အမျိုးသားဇာတ်လိုက်၏ညီနှင့်လက်...

Par Camichel_Miamo

231K 34.9K 1.2K

»This is not my own story »Just translate for fun »All credits go to the original author and translator »... Plus

Description
Chapter-1
Chapter-2
Chapter-3
Chapter-4
Chapter-5
Chapter-6
Chapter-7
Chapter-8
Chapter-9
Chapter-10
Chapter-11
Chapter-12
Chapter-13
Chapter-14
Chapter-15
Chapter-16
Chapter-17
Chapter-18
Chapter-19
Chapter-20
Chapter-21
Chapter-22
Chapter-23
Chapter-24
Chapter-25
Chapter-26
Chapter-27
Chapter-28
Chapter-29
Chapter-30
Chapter-31
Chapter-32
Chapter-33
Chapter-34
Chapter-35
Chapter-36
Chapter-37
Chapter-38
Chapter-39
Chapter-40
Chapter-41
Chapter - 42
Chapter - 43
Chapter - 44
Chapter-45
Chapter-46
Chapter-47
Chapter-49
Chapter-50
Chapter-51
Chapter-52
Chapter-53
Chapter-54
Chapter-55
Chapter-56
Chapter-57
Chapter-58
Chapter-59
Chapter-60
Chapter-61
Chapter-62
Chapter-63
Chapter-64
Chapter-65
Chapter-66
Chapter-67
Chapter-68
Chapter-69
Chapter-70
Chapter-71
Chapter-72
Chapter-73
Chapter-74
Chapter-75
Chapter-76
Chapter-77
Chapter-78
Chapter-79
Chapter-80
Chapter-81
Chapter-82
Chapter-83
Chapter-84
Chapter-85
Chapter-86

Chapter-48

2.5K 382 14
Par Camichel_Miamo

Clickဖို့မမေ့ကြပါနဲ့ရှင့်🌻

နဉ့်ကျီ သူ့အား ခြောက်လှန့်ရန် ကြိုးစားလိုက်သည် "အသီးအရွက်မစားတဲ့ကလေးတွေက အရပ်မရှည်တော့ဘူးနော်"

လုကုအသေးလေးသည် တိတ်ဆိတ်စွာသာ ဆက်စားနေ၏။

"ရှောင်ကုကု ကြီးလာရင် အစ်မကြီးထက် ပိုပြီးအရပ်မရှည်ချင်ဘူးလား?" နဉ့်ကျီ အပြုံးတစ်ခုနှင့် ဆိုလိုက်သည် "အစ်မကြီးက အရပ်ရှည်တဲ့ကောင်လေးတွေကိုဘဲ သဘောကျတာ" အရွယ်ရောက်ပြီး လုကုမှာ အလွန်ကိုအရပ်ရှည်သည်။ သူမမှာ သူ့အားကြည့်ရန် ခေါင်းမော့ရသည်အထိ။

အစေခံသည် ညစားစားနေသော လုကုအသေးလေးအား ကူညီပေးရန် ဘေးတွင်ရပ်နေခဲ့သည်။

ရုတ်တရတ် အသီးအရွက်စားရန် ဘယ်တုန်းကမှ မကြိုက်ခဲ့သည့် သခင်ငယ်လေးသည် သူနှင့်အဝေးဆုံးက ခါကြက်ဥမွှေကြော်ပန်းကန်ဆီသို့ လက်လှမ်းသည်ကို မြင်လိုက်ရလေ၏။ 

အစေခံမှာ မယုံကြည်နိုင်ဖြစ်သွားရသည်။

သခင်မသည် ချော့တစ်ခါ ခြောက်တစ်လှည့်ဖြင့် မျိုးစုံကြိုးစားခဲ့သော်လည်း သခင်ငယ်လေးသည် တစ်ကိုက်တောင်မကိုက်။ ဒီနေ့ကျမှ သူ့ဟာသူ ယူစားနေသည်တဲ့လား?

လုကုအသေးလေး မျက်မှောင်ကြုံ့သွားရရင်း မျက်လုံးနက်နက်ကြီးများမှာ မကျေနပ်ကြောင်းထင်ရှားနေသော်ငြား နောက်ဆုံးတွင်လည်း သူမုန်းလှသည်ဆိုသော ခါကြက်ဥအား မျိုချလိုက်၏။ 

"ရှောင်ကုကုက အရမ်းတော်တာဘဲ ၊ နည်းနည်းထပ်စားလိုက်ဦး" ကလေးငယ်လေးများမှာ ချော့မြှူရလွယ်သည်ဟု နဉ့်ကျီခံစားရ၏။

အစေခံခမျာ ထိတ်လန့်သွားရသည်။ သခင်ငယ်လေးသည် မျက်မှောင်ကြုံ့ထားရင်းပင် ခါကြက်ဥများကို အလုတ်သေးသေးလေးများ တစ်လုတ်ပြီးတစ်လုတ် စားနေလေသည်။ 

သူမ စိတ်လှုပ်ရှားစွာပင် အိမ်တော်ထိန်းကြီးအား ပြောပြလိုက်သည်။

နောက်ဆုံးတွင် အမေလုနှင့်အဖေလုပင် အိမ်ပြန်ရောက်ချိန်တွင် လုကုအသေးလေးသည် အသီးအရွက်အချို့ စားခဲ့ကြောင်း သိရှိလိုက်ရသည်။ ထိုမှစ အမြဲတမ်းပင် ညစာထမင်းစားပွဲထက်တွင် စာဖိုမှူးဆီမှ ဆန်းသစ်သော အသီးအရွက်ဟင်းပွဲများကို တွေ့ရတော့၏။  

နောက်တစ်ရက် မနက်ခင်းတွင်..

နဉ့်ကျီ လုကုအသေးလေးနှင့်အတူ ကျောင်းလိုက်သွားသည်။

မနေ့က လုကုအသေးလေးအား အနိုင်ကျင့်ခဲ့ကြသော ကောင်လေးတစ်သိုက်ကို သူမ တွေ့လိုက်ရသည်။

သူတို့အုပ်စုထဲမှ ဝဝတုတ်တုတ် ကောင်ကလေးသည် လုကုထံလျှောက်လာကာ ကြမ်းကြမ်းရမ်းရမ်း ဆိုလေသည် "မနေ့တုန်းက ငါတို့ကို ဆရာမသွားတိုင်တာ မင်းလား?"

ဝတုတ်ကလေးသည် အခြားကလေးများထက် ပိုမိုအရပ်ရှည်ကာ အတန်းထဲတွင် အနိုင်ကျင့်နေသည့်ကလေးပင်။ သူ စားပွဲပေါ်တွင် တင်ထားသော လုကုအသေးလေး၏ ခဲတံအိတ်အား ကြမ်းပြင်ပေါ် တွန်းချပစ်လိုက်သည်။

ဘန်း! အထဲရှိပစ္စည်းများအားလုံး ကြမ်းပြင်ပေါ် ပြန့်ကျဲကုန်လျက်။ 

"ငါ့အမေ ငါ့ကို ပြောပြထားပြီးသား ၊ ငါ့ဦးလေးက ကျောင်းရဲ့ဒါရိုက်တာ, ဆရာမတောင် ငါဦးလေးကို ကြောက်ရတယ်ကွ" ဝတုတ်ကလေးသည် ကြမ်းပြင်ပေါ်ရှိ ရောင်စုံခဲတံအိတ်လေးပေါ် တက်နင်းပစ်ကာ "ငါက ဆရာမကို မကြောက်ဘူး"

"မင်း ငါတို့ကိုသွားတိုင်တာ ၊ နောက်ကျရင် မင်းကို အိမ်သာထဲမှာ ထပ်သော့ခတ်ပစ်ထားမယ်" ဝတုတ်လေးသည် အခြားကောင်လေးများနှင့်အတူ အစီအစဉ်ချပြီးသားဖြစ်သည်, လုကုအား အခန်းထဲတွင် သော့ပိတ်ထားပြီးနောက် သရဲဟန်ဆောင်၍ ငိုအောင်အထိ ခြောက်လှန့်ပစ်ရန်ပင်။

ဝတုတ်လေး၏ ခြိမ်းခြောက်စကားများကို နားထောင်ရင်း နဉ့်ကျီ လက်သီးဆုပ်ထားမိလိုက်သည်။ ဝတုတ်လေးမှာ မိဘများအလိုလိုက်ထား၍ ဆိုးသွမ်းနေသည်မှာ အသိအသာပင်။ ဆရာကိုတောင်မကြောက်။ 

ထင်သည့်အတိုင်းပင်, လုကုအသေးလေး သန့်စင်ခန်းသို့သွားသည့်အချိန်တွင် ဝတုတ်လေးသည် အခြားကောင်လေးအချို့နှင့်အတူ သူ့နောက်သို့ လိုက်သွားကြသည်ကို နဉ့်ကျီမြင်လိုက်ရသည်။ 

သူမ သူတို့နောက်မှ အလျင်အမြန်ပင် လိုက်သွားလိုက်သည်။

ဝတုတ်လေးသည် လုကုအသေးလေး၏ ကော်လံအနောက်အားဆွဲထားရင်း "အရူး" "အအ" စသည်ဖြင့် ဆက်တိုက်ခေါ်နေခဲ့၏။

လုကုလေးကမူ စကားတစ်လုံးမှမဟဘဲ ခေါင်းကိုသာ ငုံ့ထားခဲ့သည်။

သူ၏လက်သေးသေးလေးနှစ်ဖက်အား လက်သီးဆုပ်လေးများအဖြစ် တင်းနေအောင်ဆုပ်ထားသည်ကို နဉ့်ကျီမြင်ရ၏။

ထိုကလေးများအားလုံးအား သွား၍ရိုက်ပစ်လိုက်ချင်သည့် ဆန္ဒသာရှိတော့သည်။ သူတို့ ဘာလို့ အဲ့လောက်တောင် ဆိုးရွားရတာလဲ?

"လာ သူ့ကိုထပ်ပိတ်ထားကြစို့" ကောင်လေးများထဲမှတစ်ယောက် အကြံပြုလာသည်။

သူတို့သည် ထောင်လွှားကြသော်ငြား လူတစ်ယောက်အား ရိုက်နှက်ရဲသည့် သတ္တိတော့မရှိချေ။ သူတို့လုပ်ရဲသမျှမှာ အရူးအား သော့ပိတ်ထားခြင်းနှင့် သူ၏စာအုပ်များကို ဖျက်ဆီးပစ်ခြင်းပင်။

နဉ့်ကျီ လုကုအသေးလေး၏လက်ကို လှမ်းဆုပ်ကိုင်လိုက်သည် "မကြောက်နဲ့ ၊ အစ်မကြီးက ရှောင်ကုကုနဲ့ အတူရှိတယ်"

ဆုပ်ကိုင်ခံထားရသော သူ၏လက်သေးသေးလေး နွေးထွေးနေ၏။ လုကုလေး ဆုပ်ထားခဲ့သော လက်သီးဆုပ်လေးအား ဖြေလျှော့လိုက်သည်။ နောက်တစ်ကြိမ် ဘယ်ကထပ်မံ ပေါ်လာခဲ့မှန်းမသိသည့် နဉ့်ကျီအား သူမော့ကြည့်လာရင်း လေးပင်စွာဆိုသည် "ထူးဆန်းတဲ့အစ်မကြီး"

"အရူးကောင်က သူ့ကိုယ်သူ စကားပြောနေပြန်ပြီ"

"သူ့ကို မြန်မြန်သော့ခတ်ကြစို့ ၊ အတန်းစတော့မှာ"

"ငါတို့ထပ်လုပ်တာ ဆရာမသိသွားရင် ဘယ်လိုလုပ်မလဲ?"

ဝတုတ်လေးသည် ဆရာမအား မကြောက်ပေ "ငကြောက်ကောင် ၊ ငါလုပ်မယ်, ဟေ့ အရူးကောင် အဲ့ထဲကို မင်းဘာသာဝင်သွားပြီး မင်းနောက်က တံခါးကိုပိတ်လိုက်စမ်း"

#This is not my own story


------


Clickဖို႔မေမ့ၾကပါနဲ႔ရွင့္🌻

နဥ့္က်ီ သူ႔အား ေျခာက္လွန႔္ရန္ ႀကိဳးစားလိုက္သည္ "အသီးအ႐ြက္မစားတဲ့ကေလးေတြက အရပ္မရွည္ေတာ့ဘူးေနာ္"

လုကုအေသးေလးသည္ တိတ္ဆိတ္စြာသာ ဆက္စားေန၏။

"ေရွာင္ကုကု ႀကီးလာရင္ အစ္မႀကီးထက္ ပိုၿပီးအရပ္မရွည္ခ်င္ဘူးလား?" နဥ့္က်ီ အၿပဳံးတစ္ခုႏွင့္ ဆိုလိုက္သည္ "အစ္မႀကီးက အရပ္ရွည္တဲ့ေကာင္ေလးေတြကိုဘဲ သေဘာက်တာ" အ႐ြယ္ေရာက္ၿပီး လုကုမွာ အလြန္ကိုအရပ္ရွည္သည္။ သူမမွာ သူ႔အားၾကည့္ရန္ ေခါင္းေမာ့ရသည္အထိ။

အေစခံသည္ ညစားစားေနေသာ လုကုအေသးေလးအား ကူညီေပးရန္ ေဘးတြင္ရပ္ေနခဲ့သည္။

႐ုတ္တရတ္ အသီးအ႐ြက္စားရန္ ဘယ္တုန္းကမွ မႀကိဳက္ခဲ့သည့္ သခင္ငယ္ေလးသည္ သူႏွင့္အေဝးဆုံးက ခါၾကက္ဥေမႊေၾကာ္ပန္းကန္ဆီသို႔ လက္လွမ္းသည္ကို ျမင္လိုက္ရေလ၏။ 

အေစခံမွာ မယုံၾကည္ႏိုင္ျဖစ္သြားရသည္။

သခင္မသည္ ေခ်ာ့တစ္ခါ ေျခာက္တစ္လွည့္ျဖင့္ မ်ိဳးစုံႀကိဳးစားခဲ့ေသာ္လည္း သခင္ငယ္ေလးသည္ တစ္ကိုက္ေတာင္မကိုက္။ ဒီေန႔က်မွ သူ႔ဟာသူ ယူစားေနသည္တဲ့လား?

လုကုအေသးေလး မ်က္ေမွာင္ႀကဳံ႕သြားရရင္း မ်က္လုံးနက္နက္ႀကီးမ်ားမွာ မေက်နပ္ေၾကာင္းထင္ရွားေနေသာ္ျငား ေနာက္ဆုံးတြင္လည္း သူမုန္းလွသည္ဆိုေသာ ခါၾကက္ဥအား မ်ိဳခ်လိုက္၏။ 

"ေရွာင္ကုကုက အရမ္းေတာ္တာဘဲ ၊ နည္းနည္းထပ္စားလိုက္ဦး" ကေလးငယ္ေလးမ်ားမွာ ေခ်ာ့ျမႇဴရလြယ္သည္ဟု နဥ့္က်ီခံစားရ၏။

အေစခံခမ်ာ ထိတ္လန႔္သြားရသည္။ သခင္ငယ္ေလးသည္ မ်က္ေမွာင္ႀကဳံ႕ထားရင္းပင္ ခါၾကက္ဥမ်ားကို အလုတ္ေသးေသးေလးမ်ား တစ္လုတ္ၿပီးတစ္လုတ္ စားေနေလသည္။ 

သူမ စိတ္လႈပ္ရွားစြာပင္ အိမ္ေတာ္ထိန္းႀကီးအား ေျပာျပလိုက္သည္။

ေနာက္ဆုံးတြင္ အေမလုႏွင့္အေဖလုပင္ အိမ္ျပန္ေရာက္ခ်ိန္တြင္ လုကုအေသးေလးသည္ အသီးအ႐ြက္အခ်ိဳ႕ စားခဲ့ေၾကာင္း သိရွိလိုက္ရသည္။ ထိုမွစ အၿမဲတမ္းပင္ ညစာထမင္းစားပြဲထက္တြင္ စာဖိုမႉးဆီမွ ဆန္းသစ္ေသာ အသီးအ႐ြက္ဟင္းပြဲမ်ားကို ေတြ႕ရေတာ့၏။  

ေနာက္တစ္ရက္ မနက္ခင္းတြင္..

နဥ့္က်ီ လုကုအေသးေလးႏွင့္အတူ ေက်ာင္းလိုက္သြားသည္။

မေန႔က လုကုအေသးေလးအား အႏိုင္က်င့္ခဲ့ၾကေသာ ေကာင္ေလးတစ္သိုက္ကို သူမ ေတြ႕လိုက္ရသည္။

သူတို႔အုပ္စုထဲမွ ဝဝတုတ္တုတ္ ေကာင္ကေလးသည္ လုကုထံေလွ်ာက္လာကာ ၾကမ္းၾကမ္းရမ္းရမ္း ဆိုေလသည္ "မေန႔တုန္းက ငါတို႔ကို ဆရာမသြားတိုင္တာ မင္းလား?"

ဝတုတ္ကေလးသည္ အျခားကေလးမ်ားထက္ ပိုမိုအရပ္ရွည္ကာ အတန္းထဲတြင္ အႏိုင္က်င့္ေနသည့္ကေလးပင္။ သူ စားပြဲေပၚတြင္ တင္ထားေသာ လုကုအေသးေလး၏ ခဲတံအိတ္အား ၾကမ္းျပင္ေပၚ တြန္းခ်ပစ္လိုက္သည္။

ဘန္း! အထဲရွိပစၥည္းမ်ားအားလုံး ၾကမ္းျပင္ေပၚ ျပန႔္က်ဲကုန္လ်က္။ 

"ငါ့အေမ ငါ့ကို ေျပာျပထားၿပီးသား ၊ ငါ့ဦးေလးက ေက်ာင္းရဲ႕ဒါ႐ိုက္တာ, ဆရာမေတာင္ ငါဦးေလးကို ေၾကာက္ရတယ္ကြ" ဝတုတ္ကေလးသည္ ၾကမ္းျပင္ေပၚရွိ ေရာင္စုံခဲတံအိတ္ေလးေပၚ တက္နင္းပစ္ကာ "ငါက ဆရာမကို မေၾကာက္ဘူး"

"မင္း ငါတို႔ကိုသြားတိုင္တာ ၊ ေနာက္က်ရင္ မင္းကို အိမ္သာထဲမွာ ထပ္ေသာ့ခတ္ပစ္ထားမယ္" ဝတုတ္ေလးသည္ အျခားေကာင္ေလးမ်ားႏွင့္အတူ အစီအစဥ္ခ်ၿပီးသားျဖစ္သည္, လုကုအား အခန္းထဲတြင္ ေသာ့ပိတ္ထားၿပီးေနာက္ သရဲဟန္ေဆာင္၍ ငိုေအာင္အထိ ေျခာက္လွန႔္ပစ္ရန္ပင္။

ဝတုတ္ေလး၏ ၿခိမ္းေျခာက္စကားမ်ားကို နားေထာင္ရင္း နဥ့္က်ီ လက္သီးဆုပ္ထားမိလိုက္သည္။ ဝတုတ္ေလးမွာ မိဘမ်ားအလိုလိုက္ထား၍ ဆိုးသြမ္းေနသည္မွာ အသိအသာပင္။ ဆရာကိုေတာင္မေၾကာက္။ 

ထင္သည့္အတိုင္းပင္, လုကုအေသးေလး သန႔္စင္ခန္းသို႔သြားသည့္အခ်ိန္တြင္ ဝတုတ္ေလးသည္ အျခားေကာင္ေလးအခ်ိဳ႕ႏွင့္အတူ သူ႔ေနာက္သို႔ လိုက္သြားၾကသည္ကို နဥ့္က်ီျမင္လိုက္ရသည္။ 

သူမ သူတို႔ေနာက္မွ အလ်င္အျမန္ပင္ လိုက္သြားလိုက္သည္။

ဝတုတ္ေလးသည္ လုကုအေသးေလး၏ ေကာ္လံအေနာက္အားဆြဲထားရင္း "အ႐ူး" "အအ" စသည္ျဖင့္ ဆက္တိုက္ေခၚေနခဲ့၏။

လုကုေလးကမူ စကားတစ္လုံးမွမဟဘဲ ေခါင္းကိုသာ ငုံ႔ထားခဲ့သည္။

သူ၏လက္ေသးေသးေလးႏွစ္ဖက္အား လက္သီးဆုပ္ေလးမ်ားအျဖစ္ တင္းေနေအာင္ဆုပ္ထားသည္ကို နဥ့္က်ီျမင္ရ၏။

ထိုကေလးမ်ားအားလုံးအား သြား၍႐ိုက္ပစ္လိုက္ခ်င္သည့္ ဆႏၵသာရွိေတာ့သည္။ သူတို႔ ဘာလို႔ အဲ့ေလာက္ေတာင္ ဆိုး႐ြားရတာလဲ?

"လာ သူ႔ကိုထပ္ပိတ္ထားၾကစို႔" ေကာင္ေလးမ်ားထဲမွတစ္ေယာက္ အႀကံျပဳလာသည္။

သူတို႔သည္ ေထာင္လႊားၾကေသာ္ျငား လူတစ္ေယာက္အား ႐ိုက္ႏွက္ရဲသည့္ သတၱိေတာ့မရွိေခ်။ သူတို႔လုပ္ရဲသမွ်မွာ အ႐ူးအား ေသာ့ပိတ္ထားျခင္းႏွင့္ သူ၏စာအုပ္မ်ားကို ဖ်က္ဆီးပစ္ျခင္းပင္။

နဥ့္က်ီ လုကုအေသးေလး၏လက္ကို လွမ္းဆုပ္ကိုင္လိုက္သည္ "မေၾကာက္နဲ႔ ၊ အစ္မႀကီးက ေရွာင္ကုကုနဲ႔ အတူရွိတယ္"

ဆုပ္ကိုင္ခံထားရေသာ သူ၏လက္ေသးေသးေလး ေႏြးေထြးေန၏။ လုကုေလး ဆုပ္ထားခဲ့ေသာ လက္သီးဆုပ္ေလးအား ေျဖေလွ်ာ့လိုက္သည္။ ေနာက္တစ္ႀကိမ္ ဘယ္ကထပ္မံ ေပၚလာခဲ့မွန္းမသိသည့္ နဥ့္က်ီအား သူေမာ့ၾကည့္လာရင္း ေလးပင္စြာဆိုသည္ "ထူးဆန္းတဲ့အစ္မႀကီး"

"အ႐ူးေကာင္က သူ႔ကိုယ္သူ စကားေျပာေနျပန္ၿပီ"

"သူ႔ကို ျမန္ျမန္ေသာ့ခတ္ၾကစို႔ ၊ အတန္းစေတာ့မွာ"

"ငါတို႔ထပ္လုပ္တာ ဆရာမသိသြားရင္ ဘယ္လိုလုပ္မလဲ?"

ဝတုတ္ေလးသည္ ဆရာမအား မေၾကာက္ေပ "ငေၾကာက္ေကာင္ ၊ ငါလုပ္မယ္, ေဟ့ အ႐ူးေကာင္ အဲ့ထဲကို မင္းဘာသာဝင္သြားၿပီး မင္းေနာက္က တံခါးကိုပိတ္လိုက္စမ္း"

#This is not my own story

Continuer la Lecture

Vous Aimerez Aussi

231K 34.9K 87
»This is not my own story »Just translate for fun »All credits go to the original author and translator »Cover photo from pinterest
131K 16.2K 119
Associated name : 佛系少女穿书日常 Author : 十六月西瓜 , shiliu yue xigua Status in COO : 253 chapters ...
126K 19.2K 70
ကောင်းကင်​ဘုံမှ တိမ်​ဝိညာဉ်ရှောင်​ရှန်းဇီနှင့်​ ချူ ခုန်းတို့ ခိုက်​ရန်​ဖြစ်​ပွားရင်း ဖူးစာကြမ္မာပိုးကြိုးနီတို့ကို ရှုပ်​ထွေးသွားစေခဲ့မိသည်​။ ထို့က...
403K 15.3K 43
ကိုယ်ဟာ ကြိုးဝိုင်းထဲမှာ ကိုယ့်ကိုစိန်ခေါ်လာသမျှကောင်တွေအကုန် ထိုးရဲတယ် သတ်ရဲတယ် ကိုယ်နိုင်မယ်ဆိုတဲ့ယုံကြည်မှုရှိတယ် ကိုယ်မလုပ်ရဲတာဘာမှမရှိဘူးလို့ထင...