခဲ့ ၊ သို့ပေမယ့် ဟန်နီနွယ်ကတော့ ဇနီးမယားတာဝန်တွေ ကျေပွန်ခဲ့တယ်.......

သူ့ကိုမချစ်မှန်းသိပေမယ့်လည်းပေါ့.......

ဒါတွေကိုသိတဲ့ ထွဋ်ရဲရင့်က စကားလမ်းကြောင်းလွဲကာ........

"ဒါနဲ့ ကလေးတွေကို နာမည်ဘယ်လို ပေးမလဲ......."

ပြောကာမှ စဉ်းစားနေတဲ့ပုံစံနဲ့.......

"သူ့အဖေနာမည်နဲ့ ဟန်နီနာမည်ရော ပါရမယ်နော်......."

ခေါင်းလေးညိမ့်က ထောက်ခံလေတယ်......ထို့နောက်.....

"သိပြီ!!"

"ဘယ်လိုလဲ...... "

"အံ့ထွဋ်မင်းနွယ် နဲ့ အံ့ကလျာနွယ်......... "

______________________________
.
.
.
.
.
.
.
.
တခါမှ ဒီလိုပုံစံမရေး​ဘူးဘူး အမှားပါရင် ခွေးလွှတ်ပါ Omega နဲ့ Alpha တွေနဲ့ ပတ်သက်နေမှာပါဗျ......

မုန်တိုင်းကတော့ ရှယ်ပါမှာပါ😗

Voteနဲ့ feedbackလေး ပေးကြပါ😣

#Jeon

Continue Reading

You'll Also Like

29.1K 248 17
Valentines special that was never released.
2.5M 182K 57
Marriage Life လေးကို ပုံဖော်ထားပါတယ်။ သွေးထက်သံယိုဖြစ်ခြင်းများအနည်းငယ်ပါနိုင်ပါသည်။ စိတ်ကူးယဉ်ဇာတ်လမ်းတစ်ပုဒ်ဖန်တီးထားတာဖြစ်တဲ့အတွက် လက်တွေ့နဲ့ မသက...
27.9K 357 15
အချစ် ရေးမပါပါဘူး အိမ်တွင်းအကြမ်းဖက်မှုတွေပဲရေးမှာပါ အချစ်ရေးမပါပေမယ့် အများကြီး ကြိုးစားပြီးရေးမှာမို့လို့ ဖတ်ပေးကြပါနော် ❤
106K 16K 62
How Is it to have Found Love in Childhood Right ! A dream come true for many, Your soulmate is none other than your best friend from years Ever thoug...