သုတနဲ့ဆုနန်း မယ်တော်ကြီးအဆောင်ကို
ရောက်တော့
"ဟော လာပြီလား
မယ်တော်ကမျှော်နေတာ"
မယ်တော်ကြီးက လှမ်းနှုတ်ဆက်လိုက်တယ်
"မင်္ဂလာနံနက်ခင်းပါမယ်တော်"
သုတက မနက်ခင်းနှုတ်ဆက်စကားဆိုလိုက်တယ်
"အင်း ချွေးမလေးကို မြင်နေရတာ
မင်္ဂလာနံနက်ခင်းပေါ့ကွယ်"
"မယ်မယ် အကျီဝတ်ပြီးဆံပင် အစမ်းပြင်ကြည့်ရပါမယ်"
ဆုနန်းကပြောလိုက်တယ်
"အေး ဟုတ်သားပဲ အကျီတွေက ဟိုနားကသေတ္တာလေးထဲမှာ မနက်ကတည်းကရောက်နေပြီ ချွေးမလေးကိုစောင့်နေတာ"
ဆုနန်းကသေတ္တာသွားယူလိုက်တယ်
အထဲကအင်္ကျီကိုထုတ်ပေးလိုက်တယ်
စက္ကူလိုက်ကာထောင်ထားတဲ့နောက်ကို
သုတကဝင်သွားလိုက်တယ် ဆုနန်းကအကျီ
ယူပြီးလိုက်သွားတယ်
"အာ ရပါတယ် ဒီကိုပေးပါ"
"ဟော မဟုတ်တာရှက်နေပြန်ပြီ
မင်းသားတွေလဲဒီလိုပဲလဲတာ"
"ရပါတယ် ကိုယ့်ဘာသာလဲလိုက်မယ်"
"မိဖုရား မင်္ဂလာဝတ်ရုံကအသေးစိတ်အနုဖောက် လုပ်ထားတာ ကူဝတ်ပေးမှရမှာ"
"ဟွန်း...."
"ကဲပါ ချွေးမတော်ရယ် ဒီတစ်စုံပဲကူဝတ်ခိုင်းလိုက်ပါ ကျန်တဲ့နေ့ရှက်ရင်ကိုယ့်ဘာသာဝတ် အဲ မဟုတ်ရင် မင်းကြီးကိုခေါ်လိုက်ရမလား ကူဝတ်ခိုင်းရအောင်လေ"
မယ်တော်ကြီးက အပြင်ကနေလှမ်းပြောတယ်
"အာ မယ်တော်ကလဲ စနေတယ်"
"တကယ်ပြောတာ ခေါ်လိုက်ရမလား
သားတော်ကို"
"မယ်တော် ဘာဖြစ်လို့လဲ..?"
မင်းကြီးကရုံးတော်ကအလုပ်တွေပြီးလို့
မိဖုရားလေး မယ်တော့်ဆီရောက်လောက်ပြီ
ဆိုပြီးမှန်းလာတာနဲ့ ကွက်တိဖြစ်သွားတယ်
"ဟော အသက်ရှည်အုံးမယ်
သွားသွား မိဖုရားကမင်္ဂလာဝတ်ရုံကူဝတ်ပေးမှာကိုရှက်နေလို့ကွယ် ဝတ်ပေးလိုက်အုံး"
"အာ မယ်တော် မလွှတ်နက်လေ"
သုတကအထဲက ပြန်ပြောတယ်
ဆုနန်းက ပြန်ထွက်လာတယ်
မင်းကြီး သုတဆီသွားပြီး...
"ကိုယ်လာတော့ ဘာဖြစ်လို့လဲ...?"
"အာ မလာပါနက်ဆို"
"လာချင်လို့ပါ ကူညီပါရစေ"
"ဘာကူညီပါရစေလဲ ရဲစခန်းကရဲကျနေတာပဲ
ကူညီချင်နက်"
ဆုနန်းနဲ့ မယ်တော်က ပြုံးဖြီးနေတယ်..
မင်းကြီးက အတင်းဝင်သွားပြီး
အကျီလဲဖို့ချွတ်နေတဲ့သုတကို
အတင်းသွားဖက်လိုက်တယ်
"ကဲ အညိမ်နေ မနေရင်သိတယ်နော်"
"ဟွန့် "
သုတတစ်ယောက်ဘာမှပြန်မပြောပဲ
ငြိမ်နေလိုက်ရတယ် မင်းကြီးက သုတကို
သေချာလေးအဝတ်လဲပေးလိုက်တယ်
ပြီးတော့မင်းကြီးကထွက်လာတယ်
မယ်တော်ကြီးနဲ့ ဆုနန်းက သုတရဲ့
မင်္ဂလာဝတ်စုံဝတ်ထားတဲ့ပုံလေးကို
မျှော်လင့်နေတာပေါ့
ခနကြာတော့ သုတကရှေ့အစကိုတက်နင်းမိ
မှာစိုးလို့ မြှောက်ကိုင်ပြီး ထွက်လာခဲ့တယ်
အကုန်လုံးပါးစပ်အဟောင်းသားလေး
ဖြစ်သွားတယ် အနီရောင်ဝတ်ရုံလေးနဲ့
အသားဖြူဖြူ ခါးသေးသေးလေးက တကယ်
လိုက်ဖက်လွန်းနေတာကို လည်ပင်းပေါက်
ကျယ်ကျယ်လေးမို့ ညှပ်ရိုးလှလှလေးက
ပေါ်နေပြီး အကျီအရောင်ကြောင့်
လည်တိုင်ဖြူဖြူလေးကလဲ စွဲမက်သွားရ
လောက်အောင် လှရက်နေတယ်
"ဘယ်လိုဖြစ်လို့ ဒီလောက်တောင်ကြည့်နေရတာလဲ"
"လှလိုက်တာမိဖုရားတယ် အပြစ်ပြောစရာမရှိအောင်ကိုလှတယ်"
ဆုနန်းကပြောလိုက်တယ်
"ကဲပါ မယ်တော်ရော မောင်ကြီးရော တော်ပြီ
တော်ရုံပဲကြည့်မနေတတ်တော့ဘူး"
ပြောရင်းနက် ပါးလေးတွေကရဲတက်လာ
တယ်
"ဟုတ်သားပဲ မျက်နှာလေးတောင်နီကုန်ပြီ"
မယ်တော်ကြီးကပြောလိုက်တယ်
ပြီးတော့ သုတရဲ့ ဆံပင်ကိုတချက်ကြည့်လိုက်ပြီး
"ဆုနန်း ချွေးမတော်လေးကိုပြင်ပေးလိုက်အုံး"
"ဟုတ်ကဲ့ မယ်တော်ကြီး"
ဆုနန်းက သုတကို ဆံပင်ပြင်ပြီး ပေါင်ဒါတွေ
လူးပေးလိုက်တယ် နှုတ်ခမ်းကိုလဲ
ဆေးရောင်လေးတင်ပေးလိုက်တယ်
လှသထက်လှလာတော့တာပေါ့
အပြင်အဆင်ပြီးတော့မှ ပိတ်စလေးနဲ့မျက်နှာ
ကွယ်လိုက်တယ်
"အင်း အဆင်တော့ပြေပြီ မနက်ဖြန်မင်္ဂလာပွဲအတွက် အခန်းပြင်ဆင်ဖို့ပဲကျန်တော့မယ်"
မယ်တော်ကြီးက လေးလေးနက်နက်နဲ့ပြောလိုက်တယ်
"ဝက်လေး ကိုယ်အလုပ်တွေများနေလို့ သွားလိုက်အုံးမယ်နော်"
မင်းကြီးကပြောလိုက်တယ်
သုတက ပဝါစလေးလှန်ပြီး
"ဟုတ် သွားလေ စိတ်မပူပါနဲ့"
မင်းကြီးကအသည်းယားလို့ ပါးလေးကို
ဆွဲကိုက်လိုက်တယ် ထင်မထားတဲ့လုပ်ရပ်
ကြောင့် သုတလဲအသံထွက်သွားတယ်
"အ့ နာတယ် "
"ဖွဖွ မွ"
ဘေးကနေ မယ်တော်ကြီးက မျက်လုံးပြူး
သွားတယ်
"ဒီသားတော်နဲ့ ချွေးမ ဟောဒီမှာ
မယ်တော်ရှိသေးတယ်နော် ဒါမယ်တော့အဆောင်နော်"
"တွေ့လား မယ်တော်တောင်ပြောနေပြီ
သွားသွား မောင်ကြီးအလုပ်ပဲသွားလုပ်တော့"
သုတက မင်းကြီးကိုအတင်းနှင်လွှတ်နေတယ်
"သွားမှာပါဗျာ ချစ်လို့ကို
ပါးလေး ပါးလေး"
"ဘာလဲရိုက်ပေးရမှာလား"
သုတကပြန်ပြောတယ်
"ဟော နမ်းရမှာလေ
ရိုက်ရင် တချက် ကလေးတစ်ကျမွေးပေးရမယ်"
"အာဘွား သွားတော့"
"ဒီဖက်ပါး ဒီဖက်ပါး"
"အာဘွား"
"ကဲပါ သားတော် နင်မသွားရင်
ငါရေနွေးခွက်နဲ့လှမ်းပေါက်တော့မယ်နော်"
မယ်တော်ကြီးက စိတ်မရှည်ပဲထပြောတယ်
"သွားတော့မယ် အာဘွား"
နဖူးလေးနမ်းပြီး အခန်းထဲကနေထွက်သွားတယ်
"ဆုနန်း ခါတိုင်းလဲ သားတော်တို့အတွဲက အာ့လိုကဲနေကြလား..?"
"ဒီထက်တောင်ပိုဆိုးပါသေးတယ် မယ်တော်ရယ်"
သုတလဲ ပဝါလေးပြန်ချထားလိုက်တယ်
"ကဲကဲ ခုမှပဝါချမနေနဲ့တော့ အဝတ်စားပြန်လဲပြီး မင်္ဂလာခန်းမရယ် အိပ်ဆောင်ရယ်သွားပြင်ရအောင် တခြားနေရာက နန်းတွင်းသူတွေပြင်နေလောက်ရောပေါ့
မင်္ဂလာပွဲကြွေးမွေးဖို့ ပစ္စည်းစုံလားလဲ
သွားကြည့်ရအုံးမယ် အချိန်မရှိပူး လုပ်လုပ်"
သုတလဲအဝတ်စားလဲလိုက်တယ်
အရင်ဆုံး စားဖိုမှူးဆောင်ကိုသွားပြီး
ပစ္စည်းလောက်မလောက်သွားကြည့်တယ်
ကုန်ပစ္စည်းနဲနဲလေးကိုကြည့်ပြီး သုတက
မယ်တော်ကြီးကိုမေးလိုက်တယ်
"မယ်တော် ဒီလောက်နဲနဲလေးနဲ့ ဘာလုပ်စားကြမှာလဲ..?"
"မနဲပါဘူး ချွေးမလေးရယ် ဟင်းပွဲကအစုံလေ ဒါဆိုလောက်တယ်ခေါ်တယ်"
"ဟွန် တကယ်ရောလောက်ပ့မလား"
"လောက်ပါတယ် မိဖုရားရယ် ဒီကလူတွေကဘယ်သူမှ မိဖုရားလောက်အစားမကြီးဘူး"
ဆုနန်းကဝင်ပြောတယ်
"ဟီး ဟုတ်သားပဲ
မေ့သွားလို့"
သုတလဲ သူစားနိုင်သောက်နိုင်တာ
သတိရသွားသွားပြီး စပ်ဖြဲဖြဲလုပ်နေတယ်
စားသောက်ပွဲအတွက် မယ်တော်ကြီးက
လိုအပ်တာတွေ သေချာမှာကြားလိုက်တယ်
ပြီးတော့မှ မဂ်လာပွဲပြင်ဆင်ဖို့
ညီလာခံကျင်းပနေကြ အဆောင်တော်ကို
သွားကြတယ် မင်းကြီးရဲ့မင်္ဂလာပွဲ
ဖြစ်တဲ့အပြင် နိုင်ငံရဲ့ မိဖုရားကိုဖော်ထုတ်ရ
မှာမို့လို့ ညီလာခံမှာဆောင်ဖို့ မယ်တော်ကြီး
ကနေရာရွေးလိုက်တယ် လမ်းတလျောက်
အပြင်အဆင်ကိုလဲ သေချာဂရုစိုက်ပြီး
စနစ်တကျ လုပ်ထားတယ် ပြည်သူတွေကို
ညီလာခံဆောင်အပြင်ဘက်က နန်းပြင်ကျယ်
မှာ ဧည့်ခံဖို့လုပ်ပြီး ဝန်ကြီးတွေကိုတော့
အထဲမှာဧည့်ခံဖို့ပြင်လိုက်တယ်
............
တဖက်မှာလဲ နန်းဆိုတဲ့ကောင်မလေးပြောတဲ့
လမ်းအတိုင်းသွားတဲ့ မင်းသားက
မိန်းမလှတိုင်းပြည်ကို ရက်ပိုင်းအတွင်း
ရောက်သွားပေမဲ့ နန်းတွင်းဝင်ဖို့ကခက်ခဲနေ
တယ် မိန်းမလှပြည်က ဘုရင်မအုပ်စိုးသလို
အားကြီးတဲ့ မိန်းမစစ်တပ်ထောင်ထားသလို
ယောင်္ကျားတစ်ဦးက နန်းတော်ထဲဝင်ချင်ရင်
သူတို့သတ်မှတ်ထားတဲ့ စည်းကမ်းကိုလိုက်နာ
ပြီးမှဝင်ခွင့်ရှိတယ် အဲ့တာကတော့
တပွဲစမ်းရတာဖြစ် မင်းကြီးက မိန်းမလှပြည်
ရဲ့အတွေ့အကြုံကို စမ်းဖို့ပြောလိုက်လို့
နန်းတံဆိပ်ပြား ပြမဝင်ပဲ သူတို့တိုင်းပြည်
စည်းကမ်းအတိုင်းဝင်ဖို့ကြိုးစားခဲ့တယ်
နန်းတော်ဂိတ်ဝက မိန်းမတွေကိုတိုက်နိုင်လို့
နန်းတွင်းဝင်ခဲ့ရပေမယ့် ဘုရင်မကိုတွေ့ဖို့ဆို
ရင် ဘုရင်မရဲ့ကိုယ်ရံတော်အဖွဲ့က အတော်
ဆုံးသူနဲ့ တပွဲထပ်ချရတယ် မင်းသားရော
ကိုယ်ရံတော်ရော ဘယ်လောက်ကြိုးစားပါ
စေ သူတို့ ကိုယ်ရံတော်မိန်းမကို ဓားရှရာထိ
အောင်တောင် မတိုက်နိုင်ခဲ့ဘူး
နောက်ဆုံးမတတ်နိုင်ခါမှ မင်းသားက
အာရုဏ်ဦးပြည်ကဖြစ်ကြောင်းနဲ့ မင်းအမိန့်
ကြောင့်လာခဲ့ရတာကိုပြောပြပြီး တံဆိပ်တုံး
ပြမှ ဘုရင်မနဲ့တွေ့ခွင့်ရခဲ့တယ်
နောက်တပိုင်းမျှော်ပါနော်🤗
Zawgyi
ရောက်တော့
"ဟော လာပြီလား
မယ်တော်ကမျှော်နေတာ"
ဆုနန်းကပြောလိုက်တယ်
ယူပြီးလိုက်သွားတယ်
"အာ ရပါတယ် ဒီကိုပေးပါ"
"ဟွန်း...."
"အာ မယ်တော်ကလဲ စနေတယ်"
သားတော်ကို"
"မယ်တော် ဘာဖြစ်လို့လဲ..?"
"ဟော အသက်ရှည်အုံးမယ်
သုတကအထဲက ပြန်ပြောတယ်
"အာ မလာပါနက်ဆို"
ကူညီချင်နက်"
"ဟွန့် "
သုတတစ်ယောက်ဘာမြှပန်မပြောပဲ
မျှော်လင့်နေတာပေါ့
ဆုနန်းကပြောလိုက်တယ်
တယ်
"ဟုတ်ကဲ့ မယ်တော်ကြီး"
ကွယ်လိုက်တယ်
သုတက ပဝါစလေးလှန်ပြီး
"အ့ နာတယ် "
"ဖွဖွ မွ"
သွားတယ်
ပါးလေး ပါးလေး"
"ဘာလဲရိုက်ပေးရမှာလား"
သုတကပြန်ပြောတယ်
"ဟော နမ်းရမှာလေ
"အာဘွား သွားတော့"
"ဒီဖက်ပါး ဒီဖက်ပါး"
"အာဘွား"
"သွားတော့မယ် အာဘွား"
"ကဲကဲ ခုမှပဝါချမနေနဲ့တော့ အဝတ်စားပြန်လဲပြီး မင်္ဂလာခန်းမရယ် အိပ်ဆောင်ရယ်သွားပြင်ရအောင် တခြားနေရာက နန်းတွင်းသူတြွေပင်နေလောက်ရောပေါ့
ဆုနန်းကဝင်ပြောတယ်
"ဟီး ဟုတ်သားပဲ
မေ့သွားလို့"
............
တယ် မိန်းမလြှပည်က ဘုရင်မအုပ်စိုးသလို
တပွဲစမ်းရတာဖြစ် မင်းကြီးက မိန်းမလြှပည်