(Unicode)
မှန်က တခစ်ခစ်ရယ်လိုက်လေသည်: "ကျွန်တော်က ကံကောင်းလို့ ဖြစ်မယ်ထင်တယ်။ ကျွန်တော့်ကို ဒီလိုကိုယ်ထည်မျိုးလုပ်ပေးတဲ့အတွက် ဆရာကြီးကို အရမ်းကျေးဇူးတင်တယ်။ ကျွန်တော့်မှာ လက်တွေခြေထောက်တွေ ရှိသွားတော့ အဖွဲ့သားတွေအတွက် နည်းနည်းပဲဖြစ်ဖြစ် ကူညီပေးလို့ရသွားတာပေါ့"
"နည်းနည်းလောက်ပဲ မဟုတ်ပါဘူး" ဘေးတွင်ရှိသော ရှင်ယဲ့က အချိန်ကိုက်ဆိုလိုက်လေ၏။ "မင်းသာမရှိရင် ငါတို့ အခု ရှုံးနှင့်နေပြီ"
ဗဟိုချက်ကြိုးကြောင့်တင် ရှုံးနိမ့်မည်မဟုတ်ဘဲ၊ ရန်ဒီ၏ စကားလုံးများအောက်မှာ ကျရှုံးသွားတော့မှာဖြစ်သည်။
စိတ်ပျက်လက်ပျက်ဖြစ်နေသည့် ကွမ်းလင်ကလည်း ကံကြမ္မာဆန့်ကျင်ကစားသူအားလုံးကို မုန်းသွားတော့မှာဖြစ်သလို၊ သူတို့နှင့်လည်း အဖွဲ့ဖွဲ့နိုင်တော့မည် မဟုတ်ချေ။ ချောင်ချန့်ကလည်း ငန်းသွင်သလင်းကျောက်ကို ကောက်ယူသိမ်းထားဖို့ သတ္တိရှိတော့မှာ မဟုတ်ဘဲ၊ ရှင်ယဲ့ ကိုယ်တိုင်မှာလည်း ညီဖြစ်သူ၏ အကူအညီတောင်းဆိုသည့် အချက်ပြစကားကို သတိမမူမိလိုက်သည့်အတွက် ယူကျုံံးမရစွာ စိတ်ထိခိုက်နေလောက်မှာဖြစ်သည်။
ထိုကဲ့သို့ အလဲလဲအပြိုပြိုဖြစ်နေသည့်အဖွဲ့ကို ကယ်တင်ပေးခဲ့သူမှာ လုမင်းဇယ်သာဖြစ်ပြီး၊ သူတို့ကိုလည််း ပိုမိုစည်းလုံးလာအောင် လုပ်ပေးခဲ့သေးလေသည်။
ဒါကို ဘယ်လိုလုပ်ပြီး နည်းနည်းပဲ ကူညီပေးတယ်လို့ ပြောနိုင်မှာလဲ?
MVP ကို ရွေးရလျှင်၊ မှန််သာလျှင် ဖြစ်ပေလိမ့်မည်။
[ MVP - most valuable player]
ဆရာကြီးဘန်းနဒစ်ကိုယ်တိုင် ဖန်တီးပြီး စွန့်ပစ်ခဲ့သော ကျရှုံးပစ္စည်းက သူ့ကို ထိန်းချုပ်နိုင်မည့် တစ်ခုတည်းသော နည်းလမ််းဖြစ်လာခဲ့လေသည်။
သုံးနာရီကြာပြီးနောက်၊ သုံးယောက်သားမှာ ရုပ်သေးမြို့တော်သို့ ရောက်ရှိခဲ့ကြသည်။ ထိုအချိန် ထိတ်လန့်စရာ မြင်ကွင်းတစ်ခုကို တွေ့လိုက်ရလေတော့၏။
ရုပ်သေးမြို့တော်၏ နံရံများအားလုံးမှာ ပြိုကျပျက်စီးနေခဲ့သည်။ မီးခြစ်ဆံရုပ်သေးရုပ်လေးတစ်ရုပ်မှာ အပျက်အစီးများကြား၌ ရပ်လျက်ရှိနေလေ၏။ တပ်သားတစ်စုမှာ မီးခြစ်ဆံရုပ်သေးရုပ်အား သေနတ်များဖြင့် ချိန််ထားကြပြီး၊ ကွမ်းလင်မှာတော့ သူမ၏ ဘေး၌ရှိနေကာ 'မွဲပြာကျမိသားစု' မူလစွမ်းရည်ကို အသုံးပြု၍ ရုန်းကန်လျက် ကူညီပေးနေလေ၏။
ရှင်ယဲ့တို့အဖွဲ့ရောက်လာသည်ကို မြင်သည့်အခါ၊ ကွမ်းလင်က ကျယ်လောင်စွာ အော်ပြောလိုက်လေသည်: "ဘော့စ်၊ ကယ်ပါဦး။ မြို့ပိုင်က ငါတို့ရဲ့ စကားကို မယုံဘူး။ ချောင်ချန့်က အကြမ်းပတမ်းနဲ့ မြို့နံရံကို ဖြိုချလိုက်တယ်။ ငါ့ရဲ့ မူလစွမ်းရည်ကလည်း အချိန် တစ်မိနစ်ပဲ ကျန်တော့တာ!"
ရှင်ယဲ့: "....."
ချောင်ချန့် အကွက်တွေက လှနေပြီပင်။
ချောင်ချန့်ခန္ဓာကိုယ်နှင့်တော့ အဲ့လောက် ခွန်အားကြီးမည်မဟုတ်ပေ။ 'ပြောင်မြောက်သောလက်သီး' ကို အသုံံးပြု၍ ရုပ်သေးမြို့တော်၏ နံရံများကို အလုံးစုံ ဖြိုဖျက်လိုက်သည်သာ ဖြစ်နိုင်လေသည်။ တိုက်ခိုက်မှုမှာ အမှန်တကယ် ကြမ်းတမ်းလှသည်။
"ဘန်းနဒစ်ပဲ!" အရပ်မြင့်မြင့် တပ်သားတစ်ယောက်က ရုတ်တရက် အော်ပြောလာလေ၏။ "သူတို့ ကားပေါ်မှာ တင်လာတဲ့ သူက ဆရာကြီးဘန်းနဒစ်ပဲ!"
"ဘာ? ဆရာကြီး? တကယ် ဆရာကြီးလား?"
"ဆရာကြီးက ရုပ်သေးမြို့တော်ကနေ ထွက်သွားတာ နှစ် ၃၀လောက်ရှိပြီ မဟုတ်ဘူးလား?"
"ငါကြားတာတော့ ဆရာကြီးက ငါတို့ကို စိတ်ပျက်သွားလို့၊ ရုပ်သေးမြို့တော်ကို စွန့်ပစ်သွားတာဆို"
"မြို့ပိုင်ပြောတာကတော့၊ အဲ့တုန်းက ရုပ်သေးမြို့တော်ရဲ့ အခြေအနေတွေက အရမ်းပရမ်းပတာဖြစ်နေတော့ နေရာတိုင်းမှာ သူခိုးတွေ ဓားပြတွေချည်းပဲတဲ့။ ဆရာကြီးဘန်းနဒစ်က သခင်လေးအတွက် ပြင်ပေးထားတဲ့ ရုပ်သေးရုပ်ရဲ့ ခြေထောက်ကို တစ်ယောက်ယောက်က ကျိုးအောင်လုပ်မိလိုက်တယ်တဲ့။ အဲ့ဒီကိစ္စကြောင့် ဆရာကြီးက လုံးဝစိတ်ကုန်သွားပြီး၊ ရုပ်သေးမြို့တော်ကနေ ထွက်သွားတာလို့ ပြောတာပဲ"
"မြို့ပိုင်ကတော့ အဲ့ဒီဖောက်ထွင်းဝင်တဲ့ ရုပ်သေးရုပ်ကို ရှင်းပစ်ပြီးသွားပြီ။ ဉပဒေတွေလည်း ထုတ်ပြီး၊ ငါတို့ကို တပ်သားအဖြစ်ခန့်ပြီးတော့၊ ရုပ်သေးမြို့တော်တစ်ခုလုံးကို ကာကွယ်ပေးထားတာ""
"ဒါဆို ငါတို့က ပိုလိမ္မာလာလို့၊ ဆရာကြီးက ပြန်လာတာလား?"
"ဆရာကြီးက တကယ် ငါတို့ကို ခွင့်လွှတ်လိုက်ပြီလား? ငါ တစ်လျှောက်လုံး ဆရာကြီးကို သတိရနေခဲ့တာ။ ငါ့ကို ပထမဆုံးဖန်တီးခဲ့တဲ့အချိန်ကို မှတ်မိနေသေးတယ်။ ဆရာကြီးက ကျွမ်းကျင်တဲ့လက်တွေနဲ့ ငါ့ကို နောက်ဆုံးဝက်အူကျပ်ပေးခဲ့တာ။ အခု နောက်ဆုံးကျပ်ပေးလိုက်တဲ့ ဝက်အူက ချောင်နေပြီ။ ဦးနစ်ခ်က ငါ့ကို လဲခိုင်းပေမဲ့ ငါက အမြဲတမ်း လဲရမှာ တွန့်ဆုတ်နေတာ။ ဆရာကြီးနောက်ဆုံးထိတွေ့ခဲ့တဲ့ ဝက်အူမလို့လေ"
"မြို့ပိုင်က ငါတို့ကို မြို့ပြင်ထွက်ခိုင်းပြီး ဆရာကြီးကို ရှာခိုင်းတာက၊ သူ့ကို ပြန်ခေါ်လာချင်လို့တဲ့လား?"
"ဆရာကြီး၊ ဆရာကြီး!"
တပ်သားများက တစ်ယောက်ပြီးတစ်ယောက် လက်နက်များကို ချလိုက်ကြပြီး၊ အချို့မှာ ဆရာကြီးဘန်းနဒစ်ကိုတောင် လက်များဝှေ့ယမ်းပြလိုက်ကြသေးသည်။
မြို့ပိုင်က အော်ပြောလိုက်လေ၏: "အားလုံး သတိလက်လွတ်မဖြစ်ကြနဲ့၊ ဆရာကြီးက ငါတို့ကို သတ်လိမ့်မယ်!"
"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ ဒါဆရာကြီးလေ!" ရုပ်သေးရုပ်တစ်ရုပ်က မြို့ပိုင်ကို ပြောလိုက်လေသည်။ "ဆရာကြီးက သူ့လက်နဲ့ကိုယ်တိုင် ငါတို့ကို ဖန်တီးခဲ့တာလေ။ ဘယ်လိုလုပ်ပြီး ငါတို့ကို သတ်မှာတုန်း?"
ဘန်းနဒစ်က ရုပ်သေးမြို့တော်ကို ဖျက်စီးပစ်ချင်နေသည့်အကြောင်းကို ရုပ်သေးရုပ်အနည်းစုသာ သိကြလေသည်။ မြို့ပိုင်၏ ထိန်းကွပ်မှုအောက်တွင်ရှိနေကြသော ကျန်ရှိသည့် ရုပ်သေးရုပ်အများစုမှာတော့၊ ဆရာကြီးက သူတို့အပေါ် စိတ်ပျက်သွားရုံသာဖြစ်ပြီး၊ သူတို့သာ ရုပ်သေးရုပ်ကောင်းများဖြစ်လာကြလျှင်၊ ဆရာကြီးက တစ်နေ့မှာ ပြန်လာလိမ့်မည်ဟု ယုံကြည်နေခဲ့ကြခြင်းပင်ဖြစ်သည်။
ရုပ်သေးရုပ်များ၏ အကြားအာရုံက လူသားများနှင့် မတူချေ။ ခပ်လှမ်းလှမ်းမှာရှိနေရင်တောင်၊ ရှင်ယဲ့တို့အုပ်စုက တပ်သားများ၏ စကားကို ကြားနိုင်လေသည်။
မှန်က ဘန်းနဒစ်ကို ပြောလိုက်လေ၏: "ဆရာကြီး ကြားတယ်မလား။ ခင်ဗျားကိုသတ်ချင်တဲ့ ရုပ်သေးရုပ်တစ်ရုပ်မှမရှိဘူး။ ဒီအချိန် မြို့ပိုင်က အမိန့်ပေးရင်တောင် သူတို့ ခင်ဗျားကို ထိခိုက်အောင်လုပ်ကြမှာမဟုတ်ဘူး"
ကွမ်းလင်က တပ်သားများ၏ စကားကို ကြားသည့်အခါ ဉာဏ်အလင်းပွင့်သွားလေသည်။ သူက လောင်းကစားသမားတစ်ယောက်၏ အကြံဉာဏ်ဖြင့် ခုခံမှုကို လုံးဝ လက်လျှော့လိုက်ကာ၊ မတ်တပ်ရပ်၍ တပ်သားများအား အော်ပြောလိုက်သည်: "ငါက ဦးနစ်ခ်ရဲ့သား ရှောင်နစ်ခ်ပဲ။ ငါ့အဖေက ငါနဲ့ ငါ့မိတ်ဆွေတွေကို ဆရာကြီးကို အိမ်ပြန်ခေါ်လာဖို့ ခိုင်းထားတာ။ အခု ဆရာကြီး ပြန်လာပြီ။ အားလုံး အမြန်ဖယ်လမ်းရှင်းကြပြီး၊ ဆရာကြီးကို ကြိုဖို့ တန်းစီဖို့ လုပ်ရတော့မှာ မဟုတ်ဘူးလား?"
သူ မြို့နံရံများကို ဖျက်စီးသည့်အကြောင်းကိုတော့ ထည့်မပြောသွားခဲ့ချေ။ ဘာပဲဖြစ်ဖြစ် အခု အဲ့လောက်ထိ ဂရုစိုက်စရာလိုတော့သည် မဟုတ်ချေ။
တပ်သားများ၏ စိတ်ခံစားချက်များမှာ ဆရာကြီးဘန်းနဒစ်၏ အိမ်အပြန်လမ်းကြောင့် နိုးကြွလာခဲ့လေသည်။ သူတို့က တစ်လျှောက်လုံး သူတို့ အမှားတစ်ခုခုလုပ်ခဲ့သည်ကြောင့်၊ ဆရာကြီးက ရုပ်သေးမြို့တော်ကို စွန့်ခွါသွားသည်ဟုသာ ထင်နေခဲ့ခြင်းဖြစ်သည်။ ယခု ဆရာကြီးက ပြန်လာခဲ့သည်မှာ သူတို့က ကောင်းကောင်းလုပ်နိုင်ခဲ့သည့်အတွက်၊ ဆရာကြီးက အကုန်လုံးကို ခွင့်လွှတ်လိုက်သည်ဟု ဆိုလိုနေခြင်းပင်!
ဆရာကြီး၏ ရှေ့မှာ သူတို့က လိမ္မာယဉ်ကျေးသည့်အကြောင်းကို ပြသဖို့ရာအတွက်၊ တပ်သားများက အလျင်အမြန် လမ်းရှင်းဖို့ စတင်ပြင််ဆင်ကြလေတော့သည်။ ရှင်ယဲ့က အားလုံး ကြိုးစားပမ်းစားလုပ်နေကြသည်ကို မြင်သည့်အခါ၊ ကားအား အရှိန်ရှော့ပေးလိုက်လေ၏။
မှန်မှာ အချိန်အခါသင့်ဆိုလိုက်သည်: "သူတို့အကုန်လုံး ခင်ဗျားကို ချစ်ကြတယ်။ ခင်ဗျားက သူတို့ကို သတ်ဖို့ ဆန္ဒရှိသေးတယ်လား?"
ဘန်းနဒစ်က စကားမဟခဲ့ချေ။
ရှင်ယဲ့ မြို့တော်ထဲသို့ ဖြည်းဖြည်းချင်း မောင်းဝင်သွားလိုက်သည်။ လမ်း၏တစ်ဖက်တစ်ချက်၌ သတင်းကြားသဖြင့်ရောက်ရှိလာသော ရုပ်သေးရုပ်များဖြင့် ပြည့်နှက်နေလေသည်။ သူတို့က ကားရှိရာသို့ တိုးဝင်လာကြပြီး၊ လက်များကို ဝှေ့ယမ်းလျက် ဆရာကြီး' ဟု အော်ခေါ်နေခဲ့ကြသည်။
ကွမ်းလင်နှင့် ချောင်ချန့်တို့လည်း ရုပ်သေးရုပ်အုပ်ကြားထဲမှ တိုးထွက်လာကြပြီး၊ ကားပေါ်သို့ ခုန်တက်ခဲ့ကြသည်။ ရုပ်သေးရုပ်များ လမ်းမပိတ်နိုင်စေရန်၊ ကွမ်းလင်က အော်ပြောလိုက်လေ၏: "တပ်သားတို့၊ ဆရာကြီးက သခင်လေးရဲ့ နှလုံးကို ယူပြီး ပြန်လာပြီ။ သူ သခင်လေးအတွက် နှလုံးထည့်ပေးလိမ့်မယ်။ အားလုံး အစီစဉ်တကျ တန်းစီကြပါ။ လမ်းပိတ်မရပ်ကြပါနဲ့၊ ဆရာကြီး သခင်လေးကို တွေ့မယ့်လမ်းကို မပိတ်ကြပါနဲ့!"
ရုပ်သေးရုပ်များကြားမှ တီးတိုးစကားသံများ စတင်ထွက်ပေါ်လာခဲ့လေ၏။
"သခင်လေးက ရုပ်သေးမြို့တော်ထဲမှာပဲ ရှိနေတာလား? ငါက ဆရာကြီးက သူ့ကိုပါ တစ်ခါတည်းခေါ်သွားတယ်ထင်နေတာ"
"ဘယ်လိုလုပ် ခေါ်သွားမှာလဲ? ဆရာကြီးက ရုပ်သေးမြို့တော်ကို ဆောက်ခဲ့တဲ့ ရည်ရွယ်ချက်က သခင်လေးကို ဒီမှာ နေခိုင်းဖို့ပဲလေ။ ငါတို့က စိတ်ပျက်စရာ ကောင်းလွန်းလို့သာ"
"ဒါဆို ဆရာကြီးက သခင််လေးကို ခေါ်မသွားတာက၊ ငါတို့ကို သဘောကျနေသေးတယ်ဆိုတဲ့ သဘောပေါ့?"
"ဆရာကြီးက ငါတို့ကို လုံးဝ မလိုလားတော့ဘူးလို့ပဲ ထင်ခဲ့တာ။ ဆရာကြီးထွက်သွားတဲ့ အချိန်တုန်းကဆိုရင်၊ ငါ ရက်အကြာကြီး ထိုင်ငိုနေခဲ့တာ"
"သေချင််းဆိုး၊ လိမ်မနေစမ်းနဲ့။ မင်းမှာ ဘယ်နားက မျက်ရည်ရှိလို့လဲ။ ဆရာကြီးရှေ့မှာ လိမ်ပြောခွင့်မရှိဘူး!"
ထိုစကားအလုံးစုံမှာ ဘန်းနဒစ်၏ နားထဲသို့ ရောက်ရှိသွားခဲ့လေသည်။ ရုပ်သေးရုပ်များက ကိုယ့်အသိစိတ်ဓာတ်နဲ့ကိုယ် လမ်းဖယ်ပေးနေကြသည်ကို မြင်သည့်အခါ၊ ဘန်းနဒစ်က စကားတစ်ခွန်းမှမပြောဘဲ မြို့ပိုင်ကိုသာ ခပ်မာမာ စိုက်ကြည့်လိုက်သည်။
မြို့ပိုင်က ခန္ဓာကိုယ်ကို နောက်တွန့်သွားလေသည်။ ဆရာကြီးက ရုပ်သေးမြို့တော်ကို ဖျက်စီးလိမ့်မည်ဟု ထင်မြင်ခဲ့ပြီး၊ ဆရာကြီးကို သတ််ဖို့ အရင်ဆုံး အားပေးအားမြှောက် သူပင်ဖြစ်တာကြောင့် သူ ဆရာကြီးကို စေ့စေ့မကြည့်ရဲဲခဲ့ပေ။
ရှင်ယဲ့က ချောင်ချန့်ကို ပြောလိုက်လေ၏: "မြို့ပိုင်ကို ခေါ်လာလိုက်။ သူတို့ကို ဆရာကြီးနဲ့ စကားသေချာ ပြောခွင့်ပေးရအောင်"
ချောင်ချန့်က နှစ်ခါတောင်ပြောစရာမလိုဘဲ ကားပေါ်က ခုန်ဆင်းလိုက်လေသည်။ သွက်လက်လျင်မြန်သော သူမက လူအုပ်ကြားထဲမှ မြို့ပိုင်ကို ဆွဲထုတ်လာကာ၊ သူ့အား ကားပေါ်သို့ သယ်လာလိုက်သည်။
မြို့ပိုင်က ဆရာကြီးဘေး၌ ဝင်ထိုင်လိုက်လေ၏။ ခေါင်းကို အောက်သို့ငုံ့ထားပြီး စကားတစ်ခွန်းမှ မဟရဲချေ။
ဘန်းနဒစ်ကလည်း စကားမပြောချေ။ သူက မျက်နှာတည်တည်ဖြင့် နေနေသည်။ မှန်က ရုပ်သေးရုပ်လေး၏ နှလုံးထည့်ထားသော ဖန်ပေါင်းချောင်ကို ဘန်းနဒစ်လက်ထဲသို့ ထည့်ပေးလိုက်ကာ၊ သူကိုယ်တိုင် ကိုင်ထားခွင့်ပေးလိုက်လေသည်။
ရုပ်သေးရုပ်များ ခြံရံလျက်ရှိသော ကားမှာ ခဲခယ့်၏ အိမ်သို့ ရောက်ရှိလာခဲ့သည်။ ခဲခယ့်က ရုပ်သေးရုပ်လေး အစစ်ကို ပွေ့လျက် ကားပေါ်သို့ တက်လာခဲ့ပြီးသည့်နောက်မှာတော့ ရှင်ယဲ့လည်း ကားအား ဦးနစ်ခ်ဆီသို့ မောင်းသွားလိုက်တော့သည်။
ကားပေါ်၌၊ ခဲခယ့်က ဆရာကြီးအား ဆုိလိုက်သည်: "သခင်ကြီး၊ ကျွန်မ သခင်လေးကို ထိခိုက်အောင် မလုပ်ခဲ့ပါဘူး။ သခင်လေးရဲ့ ခန္ဓာကိုယ်ကို ကြည့်လိုက်ပါ။ ကျွန်မ တစ်လျှောက်လုံး ကောင်းကောင်း ထိန်းသိမ်းစောင့်ရှောက်ထားခဲ့တာပါ"
ဘန်းနဒစ်က ရုပ်သေးရုပ်လေးကို ယူကြည့်လိုက်သည့်အခါ၊ ရုပ်သေးရုပ်လေးကိုယ်ပေါ်က အစိတ်အပိုင်းတိုင်းမှာ သန့်ရှင်းတောက်ပြောင်နေသည်ကို တွေ့လိုက်ရလေသည်။ ထိုအခါ လူလိမ်နှစ်ယောက် (ကံကြမ္မာလိုက်နာသူနှစ်ယောက်) ယူလာခဲ့သည့် ရုပ်သေးများ၏ ကိုယ်ထည်များမှာတော့ ဟောင်းနွမ်းနေသည့် အစိတ်အပိုင်းအနည်းနှင့်အများ ရှိနေသည်ကို တွေးမိသွားသည်။ ရုပ်သေးရုပ်လေးအစစ်မှာတော့ အသစ်ချက်ချွတ်အတိုင်းပင် ရှိနေခဲ့လေသည်။
သူက 'မင်း ပင်ပန်းသွားပြီ' ဟု အလွန်ပြောချင်ခဲ့သော်ငြား၊ နှစ်ပေါင်းများစွာ ရုပ်သေးရုပ်လေးကို ဖွက်ထားခဲ့ပြီး၊ ရုပ်သေးရုပ်အတုကို သေတ္တာထဲထည့်ကာ၊ သူနှင့် သူ့သားကို နှစ်တွေအကြာကြီး ခွဲခွါရအောင် လုပ်ခဲ့သူမှာ ခဲခယ့်ပင်ဖြစ်သည်ကို သတိရသွားသည့်အခါမှာတော့ ဘန်းနဒစ်၏ စိတ်အခြေအနေမှာ မကောင်းတော့ချေ။ ခဲခယ့်အား လုံးဝစကားပြောချင်် ဖြစ်သွားခဲ့သည်။
ခဲခယ့်နှင့် မြို့ပိုင်မှာ နှစ်ယောက်လုံး ကျုံ့ကျုံ့လေးဖြစ်နေခဲ့ကြတော့သည်။ သူတို့အကုန်လုံး ဘန်းနဒစ်ကို သစ္စာဖောက်ခဲ့ကြသူများ ဖြစ်နေတာကြောင့်ပင်။
ကားမှာ ဦးနစ်အိမ်သို့ ထပ်မံရောက်ရှိခဲ့သည်။ ဦးနစ်ခ်မှာ အစောကြီးကတည်းက ဒီကိစ္စကို ရုပ်သေးရုပ်များထံမှ ကြားခဲ့ပြီးပြီဖြစ်တာကြောင့်၊ တံခါးများ အားလုံးကို ဖွင့်ကာ၊ တံခါးရှေ့၌ အပြန်ပြန်အလှန်လှန် လမ်းလျှောက်၍ ဆရာကြီးဘန်းနဒစ်အလာကို စောင့်မျှော်နေခဲ့လေ၏။
ကားက မြို့ထဲလမ်းသို့ မောင်းလာသည်ကို တွေ့သည့်အခါမှာတော့၊ ဦးနစ်ခ်က ဆက်၍ အောင့်မထားနိုင်တော့ဘဲ၊ ကားရှေ့သို့ အမြန်ပြေးသွားလေရာ၊ ချောင်ချန့်ထံမှ ကားပေါ်သို့ ဆွဲတင်ခံလိုက်ရလေသည်။
ကံကြမ္မာလိုက်နာသူနှစ်ယောက်က ရုပ်သေးရုပ်များသယ်ဆောင်ရန်အတွက် ထရပ်ကားကြီးကို ယူဆောင်လာခဲ့သည်မှာ တော်သေးလေသည်။ မဟုတ်လျှင် ဒီလောက် လူအများကြီး ဆန့်နိုင်မှာ မဟုတ်ပေ။
ဦးနစ်ခ်က ဆရာကြီးကို မြင်သည့်အခါ၊ စိတ်လှုပ်ရှားလွန်းသဖြင့် တစ်ကိုယ်လုံးရှိ အစိတ်အပိုင်းများအားလုံးမှာ တုန်ခါနေလေတော့သည်။ သူက ဆိုလိုက်လေ၏: "ဆ..ဆရာကြီး၊ စမ်းသပ်ခန်းက အကုန် ပြင်ဆင်ပြီးသွားပြီ။ စက်ပစ္စည်းတွေကိုလည်း နေ့တိုင်း စစ်ဆေးကြည့်ထားတယ်။ ဆရာကြီး ကြိုက်တဲ့အချိန် ရုပ်သေးရုပ်လေးကို နှလုံးထည့်ပေးလို့ ရအောင်လို့"
ကားနောက်သို့ ပြေးလိုက်နေကြသည့် အခြားရုပ်သေးရုပ်များမှာလည်း၊ ဘန်းနဒစ်အား အော်ပြောကြလေသည်: "ဆရာကြီး၊ ကျွန်မတို့ နောက်ထပ် လိမ်မပြောတော့ပါဘူး။ ဆရာကြီးနောက်ဆို ထွက်မသွားပါနဲ့တော့၊ သခင်လေးနဲ့အတူ ရုပ်သေးမြို့တော်မှာပဲ ပျော်ပျော်ရွှင်ရွှင််နေပါတော့!"
"ဆရာကြီး၊ ကျွန်တော်က တရားစီရင်ရေးဌာနက ဝန်ထမ်းပါ။ ကျွန်တော်တို့ နေ့တိုင်း ကင်းလှည့်ပြီး ရုပ်သေးရုပ်ဆိုးတွေကို လိုက်ဖမ်းတယ်။ တရားစီရင်ရေးမှူးက ထောင်တစ်ခုဆောက်ထားပေးသေးတယ်။ မကောင်းတာတွေ လုပ်တဲ့ ရုပ်သေးရုပ်တွေအကုန်လုံးကို အဲ့ထဲထည့်မှာ!"
"ဆရာကြီး....."
"ဆရာကြီး....."
မျှော်လင့်စောင့်စားနေသာ ခေါ်ဆိုသံများက ဘန်းနဒစ်၏ နားထဲသို့ ဝင်ရောက်လာခဲ့လေသည်။ မှန်က ဆိုလိုက်သည်: "ကြည့်လိုက်ပါဦး၊ ဆရာကြီး ထင်သလောက် မဆိုးဘူးမလား? ရုပ်သေးရုပ်တွေက ခင်ဗျားကို ဒီလောက်ချစ်ကြတာ။ ခင်ဗျားက သူတို့အပေါ် ဗဟိုချက်ထိန်းချုပ်စက်ကို သုံးဖို့ အတွေးရှိသေးတယ်လား?"
"ဟွန်း!" ဘန်းနဒစ်က အသံကျယ်ကျယ်ဖြင့် နှာခေါင်းရှုံ့လိုက်ပြီးနောက်၊ ရုတ်တရက် မြို့ပိုင် လက်ထဲက ပြောင်းချောသေနတ်ကို လုယူလိုက်လေသည်။ သူ သေနတ်မောင်းကို မဆွဲခဲ့ဘဲ၊ သေနတ်ပြောင်းဖြင့်သာ မြို့ပိုင်ကို ရိုက်လိုက်လေတော့သည်။ "အဲ့တာအကုန် မင်းကြောင့်၊ မင်းကြောင့်ဖြစ်တာ!"
မြို့ပိုင်က တစ်ခွန်းမှ ပြန်မပြောဘဲ အရိုက်ခံနေလေ၏။ ဆရာကြီး ရိုက်ရ ပိုအဆင်ပြေအာင် သူ့ခေါင်းကိုပါ နည်းနည်း ဆန့်ထုတ်ပေးလိုက်သေးသည်။
ကံကောင်းစွာဖြင့် ဦးနစ်ခ်၏ အိမ်က လမ်းဆုံနှင့် အလွန်နီိးသည်ကြောင့်၊ အကုန်လုံး ပြုပြင်ဆိုင်သို့ အမြန်သွားခဲ့ကြသည်။ ဦးနစ်ခ်က ဆရာကြီးနှင့် ရုပ်သေးရုပ်လေးကို ခေါ်ပြီး စမ်းသပ်ခန်းထဲသို့ ဝင်သွားခဲ့ကာ၊ ကျန်သူများကတော့ တံခါးအပြင်၌ ကျန်နေခဲ့ကြသည််။
ရှင်ယဲ့တို့အုပ်စုမှာ တံခါးပြင်၌ စိုးရိမ်တကြီး စောင့်နေခဲ့ကြသည့်အချိန်တွင် တရားစီရင်ရေးမှူးက တပ်သားများနှင့်အတူ မိုင်းတွင်းပိုင်ကိုပါ တစ်ပါတည်းခေါ်၍ ရောက်လာခဲ့သည်။ သူက မြို့ပိုင်နှင့် မိုင်းတွင်းပိုင်ကို ပြောလိုက်လေ၏: "ကျုပ် ခင်ဗျားတို့ကို စိတ်လိုက်မာန်ပါမလုပ်ဖို့ အကြံပေးချင်တယ်။ ဆရာကြီးက ကျုပ်တို့ကို ထိခိုက်အောင် လုပ်မှာ မဟုတ်ဘူး! ကျုပ်တို့က ရုပ်သေးမြို့တော်ကို ကောင်းကောင်းစီမံနိုင်သ၍၊ ဆရာကြီးက ကျုပ်တို့ကို ခွင့်လွှတ်မှာပဲ!"
"မြို့ပိုင်၊ ခင်ဗျား သေချာစဉ်းစားကြည့်ပါ။ ကိုယ်လုပ်ခဲ့တဲ့ လုပ်ရပ်တွေ မှန်ရဲ့လားလို့?" တရားစီရင်ရေးမှူးက မေးလိုက်လေ၏။
မြို့ပိုင်နှင့် မိုင်းတွင်းပိုင်တို့ နှစ်ယောက်မှာ အမှားတစ်ခုခုလုပ်ထားသည့် ကလေးများကဲ့သို့ စကားတစ်ခွန်းမှမပြောဘဲ ပြုပြင်ဆိုင်ရှေ့၌ ဒူးထောက်နေခဲ့ကြလေသည်။
သုံးနာရီကြာပြီးသည့်နောက်၊ ဘန်းနဒစ်က ရုပ်သေးရုပ်လေး၏ လက်ကို ကိုင်ဆွဲလျက် စမ်းသပ်ခန်း တံခါးမှ ထွက်လာခဲ့သည်။ ရုပ်သေးရုပ်နှစ်ရုပ်က သူ့ရှေ့မှာ ဒူးထောက်နေသည်ကို မြင်သည့်အခါ၊ သူ ရှေ့ကို လျှောက်သွားလိုက်ပြီး ခပ်ပြင်းပြင်း သုံးလေးချက်လောက် ကန်ချလိုက်လေ၏။ ထို့နောက် ကန်ရင်း ဆဲဆိုရင်းဖြင့်ပင် ပြောလိုက်လေသည်: "ကံကောင်းလို့ ငါ့သား ဘာမှမဖြစ်တာ။ မဟုတ်ရင် ငါ မင်းတို့နှစ်ကောင်ကို တစ်စစီဖြုတ်ပြီး ကြိတ်စက်ထဲ လွှင့်ပစ်တယ်!"
"ဆရာကြီး!" မြို့ပိုင်က သူ့ခြေထောက်ကို ဖက်ကာ ဆိုလိုက်လေ၏။ "ကျွန်တော် မှားသွားပါတယ်။ ကျွန်တော့်ကို သတ်လိုက်ပါတော့!"
ခဲခယ့်က စိတ်လှုပ်ရှားပူပန်စွာဖြင့် ဆရာကြီးအား ကြည့်လိုက်လေသည်။ သူက ဒေါသဖြင့် မြို့ပိုင်ကို တကယ်သတ်လိုက်မည်ကို ကြောက်ရွံ့နေလေ၏။
ရုပ်သေးရုပ်လေးက သူ့အဖေ၏ လက်ကို လှုပ်ဆွဲကာ ဆိုလိုက်၏: "ဦးဦးမြို့ပိုင်က သားကို အမြဲဂရုစိုက်ပေးတယ်။ ဦးဦးတရားစီရင်ရေးမှူးကလည်း သားဆီကို သတ္တုရိုင်းတွေနဲ့ စက်ဆီတွေ ခဏခဏယူလာပေးတယ်"
တရားစီရင်ရေးမှူးနှင့် မြို့ပိုင်မှာ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ကြပြီး၊ တစ်ပြိုင်နက်တည်း ဆိုလိုက်ကြသည်: "မင်းလည်း သခင်လေးကို စောင့်ရှောက်ပေးနေတာလား?"
ရုပ်သေးရုပ်လေးက ထပ်မံဆိုလိုက်လေ၏: "ဦးဦးနစ်ခ်ကလည်း သားရဲ့ ကိုယ်ကို ခဏခဏ ပြင်ပြီး သံပတ်လှည့်ပေးတယ်။ ဦးဦးမိုင်းတွင်းပိုင်ကလည်း အမြဲတမ်း အရမ်းကြည့်ကောင်းတဲ့ အင်္ကျီတွေ ပို့ပေးတယ်!"
ဘန်းနဒစ်က သူတို့တစ်ယောက်ချင်းစီကို တစ်ချက်စီကန်လိုက်ပြီး 'ဟွန်း' ဟု အသံကျယ်ကျယ်ဖြင့် နှာခေါင်းတစ်ချက်ရှုံ့လိုက်လေတော့သည်။
ရှင်ယဲ့တို့အဖွဲ့မှာ System ၏ အချက်ပေးသံကို ကြားလိုက်ရသည်: "အမှန်တရားကိုဆိုသော မြို့ခံအား ရှာဖွေခြင်း mission ကို ပြီးမြောက်သွားပြီဖြစ်ပါတယ်။ အဆင့်ကို ဖြတ်ကျော်နိုင်တဲ့အတွက် ရရှိတဲ့ ပွိုင့်စုစုပေါင်းကတော့ ၁၆၀၀၀ ပွိုင့်ဖြစ်ပြီး၊ သက်ဆိုင်ရာတန်ဖိုးအလိုက် ခွဲဝေပေးမှုအရ၊ ရှင်ယဲ့က ၁၀၀၀၀ ပွိုင့်ရရှိမှာဖြစ်ပြီး၊ ကွမ်းလင် ၃၀၀၀ပွိုင့်၊ ချောင်ချန့် ၃၀၀၀ပွိုင့်ရရှိမှာဖြစ်ပါတယ်။ ကစားသူ ရှင်ယဲ့၊ ချောင်ချန့်၊ ကွမ်းလင်တို့အားလုံးကို ယခုအဆင့်အား ပြီးပြည့်စုံစွာ အောင်နိုင်ခြင်းအတွက် ဂုဏ်ပြုပါတယ်"
(Zawgyi)
Chapter 77 _ ႐ုပ္ေသးၿမိဳ႕ေတာ္အတြက္ ေကာင္းခ်ီးဩဘာ (Part 2)
မွန္က တခစ္ခစ္ရယ္လိုက္ေလသည္: "ကြၽန္ေတာ္က ကံေကာင္းလို႔ ျဖစ္မယ္ထင္တယ္။ ကြၽန္ေတာ့္ကို ဒီလိုကိုယ္ထည္မ်ိဳးလုပ္ေပးတဲ့အတြက္ ဆရာႀကီးကို အရမ္းေက်းဇူးတင္တယ္။ ကြၽန္ေတာ့္မွာ လက္ေတြေျခေထာက္ေတြ ရွိသြားေတာ့ အဖြဲ႕သားေတြအတြက္ နည္းနည္းပဲျဖစ္ျဖစ္ ကူညီေပးလို႔ရသြားတာေပါ့"
"နည္းနည္းေလာက္ပဲ မဟုတ္ပါဘူး" ေဘးတြင္ရွိေသာ ရွင္ယဲ့က အခ်ိန္ကိုက္ဆိုလိုက္ေလ၏။ "မင္းသာမရွိရင္ ငါတို႔ အခု ရႈံးႏွင့္ေနၿပီ"
ဗဟိုခ်က္ႀကိဳးေၾကာင့္တင္ ရႈံးနိမ့္မည္မဟုတ္ဘဲ၊ ရန္ဒီ၏ စကားလုံးမ်ားေအာက္မွာ က်ရႈံးသြားေတာ့မွာျဖစ္သည္။
စိတ္ပ်က္လက္ပ်က္ျဖစ္ေနသည့္ ကြမ္းလင္ကလည္း ကံၾကမၼာဆန္႔က်င္ကစားသူအားလုံးကို မုန္းသြားေတာ့မွာျဖစ္သလို၊ သူတို႔ႏွင့္လည္း အဖြဲ႕ဖြဲ႕ႏိုင္ေတာ့မည္ မဟုတ္ေခ်။ ေခ်ာင္ခ်န္႔ကလည္း ငန္းသြင္သလင္းေက်ာက္ကို ေကာက္ယူသိမ္းထားဖို႔ သတၱိရွိေတာ့မွာ မဟုတ္ဘဲ၊ ရွင္ယဲ့ ကိုယ္တိုင္မွာလည္း ညီျဖစ္သူ၏ အကူအညီေတာင္းဆိုသည့္ အခ်က္ျပစကားကို သတိမမူမိလိုက္သည့္အတြက္ ယူက်ဳံံးမရစြာ စိတ္ထိခိုက္ေနေလာက္မွာျဖစ္သည္။
ထိုကဲ့သို႔ အလဲလဲအၿပိဳၿပိဳျဖစ္ေနသည့္အဖြဲ႕ကို ကယ္တင္ေပးခဲ့သူမွာ လုမင္းဇယ္သာျဖစ္ၿပီး၊ သူတို႔ကိုလည္္း ပိုမိုစည္းလုံးလာေအာင္ လုပ္ေပးခဲ့ေသးေလသည္။
ဒါကို ဘယ္လိုလုပ္ၿပီး နည္းနည္းပဲ ကူညီေပးတယ္လို႔ ေျပာႏိုင္မွာလဲ?
MVP ကို ေ႐ြးရလွ်င္၊ မွန္္သာလွ်င္ ျဖစ္ေပလိမ့္မည္။
[ MVP - most valuable player]
ဆရာႀကီးဘန္းနဒစ္ကိုယ္တိုင္ ဖန္တီးၿပီး စြန္႔ပစ္ခဲ့ေသာ က်ရႈံးပစၥည္းက သူ႔ကို ထိန္းခ်ဳပ္ႏိုင္မည့္ တစ္ခုတည္းေသာ နည္းလမ္္းျဖစ္လာခဲ့ေလသည္။
သုံးနာရီၾကာၿပီးေနာက္၊ သုံးေယာက္သားမွာ ႐ုပ္ေသးၿမိဳ႕ေတာ္သို႔ ေရာက္ရွိခဲ့ၾကသည္။ ထိုအခ်ိန္ ထိတ္လန္႔စရာ ျမင္ကြင္းတစ္ခုကို ေတြ႕လိုက္ရေလေတာ့၏။
႐ုပ္ေသးၿမိဳ႕ေတာ္၏ နံရံမ်ားအားလုံးမွာ ၿပိဳက်ပ်က္စီးေနခဲ့သည္။ မီးျခစ္ဆံ႐ုပ္ေသး႐ုပ္ေလးတစ္႐ုပ္မွာ အပ်က္အစီးမ်ားၾကား၌ ရပ္လ်က္ရွိေနေလ၏။ တပ္သားတစ္စုမွာ မီးျခစ္ဆံ႐ုပ္ေသး႐ုပ္အား ေသနတ္မ်ားျဖင့္ ခ်ိန္္ထားၾကၿပီး၊ ကြမ္းလင္မွာေတာ့ သူမ၏ ေဘး၌ရွိေနကာ 'မြဲျပာက်မိသားစု' မူလစြမ္းရည္ကို အသုံးျပဳ၍ ႐ုန္းကန္လ်က္ ကူညီေပးေနေလ၏။
ရွင္ယဲ့တို႔အဖြဲ႕ေရာက္လာသည္ကို ျမင္သည့္အခါ၊ ကြမ္းလင္က က်ယ္ေလာင္စြာ ေအာ္ေျပာလိုက္ေလသည္: "ေဘာ့စ္၊ ကယ္ပါဦး။ ၿမိဳ႕ပိုင္က ငါတို႔ရဲ႕ စကားကို မယုံဘူး။ ေခ်ာင္ခ်န္႔က အၾကမ္းပတမ္းနဲ႔ ၿမိဳ႕နံရံကို ၿဖိဳခ်လိုက္တယ္။ ငါ့ရဲ႕ မူလစြမ္းရည္ကလည္း အခ်ိန္ တစ္မိနစ္ပဲ က်န္ေတာ့တာ!"
ရွင္ယဲ့: "....."
ေခ်ာင္ခ်န္႔ အကြက္ေတြက လွေနၿပီပင္။
ေခ်ာင္ခ်န္႔ခႏၶာကိုယ္ႏွင့္ေတာ့ အဲ့ေလာက္ ခြန္အားႀကီးမည္မဟုတ္ေပ။ 'ေျပာင္ေျမာက္ေသာလက္သီး' ကို အသုံံးျပဳ၍ ႐ုပ္ေသးၿမိဳ႕ေတာ္၏ နံရံမ်ားကို အလုံးစုံ ၿဖိဳဖ်က္လိုက္သည္သာ ျဖစ္ႏိုင္ေလသည္။ တိုက္ခိုက္မႈမွာ အမွန္တကယ္ ၾကမ္းတမ္းလွသည္။
"ဘန္းနဒစ္ပဲ!" အရပ္ျမင့္ျမင့္ တပ္သားတစ္ေယာက္က ႐ုတ္တရက္ ေအာ္ေျပာလာေလ၏။ "သူတို႔ ကားေပၚမွာ တင္လာတဲ့ သူက ဆရာႀကီးဘန္းနဒစ္ပဲ!"
"ဘာ? ဆရာႀကီး? တကယ္ ဆရာႀကီးလား?"
"ဆရာႀကီးက ႐ုပ္ေသးၿမိဳ႕ေတာ္ကေန ထြက္သြားတာ ႏွစ္ ၃၀ေလာက္ရွိၿပီ မဟုတ္ဘူးလား?"
"ငါၾကားတာေတာ့ ဆရာႀကီးက ငါတို႔ကို စိတ္ပ်က္သြားလို႔၊ ႐ုပ္ေသးၿမိဳ႕ေတာ္ကို စြန္႔ပစ္သြားတာဆို"
"ၿမိဳ႕ပိုင္ေျပာတာကေတာ့၊ အဲ့တုန္းက ႐ုပ္ေသးၿမိဳ႕ေတာ္ရဲ႕ အေျခအေနေတြက အရမ္းပရမ္းပတာျဖစ္ေနေတာ့ ေနရာတိုင္းမွာ သူခိုးေတြ ဓားျပေတြခ်ည္းပဲတဲ့။ ဆရာႀကီးဘန္းနဒစ္က သခင္ေလးအတြက္ ျပင္ေပးထားတဲ့ ႐ုပ္ေသး႐ုပ္ရဲ႕ ေျခေထာက္ကို တစ္ေယာက္ေယာက္က က်ိဳးေအာင္လုပ္မိလိုက္တယ္တဲ့။ အဲ့ဒီကိစၥေၾကာင့္ ဆရာႀကီးက လုံးဝစိတ္ကုန္သြားၿပီး၊ ႐ုပ္ေသးၿမိဳ႕ေတာ္ကေန ထြက္သြားတာလို႔ ေျပာတာပဲ"
"ၿမိဳ႕ပိုင္ကေတာ့ အဲ့ဒီေဖာက္ထြင္းဝင္တဲ့ ႐ုပ္ေသး႐ုပ္ကို ရွင္းပစ္ၿပီးသြားၿပီ။ ဉပေဒေတြလည္း ထုတ္ၿပီး၊ ငါတို႔ကို တပ္သားအျဖစ္ခန္႔ၿပီးေတာ့၊ ႐ုပ္ေသးၿမိဳ႕ေတာ္တစ္ခုလုံးကို ကာကြယ္ေပးထားတာ""
"ဒါဆို ငါတို႔က ပိုလိမၼာလာလို႔၊ ဆရာႀကီးက ျပန္လာတာလား?"
"ဆရာႀကီးက တကယ္ ငါတို႔ကို ခြင့္လႊတ္လိုက္ၿပီလား? ငါ တစ္ေလွ်ာက္လုံး ဆရာႀကီးကို သတိရေနခဲ့တာ။ ငါ့ကို ပထမဆုံးဖန္တီးခဲ့တဲ့အခ်ိန္ကို မွတ္မိေနေသးတယ္။ ဆရာႀကီးက ကြၽမ္းက်င္တဲ့လက္ေတြနဲ႔ ငါ့ကို ေနာက္ဆုံးဝက္အူက်ပ္ေပးခဲ့တာ။ အခု ေနာက္ဆုံးက်ပ္ေပးလိုက္တဲ့ ဝက္အူက ေခ်ာင္ေနၿပီ။ ဦးနစ္ခ္က ငါ့ကို လဲခိုင္းေပမဲ့ ငါက အၿမဲတမ္း လဲရမွာ တြန္႔ဆုတ္ေနတာ။ ဆရာႀကီးေနာက္ဆုံးထိေတြ႕ခဲ့တဲ့ ဝက္အူမလို႔ေလ"
"ၿမိဳ႕ပိုင္က ငါတို႔ကို ၿမိဳ႕ျပင္ထြက္ခိုင္းၿပီး ဆရာႀကီးကို ရွာခိုင္းတာက၊ သူ႔ကို ျပန္ေခၚလာခ်င္လို႔တဲ့လား?"
"ဆရာႀကီး၊ ဆရာႀကီး!"
တပ္သားမ်ားက တစ္ေယာက္ၿပီးတစ္ေယာက္ လက္နက္မ်ားကို ခ်လိုက္ၾကၿပီး၊ အခ်ိဳ႕မွာ ဆရာႀကီးဘန္းနဒစ္ကိုေတာင္ လက္မ်ားေဝွ႔ယမ္းျပလိုက္ၾကေသးသည္။
ၿမိဳ႕ပိုင္က ေအာ္ေျပာလိုက္ေလ၏: "အားလုံး သတိလက္လြတ္မျဖစ္ၾကနဲ႔၊ ဆရာႀကီးက ငါတို႔ကို သတ္လိမ့္မယ္!"
"ဘယ္လိုလုပ္ျဖစ္ႏိုင္မွာလဲ။ ဒါဆရာႀကီးေလ!" ႐ုပ္ေသး႐ုပ္တစ္႐ုပ္က ၿမိဳ႕ပိုင္ကို ေျပာလိုက္ေလသည္။ "ဆရာႀကီးက သူ႔လက္နဲ႔ကိုယ္တိုင္ ငါတို႔ကို ဖန္တီးခဲ့တာေလ။ ဘယ္လိုလုပ္ၿပီး ငါတို႔ကို သတ္မွာတုန္း?"
ဘန္းနဒစ္က ႐ုပ္ေသးၿမိဳ႕ေတာ္ကို ဖ်က္စီးပစ္ခ်င္ေနသည့္အေၾကာင္းကို ႐ုပ္ေသး႐ုပ္အနည္းစုသာ သိၾကေလသည္။ ၿမိဳ႕ပိုင္၏ ထိန္းကြပ္မႈေအာက္တြင္ရွိေနၾကေသာ က်န္ရွိသည့္ ႐ုပ္ေသး႐ုပ္အမ်ားစုမွာေတာ့၊ ဆရာႀကီးက သူတို႔အေပၚ စိတ္ပ်က္သြား႐ုံသာျဖစ္ၿပီး၊ သူတို႔သာ ႐ုပ္ေသး႐ုပ္ေကာင္းမ်ားျဖစ္လာၾကလွ်င္၊ ဆရာႀကီးက တစ္ေန႔မွာ ျပန္လာလိမ့္မည္ဟု ယုံၾကည္ေနခဲ့ၾကျခင္းပင္ျဖစ္သည္။
႐ုပ္ေသး႐ုပ္မ်ား၏ အၾကားအာ႐ုံက လူသားမ်ားႏွင့္ မတူေခ်။ ခပ္လွမ္းလွမ္းမွာရွိေနရင္ေတာင္၊ ရွင္ယဲ့တို႔အုပ္စုက တပ္သားမ်ား၏ စကားကို ၾကားႏိုင္ေလသည္။
မွန္က ဘန္းနဒစ္ကို ေျပာလိုက္ေလ၏: "ဆရာႀကီး ၾကားတယ္မလား။ ခင္ဗ်ားကိုသတ္ခ်င္တဲ့ ႐ုပ္ေသး႐ုပ္တစ္႐ုပ္မွမရွိဘူး။ ဒီအခ်ိန္ ၿမိဳ႕ပိုင္က အမိန္႔ေပးရင္ေတာင္ သူတို႔ ခင္ဗ်ားကို ထိခိုက္ေအာင္လုပ္ၾကမွာမဟုတ္ဘူး"
ကြမ္းလင္က တပ္သားမ်ား၏ စကားကို ၾကားသည့္အခါ ဉာဏ္အလင္းပြင့္သြားေလသည္။ သူက ေလာင္းကစားသမားတစ္ေယာက္၏ အႀကံဉာဏ္ျဖင့္ ခုခံမႈကို လုံးဝ လက္ေလွ်ာ့လိုက္ကာ၊ မတ္တပ္ရပ္၍ တပ္သားမ်ားအား ေအာ္ေျပာလိုက္သည္: "ငါက ဦးနစ္ခ္ရဲ႕သား ေရွာင္နစ္ခ္ပဲ။ ငါ့အေဖက ငါနဲ႔ ငါ့မိတ္ေဆြေတြကို ဆရာႀကီးကို အိမ္ျပန္ေခၚလာဖို႔ ခိုင္းထားတာ။ အခု ဆရာႀကီး ျပန္လာၿပီ။ အားလုံး အျမန္ဖယ္လမ္းရွင္းၾကၿပီး၊ ဆရာႀကီးကို ႀကိဳဖို႔ တန္းစီဖို႔ လုပ္ရေတာ့မွာ မဟုတ္ဘူးလား?"
သူ ၿမိဳ႕နံရံမ်ားကို ဖ်က္စီးသည့္အေၾကာင္းကိုေတာ့ ထည့္မေျပာသြားခဲ့ေခ်။ ဘာပဲျဖစ္ျဖစ္ အခု အဲ့ေလာက္ထိ ဂ႐ုစိုက္စရာလိုေတာ့သည္ မဟုတ္ေခ်။
တပ္သားမ်ား၏ စိတ္ခံစားခ်က္မ်ားမွာ ဆရာႀကီးဘန္းနဒစ္၏ အိမ္အျပန္လမ္းေၾကာင့္ ႏိုးႂကြလာခဲ့ေလသည္။ သူတို႔က တစ္ေလွ်ာက္လုံး သူတို႔ အမွားတစ္ခုခုလုပ္ခဲ့သည္ေၾကာင့္၊ ဆရာႀကီးက ႐ုပ္ေသးၿမိဳ႕ေတာ္ကို စြန္႔ခြါသြားသည္ဟုသာ ထင္ေနခဲ့ျခင္းျဖစ္သည္။ ယခု ဆရာႀကီးက ျပန္လာခဲ့သည္မွာ သူတို႔က ေကာင္းေကာင္းလုပ္ႏိုင္ခဲ့သည့္အတြက္၊ ဆရာႀကီးက အကုန္လုံးကို ခြင့္လႊတ္လိုက္သည္ဟု ဆိုလိုေနျခင္းပင္!
ဆရာႀကီး၏ ေရွ႕မွာ သူတို႔က လိမၼာယဥ္ေက်းသည့္အေၾကာင္းကို ျပသဖို႔ရာအတြက္၊ တပ္သားမ်ားက အလ်င္အျမန္ လမ္းရွင္းဖို႔ စတင္ျပင္္ဆင္ၾကေလေတာ့သည္။ ရွင္ယဲ့က အားလုံး ႀကိဳးစားပမ္းစားလုပ္ေနၾကသည္ကို ျမင္သည့္အခါ၊ ကားအား အရွိန္ေရွာ့ေပးလိုက္ေလ၏။
မွန္မွာ အခ်ိန္အခါသင့္ဆိုလိုက္သည္: "သူတို႔အကုန္လုံး ခင္ဗ်ားကို ခ်စ္ၾကတယ္။ ခင္ဗ်ားက သူတို႔ကို သတ္ဖို႔ ဆႏၵရွိေသးတယ္လား?"
ဘန္းနဒစ္က စကားမဟခဲ့ေခ်။
ရွင္ယဲ့ ၿမိဳ႕ေတာ္ထဲသို႔ ျဖည္းျဖည္းခ်င္း ေမာင္းဝင္သြားလိုက္သည္။ လမ္း၏တစ္ဖက္တစ္ခ်က္၌ သတင္းၾကားသျဖင့္ေရာက္ရွိလာေသာ ႐ုပ္ေသး႐ုပ္မ်ားျဖင့္ ျပည့္ႏွက္ေနေလသည္။ သူတို႔က ကားရွိရာသို႔ တိုးဝင္လာၾကၿပီး၊ လက္မ်ားကို ေဝွ႔ယမ္းလ်က္ ဆရာႀကီး' ဟု ေအာ္ေခၚေနခဲ့ၾကသည္။
ကြမ္းလင္ႏွင့္ ေခ်ာင္ခ်န္႔တို႔လည္း ႐ုပ္ေသး႐ုပ္အုပ္ၾကားထဲမွ တိုးထြက္လာၾကၿပီး၊ ကားေပၚသို႔ ခုန္တက္ခဲ့ၾကသည္။ ႐ုပ္ေသး႐ုပ္မ်ား လမ္းမပိတ္ႏိုင္ေစရန္၊ ကြမ္းလင္က ေအာ္ေျပာလိုက္ေလ၏: "တပ္သားတို႔၊ ဆရာႀကီးက သခင္ေလးရဲ႕ ႏွလုံးကို ယူၿပီး ျပန္လာၿပီ။ သူ သခင္ေလးအတြက္ ႏွလုံးထည့္ေပးလိမ့္မယ္။ အားလုံး အစီစဥ္တက် တန္းစီၾကပါ။ လမ္းပိတ္မရပ္ၾကပါနဲ႔၊ ဆရာႀကီး သခင္ေလးကို ေတြ႕မယ့္လမ္းကို မပိတ္ၾကပါနဲ႔!"
႐ုပ္ေသး႐ုပ္မ်ားၾကားမွ တီးတိုးစကားသံမ်ား စတင္ထြက္ေပၚလာခဲ့ေလ၏။
"သခင္ေလးက ႐ုပ္ေသးၿမိဳ႕ေတာ္ထဲမွာပဲ ရွိေနတာလား? ငါက ဆရာႀကီးက သူ႔ကိုပါ တစ္ခါတည္းေခၚသြားတယ္ထင္ေနတာ"
"ဘယ္လိုလုပ္ ေခၚသြားမွာလဲ? ဆရာႀကီးက ႐ုပ္ေသးၿမိဳ႕ေတာ္ကို ေဆာက္ခဲ့တဲ့ ရည္႐ြယ္ခ်က္က သခင္ေလးကို ဒီမွာ ေနခိုင္းဖို႔ပဲေလ။ ငါတို႔က စိတ္ပ်က္စရာ ေကာင္းလြန္းလို႔သာ"
"ဒါဆို ဆရာႀကီးက သခင္္ေလးကို ေခၚမသြားတာက၊ ငါတို႔ကို သေဘာက်ေနေသးတယ္ဆိုတဲ့ သေဘာေပါ့?"
"ဆရာႀကီးက ငါတို႔ကို လုံးဝ မလိုလားေတာ့ဘူးလို႔ပဲ ထင္ခဲ့တာ။ ဆရာႀကီးထြက္သြားတဲ့ အခ်ိန္တုန္းကဆိုရင္၊ ငါ ရက္အၾကာႀကီး ထိုင္ငိုေနခဲ့တာ"
"ေသခ်င္္းဆိုး၊ လိမ္မေနစမ္းနဲ႔။ မင္းမွာ ဘယ္နားက မ်က္ရည္ရွိလို႔လဲ။ ဆရာႀကီးေရွ႕မွာ လိမ္ေျပာခြင့္မရွိဘူး!"
ထိုစကားအလုံးစုံမွာ ဘန္းနဒစ္၏ နားထဲသို႔ ေရာက္ရွိသြားခဲ့ေလသည္။ ႐ုပ္ေသး႐ုပ္မ်ားက ကိုယ့္အသိစိတ္ဓာတ္နဲ႔ကိုယ္ လမ္းဖယ္ေပးေနၾကသည္ကို ျမင္သည့္အခါ၊ ဘန္းနဒစ္က စကားတစ္ခြန္းမွမေျပာဘဲ ၿမိဳ႕ပိုင္ကိုသာ ခပ္မာမာ စိုက္ၾကည့္လိုက္သည္။
ၿမိဳ႕ပိုင္က ခႏၶာကိုယ္ကို ေနာက္တြန္႔သြားေလသည္။ ဆရာႀကီးက ႐ုပ္ေသးၿမိဳ႕ေတာ္ကို ဖ်က္စီးလိမ့္မည္ဟု ထင္ျမင္ခဲ့ၿပီး၊ ဆရာႀကီးကို သတ္္ဖို႔ အရင္ဆုံး အားေပးအားေျမႇာက္ သူပင္ျဖစ္တာေၾကာင့္ သူ ဆရာႀကီးကို ေစ့ေစ့မၾကည့္ရဲဲခဲ့ေပ။
ရွင္ယဲ့က ေခ်ာင္ခ်န္႔ကို ေျပာလိုက္ေလ၏: "ၿမိဳ႕ပိုင္ကို ေခၚလာလိုက္။ သူတို႔ကို ဆရာႀကီးနဲ႔ စကားေသခ်ာ ေျပာခြင့္ေပးရေအာင္"
ေခ်ာင္ခ်န္႔က ႏွစ္ခါေတာင္ေျပာစရာမလိုဘဲ ကားေပၚက ခုန္ဆင္းလိုက္ေလသည္။ သြက္လက္လ်င္ျမန္ေသာ သူမက လူအုပ္ၾကားထဲမွ ၿမိဳ႕ပိုင္ကို ဆြဲထုတ္လာကာ၊ သူ႔အား ကားေပၚသို႔ သယ္လာလိုက္သည္။
ၿမိဳ႕ပိုင္က ဆရာႀကီးေဘး၌ ဝင္ထိုင္လိုက္ေလ၏။ ေခါင္းကို ေအာက္သို႔ငုံ႔ထားၿပီး စကားတစ္ခြန္းမွ မဟရဲေခ်။
ဘန္းနဒစ္ကလည္း စကားမေျပာေခ်။ သူက မ်က္ႏွာတည္တည္ျဖင့္ ေနေနသည္။ မွန္က ႐ုပ္ေသး႐ုပ္ေလး၏ ႏွလုံးထည့္ထားေသာ ဖန္ေပါင္းေခ်ာင္ကို ဘန္းနဒစ္လက္ထဲသို႔ ထည့္ေပးလိုက္ကာ၊ သူကိုယ္တိုင္ ကိုင္ထားခြင့္ေပးလိုက္ေလသည္။
႐ုပ္ေသး႐ုပ္မ်ား ၿခံရံလ်က္ရွိေသာ ကားမွာ ခဲခယ့္၏ အိမ္သို႔ ေရာက္ရွိလာခဲ့သည္။ ခဲခယ့္က ႐ုပ္ေသး႐ုပ္ေလး အစစ္ကို ေပြ႕လ်က္ ကားေပၚသို႔ တက္လာခဲ့ၿပီးသည့္ေနာက္မွာေတာ့ ရွင္ယဲ့လည္း ကားအား ဦးနစ္ခ္ဆီသို႔ ေမာင္းသြားလိုက္ေတာ့သည္။
ကားေပၚ၌၊ ခဲခယ့္က ဆရာႀကီးအား ဆုိလိုက္သည္: "သခင္ႀကီး၊ ကြၽန္မ သခင္ေလးကို ထိခိုက္ေအာင္ မလုပ္ခဲ့ပါဘူး။ သခင္ေလးရဲ႕ ခႏၶာကိုယ္ကို ၾကည့္လိုက္ပါ။ ကြၽန္မ တစ္ေလွ်ာက္လုံး ေကာင္းေကာင္း ထိန္းသိမ္းေစာင့္ေရွာက္ထားခဲ့တာပါ"
ဘန္းနဒစ္က ႐ုပ္ေသး႐ုပ္ေလးကို ယူၾကည့္လိုက္သည့္အခါ၊ ႐ုပ္ေသး႐ုပ္ေလးကိုယ္ေပၚက အစိတ္အပိုင္းတိုင္းမွာ သန္႔ရွင္းေတာက္ေျပာင္ေနသည္ကို ေတြ႕လိုက္ရေလသည္။ ထိုအခါ လူလိမ္ႏွစ္ေယာက္ (ကံၾကမၼာလိုက္နာသူႏွစ္ေယာက္) ယူလာခဲ့သည့္ ႐ုပ္ေသးမ်ား၏ ကိုယ္ထည္မ်ားမွာေတာ့ ေဟာင္းႏြမ္းေနသည့္ အစိတ္အပိုင္းအနည္းႏွင့္အမ်ား ရွိေနသည္ကို ေတြးမိသြားသည္။ ႐ုပ္ေသး႐ုပ္ေလးအစစ္မွာေတာ့ အသစ္ခ်က္ခြၽတ္အတိုင္းပင္ ရွိေနခဲ့ေလသည္။
သူက 'မင္း ပင္ပန္းသြားၿပီ' ဟု အလြန္ေျပာခ်င္ခဲ့ေသာ္ျငား၊ ႏွစ္ေပါင္းမ်ားစြာ ႐ုပ္ေသး႐ုပ္ေလးကို ဖြက္ထားခဲ့ၿပီး၊ ႐ုပ္ေသး႐ုပ္အတုကို ေသတၱာထဲထည့္ကာ၊ သူႏွင့္ သူ႔သားကို ႏွစ္ေတြအၾကာႀကီး ခြဲခြါရေအာင္ လုပ္ခဲ့သူမွာ ခဲခယ့္ပင္ျဖစ္သည္ကို သတိရသြားသည့္အခါမွာေတာ့ ဘန္းနဒစ္၏ စိတ္အေျခအေနမွာ မေကာင္းေတာ့ေခ်။ ခဲခယ့္အား လုံးဝစကားေျပာခ်င္္ ျဖစ္သြားခဲ့သည္။
ခဲခယ့္ႏွင့္ ၿမိဳ႕ပိုင္မွာ ႏွစ္ေယာက္လုံး က်ဳံ႕က်ဳံ႕ေလးျဖစ္ေနခဲ့ၾကေတာ့သည္။ သူတို႔အကုန္လုံး ဘန္းနဒစ္ကို သစၥာေဖာက္ခဲ့ၾကသူမ်ား ျဖစ္ေနတာေၾကာင့္ပင္။
ကားမွာ ဦးနစ္အိမ္သို႔ ထပ္မံေရာက္ရွိခဲ့သည္။ ဦးနစ္ခ္မွာ အေစာႀကီးကတည္းက ဒီကိစၥကို ႐ုပ္ေသး႐ုပ္မ်ားထံမွ ၾကားခဲ့ၿပီးၿပီျဖစ္တာေၾကာင့္၊ တံခါးမ်ား အားလုံးကို ဖြင့္ကာ၊ တံခါးေရွ႕၌ အျပန္ျပန္အလွန္လွန္ လမ္းေလွ်ာက္၍ ဆရာႀကီးဘန္းနဒစ္အလာကို ေစာင့္ေမွ်ာ္ေနခဲ့ေလ၏။
ကားက ၿမိဳ႕ထဲလမ္းသို႔ ေမာင္းလာသည္ကို ေတြ႕သည့္အခါမွာေတာ့၊ ဦးနစ္ခ္က ဆက္၍ ေအာင့္မထားႏိုင္ေတာ့ဘဲ၊ ကားေရွ႕သို႔ အျမန္ေျပးသြားေလရာ၊ ေခ်ာင္ခ်န္႔ထံမွ ကားေပၚသို႔ ဆြဲတင္ခံလိုက္ရေလသည္။
ကံၾကမၼာလိုက္နာသူႏွစ္ေယာက္က ႐ုပ္ေသး႐ုပ္မ်ားသယ္ေဆာင္ရန္အတြက္ ထရပ္ကားႀကီးကို ယူေဆာင္လာခဲ့သည္မွာ ေတာ္ေသးေလသည္။ မဟုတ္လွ်င္ ဒီေလာက္ လူအမ်ားႀကီး ဆန႔္ႏိုင္မွာ မဟုတ္ေပ။
ဦးနစ္ခ္က ဆရာႀကီးကို ျမင္သည့္အခါ၊ စိတ္လႈပ္ရွားလြန္းသျဖင့္ တစ္ကိုယ္လုံးရွိ အစိတ္အပိုင္းမ်ားအားလုံးမွာ တုန္ခါေနေလေတာ့သည္။ သူက ဆိုလိုက္ေလ၏: "ဆ..ဆရာႀကီး၊ စမ္းသပ္ခန္းက အကုန္ ျပင္ဆင္ၿပီးသြားၿပီ။ စက္ပစၥည္းေတြကိုလည္း ေန႔တိုင္း စစ္ေဆးၾကည့္ထားတယ္။ ဆရာႀကီး ႀကိဳက္တဲ့အခ်ိန္ ႐ုပ္ေသး႐ုပ္ေလးကို ႏွလုံးထည့္ေပးလို႔ ရေအာင္လို႔"
ကားေနာက္သို႔ ေျပးလိုက္ေနၾကသည့္ အျခား႐ုပ္ေသး႐ုပ္မ်ားမွာလည္း၊ ဘန္းနဒစ္အား ေအာ္ေျပာၾကေလသည္: "ဆရာႀကီး၊ ကြၽန္မတို႔ ေနာက္ထပ္ လိမ္မေျပာေတာ့ပါဘူး။ ဆရာႀကီးေနာက္ဆို ထြက္မသြားပါနဲ႔ေတာ့၊ သခင္ေလးနဲ႔အတူ ႐ုပ္ေသးၿမိဳ႕ေတာ္မွာပဲ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္္ေနပါေတာ့!"
"ဆရာႀကီး၊ ကြၽန္ေတာ္က တရားစီရင္ေရးဌာနက ဝန္ထမ္းပါ။ ကြၽန္ေတာ္တို႔ ေန႔တိုင္း ကင္းလွည့္ၿပီး ႐ုပ္ေသး႐ုပ္ဆိုးေတြကို လိုက္ဖမ္းတယ္။ တရားစီရင္ေရးမႉးက ေထာင္တစ္ခုေဆာက္ထားေပးေသးတယ္။ မေကာင္းတာေတြ လုပ္တဲ့ ႐ုပ္ေသး႐ုပ္ေတြအကုန္လုံးကို အဲ့ထဲထည့္မွာ!"
"ဆရာႀကီး....."
"ဆရာႀကီး....."
ေမွ်ာ္လင့္ေစာင့္စားေနသာ ေခၚဆိုသံမ်ားက ဘန္းနဒစ္၏ နားထဲသို႔ ဝင္ေရာက္လာခဲ့ေလသည္။ မွန္က ဆိုလိုက္သည္: "ၾကည့္လိုက္ပါဦး၊ ဆရာႀကီး ထင္သေလာက္ မဆိုးဘူးမလား? ႐ုပ္ေသး႐ုပ္ေတြက ခင္ဗ်ားကို ဒီေလာက္ခ်စ္ၾကတာ။ ခင္ဗ်ားက သူတို႔အေပၚ ဗဟိုခ်က္ထိန္းခ်ဳပ္စက္ကို သုံးဖို႔ အေတြးရွိေသးတယ္လား?"
"ဟြန္း!" ဘန္းနဒစ္က အသံက်ယ္က်ယ္ျဖင့္ ႏွာေခါင္းရႈံ႕လိုက္ၿပီးေနာက္၊ ႐ုတ္တရက္ ၿမိဳ႕ပိုင္ လက္ထဲက ေျပာင္းေခ်ာေသနတ္ကို လုယူလိုက္ေလသည္။ သူ ေသနတ္ေမာင္းကို မဆြဲခဲ့ဘဲ၊ ေသနတ္ေျပာင္းျဖင့္သာ ၿမိဳ႕ပိုင္ကို ႐ိုက္လိုက္ေလေတာ့သည္။ "အဲ့တာအကုန္ မင္းေၾကာင့္၊ မင္းေၾကာင့္ျဖစ္တာ!"
ၿမိဳ႕ပိုင္က တစ္ခြန္းမွ ျပန္မေျပာဘဲ အ႐ိုက္ခံေနေလ၏။ ဆရာႀကီး ႐ိုက္ရ ပိုအဆင္ေျပအာင္ သူ႔ေခါင္းကိုပါ နည္းနည္း ဆန္႔ထုတ္ေပးလိုက္ေသးသည္။
ကံေကာင္းစြာျဖင့္ ဦးနစ္ခ္၏ အိမ္က လမ္းဆုံႏွင့္ အလြန္နီိးသည္ေၾကာင့္၊ အကုန္လုံး ျပဳျပင္ဆိုင္သို႔ အျမန္သြားခဲ့ၾကသည္။ ဦးနစ္ခ္က ဆရာႀကီးႏွင့္ ႐ုပ္ေသး႐ုပ္ေလးကို ေခၚၿပီး စမ္းသပ္ခန္းထဲသို႔ ဝင္သြားခဲ့ကာ၊ က်န္သူမ်ားကေတာ့ တံခါးအျပင္၌ က်န္ေနခဲ့ၾကသည္္။
ရွင္ယဲ့တို႔အုပ္စုမွာ တံခါးျပင္၌ စိုးရိမ္တႀကီး ေစာင့္ေနခဲ့ၾကသည့္အခ်ိန္တြင္ တရားစီရင္ေရးမႉးက တပ္သားမ်ားႏွင့္အတူ မိုင္းတြင္းပိုင္ကိုပါ တစ္ပါတည္းေခၚ၍ ေရာက္လာခဲ့သည္။ သူက ၿမိဳ႕ပိုင္ႏွင့္ မိုင္းတြင္းပိုင္ကို ေျပာလိုက္ေလ၏: "က်ဳပ္ ခင္ဗ်ားတို႔ကို စိတ္လိုက္မာန္ပါမလုပ္ဖို႔ အႀကံေပးခ်င္တယ္။ ဆရာႀကီးက က်ဳပ္တို႔ကို ထိခိုက္ေအာင္ လုပ္မွာ မဟုတ္ဘူး! က်ဳပ္တို႔က ႐ုပ္ေသးၿမိဳ႕ေတာ္ကို ေကာင္းေကာင္းစီမံႏိုင္သ၍၊ ဆရာႀကီးက က်ဳပ္တို႔ကို ခြင့္လႊတ္မွာပဲ!"
"ၿမိဳ႕ပိုင္၊ ခင္ဗ်ား ေသခ်ာစဥ္းစားၾကည့္ပါ။ ကိုယ္လုပ္ခဲ့တဲ့ လုပ္ရပ္ေတြ မွန္ရဲ႕လားလို႔?" တရားစီရင္ေရးမႉးက ေမးလိုက္ေလ၏။
ၿမိဳ႕ပိုင္ႏွင့္ မိုင္းတြင္းပိုင္တို႔ ႏွစ္ေယာက္မွာ အမွားတစ္ခုခုလုပ္ထားသည့္ ကေလးမ်ားကဲ့သို႔ စကားတစ္ခြန္းမွမေျပာဘဲ ျပဳျပင္ဆိုင္ေရွ႕၌ ဒူးေထာက္ေနခဲ့ၾကေလသည္။
သုံးနာရီၾကာၿပီးသည့္ေနာက္၊ ဘန္းနဒစ္က ႐ုပ္ေသး႐ုပ္ေလး၏ လက္ကို ကိုင္ဆြဲလ်က္ စမ္းသပ္ခန္း တံခါးမွ ထြက္လာခဲ့သည္။ ႐ုပ္ေသး႐ုပ္ႏွစ္႐ုပ္က သူ႔ေရွ႕မွာ ဒူးေထာက္ေနသည္ကို ျမင္သည့္အခါ၊ သူ ေရွ႕ကို ေလွ်ာက္သြားလိုက္ၿပီး ခပ္ျပင္းျပင္း သုံးေလးခ်က္ေလာက္ ကန္ခ်လိုက္ေလ၏။ ထို႔ေနာက္ ကန္ရင္း ဆဲဆိုရင္းျဖင့္ပင္ ေျပာလိုက္ေလသည္: "ကံေကာင္းလို႔ ငါ့သား ဘာမွမျဖစ္တာ။ မဟုတ္ရင္ ငါ မင္းတို႔ႏွစ္ေကာင္ကို တစ္စစီျဖဳတ္ၿပီး ႀကိတ္စက္ထဲ လႊင့္ပစ္တယ္!"
"ဆရာႀကီး!" ၿမိဳ႕ပိုင္က သူ႔ေျခေထာက္ကို ဖက္ကာ ဆိုလိုက္ေလ၏။ "ကြၽန္ေတာ္ မွားသြားပါတယ္။ ကြၽန္ေတာ့္ကို သတ္လိုက္ပါေတာ့!"
ခဲခယ့္က စိတ္လႈပ္ရွားပူပန္စြာျဖင့္ ဆရာႀကီးအား ၾကည့္လိုက္ေလသည္။ သူက ေဒါသျဖင့္ ၿမိဳ႕ပိုင္ကို တကယ္သတ္လိုက္မည္ကို ေၾကာက္႐ြံ႕ေနေလ၏။
႐ုပ္ေသး႐ုပ္ေလးက သူ႔အေဖ၏ လက္ကို လႈပ္ဆြဲကာ ဆိုလိုက္၏: "ဦးဦးၿမိဳ႕ပိုင္က သားကို အၿမဲဂ႐ုစိုက္ေပးတယ္။ ဦးဦးတရားစီရင္ေရးမႉးကလည္း သားဆီကို သတၱဳ႐ိုင္းေတြနဲ႔ စက္ဆီေတြ ခဏခဏယူလာေပးတယ္"
တရားစီရင္ေရးမႉးႏွင့္ ၿမိဳ႕ပိုင္မွာ တစ္ေယာက္မ်က္ႏွာတစ္ေယာက္ၾကည့္လိုက္ၾကၿပီး၊ တစ္ၿပိဳင္နက္တည္း ဆိုလိုက္ၾကသည္: "မင္းလည္း သခင္ေလးကို ေစာင့္ေရွာက္ေပးေနတာလား?"
႐ုပ္ေသး႐ုပ္ေလးက ထပ္မံဆိုလိုက္ေလ၏: "ဦးဦးနစ္ခ္ကလည္း သားရဲ႕ ကိုယ္ကို ခဏခဏ ျပင္ၿပီး သံပတ္လွည့္ေပးတယ္။ ဦးဦးမိုင္းတြင္းပိုင္ကလည္း အၿမဲတမ္း အရမ္းၾကည့္ေကာင္းတဲ့ အက်ႌေတြ ပို႔ေပးတယ္!"
ဘန္းနဒစ္က သူတို႔တစ္ေယာက္ခ်င္းစီကို တစ္ခ်က္စီကန္လိုက္ၿပီး 'ဟြန္း' ဟု အသံက်ယ္က်ယ္ျဖင့္ ႏွာေခါင္းတစ္ခ်က္ရႈံ႕လိုက္ေလေတာ့သည္။
ရွင္ယဲ့တို႔အဖြဲ႕မွာ System ၏ အခ်က္ေပးသံကို ၾကားလိုက္ရသည္: "အမွန္တရားကိုဆိုေသာ ၿမိဳ႕ခံအား ရွာေဖြျခင္း mission ကို ၿပီးေျမာက္သြားၿပီျဖစ္ပါတယ္။ အဆင့္ကို ျဖတ္ေက်ာ္ႏိုင္တဲ့အတြက္ ရရွိတဲ့ ပြိဳင့္စုစုေပါင္းကေတာ့ ၁၆၀၀၀ ပြိဳင့္ျဖစ္ၿပီး၊ သက္ဆိုင္ရာတန္ဖိုးအလိုက္ ခြဲေဝေပးမႈအရ၊ ရွင္ယဲ့က ၁၀၀၀၀ ပြိဳင့္ရရွိမွာျဖစ္ၿပီး၊ ကြမ္းလင္ ၃၀၀၀ပြိဳင့္၊ ေခ်ာင္ခ်န္႔ ၃၀၀၀ပြိဳင့္ရရွိမွာျဖစ္ပါတယ္။ ကစားသူ ရွင္ယဲ့၊ ေခ်ာင္ခ်န္႔၊ ကြမ္းလင္တို႔အားလုံးကို ယခုအဆင့္အား ၿပီးျပည့္စုံစြာ ေအာင္ႏိုင္ျခင္းအတြက္ ဂုဏ္ျပဳပါတယ္"