(Unicode)
အဓိကမင်းသားကို ငါမလိုဘူး။
အပိုင်း (၁)
Author _ 라닐슨생
Translator – Galene
**********
ငါ့မျက်လုံးကိုဖွင့်လိုက်တဲ့အချိန်မှာ သတို့သမီးဝတ်စုံနဲ့ အမျိုးသမီးတစ်ယောက်ကို မှန်ရှေ့မှာ အရင်ဦးဆုံး တွေ့လိုက်ရတယ်။
ငါ အခေါက်ပေါင်းများစွာ မျက်တောင်ကို ပုတ်ခတ်ပုတ်ခတ် လုပ်အပြီးမှာ မျက်လုံးကို ပြန်ပိတ်လိုက်မိတယ်။
ဒါပေမဲ့ မကြာခင်မှာပဲ...
ဖျောင်း ဖျောင်း-
"သခင်မလေး ထပါတော့။ ဆံပင်ကတော့ ပုံပျက်ကုန်တော့မယ်။ နာရီတော်တော်ကြာအောင် လုပ်ထားရတာကို"
"...ဟင်"
"သွားပြီး ခေါင်းကို သပ်သပ်ရပ်ရပ် ဖြစ်အောင် လုပ်လိုက်ပါဦး"
"ဒါက ဘယ်နေရာ..."
အိမ်အကူယူနီဖောင်းဝတ်စုံနဲ့ မိန်းကလေးတစ်ယောက်က ခေါင်းငုံ့ရင်း ထရယ်တယ်။
"သခင်မလေးက ပျော်လွန်းလို့ အိပ်မက်မက်နေတယ်လို့ ထင်နေတာလား"
"အာ ဖြစ်တတ်ပါတယ်။ နောက်ဆုံးတော့ သခင်မလေးရဲ့ ဆန္ဒက တကယ်ဖြစ်လာပြီပဲ။ အားကျဖို့ ကောင်း လိုက်တာ။ သခင်မလေးရဲ့ ဇွဲကတော့...မဟုတ်ဘူး။ အချစ်လို့ ပြောရမလား"
အိမ်အကူယူနီဖောင်းနဲ့ နောက်ထပ် အမျိုးသမီးတစ်ယောက်က ငါ့ခေါင်းပေါ် ကို အဖြူရောင်ပုဝါ တစ်ထည် ခြုံပေးရင်း ပြောလိုက်တယ်။
ဘာတွေဖြစ်နေတာလဲ။ ငါ အိပ်ချင်မူးတူး ဖြစ်နေသလိုပဲ။
"ဘာတွေပြောနေတာလဲ..."
"ခဏ၊ မလှုပ်ပါနဲ့ဦး။ အခုပြီးတော့မယ်"
ငါ့ခေါင်းပေါ်မှာ စိန်တွေနဲ့ စီထားတဲ့ သရဖူးအကြီးကြီး တစ်ခုကို ဆောင်းပေးပြီးမှ သူတို့က နောက်ပြန်ဆုတ်သွားကြတယ်။
ဒီစိန်တွေက အစစ်တော့ မဖြစ်နိုင်ဘူး။
ငါ မှန်ရှေ့ကိုကြည့်လိုက်တော့ တလက်လက်တောက်နေတဲ့ အဖြူရောင်ဝတ်စုံကို ဝတ်ထားပြီး မျက်နှာပေါ်ကို ပဝါချထားရင်း ခေါင်းပေါ်မှာ သရဖူတစ်ခုဆောင်းထားတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ ပုံရိပ်ကို တွေ့ရတယ်။
ဒါက သေချာပေါက်ကို သတို့သမီးတစ်ယောက်ရဲ့ ပုံရိပ်ပဲ။
ဒါနဲ့တင် စိတ်ပျက်စရာကောင်းနေပြီပေမဲ့ နောက်ထပ် ရှိသေးတယ်။
ဆေးဆိုးထားပုံမတူတဲ့ ဆံနွယ်တွေကိုဖွထားပြီး တစ်ဝက်ကို အလှပြင်ထားရင်း နောက်တစ်ဝက်ကိုတော့ ပခုံးနှစ်ဖက်ပေါ် သပ်သပ်ရပ်ရပ် ချထားတယ်။
ငါ မှန်ထဲကအမျိုးသမီးကို ထိတ်လန့်တကြား ကြည့်လိုက်မိတယ်။ ဒါက ငါလား။ ဒါပေမဲ့ ငါမှမဟုတ်တာ။
ရွှေဝါရောင်တောက်တောက်မျက်လုံးတွေက ငါ့ကို ပြန်ကြည့်နေတယ်။
အဲ့ဒီအချိန်မှာပဲ တစ်ခုခုက မှားနေမှန်း ငါ သတိထားမိသွားတယ်။
အာ၊ ဟုတ်သားပဲ။ ဒါက အိပ်မက်တစ်ခုပဲ ဖြစ်ရမယ်။
ဒါပေမဲ့ ငါဒီအိပ်မက်က ဘယ်လိုနိုးထလာရမလဲ မတွေးရသေးတဲ့အချိန်မှာပဲ တစ်ယောက်ယောက်က တံခါးလာခေါက်တယ်။
ချက်ချင်းပဲ စကားပြောနေကြတဲ့ အိမ်အကူ အမျိုးသမီးတွေက ရပ်သွားကြပြီး တဖြည်းဖြည်း ထွက်ခွာသွားကြတယ်။
တံခါးနားကအမျိုးသားက ယူနီဖောင်းလို ဝတ်စုံတစ်စုံကို ဝတ်ထားတယ်။ သူ့ရဲ့ ရွှေအိုရောင်ဖျော့ဖျော့ ဆံပင်တွေက အနောက်ကို သပ်ထားလို့ သူ့မျက်နှာချောချောကို အထင်းသားတွေ့ရတယ်။
ဒီလူက ဘယ်သူလဲ။
သူက နံရံကိုမှီထားရင်း ငါ့ကို နှလုံးသားမရှိတဲ့ မျက်လုံးတွေနဲ့ ကြည့်နေတယ်။ ငါ့ကိုကြည့်နေတဲ့ မျက်လုံးတွေက အေးစက်လွန်းတယ်။
"သေချာနားထောင် အဲရင်စပီးလက်" သူ့အသံက အကြည့်လိုပဲ အေးစက်စက်နဲ့။
အိုး ဒါက ဒီခန္ဓာကိုယ်ရဲ့နာမည်ပဲ...ဒါပေမဲ့ ဒီနာမည်ကို ငါအရင်က ဘယ်မှာကြားဖူးတာလဲ။
"မင်းပြောသလို ငါလုပ်ပေးပြီးပြီ။ ဒါပြီးရင်တော့ ငါ့ကိစ္စကို ဝင်မရှုပ်နဲ့တော့"
ငါ သူ့ကို ဘာပြန်ပြောရမှန်း မသိတာကြောင့် မော့ကြည့်လိုက်မိတယ်။
ဘာတွေဖြစ်နေမှန်းမသိပေမဲ့ ငါတစ်ခုသေချာတာကတော့ ဒီစကားက သူလက်ထပ်တော့မယ့် သတို့သမီး ကို သတို့သားပြောရမယ့် စကားမဟုတ်ဘူး ဆိုတာပဲ။
"ငါဘယ်ပဲသွားသွား ဘယ်သူနဲ့ပဲသွားတွေ့တွေ့ လိုက်ရှာဖို့ စိတ်မကူးနဲ့။ ငါ့ဆီက ဘာမှမမျှော်လင့်ထားနဲ့။ သိပြီလား"
ပြောပြီးပြီးချင်း အဲ့ဒီအမျိုးသားက လှည့်ထွက်သွားတယ်။
သူမရောက်လာခင်အထိ ငါမှင်တက်မိနေတုန်းပဲ ဆိုပေမဲ့ သူ့စကားတွေက ငါ့ကိုထိုးနှက်နေသလိုပဲ။
ငါမျက်မှောင်ကြုတ်လိုက်ိမတယ်။ "အံ့ဩစရာပဲ ဘာ ဒီလူကတော့..."
အဲ့ဒီအချိန်မှာ ထွက်သွားတဲ့ အိမ်အကူတွေက ပြန်ရောက်လာပြီး ငါ့အဝတ်တွေနဲ့ ဆံပင်ကို သေချာပြန်ကြည့်နေကြတယ်။
သူတို့က ငါ့ကိုကြည့်နေတာ စူးစူးစိုက်စိုက်ပဲ။
"သခင်မလေး။ အဆင်ပြေရဲ့လား"
ကြည့်ရတာ သူတို့တံခါးပြင်ကနေ အကုန်ကြားပြီးသား ထင်တယ်။ ငါ့စိတ်ထဲက အဖြေကိုပဲ အရှင်းဆုံး ပြန်ပြောလိုက်တယ်။
"ငါ အဆင်ပြေပါတယ်"
"သခင်မလေး အဆင်ပြေတယ်လို့ မထင်ပါဘူး။ သူက ဘာလို့ အော်ပြောရတာလဲ"
"သခင်မလေး တုန်တက်သွားတာ မဆန်းပါဘူး။ အခုတော့ ထမှရမယ်။ သတို့သမီးဝင်သွားဖို့ အချိန်ရောက်တော့မယ်"
ငါတကယ်အဆင်ပြေပါတယ်။
ငါ အဲ့ဒီလူဘယ်သူလဲမှ မသိတာ။ ငါဘယ်သူလဲဆိုတာလည်း မသိဘူး။
အဲရင်စပီးလက်။
ငါ့ကိုယ်ငါတိုးတိုးပြောရင်း မှတ်ဉာဏ်တွေထဲကနေ စဉ်းစားမိတာရှိမလားလို့ ပြန်တွေးကြည့်တယ်။
တစ်ယောက်ယောက်က လမ်းပြပေးဖို့ ငါ့လက်မောင်းကို ဆွဲသွားပြီး နောက်တစ်ယောက်ကတော့ ဝတ်စုံစကို အနောက်ကသယ်ပေးနေတယ်။
စင်္ကြံရှည်ကြီးကို ဖြတ်ပြီးချင်းချင်းမှာပဲ ငါတို့ရှေ့က ခန်းမကျယ်ကြီးဆီက အလင်းရောင်က ကျိန်းထွက်လာတယ်။
ငါ ခန်းမဆီရောက်တော့ မျက်မှောင်ကြုတ်လိုက်မိတယ်။ မရေမတွက်နိုင်တဲ့လူတွေက လူသွားစင်္ကြံဘေး မှာ ထိုင်နေကြပြီး မီးပန်းဆိုင်းလှလှတစ်ခုကို မျက်နှာကျက်အလယ်မှာ ချိတ်ဆွဲထားတယ်။
သတို့သားက အထဲမှာရောက်နေပြီ။
လူတိုင်းရဲ့ အကြည့်က အခုဝင်လာတော့မယ့် သတို့သမီးဆီ ရောက်လာတယ်။ တချို့ကရှုံ့ချသလို တချို့ကအားကျသလိုနဲ့ တစ်ယောက်ကတော့ ငါ့အကြည့်ကို လုံးဝလွှဲသွားတယ်။
ငါ့ခြေထောက်က ဒေါက်ဖိနပ်အရှည်ကြီးတွေကြောင့် နာနေတယ်။ ဒါက အိပ်မက်သာဆိုရင် ခြေထောက်က မနာရဘူးမလား...။
ငါ့ရှေ့မှာ ခင်းထားတဲ့ ကော်ဇောရဲ့ နှစ်ဖက်လုံးမှာ ပန်းတွေကို အလှဆင်ထားတယ်။ ပန်းခင်းလမ်းရဲ့ အဆုံးမှာ ရပ်စောင့်နေရင်း ငါအခြေအနေကို မှန်းဆကြည့်နေမိတယ်။
ငါဘယ်သူလဲ။ ဘယ်ကလဲ။
ငါ့ရှေ့မှာ ရပ်နေတဲ့လူနဲ့ အကြည့်ဆုံသွားမိတယ်။ သူ့အကြည့်က ခက်ထန်လာတယ်။ သူ့ကြည့်ရတာ သူမုန်းတီးနေတဲ့ အရာတစ်ခုခုကို တွေ့လိုက်ရသလိုပဲ။
သူက အရင် အကြည့်လွှဲသွားတယ်။ ခန်းမပတ်လည်ကို ဝေ့ကြည့်လိုက်ရင်း သူ့အကြည့်က တစ်နေရာရောက်သွားတဲ့အခါမှာ သူ့မျက်နှာက နူးညံ့သွားတော့တယ်။
ဘာလို့ရုတ်တရက်ကြီး...
ဆံပင်အညိုရောင်နဲ့ သွယ်လျလျ အမျိုးသမီးတစ်ယောက်က သူကြည့်တဲ့နေရာမှာ ထိုင်နေတယ်။ ငါကတော့ သူ(မ)ရဲ့ ခေါင်းအနောက်ဘက်ကိုပဲ မြင်ရတယ်။ အဲ့ဒီအမျိုးသမီးကလည်း သူ့ကိုပဲ ပြန်ကြည့်နေတဲ့ပုံပဲ။
ငါ့ရှေ့ကလူက ငိုချတော့မယ့် အတိုင်းပဲ။ သူ့နှုတ်ခမ်းတွေက တစ်ခုခုပြောချင်သလို လှုပ်ရှားသွားတယ်။
ငါသေချာမြင်လိုက်ရတယ်။
အဲ့ဒီလူက အဝေးကထိုင်နေတဲ့ အမျိုးသမီးကို 'ကိုယ်မင်းကိုချစ်တယ်'လို့ ပါးစပ်ကလှုပ်ရင်း ပြောနေတာ။
အံ့ဩဖို့ကောင်းလိုက်တာ။ ဒီမှာပြောရတယ်လို့။ အခုအချိန်မှာလေ။
ယုံချင်စရာတစ်စက်မှမရှိတာကြောင့် ငါရယ်လိုက်မိတယ်။
အမှန်အတိုင်းပြောရရင် ငါ ဟာသရုပ်ရှင်ကား တစ်ကား ကြည့်နေရသလိုပဲ။
အဲ့ဒီအချိန်မှာပဲ သတို့သမီးနေရာယူဖို့ ဂီတသံက စထွက်လာတယ်။ ငါသံစဉ်နဲ့အတူ ခြေတစ်လှမ်းလှမ်း လိုက်တုန်းမှာပဲ ငါ့ကိုယ်ကတုန်လှုပ်သွားပြီး မေ့မြောသွားတော့တယ်။
သတို့သမီးက သူ့မင်္ဂါလာဆောင်မှာ မေ့လဲသွားတယ်။ ငါလဲလဲသွားချင်းမှာပဲ မှတ်ဉာဏ်တစ်ခုက စိတ်ထဲမှာ ပေါ်လာတယ်။
အဲရင်စပီးလက်။
ဒါက ဝတ္ထုထဲက ဇာတ်ပို့တစ်ယောက်ရဲ့ နာမည်ပဲ။
အဲရင်က ဇာတ်လိုက်ကို လက်ထက်ပြီးတော့ သူ(မ)က ဇာတ်လိုက်မင်းသမီးကို မနာလိုဖြစ်လာတယ်။
အဓိကမင်းသမီးကို သတ်ဖို့အကြိမ်ကြိမ် ကြိုးစားခဲ့ပေမဲ့ တစ်ခါမှ မအောင်မြင်ခဲ့ဘဲ နောက်ဆုံးမှာ သူ(မ)ရဲ့ စွဲလမ်းမှုက ဝါးမြိုခံလိုက်ရပြီး နောက်ဆုံးမှာတော့ သူမရဲ့ တစ်ဖက်သတ်အချစ်ကို သတ်ဖို့ကြိုးစားတော့တယ်။
အဲရင်စပီးလက်က သတို့သမီးဖြစ်နေပေမဲ့ အခုဝတ္ထု ထဲမှာတော့ သူ(မ)က အဖိတ်မခံထားရတဲ့ ဧည့်သည် တစ်ယောက်သာသာပဲ ရှိတယ်။
ငါ့ရဲ့သတို့သားဖြစ်တဲ့ ဇာတ်လိုက်နဲ့ မင်္ဂလာဆောင် ဧည့်သည်ဖြစ်တဲ့ ဇာတ်လိုက်မက အချင်းချင်း အကြည့် မသတ်နိုင်ကြဘူး။
ငါ့ပတ်ဝန်းကျင်မှာ တီးတိုးပြောသံတွေ ကြားနေရတယ်။
တကယ်ကြီး ငါက အဲရင်စပီးလက်လား။
ငါထပြီး လမ်းပြန်လျှောက်ဖို့ကြိုးစားပေမဲ့ ဒေါက်ဖိနပ်တစ်ဖက်က ဒေါက်ကျိုးသွားတာကို တွေ့လိုက်ရ တယ်။ ဟား။ ငါလဲကျသွားတာ မဆန်းပါဘူး။
နေရာမှာပဲ ငါဖိနပ်နှစ်ဖက်ကို ချွတ်လိုက်ပြီး ငါ့လက်ထဲမှာ ကိုင်ထားလိုက်တယ်။ မျက်လုံးပြူးနေကြတဲ့ လူအုပ်က အခုငါ့ဘက်ကို ကြည့်လာကြတယ်။ ငါ့ဝတ်စုံစကလည်း ပုံကျနေတော့ ငါလှမ်းကိုင်လိုက်ပြီး ပလက်ဖောင်းဘက်ကို ခပ်သုတ်သုတ် လျှောက်သွားလိုက်တယ်။
လူအုပ်က ဘာတွေးတွေး အရေးမကြီးဘူး။ သူတို့ကို ငါလည်းသိတာမှ မဟုတ်တာ။
ငါ ဇာတ်လိုက်ကို ဒီမင်္ဂလာဆောင်ကို ရပ်ပြီး ဇာတ်လိုက်မကိုသာ နင်ပဲ လက်ထပ်လိုက်တော့လို့ ပြောလိုက်ချင်တယ်။
ဒါပေမဲ့ ဝတ္ထုထဲမှာ အဲရင်က ဇာတ်လိုက်ကို လက်ထပ်ရတဲ့အကြောင်းရင်း ရှိတယ်။ သူ့အခြေအနေက အကြွေးပြန်မဆပ်နိုင်ရင် ရောင်းစားခံရလုနီးပါးပဲ။ ဒီမင်္ဂလာပွဲက အဲ့ဒီအကြွေးကို ပြေလည်စေနိုင်မယ့် နည်းလမ်းတစ်ခု ဖြစ်နေတယ်။
ငါ ဇာတ်လိုက်နဲ့ မျက်နှာချင်းဆိုင်ရပ်လိုက်တဲ့အချိန်မှာ ငါကိုင်ထားတဲ့ ဝတ်စုံစကို နှိမ့်လိုက်ရင်း ခပ်မတ်မတ် ရပ်လိုက်တယ်။
သူက ငါ့လက်ချောင်းတွေကို ထိရုံတမယ် ကိုင်ထားပြီး ငါတို့က စင်မြင့်ရှေ့မှာ ဘေးချင်းကပ် ရပ်လိုက်ကြတယ်။
ငါ့လက်တစ်ဖက်မှာ ပန်းစည်းအစား ဖိနပ်ပျက်တွေကို ကိုင်ထားပြီး အခြားလက်တစ်ဖက်မှာတော့ ငါ့ကို မုန်းနေတဲ့ ယောင်္ကျားတစ်ယောက်ရဲ့ လက်ကို ကိုင်ထားတယ်။
"အရှင်ရူးဘတ်ကလစ်ဖို့ဒ်၊ လေဒီအဲရင်စပီးလက်ကို သင့်ရဲ့ ဇနီးမယားအဖြစ်..."
ဒီစာသားတွေ...
အမြန်ဖတ်ထားမိတဲ့ ဝတ္ထုတစ်ခုရဲ့ စာသားတွေ ဖြစ်ပေမဲ့ ဒီလူရဲ့ နာမည်က ငါ့ခေါင်းထဲမှာ စွဲနေတယ်။
အရှင်ရူးဘတ်ကလစ်ဖို့ဒ်
ဒီနာမည်ကို ကြားလိုက်ရချင်းချင်းပဲ ငါဝတ္ထုထဲ ရောက်နေတယ် ဆိုတာ သဘောပေါက်လာရတယ်။
ငါ့ခန္ဓာကိုယ်က ကြက်သီးမွေးညှင်းတွေ ထလာတယ်။
အဲ့ဒီအချိန်မှာ ရူးဘတ်ကတော့ သူ့နောက်ကို ကြည့်ဖို့ လုပ်နေတုန်းပဲ။ လူချောတစ်ယောက်က ဒီလိုလုပ်နေတာ ငါစိတ်မကောင်းမိတာကြောင့် သူ့အနောက်မှာ မျက်လုံးတစ်စုံကိုတောင် တပ်ပေးလိုက်ချင်တယ်။
ဘုန်းတော်ကြီးရဲ့ ရှည်လျားလှတဲ့ မိန့်ခွန်းအပြီးမှာ နမ်းရတော့မယ့် အချိန်ရောက်လာတယ်။
အိုး...ဒီအခိုက်အတန့်ကို မုန်းလိုက်တာ။
ငါတို့မျက်နှာချင်းဆိုင်တဲ့အချိန် သူမျက်မှောင်ကြုတ်သွားတာကို ထပ်မြင်လိုက်ရတယ်။
ငါ့အတွက်တော့ မကောင်းလောက်ဘူး။
မဟုတ်သေးဘူး။ အဲရင်စပီးလက်က ရူးဘတ်ကို ကြိုက်တော့ သူကတော့ ဒါကိုကြိုက်လောက်တယ်။
ရူးဘတ် သွားကြိတ်ရင်း သူ့လက်သီးတွေကို ဆုပ်လိုက်တာကို ငါမြင်လိုက်ရတယ်။ ငါဝတ်စုံစကို ဆုပ်ကိုင် လိုက်ပြီး မျက်လုံးတွေကိုမှိတ်လိုက်တယ်။
ဒါတွေအကုန်လုံးက လုပ်ပွဲသက်သက်ပဲ။ သူ့နှုတ်ခမ်းကို ထိရုံတင် (မဟုတ်လည်း) ထိရုံဟန်ဆောင်လိုက်လို့ ရတယ်။
ငါ့မျက်လုံးတွေကို မှိတ်လိုက်ပြီး ငါ့ကိုယ်ငါ နှစ်သိမ့်လိုက်ပေမဲ့ အချိန်ဘယ်လောက်ကြာအောင် စောင့်နေနေ အနမ်းက မရောက်လာဘူး။
ငါ့မျက်လုံးတွေကို နည်းနည်းဖွင့်ကြည့်လိုက်တဲ့အခါ ရူးဘတ်က တောင့်တောင့်ကြီးရပ်နေတုန်းပဲ။
နေပါဦး။ နင်က မနမ်းဘူးလား။
ဧည့်သည်တွေက တီးတိုးပြောလာကြတဲ့အခါ ငါ့မျက်နှာပူလာတာကို ခံစားရတယ်။
မင်္ဂလာဆောင်မှာ တစ်ယောက်တည်း မျက်လုံးမှိတ်ပြီး နှုတ်ခမ်းစူထားတဲ့အမျိုးသမီးကို တွေ့ရတာ ဘယ်လောက်တောင် ရယ်စရာ၊ စိတ်ပျက်စရာ ကောင်းနေလိုက်မလဲ။
ငါဒေါသထွက်တယ်။ ရှက်ပြီး ငိုချင်လာတယ်။ ဒါပေမဲ့ ဝမ်းနည်းပြီး ဒေါသထွက်တဲ့ပုံစံမျိုးက ငါနဲ့ရော အဲရင် စပီးလက်နဲ့ရော မလိုက်ဘူး။
သူများတွေမကြားရလောက်အောင် အသံတိုးတိုးနဲ့ ငါရူးဘတ်ကိုပြောလိုက်တယ်။
"ငါတို့နမ်းနေတယ်လို့ နင်ဟန်မဆောင်နိုင်ဘူးလား။ ဒါလေးတောင် နင်မလုပ်နိုင်ဘူးလား။"
အဆုံးမှာတော့ ငါအရင်ရှေ့တိုးလိုက်တယ်။ သူ့ ကုတ်အင်္ကျီကို ဆွဲလိုက်ပြီးတဲ့နောက်မှာ သူ့ကိုနမ်း ဟန်ဆောင်လိုက်ပြီးမှ ပြန်တွန်းထုတ်လိုက်တယ်။
ဘာမှမခက်ပါဘူး ဟုတ်တယ်မလား။
***********
SWARA WEBNOVEL TRANSLATION
(Zawgyi)
အဓိကမင္းသားကို ငါမလိုဘူး။
အပိုင္း (၁)
Author _ 라닐슨생
Translator – Galene
**********
ငါ့မ်က္လုံးကိုဖြင့္လိုက္တဲ့အခ်ိန္မွာ သတို႔သမီးဝတ္စုံနဲ႔ အမ်ိဳးသမီးတစ္ေယာက္ကို မွန္ေရွ႕မွာ အရင္ဦးဆုံး ေတြ႕လိုက္ရတယ္။
ငါ အေခါက္ေပါင္းမ်ားစြာ မ်က္ေတာင္ကို ပုတ္ခတ္ပုတ္ခတ္ လုပ္အၿပီးမွာ မ်က္လုံးကို ျပန္ပိတ္လိုက္မိတယ္။
ဒါေပမဲ့ မၾကာခင္မွာပဲ...
ေဖ်ာင္း ေဖ်ာင္း-
"သခင္မေလး ထပါေတာ့။ ဆံပင္ကေတာ့ ပုံပ်က္ကုန္ေတာ့မယ္။ နာရီေတာ္ေတာ္ၾကာေအာင္ လုပ္ထားရတာကို"
"...ဟင္"
"သြားၿပီး ေခါင္းကို သပ္သပ္ရပ္ရပ္ ျဖစ္ေအာင္ လုပ္လိုက္ပါဦး"
"ဒါက ဘယ္ေနရာ..."
အိမ္အကူယူနီေဖာင္းဝတ္စုံနဲ႔ မိန္းကေလးတစ္ေယာက္က ေခါင္းငုံ႔ရင္း ထရယ္တယ္။
"သခင္မေလးက ေပ်ာ္လြန္းလို႔ အိပ္မက္မက္ေနတယ္လို႔ ထင္ေနတာလား"
"အာ ျဖစ္တတ္ပါတယ္။ ေနာက္ဆုံးေတာ့ သခင္မေလးရဲ႕ ဆႏၵက တကယ္ျဖစ္လာၿပီပဲ။ အားက်ဖို႔ ေကာင္းလိုက္တာ။ သခင္မေလးရဲ႕ ဇြဲကေတာ့...မဟုတ္ဘူး။ အခ်စ္လို႔ ေျပာရမလား"
အိမ္အကူယူနီေဖာင္းနဲ႔ ေနာက္ထပ္ အမ်ိဳးသမီးတစ္ေယာက္က ငါ့ေခါင္းေပၚ ကို အျဖဴေရာင္ပုဝါတစ္ထည္ ၿခဳံေပးရင္း ေျပာလိုက္တယ္။
ဘာေတြျဖစ္ေနတာလဲ။ ငါ အိပ္ခ်င္မူးတူး ျဖစ္ေနသလိုပဲ။
"ဘာေတြေျပာေနတာလဲ..."
"ခဏ၊ မလႈပ္ပါနဲ႔ဦး။ အခုၿပီးေတာ့မယ္"
ငါ့ေခါင္းေပၚမွာ စိန္ေတြနဲ႔ စီထားတဲ့ သရဖူးအႀကီးႀကီးတစ္ခုကို ေဆာင္းေပးၿပီးမွ သူတို႔က ေနာက္ျပန္ဆုတ္သြားၾကတယ္။
ဒီစိန္ေတြက အစစ္ေတာ့ မျဖစ္ႏိုင္ဘူး။
ငါ မွန္ေရွ႕ကိုၾကည့္လိုက္ေတာ့ တလက္လက္ေတာက္ေနတဲ့ အျဖဴေရာင္ဝတ္စုံကို ဝတ္ထားၿပီး မ်က္ႏွာေပၚကို ပဝါခ်ထားရင္း ေခါင္းေပၚမွာ သရဖူတစ္ခုေဆာင္းထားတဲ့ အမ်ိဳးသမီးတစ္ေယာက္ရဲ႕ ပုံရိပ္ကို ေတြ႕ရတယ္။
ဒါက ေသခ်ာေပါက္ကို သတို႔သမီးတစ္ေယာက္ရဲ႕ ပုံရိပ္ပဲ။
ဒါနဲ႔တင္ စိတ္ပ်က္စရာေကာင္းေနၿပီေပမဲ့ ေနာက္ထပ္ ရွိေသးတယ္။
ေဆးဆိုးထားပုံမတူတဲ့ ဆံႏြယ္ေတြကိုဖြထားၿပီး တစ္ဝက္ကို အလွျပင္ထားရင္း ေနာက္တစ္ဝက္ကိုေတာ့ ပခုံးႏွစ္ဖက္ေပၚ သပ္သပ္ရပ္ရပ္ ခ်ထားတယ္။
ငါ မွန္ထဲကအမ်ိဳးသမီးကို ထိတ္လန႔္တၾကား ၾကည့္လိုက္မိတယ္။ ဒါက ငါလား။ ဒါေပမဲ့ ငါမွမဟုတ္တာ။
ေ႐ႊဝါေရာင္ေတာက္ေတာက္မ်က္လုံးေတြက ငါ့ကို ျပန္ၾကည့္ေနတယ္။
အဲ့ဒီအခ်ိန္မွာပဲ တစ္ခုခုက မွားေနမွန္း ငါ သတိထားမိသြားတယ္။
အာ၊ ဟုတ္သားပဲ။ ဒါက အိပ္မက္တစ္ခုပဲ ျဖစ္ရမယ္။
ဒါေပမဲ့ ငါဒီအိပ္မက္က ဘယ္လိုႏိုးထလာရမလဲ မေတြးရေသးတဲ့အခ်ိန္မွာပဲ တစ္ေယာက္ေယာက္က တံခါးလာေခါက္တယ္။
ခ်က္ခ်င္းပဲ စကားေျပာေနၾကတဲ့ အိမ္အကူအမ်ိဳးသမီးေတြက ရပ္သြားၾကၿပီး တျဖည္းျဖည္း ထြက္ခြာသြားၾကတယ္။
တံခါးနားကအမ်ိဳးသားက ယူနီေဖာင္းလို ဝတ္စုံတစ္စုံကို ဝတ္ထားတယ္။ သူ႔ရဲ႕ ေ႐ႊအိုေရာင္ေဖ်ာ့ေဖ်ာ့ဆံပင္ေတြက အေနာက္ကို သပ္ထားလို႔ သူ႔မ်က္ႏွာေခ်ာေခ်ာကို အထင္းသားေတြ႕ရတယ္။
ဒီလူက ဘယ္သူလဲ။
သူက နံရံကိုမွီထားရင္း ငါ့ကို ႏွလုံးသားမရွိတဲ့ မ်က္လုံးေတြနဲ႔ ၾကည့္ေနတယ္။ ငါ့ကိုၾကည့္ေနတဲ့ မ်က္လုံးေတြက ေအးစက္လြန္းတယ္။
"ေသခ်ာနားေထာင္ အဲရင္စပီးလက္" သူ႔အသံက အၾကည့္လိုပဲ ေအးစက္စက္နဲ႔။
အိုး ဒါက ဒီခႏၶာကိုယ္ရဲ႕နာမည္ပဲ...ဒါေပမဲ့ ဒီနာမည္ကို ငါအရင္က ဘယ္မွာၾကားဖူးတာလဲ။
"မင္းေျပာသလို ငါလုပ္ေပးၿပီးၿပီ။ ဒါၿပီးရင္ေတာ့ ငါ့ကိစၥကို ဝင္မရႈပ္နဲ႔ေတာ့"
ငါ သူ႔ကို ဘာျပန္ေျပာရမွန္း မသိတာေၾကာင့္ ေမာ့ၾကည့္လိုက္မိတယ္။
ဘာေတြျဖစ္ေနမွန္းမသိေပမဲ့ ငါတစ္ခုေသခ်ာတာကေတာ့ ဒီစကားက သူလက္ထပ္ေတာ့မယ့္ သတို႔သမီးကို သတို႔သားေျပာရမယ့္ စကားမဟုတ္ဘူး ဆိုတာပဲ။
"ငါဘယ္ပဲသြားသြား ဘယ္သူနဲ႔ပဲသြားေတြ႕ေတြ႕ လိုက္ရွာဖို႔ စိတ္မကူးနဲ႔။ ငါ့ဆီက ဘာမွမေမွ်ာ္လင့္ထားနဲ႔။ သိၿပီလား"
ေျပာၿပီးၿပီးခ်င္း အဲ့ဒီအမ်ိဳးသားက လွည့္ထြက္သြားတယ္။
သူမေရာက္လာခင္အထိ ငါမွင္သက္မိေနတုန္းပဲ ဆိုေပမဲ့ သူ႔စကားေတြက ငါ့ကိုထိုးႏွက္ေနသလိုပဲ။
ငါမ်က္ေမွာင္ၾကဳတ္လိုက္ိမတယ္။ "အံ့ဩစရာပဲ၊ ဘာ ဒီလူကေတာ့..."
အဲ့ဒီအခ်ိန္မွာ ထြက္သြားတဲ့ အိမ္အကူေတြက ျပန္ေရာက္လာၿပီး ငါ့အဝတ္ေတြနဲ႔ ဆံပင္ကို ေသခ်ာျပန္ၾကည့္ေနၾကတယ္။
သူတို႔က ငါ့ကိုၾကည့္ေနတာ စူးစူးစိုက္စိုက္ပဲ။
"သခင္မေလး။ အဆင္ေျပရဲ႕လား"
ၾကည့္ရတာ သူတို႔တံခါးျပင္ကေန အကုန္ၾကားၿပီးသား ထင္တယ္။ ငါ့စိတ္ထဲက အေျဖကိုပဲ အရွင္းဆုံး ျပန္ေျပာလိုက္တယ္။
"ငါ အဆင္ေျပပါတယ္"
"သခင္မေလး အဆင္ေျပတယ္လို႔ မထင္ပါဘူး။ သူက ဘာလို႔ ေအာ္ေျပာရတာလဲ"
"သခင္မေလး တုန္တက္သြားတာ မဆန္းပါဘူး။ အခုေတာ့ ထမွရမယ္။ သတို႔သမီးဝင္သြားဖို႔ အခ်ိန္ေရာက္ေတာ့မယ္"
ငါတကယ္အဆင္ေျပပါတယ္။
ငါ အဲ့ဒီလူဘယ္သူလဲမွ မသိတာ။ ငါဘယ္သူလဲဆိုတာလည္း မသိဘူး။
အဲရင္စပီးလက္။
ငါ့ကိုယ္ငါတိုးတိုးေျပာရင္း မွတ္ဉာဏ္ေတြထဲကေန စဥ္းစားမိတာရွိမလားလို႔ ျပန္ေတြးၾကည့္တယ္။
တစ္ေယာက္ေယာက္က လမ္းျပေပးဖို႔ ငါ့လက္ေမာင္းကို ဆြဲသြားၿပီး ေနာက္တစ္ေယာက္ကေတာ့ ဝတ္စုံစကို အေနာက္ကသယ္ေပးေနတယ္။
စႀကႍရွည္ႀကီးကို ျဖတ္ၿပီးခ်င္းခ်င္းမွာပဲ ငါတို႔ေရွ႕က ခန္းမက်ယ္ႀကီးဆီက အလင္းေရာင္က က်ိန္းထြက္လာတယ္။
ငါ ခန္းမဆီေရာက္ေတာ့ မ်က္ေမွာင္ၾကဳတ္လိုက္မိတယ္။ မေရမတြက္ႏိုင္တဲ့လူေတြက လူသြားစႀကႍေဘးမွာ ထိုင္ေနၾကၿပီး မီးပန္းဆိုင္းလွလွတစ္ခုကို မ်က္ႏွာက်က္အလယ္မွာ ခ်ိတ္ဆြဲထားတယ္။
သတို႔သားက အထဲမွာေရာက္ေနၿပီ။
လူတိုင္းရဲ႕ အၾကည့္က အခုဝင္လာေတာ့မယ့္ သတို႔သမီးဆီ ေရာက္လာတယ္။ တခ်ိဳ႕ကရႈံ႕ခ်သလို တခ်ိဳ႕ကအားက်သလိုနဲ႔ တစ္ေယာက္ကေတာ့ ငါ့အၾကည့္ကို လုံးဝလႊဲသြားတယ္။
ငါ့ေျခေထာက္က ေဒါက္ဖိနပ္အရွည္ႀကီးေတြေၾကာင့္ နာေနတယ္။ ဒါက အိပ္မက္သာဆိုရင္ ေျခေထာက္က မနာရဘူးမလား...။
ငါ့ေရွ႕မွာ ခင္းထားတဲ့ ေကာ္ေဇာရဲ႕ ႏွစ္ဖက္လုံးမွာ ပန္းေတြကို အလွဆင္ထားတယ္။ ပန္းခင္းလမ္းရဲ႕ အဆုံးမွာ ရပ္ေစာင့္ေနရင္း ငါအေျခအေနကို မွန္းဆၾကည့္ေနမိတယ္။
ငါဘယ္သူလဲ။ ဘယ္ကလဲ။
ငါ့ေရွ႕မွာ ရပ္ေနတဲ့လူနဲ႔ အၾကည့္ဆုံသြားမိတယ္။ သူ႔အၾကည့္က ခက္ထန္လာတယ္။ သူ႔ၾကည့္ရတာ သူမုန္းတီးေနတဲ့ အရာတစ္ခုခုကို ေတြ႕လိုက္ရသလိုပဲ။
သူက အရင္ အၾကည့္လႊဲသြားတယ္။ ခန္းမပတ္လည္ကို ေဝ့ၾကည့္လိုက္ရင္း သူ႔အၾကည့္က တစ္ေနရာေရာက္သြားတဲ့အခါမွာ သူ႔မ်က္ႏွာက ႏူးညံ့သြားေတာ့တယ္။
ဘာလို႔႐ုတ္တရက္ႀကီး...
ဆံပင္အညိဳေရာင္နဲ႔ သြယ္လ်လ်အမ်ိဳးသမီးတစ္ေယာက္က သူၾကည့္တဲ့ေနရာမွာ ထိုင္ေနတယ္။ ငါကေတာ့ သူ(မ)ရဲ႕ ေခါင္းအေနာက္ဘက္ကိုပဲ ျမင္ရတယ္။ အဲ့ဒီအမ်ိဳးသမီးကလည္း သူ႔ကိုပဲ ျပန္ၾကည့္ေနတဲ့ပုံပဲ။
ငါ့ေရွ႕ကလူက ငိုခ်ေတာ့မယ့္ အတိုင္းပဲ။ သူ႔ႏႈတ္ခမ္းေတြက တစ္ခုခုေျပာခ်င္သလို လႈပ္ရွားသြားတယ္။
ငါေသခ်ာျမင္လိုက္ရတယ္။
အဲ့ဒီလူက အေဝးကထိုင္ေနတဲ့ အမ်ိဳးသမီးကို 'ကိုယ္မင္းကိုခ်စ္တယ္'လို႔ ပါးစပ္ကလႈပ္ရင္း ေျပာေနတာ။
အံ့ဩဖို႔ေကာင္းလိုက္တာ။ ဒီမွာေျပာရတယ္လို႔။ အခုအခ်ိန္မွာေလ။
ယုံခ်င္စရာတစ္စက္မွမရွိတာေၾကာင့္ ငါရယ္လိုက္မိတယ္။
အမွန္အတိုင္းေျပာရရင္ ငါ ဟာသ႐ုပ္ရွင္ကားတစ္ကား ၾကည့္ေနရသလိုပဲ။
အဲ့ဒီအခ်ိန္မွာပဲ သတို႔သမီးေနရာယူဖို႔ ဂီတသံက စထြက္လာတယ္။ ငါသံစဥ္နဲ႔အတူ ေျခတစ္လွမ္းလွမ္းလိုက္တုန္းမွာပဲ ငါ့ကိုယ္ကတုန္လႈပ္သြားၿပီး ေမ့ေျမာသြားေတာ့တယ္။
သတို႔သမီးက သူ႔မဂၤါလာေဆာင္မွာ ေမ့လဲသြားတယ္။ ငါလဲလဲသြားခ်င္းမွာပဲ မွတ္ဉာဏ္တစ္ခုက စိတ္ထဲမွာ ေပၚလာတယ္။
အဲရင္စပီးလက္။
ဒါက ဝတၳဳထဲက ဇာတ္ပို႔တစ္ေယာက္ရဲ႕ နာမည္ပဲ။
အဲရင္က ဇာတ္လိုက္ကို လက္ထက္ၿပီးေတာ့ သူ(မ)က ဇာတ္လိုက္မင္းသမီးကို မနာလိုျဖစ္လာတယ္။
အဓိကမင္းသမီးကို သတ္ဖို႔အႀကိမ္ႀကိမ္ ႀကိဳးစားခဲ့ေပမဲ့ တစ္ခါမွ မေအာင္ျမင္ခဲ့ဘဲ ေနာက္ဆုံးမွာ သူ(မ)ရဲ႕ စြဲလမ္းမႈက ဝါးၿမိဳခံလိုက္ရၿပီး ေနာက္ဆုံးမွာေတာ့ သူမရဲ႕ တစ္ဖက္သတ္အခ်စ္ကို သတ္ဖို႔ႀကိဳးစားေတာ့တယ္။
အဲရင္စပီးလက္က သတို႔သမီးျဖစ္ေနေပမဲ့ အခုဝတၳဳ ထဲမွာေတာ့ သူ(မ)က အဖိတ္မခံထားရတဲ့ ဧည့္သည္တစ္ေယာက္သာသာပဲ ရွိတယ္။
ငါ့ရဲ႕သတို႔သားျဖစ္တဲ့ ဇာတ္လိုက္နဲ႔ မဂၤလာေဆာင္ ဧည့္သည္ျဖစ္တဲ့ ဇာတ္လိုက္မက အခ်င္းခ်င္း အၾကည့္မသတ္ႏိုင္ၾကဘူး။
ငါ့ပတ္ဝန္းက်င္မွာ တီးတိုးေျပာသံေတြ ၾကားေနရတယ္။
တကယ္ႀကီး ငါက အဲရင္စပီးလက္လား။
ငါထၿပီး လမ္းျပန္ေလွ်ာက္ဖို႔ႀကိဳးစားေပမဲ့ ေဒါက္ဖိနပ္တစ္ဖက္က ေဒါက္က်ိဳးသြားတာကို ေတြ႕လိုက္ရတယ္။ ဟား။ ငါလဲက်သြားတာ မဆန္းပါဘူး။
ေနရာမွာပဲ ငါဖိနပ္ႏွစ္ဖက္ကို ခြၽတ္လိုက္ၿပီး ငါ့လက္ထဲမွာ ကိုင္ထားလိုက္တယ္။ မ်က္လုံးျပဴးေနၾကတဲ့ လူအုပ္က အခုငါ့ဘက္ကို ၾကည့္လာၾကတယ္။ ငါ့ဝတ္စုံစကလည္း ပုံက်ေနေတာ့ ငါလွမ္းကိုင္လိုက္ၿပီး ပလက္ေဖာင္းဘက္ကို ခပ္သုတ္သုတ္ေလွ်ာက္သြားလိုက္တယ္။
လူအုပ္က ဘာေတြးေတြး အေရးမႀကီးဘူး။ သူတို႔ကို ငါလည္းသိတာမွ မဟုတ္တာ။
ငါ ဇာတ္လိုက္ကို ဒီမဂၤလာေဆာင္ကို ရပ္ၿပီး ဇာတ္လိုက္မကိုသာ နင္ပဲ လက္ထပ္လိုက္ေတာ့လို႔ ေျပာလိုက္ခ်င္တယ္။
ဒါေပမဲ့ ဝတၳဳထဲမွာ အဲရင္က ဇာတ္လိုက္ကို လက္ထပ္ရတဲ့အေၾကာင္းရင္း ရွိတယ္။ သူ႔အေျခအေနက အေႂကြးျပန္မဆပ္ႏိုင္ရင္ ေရာင္းစားခံရလုနီးပါးပဲ။ ဒီမဂၤလာပြဲက အဲ့ဒီအေႂကြးကို ေျပလည္ေစႏိုင္မယ့္ နည္းလမ္းတစ္ခု ျဖစ္ေနတယ္။
ငါ ဇာတ္လိုက္နဲ႔ မ်က္ႏွာခ်င္းဆိုင္ရပ္လိုက္တဲ့အခ်ိန္မွာ ငါကိုင္ထားတဲ့ ဝတ္စုံစကို ႏွိမ့္လိုက္ရင္း ခပ္မတ္မတ္ ရပ္လိုက္တယ္။
သူက ငါ့လက္ေခ်ာင္းေတြကို ထိ႐ုံတမယ္ ကိုင္ထားၿပီး ငါတို႔က စင္ျမင့္ေရွ႕မွာ ေဘးခ်င္းကပ္ရပ္လိုက္ၾကတယ္။
ငါ့လက္တစ္ဖက္မွာ ပန္းစည္းအစား ဖိနပ္ပ်က္ေတြကို ကိုင္ထားၿပီး အျခားလက္တစ္ဖက္မွာေတာ့ ငါ့ကို မုန္းေနတဲ့ ေယာက္်ားတစ္ေယာက္ရဲ႕ လက္ကို ကိုင္ထားတယ္။
"အရွင္႐ူးဘတ္ကလစ္ဖို႔ဒ္၊ ေလဒီအဲရင္စပီးလက္ကို သင့္ရဲ႕ ဇနီးမယားအျဖစ္..."
ဒီစာသားေတြ...
အျမန္ဖတ္ထားမိတဲ့ ဝတၳဳတစ္ခုရဲ႕ စာသားေတြျဖစ္ေပမဲ့ ဒီလူရဲ႕ နာမည္က ငါ့ေခါင္းထဲမွာ စြဲေနတယ္။
အရွင္႐ူးဘတ္ကလစ္ဖို႔ဒ္
ဒီနာမည္ကို ၾကားလိုက္ရခ်င္းခ်င္းပဲ ငါဝတၳဳထဲေရာက္ေနတယ္ဆိုတာ သေဘာေပါက္လာရတယ္။
ငါ့ခႏၶာကိုယ္က ၾကက္သီးေမြးညႇင္းေတြ ထလာတယ္။
အဲ့ဒီအခ်ိန္မွာ ႐ူးဘတ္ကေတာ့ သူ႔ေနာက္ကို ၾကည့္ဖို႔ လုပ္ေနတုန္းပဲ။ လူေခ်ာတစ္ေယာက္က ဒီလိုလုပ္ေနတာ ငါစိတ္မေကာင္းမိတာေၾကာင့္ သူ႔အေနာက္မွာ မ်က္လုံးတစ္စုံကိုေတာင္ တပ္ေပးလိုက္ခ်င္တယ္။
ဘုန္းေတာ္ႀကီးရဲ႕ ရွည္လ်ားလွတဲ့ မိန႔္ခြန္းအၿပီးမွာ နမ္းရေတာ့မယ့္ အခ်ိန္ေရာက္လာတယ္။
အိုး...ဒီအခိုက္အတန႔္ကို မုန္းလိုက္တာ။
ငါတို႔မ်က္ႏွာခ်င္းဆိုင္တဲ့အခ်ိန္ သူမ်က္ေမွာင္ၾကဳတ္သြားတာကို ထပ္ျမင္လိုက္ရတယ္။
ငါ့အတြက္ေတာ့ မေကာင္းေလာက္ဘူး။
မဟုတ္ေသးဘူး။ အဲရင္စပီးလက္က ႐ူးဘတ္ကို ႀကိဳက္ေတာ့ သူကေတာ့ ဒါကိုႀကိဳက္ေလာက္တယ္။
႐ူးဘတ္ သြားႀကိတ္ရင္း သူ႔လက္သီးေတြကို ဆုပ္လိုက္တာကို ငါျမင္လိုက္ရတယ္။ ငါဝတ္စုံစကို ဆုပ္ကိုင္လိုက္ၿပီး မ်က္လုံးေတြကိုမွိတ္လိုက္တယ္။
ဒါေတြအကုန္လုံးက လုပ္ပြဲသက္သက္ပဲ။ သူ႔ႏႈတ္ခမ္းကို ထိ႐ုံတင္ (မဟုတ္လည္း) ထိ႐ုံဟန္ေဆာင္လိုက္လို႔ ရတယ္။
ငါ့မ်က္လုံးေတြကို မွိတ္လိုက္ၿပီး ငါ့ကိုယ္ငါ ႏွစ္သိမ့္လိုက္ေပမဲ့ အခ်ိန္ဘယ္ေလာက္ၾကာေအာင္ ေစာင့္ေနေန အနမ္းက မေရာက္လာဘူး။
ငါ့မ်က္လုံးေတြကို နည္းနည္းဖြင့္ၾကည့္လိုက္တဲ့အခါ ႐ူးဘတ္က ေတာင့္ေတာင့္ႀကီးရပ္ေနတုန္းပဲ။
ေနပါဦး။ နင္က မနမ္းဘူးလား။
ဧည့္သည္ေတြက တီးတိုးေျပာလာၾကတဲ့အခါ ငါ့မ်က္ႏွာပူလာတာကို ခံစားရတယ္။
မဂၤလာေဆာင္မွာ တစ္ေယာက္တည္း မ်က္လုံးမွိတ္ၿပီး ႏႈတ္ခမ္းစူထားတဲ့အမ်ိဳးသမီးကို ေတြ႕ရတာ ဘယ္ေလာက္ေတာင္ ရယ္စရာ၊ စိတ္ပ်က္စရာေကာင္းေနလိုက္မလဲ။
ငါေဒါသထြက္တယ္။ ရွက္ၿပီး ငိုခ်င္လာတယ္။ ဒါေပမဲ့ ဝမ္းနည္းၿပီး ေဒါသထြက္တဲ့ပုံစံမ်ိဳးက ငါနဲ႔ေရာ အဲရင္ စပီးလက္နဲ႔ေရာ မလိုက္ဘူး။
သူမ်ားေတြမၾကားရေလာက္ေအာင္ အသံတိုးတိုးနဲ႔ ငါ႐ူးဘတ္ကိုေျပာလိုက္တယ္။
"ငါတို႔နမ္းေနတယ္လို႔ နင္ဟန္မေဆာင္ႏိုင္ဘူးလား။ ဒါေလးေတာင္ နင္မလုပ္ႏိုင္ဘူးလား။"
အဆုံးမွာေတာ့ ငါအရင္ေရွ႕တိုးလိုက္တယ္။ သူ႔ ကုတ္အက်ႌကို ဆြဲလိုက္ၿပီးတဲ့ေနာက္မွာ သူ႔ကိုနမ္းဟန္ေဆာင္လိုက္ၿပီးမွ ျပန္တြန္းထုတ္လိုက္တယ္။
ဘာမွမခက္ပါဘူး ဟုတ္တယ္မလား။
***********
SWARA WEBNOVEL TRANSLATION