မုရံုခ်ီခ်ီ သို႔ မေကာင္းဆိုးဝ...

Oleh December_Moe

14.6K 2.5K 299

... Lebih Banyak

Chapter 99
Chapter 100
Chpater 101
Chapter 102
Chapter : 103
Chapter 104
Chapter 105
Chapter 106
Chapter 107
Chapter 108
Chapter 109
Chapter 110
Chapter 111
Chapter 112
Chapter 113
Chapter 114
Chapter 115
Chapter 116
Chapter 117
Chapter 118
Chapter 119
Chapter 120
Chapter 121
Chapter 122
Chapter 123
Chapter 124
Chapter 125
Chapter 126
Chapter 127
Chapter 128
Chapter 129
Chapter 130
Chapter 131
Chapter 132
Not update
Chapter 133
Chapter 134
Chapter 135
Chapter 137

Chapter 136

177 43 8
Oleh December_Moe

Zawgyi

ညဥ့္သန္းေခါင္တြင္ မုရံုခ်ီခ်ီ၏ ေငြေခါင္းေလာင္းကဲ့သို႔ ၾကည္လင္ျပတ္သားေသာ ရယ္သံသည္ တိတ္ဆိတ္ေနေသာ ေျခေသၤ့ေတာင္ကုန္းတစ္ခုလံုးကို လန္းဆန္းသြားေစသည္။

အလွေလး၏ ရယ္သံသည္ ၿမိဳ႕တစ္ၿမိဳ႕ သို႔မဟုတ္ ျပည္နယ္တစ္ခုကို ပ်က္စီးသြားေစေအာင္ စြမ္းေဆာင္ႏိုင္သည္။ သူတို႔ေ႐ွ႕႐ွိ မ်က္စိက်ိန္းေလာက္ေအာင္ ဝင္းလက္ေတာက္ပေနေသာ မိန္းကေလးကို ၾကည့္ကာ အနက္ေရာင္ဝတ္လူမ်ားသည္ သူတို႔သခင္ ဖုန္းခ်န္ကို ႏွလံုးသားေအာက္ေျခမွပင္ မနာလိုျဖစ္မိသည္။ မူလက သူတို႔သည္ ဒီကိစၥေၾကာင့္ သူတို႔သခင္သည္ သခင္မလက္ထဲမွာ ခံစားရမွာကို စိုးရိမ္ခဲ့ၾကသည္။ သခင္မထံမွ ထိုရယ္သံက ကမာၻေျမႀကီးႏွင့္ ႏိႈင္းယွဥ္လွ်င္ပင္ မွိန္ေဖ်ာ့သြားလိမ့္မည္ဟု သူတို႔က ထင္မထားခဲ့ေပ။

"ခ်င္းခ်င္း..."

ဖုန္းခ်န္၏ ေခ်ာေမာေနေသာ မ်က္ႏွာသည္ ပူေလာင္လာသည္။ မုရံုခ်ီခ်ီ၏ အျပဳအမူမွာ သူစိတ္ကူးထားသည္ႏွင့္ ေက်ာ္လြန္ေနသည္။ မုရံုခ်ီခ်ီက တကယ္ပဲ ေဒါသျဖစ္မျဖစ္ဆိုတာကို ဖုန္းခ်န္က ေသခ်ာမသိေသးခင္တြင္ တဖက္လူက ေၾကာင္တစ္ေကာင္လို ေျခလွမ္းေတြျဖင့္ လွမ္းလာၿပီး ဖုန္းခ်န္၏ လက္ေမာင္းၾကား ခုန္ဝင္လိုက္သည္။

"႐ွင္ ကြၽန္မကို ဂ႐ုစိုက္တာပဲ! ကြၽန္မ အရမ္းေပ်ာ္တယ္"

မုရံုခ်ီခ်ီက ဖုန္းခ်န္လက္ေမာင္းထဲတြင္ မွီေနသည္။ သူမက ေခါင္းကို ေမာ့ကာ သူ႔မ်က္လံုးထဲ ၾကည့္လိုက္ၿပီး

"တကယ္! ႐ွင္ ကြၽန္မကို အရမ္းဂ႐ုစိုက္တာပဲ... ကြၽန္မ အရမ္းစိတ္လႈပ္႐ွားတယ္"

အခု ဖုန္းခ်န္အတြက္ ဆုေတာင္းေပးေနၾကသည့္ လူမ်ားအားလံုးလည္း စိတ္သက္သာရာရသြားၾကသည္။

"အိုး..."

တစံုတေယာက္က လက္ခုပ္တီးလိုက္သည္။ လူအမ်ားက ဂုဏ္ျပဳေနၾကၿပီး က်ိဳးေၾကာင္းဆင္ျခင္တတ္သူႏွင့္ ဆံုစည္းရသည္ကို ေပ်ာ္ရႊင္ေနၾကသည္။

မုရံုခ်ီခ်ီထံတြင္ ရံႈးနိမ့္ခဲ့ရသည့္ အနက္ေရာင္ဝတ္လူမ်ား၏ ရယ္သံမ်ားသည္ ျပင္းထန္လာသည္။ သဘာဝအားျဖင့္ သူတို႔က သူတို႔သခင္ေပ်ာ္ရႊင္ေစဖို႔ ဆုေတာင္းေပးၾကသည္။

ဒီလို ခ်စ္ျမတ္ႏိုးၿပီး အစြမ္းထက္ျမက္သည့္ သခင္မမ်ိဳး ႐ွာေတြ႔ႏိုင္ဖို႔ဆိုသည္မွာ သူတို႔ အခ်ိန္ေတာ္ေတာ္ၾကာ ေစာင့္ဆိုင္းေနခဲ့ရေသာ အရာပင္ ျဖစ္သည္။

"ခ်င္းခ်င္း... မင္း ကိုယ့္ကို အျပစ္မတင္ဘူးလား?"

"အ႐ူး!"

ဒီလူကို စိတ္ခ်ေစရန္အလို႔ငွါ လူအမ်ားေ႐ွ႕တြင္ မုရံုခ်ီခ်ီသည္ ေျခဖ်ားေထာက္လိုက္ကာ သူမလက္ကုိ ဖုန္းခ်န္လည္ပင္းတဝိုက္ ရစ္ပတ္လိုက္ၿပီး သူ႔အား ေႏြးေထြးေသာ အနမ္းတစ္ပြင့္ ေပးလိုက္သည္။

"သခင္မက ႐ွိန္ေလာက္စရာပဲ!"

ထိုသို႔ ပူေလာင္သည့္ ျမင္ကြင္းက လူအမ်ားအား ေအာ္ဟစ္ေစမိသည္။

"ဟီဟီ"

ထိုအနမ္းက ဖုန္းခ်န္ႏွလံုးသား လံုးဝ ျပဳတ္က်သြားေစသည္။ သူမက သူ႔အပိုင္ပဲ! သူ ဒါကို ခံစားရသည္။

"ခ်င္းခ်င္း... ကိုယ္ မင္းကို ခ်စ္တယ္"

ဖုန္းခ်န္က သူ႔ေခါင္းကို ငံု႔ကာ မုရံုခ်ီခ်ီႏႈတ္ခမ္းအား နမ္းရိႈက္လိုက္သည္။

"အိုး..."

ဒီလို အံ့ျသစရာေကာင္းေသာ ျမင္ကြင္းမ်ိဳးကို ေတြ႔ျမင္ႏိုင္ရန္ ခဲယဥ္းလွသည္။ လူတိုင္းက သူတို႔မ်က္လံုးမ်ားကို ပြတ္သပ္ကာ တေယာက္က အနီ၊ တေယာက္က အျဖဴ ျဖစ္ေနေသာ ထိုစံုတြဲအား စိုက္ၾကည့္ေနၾကသည္။ သူတို့က ဒီကမာၻေပၚတြင္ သူတို႔ႏွစ္ဦးတည္းသာ ႐ွိသည့္အလား ကမာၻတုန္လႈပ္ေအာင္ နမ္းရိႈက္ေနၾကသည္။

အနမ္းမ်ား အဆံုးသတ္သြားေသာအခါ ဖုန္းခ်န္က သူ႔ခႏၶာကိုယ္ကို နိမ့္လိုက္ၿပီး မုရံုခ်ီခ်ီအား ေကာက္ခ်ီလိုက္သည္။ သူသည္ ေလကဲ့သို႔ လ်င္ျမန္စြာျဖင့္ ထြက္ခြာသြားေတာ့သည္။

"သခင္မေလး..."

စုယြဲ႔က လိုက္ဟန္ျပင္ေသာအခါ နလန္႐ွင္းက သူမအား တားဆီးလိုက္သည္။

"ဝမ္ရယ္နဲ႔ ဝမ္ေဖး လုပ္စရာတစ္ခုခု ႐ွိေနတယ္။ ငါတို႔ သူတို႔ကို သြားအေႏွာက္အယွက္မေပးသင့္ဘူး။ အခု အေရးႀကီးဆံုးအရာက ဝူက်င့္ခုန္းက လူေတြက ရံုးေတာ္က လူေတြနဲ႔ ဘယ္လိုခ်ိတ္ဆက္လိုက္တယ္ဆိုတာကို စစ္ေဆးဖို႔ပဲ! ႂကြယ္ဇယ့္ဖန္းနဲ႔ ထံုေပါင္က်ိဳက္က ကိစၥေတြကလည္း ေျဖ႐ွင္းဖို႔ ႐ွိေနေသးတယ္။ ဒီအခ်ိန္တိုေလးအတြင္းမွာေတာ့ သခင္ေတြက ဒါကို ဂ႐ုစိုက္ႏိုင္အံုးမွာမဟုတ္ဘူး"

နလန္႐ွင္းက ထိုသို႔ေျပာေသာအခါ စုယြဲ႔မ်က္ႏွာက နီျမန္းသြားသည္။ အေျခအေနကို ၾကည့္ရသည္မွာ သခင္မေလးႏွင့္ ကူယဲ့သည္ သူတို႔ႏွစ္ေယာက္တည္းသာ ႐ွိသည့္ကမာၻကို သြားၾကပံုေပၚသည္။ စုမိန္မ်က္ႏွာလည္း နီေနသည္။ ထိုအစား ဖန္းတုန္က ရယ္ေမာလိုက္ကာ

"ၾကည့္ရတာ ငါတို႔ မၾကာခင္ျပင္ဆင္ထားရေတာ့မယ္နဲ႔တူတယ္။ ပထမဆံုး ငါတို႔ ဒီအေရးမပါတဲ့ ကိစၥေတြကို အရင္ေျဖ႐ွင္းၾကတာေပါ့။ ၿပီးမွ သခင္ငယ္ေလးေရာက္လာမႈအတြက္ ငါတို႔ျပင္ဆင္ထားရမယ္"

"အဟြတ္ အဟြတ္!"

နလန္႐ွင္းက သူအရမ္းသိမ္ေမြ႔သည္ဟု ခံစားရသည္။ ဒီအႀကီးအကဲ ဖန္းတုန္က အလြန္တဲ့တိုးက်လိမ့္မည္ဟု သူ ထင္မထားခဲ့ေပ။ စံုတြဲက အခုမွ ခ်စ္ခင္ရင္းႏွီးမလို႔ ႐ွိေသး... သူက ေနာက္မ်ိဳးဆက္သစ္အ​ေၾကာင္းပါ တိုက္႐ိုက္စဥ္းစားမိေနသည္။

သူ ဒီေန႔ ဖန္းတုန္အား ဒီေနရာသို႔ ျပန္ေပးဆြဲလာခဲ့သည္ကို စဥ္းစားမိေသာအခါ နလန္႐ွင္းက ခ်က္ခ်င္းေ႐ွ႕တိုးကာ ေတာင္းပန္လိုက္သည္။

"အႀကီးအကဲဖန္း... ဒီအငယ္သားက ဒီေန႔ ယဥ္ေက်းမႈ ကင္းမဲ့သြားပါတယ္။ ဒီအျပစ္အတြက္ ေျပရာေျပေၾကာင္း ျပဳခြင့္ေပးဖို႔ အႀကီးအကဲကို ေတာင္းဆိုပါတယ္"

"ဟားဟား!"

ဖန္းတုန္က ရယ္လိုက္ကာ သူ႔လက္ကို ရမ္းလိုက္သည္။ မတိုင္ခင္က သူလည္း ဖုန္းခ်န္ကို အထင္လြဲခဲ့သည္။ စုမိန္ႏွင့္ စုယြဲ႔တို႔ျဖင့္ သူ ဆံုေသာအခါမွသာ ကိစၥရပ္မ်ားကို နားလည္သြားသည္။ ဖုန္းခ်န္က မုရံုခ်ီခ်ီအား အလြန္ဂ႐ုစိုက္သည္ကို ျမင္ေသာအခါ ေသခ်ာတာေပါ့... ဖန္းတုန္လည္း ေပ်ာ္ရႊင္မိသည္။

"အရည္အခ်င္း႐ွိသူေတြက ဒီကမာၻေပၚမွာ ထြက္ေပၚလာရစျမဲပါ။ ေကာင္ေလး... မင္းလည္း မဆိုးဘူးပဲ! မင္းရဲ႕သိုင္းပညာလည္း ေကာင္းတယ္!ဒီေန့ ငါတို႔က ပင္လယ္ေရတက္လာမႈက နဂါးဘုရင္ဘုရားေက်ာင္းကို ေရလွ်ံသြားေစသလို ငါတို႔လူ အခ်င္းခ်င္း တစ္ေယာက္ကို တစ္ေယာက္ မသိလို႔ ျဖစ္သြားတာပဲေလ။ အခု ကြဲလြဲမႈေတြက ပေပ်ာက္သြားပါၿပီ"

စကားေျပာေနစဥ္တြင္ ဖန္းတုန္၏ လက္ႀကီးက နလန္႐ွင္း၏ ပခံုးကို ပုတ္လိုက္သည္။ ထိုအရာက ဖန္းတုန္၏ နလန္႐ွင္းအေပၚ အတည္ျပဳခ်က္ဟု မွတ္ယူႏိုင္သည္။

ဖန္းတုန္၏ ထိုသို႔ေျပာလိုက္ျခင္းက နလန္႐ွင္းအား မိုယုမွ လူမ်ားအေပၚ ပိုၿပီး စိတ္ဝင္စားမိေစသည္။ က်င္းဟူ႐ွိ လူမ်ားသည္ အေသးအဖြဲကိစၥမ်ားအေပၚ စိတ္အေႏွာက္အယွက္ မျဖစ္ၾကေပ။

ဖုန္းခ်န္ႏွင့္ မုရံုခ်ီခ်ီတို႔ ဒီေနရာတြင္ မ႐ွိၾကေသာ္လည္း ဖန္းတုန္ႏွင့္ နလန္႐ွင္းတို႔ အျမင္အရ ဝူက်င့္ခုန္းအား ကိုင္တြယ္ေျဖ႐ွင္းရမည့္ ကိစၥဟု အျမင္တူညီၾကသည္။

"အႀကီးအကဲဖန္း... အႀကီးအကဲျမင္တဲ့အတိုင္း ဒါက ကြၽန္ေတာ္တို႔အမွားပါ။ ဘာေၾကာင့္ အႀကီးအကဲက ကြၽန္ေတာ္တို႔ကို ဝူက်င့္ခုန္းကိစၥမေျဖ႐ွင္းခိုင္းရမွာလဲ? ဒါကို ဝမ္ေဖးအတြက္ ကြၽန္ေတာ္တို႔ရဲ႕ ေတာင္းပန္မႈလို႔ ယူဆႏိုင္သလို မိုယုအတြက္ ေျဖ႐ွင္းခ်က္လို႔လည္း ယူဆလို႔ ရႏိုင္ပါတယ္"

ဖန္းတုန္က နလန္႐ွင္း၏အျမင္ကို ေခါင္းညိတ္လိုက္သည္။

"အစကေတာ့ ဒီကိစၥကို သခင္မေလးကိုယ္တိုင္ ဆံုးျဖတ္သင့္တာပဲ! အခု နလန္သခင္ေလးက ဒီလိုေျပာမွေတာ့ မင္းဆႏၵအတိုင္းပါပဲ။ က်ဳပ္ အႀကီးတစ္ေယာက္အေနနဲ႔ကေတာ့ ဝူက်င့္ခုန္းကို ဆူးတစ္ေခ်ာင္းလို မ်က္လံုးထဲမွာ ျမင္ေနတာ ၾကာၿပီ။ က်ဳပ္အျမင္အရေတာ့ သူတို႔ကို တခါတည္းနဲ႔ အျပတ္႐ွင္းပစ္တာ အေကာင္းဆံုးပဲ! သခင္မေလးနဲ႔ ကူယဲ့ စိုးရိမ္ရေအာင္ သူတို႔လာၿပီး ေႏွာက္ယွက္ေနတာမ်ိဳး မျဖစ္ေစရေအာင္ေပါ့"

ဖန္းတုန္ေျပာလိုက္သည့္ အရာက နလန္႐ွင္း​ေတြးထားသည့္အရာမ်ိဳးပင္။ ဝူက်င့္ခုန္းက ကြမ္းဟြာသခင္ေလးကို ဘာေၾကာင့္ လာဒုကၡေပးလဲ မသိေပမယ့္ သူတို႔က စစ္တပ္ကိုေတာင္ ဆြဲထည့္လာသည္။ ထို႔ေနာက္ ရံုးေတာ္ႏွင့္ တစ္ခုခု လုပ္စရာ ႐ွိေနလိမ့္မည္။

ဝူက်င့္ခုန္းက အျမဲလိုလို အိမ္ေ႐ွ႕စံ၏ ေ႐ွ႕ေျပးေခြးမ်ား ျဖစ္ၾကသည္။ ဒီကိစၥက အိမ္ေ႐ွ႕စံႏွင့္လည္း ပတ္သက္ေနလိမ့္မည္။ ဘယ္လိုပဲ ျဖစ္ျဖစ္ အက်ိဳးဆက္မ်ား မည္သို႔ပင္ျဖစ္ေစကာမူ သူတို႔အား အရင္ဖ်က္စီးပစ္ရမည္။

သူက ဝမ္ရမ္ဟုန္အား ၾကည့္မရတာ အေတာ္ၾကာေနေလသည္။ အားသည္ျဖစ္ေစ မအားသည္ျဖစ္ေစ သူက ဖုန္းခ်န္အား အေႏွာက္အယွက္ေပးေလ့႐ွိသည္။ ဒီတေခါက္ေတာ့ သူက ဝမ္ေဖး၏ ႂကြယ္ဇယ့္ဖန္းႏွင့္ ထံုေပါက္က်ိဳက္ကိုပင္ မီးေလာင္တိုက္သြင္းခဲ့သည္။ သည္းမခံႏိုင္တာေတြကို သည္းမခံသင့္ဟု ဆိုေလ့႐ွိၾကသည္။ ဝမ္ရယ္ကို ဆန္႔က်င္ျခင္းက ကိစၥအေသးစားျဖစ္သည္။ ဝမ္ေဖးအျမင္တြင္ သူ...နလန္႐ွင္းအား မေကာင္းေသာ အျမင္ျဖစ္ေစျခင္းက ေကာင္းကင္ဥပေဒသပင္ သည္းမခံႏိုင္ေသာ အရာျဖစ္သည္။

ေနာက္ဆံုးတြင္ နလန္႐ွင္းက ဝူက်င့္ခုန္းကို ဘယ္လို အဆံုးသတ္မည္ဆိုတာကို အစီအစဥ္ခ်ေလသည္။ ေျခေသၤ့ေတာင္ကုန္း၏ တျခားတစ္ဖက္တြင္ ဖုန္းခ်န္က မုရံုခ်ီခ်ီေမးအား ဆုပ္ကိုင္ထားကာ သူ႔ေ႐ွ႕႐ွိ မိန္းကေလးက နက္နက္ရိႈင္းရိႈင္း ၾကည့္ေနသည္။

"ခ်င္းခ်င္း... ကိုယ္က မင္းရဲ႕ အေမွာင္ထုထဲမွာ ခါးခါးသီးသီးကို ခ်ဳပ္ေႏွာင္တာ ခံခဲ့ရတာပဲ"

သက္ျပင္း႐ွည္တစ္ခုသည္ လြန္ခဲ့သည့္ရက္အနည္းငယ္ကတည္းက ျဖစ္ေပၚေနေသာ ဖုန္းခ်န္၏ ႐ွာလကာရည္မ်ားအား အရည္ေပ်ာ္သြားေစကာ ထူထဲေသာ အခ်စ္ႏွင့္ အနည္းငယ္ေသာ အျပစ္တင္လိုမႈတို႔သာ က်န္ရစ္ခဲ့ေလသည္။

"ကြၽန္မ ဒါကို မရည္ရြယ္ခဲ့ပါဘူး။ ၿပီးေတာ့ ႐ွင္လည္း ကြၽန္မကို လွ်ိဳ႕ဝွက္ခ်က္တစ္ခု ထားထားတာပဲ!"

ဖုန္းခ်န္ ဘာမွ မေျပာရေသးမွီ မုရံုခ်ီခ်ီက ဖုန္းခ်န္လက္အား အားျဖင့္ ႐ုတ္တရက္ ဖမ္းဆုပ္လိုက္သည္။ သူမက လွည့္လိုက္ကာ ဖုန္းခ်န္ကိုယ္ေပၚတြင္ ခြစီးထားေသာ အေနအထားျဖင့္ ထိုင္လိုက္ကာ

"ခ်န္..."

ဖုန္းခ်န္​ေပၚ မွီကာ မုရံုခ်ီခ်ီက ဖုန္းခ်န္ေမးကို ဆုပ္ကိုင္လိုက္သည္။ သူမလက္ေခ်ာင္းထိပ္မ်ားက ဖုန္းခ်န္၏ ပါးလႊာေသာ မုတ္ဆိတ္ေမႊးငုတ္စိမ်ားကို ညင္သာစြာ ထိေတြ႔ေနသည္။ သူမမ်က္လံုးမ်ားက ျပံဳးေနကာ ထိုအထဲတြင္ ညိဳ႕ငင္မႈမ်ား ႐ွိေနသည္။

"ခ်န္ ႐ွင္လည္း ကြၽန္မကို တစ္ခုခု ဖံုးကြယ္ခဲ့တာပဲ... ႐ွင္က ကြၽန္မအမွားကိုပဲ ထပ္ထပ္ေျပာေနတယ္။ ႐ွင့္မွာ ေမးစရာ႐ွိရင္ ဘာေၾကာင့္ ကြၽန္မဆီ လာၿပီး တိုက္႐ိုက္မေမးရတာလဲ? ကြၽန္မက ထိန္းသိမ္းထားမိတယ္ ဒါဆို ႐ွင္က ဘာေၾကာင့္ ကြၽန္မနဲ႔ ဆက္မလိုက္လာရတာလဲ?"

မုရံုခ်ီခ်ီ ေမးခြန္းက ဖုန္းခ်န္အား အကူအညီမဲ့စြာ ရယ္ေမာမိေစသည္။ အခုေလးတင္ပဲ မုရံုခ်ီခ်ီက ဒီကိစၥကို ဘယ္သူ႔မွ တာဝန္ခံခိုင္းမွာ မဟုတ္ေတာ့ဘူးလို႔ သူေတြးမိခဲ့သည္။ လူအမ်ား၏ ေ႐ွ႕တြင္ သူမဘက္က စတင္၍ သူ႔အား နမ္းခဲ့ျခင္းျဖင့္ သူ႔ကို မ်က္ႏွာသာေပးခဲ့သည္။ ထိုခ်စ္ခင္ၾကင္နာေသာ အနမ္းျဖင့္ ဒီေန႔ကိစၥသည္ ေပ်ာက္ကြယ္သြားၿပီဟု ဖုန္းခ်န္က ေတြးခဲ့သည္။

မုရံုခ်ီခ်ီလႈပ္႐ွားမႈက ဒီမွာ ျဖစ္ေနလိမ့္မည္ဟု ဖုန္းခ်န္က ထင္မထားခဲ့ေပ။ သူမက အလ်ဥ္းသင့္ခ်ိန္တြင္ ရမွတ္မ်ားကို ေျဖ႐ွင္းရန္ႏွင့္ သူ႔အား သီးသန္႔ဒဏ္ခတ္ရန္ အင္အားမ်ား ေစလႊတ္ဖို႔ ေစာင့္ဆိုင္းေနခဲ့သည္။ ေယာက်္ားေတြက မ်က္ႏွာေကာင္းလိုခ်င္တာကို ဒီမိန္းကေလးက ေကာင္းေကာင္းသိေနေသးသည္...

"ခ်န္... ႐ွင္က ဘယ္သူလဲ? ႐ွင့္ရဲ႕ ရာထူးကို ၾကည့္ရတာ နန္လင္းဝမ္ျဖစ္ရံုေလာက္နဲ႔ေတာ့ မ႐ိုး႐ွင္းေလာက္ဘူး"

မုရံုခ်ီခ်ီက စကားေျပာေနစဥ္တြင္ သူမလက္ေခ်ာင္းမ်ားကလည္း ဖုန္းခ်န္ေမးတဝိုက္ကို စက္ဝိုင္းလို ေဝ့ဝိုက္ေနသည္။ သူမလက္က ေမွာ္အစြမ္းပါေနသကဲ့သိုပင္။ သူမလက္ေခ်ာင္းမ်ား ထိလိုက္သည့္ေနရာတိုင္း ဖုန္းခ်န္ကို ၾကက္သီးေမႊးညႇင္းထေသာ ခံစားခ်က္အား သယ္ေဆာင္လာသည္။ သူ႔ေမးမွ တဆင့္ ထိုခံစားခ်က္က နယ္ခ်ဲ့လာကာ သူ႔တကိုယ္လံုးအား ဖံုးလႊမ္းသြားေစသည္။

သူမဘာလုပ္မိေနတယ္ဆိုတာကို ဒီမိန္းကေလးက မသိမ်ားမသိေနတာလား? ဖုန္းခ်န္က တံေတြးမ်ိဳခ်လိုက္သည္။ သူမလက္က သူ႔အား မီးေတာက္ေအာင္ ဆြေပးေနကာ သူ႔ႏွလံုးသားႏွင့္ သူ႔ကိုယ္အား လံႈ့ေဆာ္နိႈးဆြေနသည္။

ဖုန္းခ်န္က တလႈပ္လႈပ္ျဖစ္ေနေသာ မုရံုခ်ီခ်ီလက္အား ဖမ္းဆုပ္လိုက္သည္။ သူ႔မ်က္လံုးကလည္း မီးေရာင္ေအာက္တြင္ ခြၽင္းခ်က္မ႐ွိ ေတာက္ပစြာ လင္းလက္ေနသည္။

"ခ်င္းခ်င္း ဒီအေၾကာင္းကို ေျပာရရင္ ကိုယ္တို႔ရဲ႕ ကံတရားက ေပါ့ေသးေသးမဟုတ္ဘူးပဲ! ကိုယ္က ဖို႐ွန္႔မန္ရဲ႕ ေခါင္းေဆာင္ လံုေအာင္းထ်န္ပါ"

ပံုျပင္က လြန္ခဲ့သည့္ ငါးႏွစ္ေလာက္က စခဲ့ၿပီး ဖုန္းခ်န္အဆိပ္က ထႂကြလာခ်ိန္တြင္ မိုဇြင္ႏွင့္ ဆံုမိသည္။ ေမြးစားအေဖက သူမအား ဖုန္းခ်န္ဆီ ေပးဖို႔ ကတိေပးခဲ့တာ သူမ ၾကားမိခဲ့သည္။ မုရံုခ်ီခ်ီက ရယ္ေမာကာ သူမလက္အား ဖုန္းခ်န္ခါးနားဆီသို႔ ထားလိုက္သည္။

"ဒါဆို ကြၽန္မတို႔ ကံၾကမၼာေတြက ေရစက္ပါေနတာပဲ! အေဖနဲ႔ အေမက ကြၽန္မကို ႐ွင့္ဆီ ေပးဖို႔ ကတိေပးခဲ့တယ္။ ေမြးစားအေဖေတာင္ ႐ွင့္ကို သေဘာက်ခဲ့ေသးတယ္။ အခု ကိုယ္တိုင္ပါဝင္ပတ္သက္ေနတဲ့ ကြၽန္မေတာင္ ႐ွင့္နဲ့ အ႐ူးအမူးခ်စ္ေနေသးတယ္။ ႀကိဳတင္သတ္မွတ္ထားတဲ့ လက္ထပ္ပြဲက ကံၾကမၼာသံုးခုနဲ႔ ေရးဆြဲထားတာပဲ!"

မုရံုခ်ီခ်ီစကားမ်ားက ဖုန္းခ်န္အား ေပ်ာ္ရႊင္ေစသည္။ ႀကိဳတင္သတ္မွတ္ထားတဲ့ လက္ထပ္ပြဲက ကံၾကမၼာသံုးခုနဲ႔ ေရးဆြဲထားတာတဲ့လား? သူတို႔ရဲ႕ ကံတရားေတြက အခ်ိန္ေတာ္ေတာ္ၾကာႀကီးကတည္းက ခိုင္မာစြာ ခ်ည္ေႏွာင္ထားသည္။ ဒီေၾကာင္ငပ်င္းေလးက သူ႔အပိုင္ျဖစ္လာဖို႔ ေရစက္ပါခဲ့တာပဲ ျဖစ္ႏိုင္သည္။

"ေျပာပါအံုး! ဒီေန႔ ကိစၥအတြက္ ႐ွင္ ကြၽန္မကို ဘယ္လိုအေလ်ာ္ေပးမွာလဲ?"

မုရံုခ်ီခ်ီက သူမလက္မ်ားကို သူမရင္ဘတ္ေပၚတြင္ ကန္႔လန္႔ျဖတ္တင္လိုက္ကာ ေဒါသျဖစ္ဟန္ေဆာင္ၿပီး ဖုန္းခ်န္အား ၾကည့္လိုက္သည္။

"ကြၽန္မတို႔ အခ်င္းခ်င္း တိုက္ခိုက္ခဲ့ၾကတယ္... လူေတြ ကြၽန္မတို႔ကို ရယ္စရာျဖစ္ေစေအာင္ ၿပီးေတာ့ ကြၽန္မရဲ႕ႀကိဳးစားအားထုတ္မႈေတြကို ဖ်က္စီးၿပီးေတာ့ ဝူက်င့္ခုန္းက ဟိုေကာင္စုတ္ေတြကိုလည္း ထြက္ေပါက္႐ွာေတြ႔သြားေစတယ္။ ႐ွင္ေျပာ! ႐ွင္ ကြၽန္မကို ဘယ္လိုအေလ်ာ္ေပးသင့္လဲဆိုတာကို?"

မုရံုခ်ီခ်ီက 'ေလ်ာ္ေၾကး'ဆိုသည့္ စကားကို ထပ္ကာထပ္ကာ အသံုးျပဳေနျခင္းသည္ ဖုန္းခ်န္အား ဒီကိစၥတြင္ ပါဝင္ေနသည့္ ဝူက်င့္ခုန္းအေၾကာင္းကို ေတြးမိေစသည္။ ပံုမွန္အားျဖင့္ သူက မ်က္ကန္းတစ္ေယာက္လို ျပဳမူေလ့႐ွိသည္။ ဒီတေခါက္ေတာ့ ဝူက်င့္ခုန္းက တကယ္ပဲ သူ႔မိန္းကေလးကို ထိခ်င္ၾကတယ္လား? ဒီကိစၥက တကယ္ပဲ ခြင့္လႊတ္ေပးလို႔ မရႏိုင္ေပ။

"အေစခံေတြ!"

ဖုန္းခ်န္အသံက ပဲ့တင္ထပ္လာသည္။ အနက္ေရာင္ဝတ္လူတစ္ေယာက္က သူတို႔ေ႐ွ႕တြင္ ေပၚလာသည္။

"သခင္!"

အနက္ေရာင္ဝတ္လူက ဒူးတစ္ဖက္ေထာက္လိုက္သည္။ သူ႔ခႏၶာကိုယ္တစ္ခုလံုးက ဖုန္းခ်န္အေပၚ ေလးစားမႈကို ေဖာ္ျပေနသည္။

"ဝူက်င့္ခုန္းကို ဖ်က္စီးလိုက္!"

"ဟုတ္!"

အနက္ေရာင္ဝတ္လူက ထြက္ခြာမည့္ဟန္ ျပင္စဥ္ မုရံုခ်ီခ်ီက တားလိုက္ကာ

"ကြၽန္မလူေတြကို ေခၚသြားလိုက္ပါ။ စုယြဲ႔ကို ေခၚသြား... သူမကို ေျပာလိုက္ ဝူက်င့္ခုန္းက ကြၽန္မပိုင္တဲ့အရာေတြကို ဖ်က္စီးခဲ့တယ္။ သူတို႔အသားကို လႊာပစ္ရမယ္ဆိုရင္ေတာင္ ကြၽန္မရဲ႕ ဆံုးရံႈးမႈေတြကို အေလ်ာ္ေတာင္းရမယ္လို႔"

အနက္ေရာင္ဝတ္လူက မလႈပ္႐ွားေသးေပ။ သူက ဖုန္းခ်န္အား ၾကည့္လိုက္သည္။ ဖုန္းခ်န္က သူ႔သခင္ျဖစ္၏။ ဒီကိစၥတြင္ သူ႔သခင္ေခါင္းညိတ္ဖို႔ လိုေသးသည္။

"သြားေတာ့! နလန္႐ွင္းကို ဒီကိစၥကို ဂ႐ုစိုက္ၿပီး ဝမ္ေဖးစကားကို နာခံပါေစ! နလန္႐ွင္းကို ေျပာလိုက္ သူ႔အရင္က အမွားကို ျပန္ျပင္ဆင္ဖို႔ အတြက္ ဒီကိစၥကို လွလွပပ အဆံုးသတ္ေပးဖို႔"

အနက္ေရာင္ဝတ္လူမွ တဆင့္ ဖုန္းခ်န္အမိန္႔ေပးလိုက္သည့္ စကားကို နလန္႐ွင္း ၾကားေသာအခါ သူက လံုးဝဆြံ႔အသြားသည္။ ဒီသခင္က ဘယ္လိုဝမ္းတြင္းမည္းအမ်ိဳးအစားပါလိမ့္ ဟမ္? သူ(ဖုန္းခ်န္)ဟာ သူ႔ဘာသာသူ အမွားလုပ္ၿပီး သူ(နလန္႐ွင္း)ကို အရင္အမွားအတြက္ ျပင္ဆင္ပါဟုပင္ ခြင့္ျပဳေပးလိုက္ေသးသည္။ ဝမ္ေဖးေပ်ာ္ရႊင္ေစဖို႔အတြက္ သူ႔လို တကိုယ္တည္းသမားေလးကို မတိုက္ခိုက္သင့္ပါဘူး!

နလန္႐ွင္းက ငိုခ်င္သလို ခံစားရေသာ္လည္း မ်က္ရည္ေတာ့ မက်ေပ။ ဒါက ဖုန္းခ်န္၏ အမိန္႔ျဖစ္သည္။ သူအေနျဖင့္ ဒါကို ေအာင္ျမင္ေအာင္ လုပ္ေဆာင္ႏိုင္ဖို႔ပဲ လိုသည္။

ဖုန္းခ်န္မွာ အခုခ်ိန္တြင္ အဘယ္သို႔ နလန္႐ွင္း၏အေတြးကို ဂ႐ုစိုက္ဖို႔ အခ်ိန္႐ွိမည္နည္း? သူသည္ 'ခ်င္းခ်င္း'ခ်င္း မိုးမႊန္ေအာင္ ေခၚကာ မုရံုခ်ီခ်ီ ေပ်ာ္ရႊင္လာေအာင္ ေခ်ာ့ေမာ့ေနသည္။

အမ်ိဳးသမီးမ်ားက ေခ်ာ့ေမာ့ေပးဖို႔ လိုအပ္သည္ဟု ေျပာၾကသည္။ ဒီကိစၥမွာ သူ အမွန္တကယ္ မွားယြင္းသြားသည္ကို ဖုန္းခ်န္က ဝန္ခံပါသည္။ သူသာ မၾကာေသးခင္က နလန္႐ွင္းစကားကို နားေထာင္ၿပီး မုရံုခ်ီခ်ီႏွင့္ ပြင့္ပြင့္လင္းလင္း ေျပာဆိုခဲ့ပါက အထင္လြဲမွားမႈသည္လည္း အၾကာႀကီး ႐ွိမေနႏိုင္ေပ။ သူလည္း က်ိဳးေၾကာင္းဆီေလ်ာ္မႈ မေပ်ာက္ဆံုးေတာ့ဘဲ အၾကာႀကီး႐ွာလကာရည္စားေနရန္ မလိုေတာ့ေပ။

"ခ်င္းခ်င္း... ၾကည့္ပါအံုး! မင္း ကိုယ့္ကို ကန္လည္း ကန္ ႐ိုက္လည္း ႐ိုက္ေသးတယ္ေလ။ အခုထိ ကိုယ့္ရင္ဘတ္က နာေနတုန္းပဲ! မင္း မယံုရင္ ကိုက္ၾကည့္လို႔ ရတယ္"

ဖုန္းခ်န္က မုရံုခ်ီခ်ီလက္ကို ဆုပ္ကိုင္ကာ သူ႔ႏွလံုးသားတြင္ ထားလိုက္သည္။

"ဒီေန႕ ခ်င္းခ်င္းရဲ႕ ႏူးညံ့သိမ္ေမြ႔မႈေတြ၊ သာယာႏွစ္လိုဖြယ္ေတြဆိုတာက ဟန္ေဆာင္မႈေတြပဲဆိုတာ ကိုယ္ ေနာက္ဆံုးေတာ့ သိလိုက္ရၿပီ။ ခ်င္းခ်င္းက ေျပာင္းျပန္လွန္လိုက္တဲ့အခါ ခ်င္းခ်င္းက ေတာ္ေတာ္ရက္စက္တာပဲ!"

ဖုန္းခ်န္ ထိုသို႔ ေျပာမွသာ မုရံုခ်ီခ်ီလည္း သတိရသြားေတာ့သည္။ မတိုင္ခင္က သူမက အ႐ွက္ခြဲခံရမႈေၾကာင့္ ေဒါသျဖစ္သြားခဲ့သည္။ သူမက သူ႔ကို ႐ိုက္ရံုသာမက ေၾကာက္မက္ဖြယ္ရာလည္း ကန္ပစ္ခဲ့ေသးသည္။

"ကြၽန္မ ေတာင္းပန္ပါတယ္! ကြၽန္မ ေတာင္းပန္ပါတယ္! ကြၽန္မ ေတာင္းပန္ပါတယ္။ အဲ့ဒါက ႐ွင္မွန္း ကြၽန္မ မသိခဲ့လို႔ပါ။ ႐ွင္ အဆင္ေျပရဲ႕လား? အဲ့ဒါက နာေနေသးလား? ကြၽန္မ တခ်က္ေလာက္ ၾကည့္ၾကည့္ရေအာင္"

မုရံုခ်ီခ်ီက အမ်ားႀကီး ေတြးေတာမေနေတာ့ဘဲ ဖုန္းခ်န္ရင္ဘတ္ေပၚ႐ွိ အဝတ္မ်ားကို တိုက္႐ိုက္တြန္းဟလိုက္သည္။ သူ႔၏ ေက်ာက္ျဖဴသားကဲ့သို႔ ျဖဴေဖြးေသာ အသားေပၚတြင္ အနီေရာင္ဖိနပ္ရာက ႐ွိေနသည္။

ထိုဖိနပ္ရာကို ျမင္ေသာအခါ မုရံုခ်ီခ်ီက ႐ွက္ေသြးျဖန္းသြားသည္။ သူမ၏ ေျခကန္ခ်က္မွာ ဘယ္ေလာက္ အားေကာင္းလဲဆိုတာ သူမ ေမ့သြားမိသည္။ အထူးသျဖင့္ ထိုအခ်ိန္တြင္ ဖုန္းခ်န္က သူ႔၏ အရံအတားကို ေလ်ာ့ခ်ခဲ့သည္။ ထိုကန္ခ်က္က သူ႔အား ေသခ်ာေပါက္ နာက်င္ေစလိမ့္မည္။

ဖုန္းခ်န္၏ ႏို႔ျဖဴေရာင္အသားအရည္ေပၚ႐ွိ အနီေရာင္ဖိနပ္ရာသည္ မုရံုခ်ီခ်ီ၏ ရက္စက္ေသာ နည္းလမ္းမ်ားကို ညည္းတြားျပ​ေနသကဲ့သို႔ မ်က္စိပသာဒအား ထိခိုက္ေစသည္။ သူမ၏ ေအာင္ျမင္မႈကို ျမင္ရၿပီးေနာက္ မူလက မွန္ကန္မႈႏွင့္ ကိုယ့္ကိုယ္ကိုယ္ ယုံုၾကည္မႈတို႔မွာ ခပ္ယဲ့ယဲ့သာ က်န္ေတာ့သည္။

"႐ွင့္ကို ဘာမွမလုပ္ဖို႔နဲ႔ အသံႏွိမ့္ေျပာဖို႔ကို ဘယ္သူက ေျပာေနလို႔လဲ? ကြၽန္မမွ ႐ွင့္အသံကို မမွတ္မိတာေလ။ ကြၽန္မ ႐ွင့္ကို အျဖဴေရာင္ဝတ္ထားတာ ျမင္ၿပီး ႏြားတစ္ေကာင္လို ဝ႐ုန္းသုန္းကား ျဖစ္ေနတာ ျမင္ေတာ့ ေဒါသျဖစ္သြားတယ္ေလ။ ဒါ့အျပင္ ႐ွင္က ကြၽန္မကို ထိလိုက္ေသးေတာ့ ကြၽန္မစိတ္ထဲ လူရမ္းကားတစ္ေယာက္လို႔ ျမင္သြားတယ္ေလ"

သူမ ဆက္ေျပာေလ မုရံုခ်ီခ်ီအသံက ပိုၿပီး ေသးငယ္လာေလပင္။ ဖုန္းခ်န္အတြက္ ေရာင္ရမ္းမႈသက္သာေစရန္ လိမ္းဖို႔ လိမ္းေဆးကို သူမကိုယ္ေပၚတြင္ ႐ွာၾကည့္လိုက္သည္။ ေန႔တဝက္ေလာက္ ႐ွာၿပီးေနာက္မွ သူမ သတိရလိုက္သည္မွာ မၾကာေသးခင္ကမွ သူမ အဝတ္အစားလဲခဲ့သည္ဆိုတာကိုပင္။ သူမက ဘာလိမ္းေဆးမွ ယူမလာခဲ့ေပ။ ဖုန္းခ်န္ရင္ဘတ္မွ အနီေရာင္ကို ၾကည့္ရင္း မုရံုခ်ီခ်ီမ်က္ႏွာမွာ ပိုၿပီး နီျမန္းလာသည္။

"ကြၽန္မတို႔ ျပန္သြားသင့္လား! ကြၽန္မရဲ႔ လိမ္းေဆးေတြက ဝမ္ဖူမွာ ႐ွိတယ္။ ကြၽန္မ ႐ွင့္ကို အာမခံပါတယ္... ႐ွင္ ဒီလိမ္းေဆးကို လိမ္းလိုက္တာနဲ႔ နီရဲေရာင္ရမ္းတာေတြက ေန႔တဝက္ေတာင္ မၾကာဘူး လံုးဝေပ်ာက္သြားလိမ့္မယ္။ တရက္ေလာက္ ၾကာရင္ ထပ္ၿပီး မနာေတာ့ဘူး"

မုရံုခ်ီခ်ီက ထလိုက္ခ်င္ေသာ္လည္း သူမသည္ ဖုန္းခ်န္လက္ေမာင္းၾကား ပိတ္ေလွာင္ျခင္း ခံထားရသည္။

"မလႈပ္နဲ႔!"

ဖုန္းခ်န္မ်က္ႏွာက အနည္းငယ္ နီေနသည္။ ဒီမိန္းမငယ္ေလးက သူ႔၏ ဒဏ္ရာကို စစ္ေဆးၿပီးေသာအခါ ဖုန္းခ်န္သည္ မုရံုခ်ီခ်ီအား ခုန္အုပ္ကာ ေနရာတြင္ အျပစ္ေပးပစ္လိုေသာ မထင္မွတ္သည့္ တြန္းအားတစ္ခု ရ႐ွိလာသည္။

သူမလို သိုးငယ္တစ္ေကာင္က သူ႔လို ဝံပုေလြေကာင္အတြက္ စားေကာင္းေသာက္ဖြယ္တစ္ခု ျဖစ္ေနတာကို ဒီမိန္းမငယ္ေလး မသိေရာ့ေပလို႔လား? သူမက သူ႔အဝတ္အစားမ်ားကိုပင္ တြန္းဟလိုက္ေသးသည္။ ဒီအျပဳအမူက ေယာက်္ားတစ္ေယာက္အတြက္ သံသယျဖစ္စရာမလိုဘဲ အလြန္ႀကီးမားေသာ ေသြးေဆာင္မႈဆိုတာ သူမ နားမလည္ဘူးလား?

"ခ်န္... ဘာျဖစ္လို႔လဲ?"

ဖုန္းခ်န္မ်က္ႏွာ အလြန္နီေနသည္ကို ျမင္ေသာအခါ မုရံုခ်ီခ်ီက လက္ထုတ္ကာ သူ႔မ်က္လံုမ်ားေ႐ွ႕တြင္ ေဝ့ရမ္းလိုက္သည္။

"ဘာျဖစ္လို႔လဲ? အဲ့ဒါက အရမ္းနာေနလို႔လား? ကြၽန္မ ေတာင္းပန္ပါတယ္။ အဲ့ဒါက ႐ွင္မွန္း ကြၽန္မ တကယ္ကို မသိလိုက္လို႔ပါ"

မုရံုခ်ီခ်ီမ်က္လံုးမ်ားက အျပစ္႐ွိမႈမ်ားႏွင့္ ျပည့္ေနေသာ္လည္း ဖုန္းခ်န္မ်က္ႏွာက 'ခြင့္မလႊတ္ႏိုင္'ဟု၍ပင္။

"ခ်င္းခ်င္းက တကယ္ပဲ ရက္စက္တဲ့ ႏွလံုးသား ႐ွိတာပဲ! သိသိသာသာကို ကိုယ့္ေယာက်္ားကိုယ္ သတ္ပစ္ခ်င္ေနတယ္။ မင္းႏွလံုးသားထဲမွာ ေသခ်ာေပါက္ တျခားတစ္ေယာက္ ႐ွိေနတာပဲ ျဖစ္ရမယ္။ ဒါ့ေၾကာင့္ မင္းက ကိုယ့္ကို သတ္ပစ္ခ်င္ေနၿပီး တျခားတစ္ေယာက္နဲ႔ ထြက္ေျပးခ်င္ေနတာ..."

"ကြၽန္မ မလုပ္ဘူး! ကြၽန္မ မလုပ္ပါဘူး! "

ဖုန္းခ်န္က ထိုသို္႔ ေျပာသည္ကို ၾကားေသာအခါ မုရံုခ်ီခ်ီက သူမေခါင္းကို ခ်က္ခ်င္းခါရမ္းလိုက္သည္။

"ကြၽန္မ ဒါကို တမင္ရည္ရြယ္ၿပီး လုပ္တာ မဟုတ္ပါဘူး။ ႐ွင္မွန္း မမွတ္မိလို႔ပါ။ ႐ွင္ကလြဲပီး တျခားသူေတြ ကြၽန္မကို လာထိမွာကို ကြၽန္မ မႀကိဳက္ဘူး။ ဒါ့ေၾကာင့္ ကန္ခ်က္က တအားျပင္းသြားတာပါ"

'တျခားသူေတြ ကြၽန္မကို လာထိတာကို မႀကိဳက္ဘူး' ဆိုသည့္ စကားကို ၾကားေသာအခါ ဖုန္းခ်န္၏ လွပ​ေသာ မ်က္လံုးမ်ားက ရယ္ျမဴးရိပ္မ်ား ျပည့္ႏွက္လာသည္။ ဒါဆို ဒီလိုေၾကာင့္ေပါ့! သူမက သူမကိုယ္သူမ သူ႔အပိုင္လို႔ သတ္မွတ္ထားတယ္ေပါ့! ဒါ့ေၾကာင့္ သူမက ဒီလိုျပဳမူတာေပါ့! သူမက သူ႔အတြက္ ကာကြယ္ေနတာပဲ!

သို႔ေပမယ့္ သူ ထိ႐ွသြားေသာ္လည္း ဖုန္းခ်န္သည္ မုရံုခ်ီခ်ီအား လႊတ္ေပးဖို႔ အၾကံအစည္မ႐ွိေပ။ ေနာက္ဆံုးတြင္ ဒီသိုးငယ္ေလးကို စားဖို႔ အခြင့္အေရးကို ဖမ္းဆုပ္မိၿပီ ျဖစ္သည္။ သူ႔ပါးစပ္ေ႐ွ႕ တည့္ခင္းထားသည့္ စားေကာင္းေသာက္ဖြယ္ကို သူ ဘယ္လိုလုပ္လက္ေလ်ာ့လိုက္ရမွာလဲ?

ထိုသို႔ ေတြးၿပီးေနာက္ ဖုန္းခ်န္က မ်က္ေမွာင္ၾကဳတ္လိုက္ကာ သူ႔ရင္ဘတ္ကို ဆုပ္ကိုင္ထားလိုက္သည္။ သူက နာက်င္လာသလို ဟန္ေဆာင္လိုက္ကာ စတင္ညည္းတြားလိုက္သည္။

"ေစာေစာက အဲ့ဒီအေၾကာင္းကို မေျပာေတာ့ နာတယ္လို႔ မခံစားမိဘူး။ အခု ဒီေနရာက တကယ္ပဲ နာလာၿပီ။ ခ်င္းခ်င္း... ကိုယ့္ရင္ဘတ္က အရမ္းနာတယ္! မင္းေျပာ... ကိုယ္ ေသသြားမွာလား?"

"မဟုတ္ဘူး"

ဖုန္းခ်န္က ထိုသို႔ ေျပာေသာအခါ မုရံုခ်ီခ်ီက စိုးရိမ္သြားသည္။ သူမက ခ်က္ခ်င္း သူမလက္ကို ဖုန္းခ်န္လက္ေကာက္ဝတ္ေပၚ တင္ကာ ေသြးေၾကာစမ္းလိုက္သည္။ ထူးဆန္းတာ တစ္ခုမွ ႐ွာမေတြ႔မိဘူးဆိုမွသာ မုရံုခ်ီခ်ီက စိတ္ခ်သြားသည္။ သူမ စကားေျပာမလို႔ ျပင္စဥ္ ပုန္းကြယ္ထားေသာ ခါးသီးမႈမ်ားႏွင့္အတူ ဖုန္းခ်န္အသံက ထြက္ေပၚလာသည္။

"ဒါေပမယ့္ ကိုယ့္ရင္ဘတ္က အရမ္းနာေနတယ္ေလ။ ဘယ္လိုလုပ္ရမလဲ? ဘာေၾကာင့္ မင္း ကိုယ့္ကို ေလမႈတ္မေပးရတာလဲ? မင္းသာ မႈတ္ေပးမယ္ဆိုရင္ ကိုယ္ နာေတာ့မွာ မဟုတ္ဘူး"

"ေလမႈတ္ေပးရမယ္..."

မုရံုခ်ီခ်ီက ေအးခဲသြားသည္။ ဒီစည္းမ်ဥ္းက ဘယ္က ထြက္ေပၚလာတာလဲ? အနာတရျဖစ္ၿပီးေနာက္ ေလမႈတ္လိုက္တာနဲ႔ အဲ့ဒါက ေပ်ာက္သြားမွာလား?

မုရံုခ်ီခ်ီ သံသယျဖစ္ေနသည္ကို ျမင္ေသာအခါ ဖုန္းခ်န္သည္ နာက်င္မႈေၾကာင့္ မ်က္ႏွာမဲ့ဟန္ေဆာင္ကာ

"အား... ခ်င္းခ်င္း... အဲ့ဒါက တကယ္ပဲ နာတယ္"

"ေကာင္းၿပီ! ေကာင္းၿပီ! ကြၽန္မ ႐ွင့္အတြက္ မႈတ္ေပးမယ္ေလေနာ္"

မုရံုခ်ီခ်ီ၏ မ်က္ႏွာေသးေသးေလးက ဖုန္းခ်န္ရင္ဘတ္နား ေရာက္လာသည္။ သူမ၏ ႏႈတ္ခမ္း​ေလးက အနည္းငယ္ပြင့္ဟသြားကာ ေလေႏြးေႏြးကို မႈတ္ထုတ္လာသည္။ ထိုေလေႏြးေႏြးသည္ ဖုန္းခ်န္၏ ရင္ဘတ္ေပၚတြင္ အခ်ိန္ေတာ္ေတာ္ၾကာသည္ထိ ႐ွိေနသည္။ ေနာက္တႀကိမ္ ထပ္တိုက္ခတ္လာခ်ိန္တြင္ပင္ မေပ်ာက္ေသးေပ။

လွ်ပ္စီးလိႈင္းတစ္ခုက ဖုန္းခ်န္ရင္ဘတ္မွ တဆင့္ ပ်ံ့ႏွံ႔သြားသည္။

မုရံုခ်ီခ်ီက ေခါင္းကို ငံု႔ကာ ဖုန္းခ်န္ရင္ဘတ္အား ေလမႈတ္ေပးေနသည္။ မုရံုခ်ီခ်ီ၏ ေလးနက္ေသာ အမူအယာကို ၾကည့္ကာ ဖုန္းခ်န္သည္ ႐ုတ္တရက္ အျပစ္မကင္းသလို ခံစားမိလိုက္သည္။ သူ႔ကိုယ္သူ သိုးငယ္ေလးအား လွည့္ဖ်ားေနေသာ ဝံပုေလြသဖြယ္ ခံစားမိလိုက္သည္။ သို႔ေသာ္ ထိုသိုးငယ္ေလးမွာ အလြန္လတ္ဆတ္ၿပီး အရသာ႐ွိေသာေၾကာင့္ အရသာခံရန္ မေစာင့္ႏိုင္ေလာက္ေအာင္ပင္ သူ႔အား ျဖစ္ေစသည္။ သူ ဘာလုပ္သင့္သလဲ?

"ခ်င္းခ်င္း... "

ဖုန္းခ်န္သည္ မူလက သံလိုက္သဖြယ္ ျဖစ္ေနေသာ သူ႔အသံက အနည္းငယ္ အက္႐ွလာသည္ကိုပင္ သတိမထားမိေတာ့ေပ။ သူ႔လည္ေခ်ာင္းက ေျခာက္ေသြ႔ေနၿပီး သူ႔အသံမွာ အနည္းငယ္တုန္ေနသည္။

"အမ္?"

မုရံုခ်ီခ်ီက ေခါင္းေမာ့လာသည္။ အရည္ရႊန္းလဲ့ေသာ မ်က္လံုးတစ္စံုမွာ စိုးရိမ္မႈႏွင့္အတူ အလြန္ေစ့စပ္ေသခ်ာမႈမ်ား ႐ွိေနသည္။ ဒီကန္ခ်က္က ဖုန္းခ်န္ရင္ဘတ္ကို ကန္လိုက္တာ ျဖစ္ေသာ္လည္း မုရံုခ်ီခ်ီႏွလံုးသားကိုပါ နာက်င္ေစသည္။ ဖုန္းခ်န္၏ ကိုယ္မွာ နဂိုကတည္းက သိပ္မေကာင္းဘဲ သူမေျခကန္ခ်က္ကလည္း အလြန္အားေကာင္းေနေသးသည္။

"ခ်င္းခ်င္း...မင္းသာ အဲ့ဒါကို နမ္းလိုက္ရင္ ထပ္မနာေတာ့တာလည္း ျဖစ္ေကာင္းျဖစ္ႏိုင္တယ္"

ထိုသို႔ ေျပာၿပီးေနာက္ ဖုန္းခ်န္သည္ သူ႔ပါးသူ ႏွစ္ခ်က္ေလာက္ ဆင့္႐ိုက္ပစ္ခ်င္သည့္ ဆႏၵျဖစ္လာသည္။ အ႐ွက္မ႐ွိတာပဲ! ေတာ္ေတာ္ကို အ႐ွက္မ႐ွိတာပဲ! ဒါက ျပစ္မႈက်ဴးလြန္ေနတာနဲ႔ မတူဘူးလား? ဘယ္အခ်ိန္က သူဟာ လူဆိုးတစ္ေယာက္လို ျဖစ္သြားရတာလဲ? တကယ္ကို နည္းနည္းေလးမွ မ႐ိုးသားေပ။

ဖုန္းခ်န္အတြက္ ခံစားေနရသည့္ မုရံုခ်ီခ်ီကေတာ့ ဖုန္းခ်န္၏ ထူးဆန္းေနမႈကို သတိမျပဳမိေပ။ ထိုအစား သူမက သူမ၏ အနီေရာင္ႏႈတ္ခမ္းေလးကို တကယ္ပဲ အနီေရာင္အရာေပၚ တင္လိုက္သည္။

"ဂူး..."

ဖုန္းခ်န္က မ်က္လံုးကို မွိတ္လိုက္သည္။ ဒီတႀကိမ္တြင္ သူမွားသြားမွန္း သိလိုက္သည္။ သူ႔အတြက္ မုရံုခ်ီခ်ီ၏ အနမ္းသည္ ျပင္းထန္ေသာ ညႇင္းပန္းမႈ ျဖစ္ေနသည္ဆိုတာကို သူ မသိခဲ့မိေပ။

ဒီမိန္းကေလးက သူ႔ရဲ႕ ဖံုးကြယ္ထားေသာ လႈပ္႐ွားမႈကို သံသယမျဖစ္ဘူးလား? သူမ၏ ႏႈတ္ခမ္းႏုႏုက သူ႔ရင္ဘတ္ေပၚတြင္ ႐ွိေနကာ သူ႔ဒဏ္ရာတဝိုက္ကို ေျဖးညႇင္းစြာ ေရြ႔လ်ားေနသည္။ သံသယျဖစ္စရာမလိုဘဲ ဒါက သူ႔အား စမ္းသပ္မႈ တစ္ခုလို ညႇင္းပမ္းႏွိပ္စက္မႈတစ္ခုပင္။ ေစာေစာက ထံုက်င္ေနသည့္ ခံစားခ်က္မ်ိဳးသာ ႐ွိသည္။ ယခုမူ ဖုန္းခ်န္၏ ခႏၶာကိုယ္သည္ မထိန္းႏိုင္ဘဲ အနည္းငယ္ တုန္ယင္လာသည္။ ေသစမ္း! ေစာေစာကသာ သူသိခဲ့ရင္ ဒီသိုးငယ္ေလးကို ဒီလိုမ်ိဳး မလွည့္စားခဲ့ပါဘူး။ အခုေတာ့ အနာက်င္ဆံုး ခံစားရသူမွာ သူပဲ ျဖစ္လာသည္။

"ခ်န္... ဘာျဖစ္လို႔လဲ?"

မၾကာခင္ကမွ မုရံုခ်ီခ်ီလည္း ဖုန္းခ်န္၏ ထူးဆန္းမႈကို ေတြ႔႐ွိလိုက္သည္။

"ဘာေၾကာင့္ ဒီလိုျဖစ္ရတာလဲ?"

မုရံုခ်ီခ်ီက သူမလက္ကို ဖုန္းခ်န္နဖူးေပၚ တင္လိုက္သည္။

"ဒါက အလုပ္မျဖစ္ဘူး! ကြၽန္မတို႔ ဝမ္ဖူကို ျပန္ဖို႔ လိုေနၿပီ။ ကြၽန္မက ေသခ်ာေပါက္ ႐ွင့္ကို ဒဏ္ရာရေစခဲ့တာ!"

စိုးရိမ္ျခင္းက ရႈပ္ေထြးမႈကို ျဖစ္ေစသည္ဟု ဆို႐ိုး႐ွိၾကသည္။ မုရံုခ်ီခ်ီတြင္ ျမင့္မားေသာ ေဆးပညာစြမ္းရည္ ႐ွိသည္။ မူလက သူမသည္ တခ်က္ၾကည့္ရံုျဖင့္ ထိုအထဲမွ လွည့္စားမႈကို ျမင္ႏိုင္သည္။ အခု သူမႏွလံုးသားထဲတြင္ အျပစ္မကင္းမႈမ်ားျဖင့္ ျပည့္ႏွက္ေနကာ ဖုန္းခ်န္၏ လိင္ပိုင္းဆိုင္ရာဆႏၵမ်ားျဖင့္ ျပည့္ႏွက္ေနေသာ အၾကည့္စူးစူးကို လ်စ္လ်ဴရႈထားမိသည္။

"အေစခံေတြ!"

မုရံုခ်ီခ်ီက ထရပ္လိုက္ေသာ္လည္း ဖုန္းခ်န္၏ ဖမ္းဆုပ္ျခင္းကို ခံလိုက္ရသည္။ သူက သူမကို သူ႔ခႏၶာကိုယ္ေအာက္ ဖိထားလိုက္သည္။

********************

Unicode Version

ညဥ့်သန်းခေါင်တွင် မုရုံချီချီ၏ ငွေခေါင်းလောင်းကဲ့သို့ ကြည်လင်ပြတ်သားသော ရယ်သံသည် တိတ်ဆိတ်နေသော ခြေင်္သေ့တောင်ကုန်းတစ်ခုလုံးကို လန်းဆန်းသွားစေသည်။

အလှလေး၏ ရယ်သံသည် မြို့တစ်မြို့ သို့မဟုတ် ပြည်နယ်တစ်ခုကို ပျက်စီးသွားစေအောင် စွမ်းဆောင်နိုင်သည်။ သူတို့ရှေ့ရှိ မျက်စိကျိန်းလောက်အောင် ဝင်းလက်တောက်ပနေသော မိန်းကလေးကို ကြည့်ကာ အနက်ရောင်ဝတ်လူများသည် သူတို့သခင် ဖုန်းချန်ကို နှလုံးသားအောက်ခြေမှပင် မနာလိုဖြစ်မိသည်။ မူလက သူတို့သည် ဒီကိစ္စကြောင့် သူတို့သခင်သည် သခင်မလက်ထဲမှာ ခံစားရမှာကို စိုးရိမ်ခဲ့ကြသည်။ သခင်မထံမှ ထိုရယ်သံက ကမ္ဘာမြေကြီးနှင့် နှိုင်းယှဉ်လျှင်ပင် မှိန်ဖျော့သွားလိမ့်မည်ဟု သူတို့က ထင်မထားခဲ့ပေ။

"ချင်းချင်း..."

ဖုန်းချန်၏ ချောမောနေသော မျက်နှာသည် ပူလောင်လာသည်။ မုရုံချီချီ၏ အပြုအမူမှာ သူစိတ်ကူးထားသည်နှင့် ကျော်လွန်နေသည်။ မုရုံချီချီက တကယ်ပဲ ဒေါသဖြစ်မဖြစ်ဆိုတာကို ဖုန်းချန်က သေချာမသိသေးခင်တွင် တဖက်လူက ကြောင်တစ်ကောင်လို ခြေလှမ်းတွေဖြင့် လှမ်းလာပြီး ဖုန်းချန်၏ လက်မောင်းကြား ခုန်ဝင်လိုက်သည်။

"ရှင် ကျွန်မကို ဂရုစိုက်တာပဲ! ကျွန်မ အရမ်းပျော်တယ်"

မုရုံချီချီက ဖုန်းချန်လက်မောင်းထဲတွင် မှီနေသည်။ သူမက ခေါင်းကို မော့ကာ သူ့မျက်လုံးထဲ ကြည့်လိုက်ပြီး

"တကယ်! ရှင် ကျွန်မကို အရမ်းဂရုစိုက်တာပဲ... ကျွန်မ အရမ်းစိတ်လှုပ်ရှားတယ်"

အခု ဖုန်းချန်အတွက် ဆုတောင်းပေးနေကြသည့် လူများအားလုံးလည်း စိတ်သက်သာရာရသွားကြသည်။

"အိုး..."

တစုံတယောက်က လက်ခုပ်တီးလိုက်သည်။ လူအများက ဂုဏ်ပြုနေကြပြီး ကျိုးကြောင်းဆင်ခြင်တတ်သူနှင့် ဆုံစည်းရသည်ကို ပျော်ရွှင်နေကြသည်။

မုရုံချီချီထံတွင် ရှုံးနိမ့်ခဲ့ရသည့် အနက်ရောင်ဝတ်လူများ၏ ရယ်သံများသည် ပြင်းထန်လာသည်။ သဘာဝအားဖြင့် သူတို့က သူတို့သခင်ပျော်ရွှင်စေဖို့ ဆုတောင်းပေးကြသည်။

ဒီလို ချစ်မြတ်နိုးပြီး အစွမ်းထက်မြက်သည့် သခင်မမျိုး ရှာတွေ့နိုင်ဖို့ဆိုသည်မှာ သူတို့ အချိန်တော်တော်ကြာ စောင့်ဆိုင်းနေခဲ့ရသော အရာပင် ဖြစ်သည်။

"ချင်းချင်း... မင်း ကိုယ့်ကို အပြစ်မတင်ဘူးလား?"

"အရူး!"

ဒီလူကို စိတ်ချစေရန်အလို့ငှါ လူအများရှေ့တွင် မုရုံချီချီသည် ခြေဖျားထောက်လိုက်ကာ သူမလက်ကို ဖုန်းချန်လည်ပင်းတဝိုက် ရစ်ပတ်လိုက်ပြီး သူ့အား နွေးထွေးသော အနမ်းတစ်ပွင့် ပေးလိုက်သည်။

"သခင်မက ရှိန်လောက်စရာပဲ!"

ထိုသို့ ပူလောင်သည့် မြင်ကွင်းက လူအများအား အော်ဟစ်စေမိသည်။

"ဟီဟီ"

ထိုအနမ်းက ဖုန်းချန်နှလုံးသား လုံးဝ ပြုတ်ကျသွားစေသည်။ သူမက သူ့အပိုင်ပဲ! သူ ဒါကို ခံစားရသည်။

"ချင်းချင်း... ကိုယ် မင်းကို ချစ်တယ်"

ဖုန်းချန်က သူ့ခေါင်းကို ငုံ့ကာ မုရုံချီချီနှုတ်ခမ်းအား နမ်းရှိုက်လိုက်သည်။

"အိုး..."

ဒီလို အံ့သြစရာကောင်းသော မြင်ကွင်းမျိုးကို တွေ့မြင်နိုင်ရန် ခဲယဉ်းလှသည်။ လူတိုင်းက သူတို့မျက်လုံးများကို ပွတ်သပ်ကာ တယောက်က အနီ၊ တယောက်က အဖြူ ဖြစ်နေသော ထိုစုံတွဲအား စိုက်ကြည့်နေကြသည်။ သူတို့က ဒီကမ္ဘာပေါ်တွင် သူတို့နှစ်ဦးတည်းသာ ရှိသည့်အလား ကမ္ဘာတုန်လှုပ်အောင် နမ်းရှိုက်နေကြသည်။

အနမ်းများ အဆုံးသတ်သွားသောအခါ ဖုန်းချန်က သူ့ခန္ဓာကိုယ်ကို နိမ့်လိုက်ပြီး မုရုံချီချီအား ကောက်ချီလိုက်သည်။ သူသည် လေကဲ့သို့ လျင်မြန်စွာဖြင့် ထွက်ခွာသွားတော့သည်။

"သခင်မလေး..."

စုယွဲ့က လိုက်ဟန်ပြင်သောအခါ နလန်ရှင်းက သူမအား တားဆီးလိုက်သည်။

"ဝမ်ရယ်နဲ့ ဝမ်ဖေး လုပ်စရာတစ်ခုခု ရှိနေတယ်။ ငါတို့ သူတို့ကို သွားအနှောက်အယှက်မပေးသင့်ဘူး။ အခု အရေးကြီးဆုံးအရာက ဝူကျင့်ခုန်းက လူတွေက ရုံးတော်က လူတွေနဲ့ ဘယ်လိုချိတ်ဆက်လိုက်တယ်ဆိုတာကို စစ်ဆေးဖို့ပဲ! ကြွယ်ဇယ့်ဖန်းနဲ့ ထုံပေါင်ကျိုက်က ကိစ္စတွေကလည်း ဖြေရှင်းဖို့ ရှိနေသေးတယ်။ ဒီအချိန်တိုလေးအတွင်းမှာတော့ သခင်တွေက ဒါကို ဂရုစိုက်နိုင်အုံးမှာမဟုတ်ဘူး"

နလန်ရှင်းက ထိုသို့ပြောသောအခါ စုယွဲ့မျက်နှာက နီမြန်းသွားသည်။ အခြေအနေကို ကြည့်ရသည်မှာ သခင်မလေးနှင့် ကူယဲ့သည် သူတို့နှစ်ယောက်တည်းသာ ရှိသည့်ကမ္ဘာကို သွားကြပုံပေါ်သည်။ စုမိန်မျက်နှာလည်း နီနေသည်။ ထိုအစား ဖန်းတုန်က ရယ်မောလိုက်ကာ

"ကြည့်ရတာ ငါတို့ မကြာခင်ပြင်ဆင်ထားရတော့မယ်နဲ့တူတယ်။ ပထမဆုံး ငါတို့ ဒီအရေးမပါတဲ့ ကိစ္စတွေကို အရင်ဖြေရှင်းကြတာပေါ့။ ပြီးမှ သခင်ငယ်လေးရောက်လာမှုအတွက် ငါတို့ပြင်ဆင်ထားရမယ်"

"အဟွတ် အဟွတ်!"

နလန်ရှင်းက သူအရမ်းသိမ်မွေ့သည်ဟု ခံစားရသည်။ ဒီအကြီးအကဲ ဖန်းတုန်က အလွန်တဲ့တိုးကျလိမ့်မည်ဟု သူ ထင်မထားခဲ့ပေ။ စုံတွဲက အခုမှ ချစ်ခင်ရင်းနှီးမလို့ ရှိသေး... သူက နောက်မျိုးဆက်သစ်အကြောင်းပါ တိုက်ရိုက်စဉ်းစားမိနေသည်။

သူ ဒီနေ့ ဖန်းတုန်အား ဒီနေရာသို့ ပြန်ပေးဆွဲလာခဲ့သည်ကို စဉ်းစားမိသောအခါ နလန်ရှင်းက ချက်ချင်းရှေ့တိုးကာ တောင်းပန်လိုက်သည်။

"အကြီးအကဲဖန်း... ဒီအငယ်သားက ဒီနေ့ ယဉ်ကျေးမှု ကင်းမဲ့သွားပါတယ်။ ဒီအပြစ်အတွက် ပြေရာပြေကြောင်း ပြုခွင့်ပေးဖို့ အကြီးအကဲကို တောင်းဆိုပါတယ်"

"ဟားဟား!"

ဖန်းတုန်က ရယ်လိုက်ကာ သူ့လက်ကို ရမ်းလိုက်သည်။ မတိုင်ခင်က သူလည်း ဖုန်းချန်ကို အထင်လွဲခဲ့သည်။ စုမိန်နှင့် စုယွဲ့တို့ဖြင့် သူ ဆုံသောအခါမှသာ ကိစ္စရပ်များကို နားလည်သွားသည်။ ဖုန်းချန်က မုရုံချီချီအား အလွန်ဂရုစိုက်သည်ကို မြင်သောအခါ သေချာတာပေါ့... ဖန်းတုန်လည်း ပျော်ရွှင်မိသည်။

"အရည်အချင်းရှိသူတွေက ဒီကမ္ဘာပေါ်မှာ ထွက်ပေါ်လာရစမြဲပါ။ ကောင်လေး... မင်းလည်း မဆိုးဘူးပဲ! မင်းရဲ့သိုင်းပညာလည်း ကောင်းတယ်!ဒီနေ့ ငါတို့က ပင်လယ်ရေတက်လာမှုက နဂါးဘုရင်ဘုရားကျောင်းကို ရေလျှံသွားစေသလို ငါတို့လူ အချင်းချင်း တစ်ယောက်ကို တစ်ယောက် မသိလို့ ဖြစ်သွားတာပဲလေ။ အခု ကွဲလွဲမှုတွေက ပပျောက်သွားပါပြီ"

စကားပြောနေစဉ်တွင် ဖန်းတုန်၏ လက်ကြီးက နလန်ရှင်း၏ ပခုံးကို ပုတ်လိုက်သည်။ ထိုအရာက ဖန်းတုန်၏ နလန်ရှင်းအပေါ် အတည်ပြုချက်ဟု မှတ်ယူနိုင်သည်။

ဖန်းတုန်၏ ထိုသို့ပြောလိုက်ခြင်းက နလန်ရှင်းအား မိုယုမှ လူများအပေါ် ပိုပြီး စိတ်ဝင်စားမိစေသည်။ ကျင်းဟူရှိ လူများသည် အသေးအဖွဲကိစ္စများအပေါ် စိတ်အနှောက်အယှက် မဖြစ်ကြပေ။

ဖုန်းချန်နှင့် မုရုံချီချီတို့ ဒီနေရာတွင် မရှိကြသော်လည်း ဖန်းတုန်နှင့် နလန်ရှင်းတို့ အမြင်အရ ဝူကျင့်ခုန်းအား ကိုင်တွယ်ဖြေရှင်းရမည့် ကိစ္စဟု အမြင်တူညီကြသည်။

"အကြီးအကဲဖန်း... အကြီးအကဲမြင်တဲ့အတိုင်း ဒါက ကျွန်တော်တို့အမှားပါ။ ဘာကြောင့် အကြီးအကဲက ကျွန်တော်တို့ကို ဝူကျင့်ခုန်းကိစ္စမဖြေရှင်းခိုင်းရမှာလဲ? ဒါကို ဝမ်ဖေးအတွက် ကျွန်တော်တို့ရဲ့ တောင်းပန်မှုလို့ ယူဆနိုင်သလို မိုယုအတွက် ဖြေရှင်းချက်လို့လည်း ယူဆလို့ ရနိုင်ပါတယ်"

ဖန်းတုန်က နလန်ရှင်း၏အမြင်ကို ခေါင်းညိတ်လိုက်သည်။

"အစကတော့ ဒီကိစ္စကို သခင်မလေးကိုယ်တိုင် ဆုံးဖြတ်သင့်တာပဲ! အခု နလန်သခင်လေးက ဒီလိုပြောမှတော့ မင်းဆန္ဒအတိုင်းပါပဲ။ ကျုပ် အကြီးတစ်ယောက်အနေနဲ့ကတော့ ဝူကျင့်ခုန်းကို ဆူးတစ်ချောင်းလို မျက်လုံးထဲမှာ မြင်နေတာ ကြာပြီ။ ကျုပ်အမြင်အရတော့ သူတို့ကို တခါတည်းနဲ့ အပြတ်ရှင်းပစ်တာ အကောင်းဆုံးပဲ! သခင်မလေးနဲ့ ကူယဲ့ စိုးရိမ်ရအောင် သူတို့လာပြီး နှောက်ယှက်နေတာမျိုး မဖြစ်စေရအောင်ပေါ့"

ဖန်းတုန်ပြောလိုက်သည့် အရာက နလန်ရှင်းတွေးထားသည့်အရာမျိုးပင်။ ဝူကျင့်ခုန်းက ကွမ်းဟွာသခင်လေးကို ဘာကြောင့် လာဒုက္ခပေးလဲ မသိပေမယ့် သူတို့က စစ်တပ်ကိုတောင် ဆွဲထည့်လာသည်။ ထို့နောက် ရုံးတော်နှင့် တစ်ခုခု လုပ်စရာ ရှိနေလိမ့်မည်။

ဝူကျင့်ခုန်းက အမြဲလိုလို အိမ်ရှေ့စံ၏ ရှေ့ပြေးခွေးများ ဖြစ်ကြသည်။ ဒီကိစ္စက အိမ်ရှေ့စံနှင့်လည်း ပတ်သက်နေလိမ့်မည်။ ဘယ်လိုပဲ ဖြစ်ဖြစ် အကျိုးဆက်များ မည်သို့ပင်ဖြစ်စေကာမူ သူတို့အား အရင်ဖျက်စီးပစ်ရမည်။

သူက ဝမ်ရမ်ဟုန်အား ကြည့်မရတာ အတော်ကြာနေလေသည်။ အားသည်ဖြစ်စေ မအားသည်ဖြစ်စေ သူက ဖုန်းချန်အား အနှောက်အယှက်ပေးလေ့ရှိသည်။ ဒီတခေါက်တော့ သူက ဝမ်ဖေး၏ ကြွယ်ဇယ့်ဖန်းနှင့် ထုံပေါက်ကျိုက်ကိုပင် မီးလောင်တိုက်သွင်းခဲ့သည်။ သည်းမခံနိုင်တာတွေကို သည်းမခံသင့်ဟု ဆိုလေ့ရှိကြသည်။ ဝမ်ရယ်ကို ဆန့်ကျင်ခြင်းက ကိစ္စအသေးစားဖြစ်သည်။ ဝမ်ဖေးအမြင်တွင် သူ...နလန်ရှင်းအား မကောင်းသော အမြင်ဖြစ်စေခြင်းက ကောင်းကင်ဥပဒေသပင် သည်းမခံနိုင်သော အရာဖြစ်သည်။

နောက်ဆုံးတွင် နလန်ရှင်းက ဝူကျင့်ခုန်းကို ဘယ်လို အဆုံးသတ်မည်ဆိုတာကို အစီအစဉ်ချလေသည်။ ခြေင်္သေ့တောင်ကုန်း၏ တခြားတစ်ဖက်တွင် ဖုန်းချန်က မုရုံချီချီမေးအား ဆုပ်ကိုင်ထားကာ သူ့ရှေ့ရှိ မိန်းကလေးက နက်နက်ရှိုင်းရှိုင်း ကြည့်နေသည်။

"ချင်းချင်း... ကိုယ်က မင်းရဲ့ အမှောင်ထုထဲမှာ ခါးခါးသီးသီးကို ချုပ်နှောင်တာ ခံခဲ့ရတာပဲ"

သက်ပြင်းရှည်တစ်ခုသည် လွန်ခဲ့သည့်ရက်အနည်းငယ်ကတည်းက ဖြစ်ပေါ်နေသော ဖုန်းချန်၏ ရှာလကာရည်များအား အရည်ပျော်သွားစေကာ ထူထဲသော အချစ်နှင့် အနည်းငယ်သော အပြစ်တင်လိုမှုတို့သာ ကျန်ရစ်ခဲ့လေသည်။

"ကျွန်မ ဒါကို မရည်ရွယ်ခဲ့ပါဘူး။ ပြီးတော့ ရှင်လည်း ကျွန်မကို လျှို့ဝှက်ချက်တစ်ခု ထားထားတာပဲ!"

ဖုန်းချန် ဘာမှ မပြောရသေးမှီ မုရုံချီချီက ဖုန်းချန်လက်အား အားဖြင့် ရုတ်တရက် ဖမ်းဆုပ်လိုက်သည်။ သူမက လှည့်လိုက်ကာ ဖုန်းချန်ကိုယ်ပေါ်တွင် ခွစီးထားသော အနေအထားဖြင့် ထိုင်လိုက်ကာ

"ချန်..."

ဖုန်းချန်ပေါ် မှီကာ မုရုံချီချီက ဖုန်းချန်မေးကို ဆုပ်ကိုင်လိုက်သည်။ သူမလက်ချောင်းထိပ်များက ဖုန်းချန်၏ ပါးလွှာသော မုတ်ဆိတ်မွှေးငုတ်စိများကို ညင်သာစွာ ထိတွေ့နေသည်။ သူမမျက်လုံးများက ပြုံးနေကာ ထိုအထဲတွင် ညို့ငင်မှုများ ရှိနေသည်။

"ချန် ရှင်လည်း ကျွန်မကို တစ်ခုခု ဖုံးကွယ်ခဲ့တာပဲ... ရှင်က ကျွန်မအမှားကိုပဲ ထပ်ထပ်ပြောနေတယ်။ ရှင့်မှာ မေးစရာရှိရင် ဘာကြောင့် ကျွန်မဆီ လာပြီး တိုက်ရိုက်မမေးရတာလဲ? ကျွန်မက ထိန်းသိမ်းထားမိတယ် ဒါဆို ရှင်က ဘာကြောင့် ကျွန်မနဲ့ ဆက်မလိုက်လာရတာလဲ?"

မုရုံချီချီ မေးခွန်းက ဖုန်းချန်အား အကူအညီမဲ့စွာ ရယ်မောမိစေသည်။ အခုလေးတင်ပဲ မုရုံချီချီက ဒီကိစ္စကို ဘယ်သူ့မှ တာဝန်ခံခိုင်းမှာ မဟုတ်တော့ဘူးလို့ သူတွေးမိခဲ့သည်။ လူအများ၏ ရှေ့တွင် သူမဘက်က စတင်၍ သူ့အား နမ်းခဲ့ခြင်းဖြင့် သူ့ကို မျက်နှာသာပေးခဲ့သည်။ ထိုချစ်ခင်ကြင်နာသော အနမ်းဖြင့် ဒီနေ့ကိစ္စသည် ပျောက်ကွယ်သွားပြီဟု ဖုန်းချန်က တွေးခဲ့သည်။

မုရုံချီချီလှုပ်ရှားမှုက ဒီမှာ ဖြစ်နေလိမ့်မည်ဟု ဖုန်းချန်က ထင်မထားခဲ့ပေ။ သူမက အလျဉ်းသင့်ချိန်တွင် ရမှတ်များကို ဖြေရှင်းရန်နှင့် သူ့အား သီးသန့်ဒဏ်ခတ်ရန် အင်အားများ စေလွှတ်ဖို့ စောင့်ဆိုင်းနေခဲ့သည်။ ယောကျ်ားတွေက မျက်နှာကောင်းလိုချင်တာကို ဒီမိန်းကလေးက ကောင်းကောင်းသိနေသေးသည်...

"ချန်... ရှင်က ဘယ်သူလဲ? ရှင့်ရဲ့ ရာထူးကို ကြည့်ရတာ နန်လင်းဝမ်ဖြစ်ရုံလောက်နဲ့တော့ မရိုးရှင်းလောက်ဘူး"

မုရုံချီချီက စကားပြောနေစဉ်တွင် သူမလက်ချောင်းများကလည်း ဖုန်းချန်မေးတဝိုက်ကို စက်ဝိုင်းလို ဝေ့ဝိုက်နေသည်။ သူမလက်က မှော်အစွမ်းပါနေသကဲ့သိုပင်။ သူမလက်ချောင်းများ ထိလိုက်သည့်နေရာတိုင်း ဖုန်းချန်ကို ကြက်သီးမွှေးညှင်းထသော ခံစားချက်အား သယ်ဆောင်လာသည်။ သူ့မေးမှ တဆင့် ထိုခံစားချက်က နယ်ချဲ့လာကာ သူ့တကိုယ်လုံးအား ဖုံးလွှမ်းသွားစေသည်။

သူမဘာလုပ်မိနေတယ်ဆိုတာကို ဒီမိန်းကလေးက မသိများမသိနေတာလား? ဖုန်းချန်က တံတွေးမျိုချလိုက်သည်။ သူမလက်က သူ့အား မီးတောက်အောင် ဆွပေးနေကာ သူ့နှလုံးသားနှင့် သူ့ကိုယ်အား လှုံ့ဆော်နှိုးဆွနေသည်။

ဖုန်းချန်က တလှုပ်လှုပ်ဖြစ်နေသော မုရုံချီချီလက်အား ဖမ်းဆုပ်လိုက်သည်။ သူ့မျက်လုံးကလည်း မီးရောင်အောက်တွင် ချွင်းချက်မရှိ တောက်ပစွာ လင်းလက်နေသည်။

"ချင်းချင်း ဒီအကြောင်းကို ပြောရရင် ကိုယ်တို့ရဲ့ ကံတရားက ပေါ့သေးသေးမဟုတ်ဘူးပဲ! ကိုယ်က ဖိုရှန့်မန်ရဲ့ ခေါင်းဆောင် လုံအောင်းထျန်ပါ"

ပုံပြင်က လွန်ခဲ့သည့် ငါးနှစ်လောက်က စခဲ့ပြီး ဖုန်းချန်အဆိပ်က ထကြွလာချိန်တွင် မိုဇွင်နှင့် ဆုံမိသည်။ မွေးစားအဖေက သူမအား ဖုန်းချန်ဆီ ပေးဖို့ ကတိပေးခဲ့တာ သူမ ကြားမိခဲ့သည်။ မုရုံချီချီက ရယ်မောကာ သူမလက်အား ဖုန်းချန်ခါးနားဆီသို့ ထားလိုက်သည်။

"ဒါဆို ကျွန်မတို့ ကံကြမ္မာတွေက ရေစက်ပါနေတာပဲ! အဖေနဲ့ အမေက ကျွန်မကို ရှင့်ဆီ ပေးဖို့ ကတိပေးခဲ့တယ်။ မွေးစားအဖေတောင် ရှင့်ကို သဘောကျခဲ့သေးတယ်။ အခု ကိုယ်တိုင်ပါဝင်ပတ်သက်နေတဲ့ ကျွန်မတောင် ရှင့်နဲ့ အရူးအမူးချစ်နေသေးတယ်။ ကြိုတင်သတ်မှတ်ထားတဲ့ လက်ထပ်ပွဲက ကံကြမ္မာသုံးခုနဲ့ ရေးဆွဲထားတာပဲ!"

မုရုံချီချီစကားများက ဖုန်းချန်အား ပျော်ရွှင်စေသည်။ ကြိုတင်သတ်မှတ်ထားတဲ့ လက်ထပ်ပွဲက ကံကြမ္မာသုံးခုနဲ့ ရေးဆွဲထားတာတဲ့လား? သူတို့ရဲ့ ကံတရားတွေက အချိန်တော်တော်ကြာကြီးကတည်းက ခိုင်မာစွာ ချည်နှောင်ထားသည်။ ဒီကြောင်ငပျင်းလေးက သူ့အပိုင်ဖြစ်လာဖို့ ရေစက်ပါခဲ့တာပဲ ဖြစ်နိုင်သည်။

"ပြောပါအုံး! ဒီနေ့ ကိစ္စအတွက် ရှင် ကျွန်မကို ဘယ်လိုအလျော်ပေးမှာလဲ?"

မုရုံချီချီက သူမလက်များကို သူမရင်ဘတ်ပေါ်တွင် ကန့်လန့်ဖြတ်တင်လိုက်ကာ ဒေါသဖြစ်ဟန်ဆောင်ပြီး ဖုန်းချန်အား ကြည့်လိုက်သည်။

"ကျွန်မတို့ အချင်းချင်း တိုက်ခိုက်ခဲ့ကြတယ်... လူတွေ ကျွန်မတို့ကို ရယ်စရာဖြစ်စေအောင် ပြီးတော့ ကျွန်မရဲ့ကြိုးစားအားထုတ်မှုတွေကို ဖျက်စီးပြီးတော့ ဝူကျင့်ခုန်းက ဟိုကောင်စုတ်တွေကိုလည်း ထွက်ပေါက်ရှာတွေ့သွားစေတယ်။ ရှင်ပြော! ရှင် ကျွန်မကို ဘယ်လိုအလျော်ပေးသင့်လဲဆိုတာကို?"

မုရုံချီချီက 'လျော်ကြေး'ဆိုသည့် စကားကို ထပ်ကာထပ်ကာ အသုံးပြုနေခြင်းသည် ဖုန်းချန်အား ဒီကိစ္စတွင် ပါဝင်နေသည့် ဝူကျင့်ခုန်းအကြောင်းကို တွေးမိစေသည်။ ပုံမှန်အားဖြင့် သူက မျက်ကန်းတစ်ယောက်လို ပြုမူလေ့ရှိသည်။ ဒီတခေါက်တော့ ဝူကျင့်ခုန်းက တကယ်ပဲ သူ့မိန်းကလေးကို ထိချင်ကြတယ်လား? ဒီကိစ္စက တကယ်ပဲ ခွင့်လွှတ်ပေးလို့ မရနိုင်ပေ။

"အစေခံတွေ!"

ဖုန်းချန်အသံက ပဲ့တင်ထပ်လာသည်။ အနက်ရောင်ဝတ်လူတစ်ယောက်က သူတို့ရှေ့တွင် ပေါ်လာသည်။

"သခင်!"

အနက်ရောင်ဝတ်လူက ဒူးတစ်ဖက်ထောက်လိုက်သည်။ သူ့ခန္ဓာကိုယ်တစ်ခုလုံးက ဖုန်းချန်အပေါ် လေးစားမှုကို ဖော်ပြနေသည်။

"ဝူကျင့်ခုန်းကို ဖျက်စီးလိုက်!"

"ဟုတ်!"

အနက်ရောင်ဝတ်လူက ထွက်ခွာမည့်ဟန် ပြင်စဉ် မုရုံချီချီက တားလိုက်ကာ

"ကျွန်မလူတွေကို ခေါ်သွားလိုက်ပါ။ စုယွဲ့ကို ခေါ်သွား... သူမကို ပြောလိုက် ဝူကျင့်ခုန်းက ကျွန်မပိုင်တဲ့အရာတွေကို ဖျက်စီးခဲ့တယ်။ သူတို့အသားကို လွှာပစ်ရမယ်ဆိုရင်တောင် ကျွန်မရဲ့ ဆုံးရှုံးမှုတွေကို အလျော်တောင်းရမယ်လို့"

အနက်ရောင်ဝတ်လူက မလှုပ်ရှားသေးပေ။ သူက ဖုန်းချန်အား ကြည့်လိုက်သည်။ ဖုန်းချန်က သူ့သခင်ဖြစ်၏။ ဒီကိစ္စတွင် သူ့သခင်ခေါင်းညိတ်ဖို့ လိုသေးသည်။

"သွားတော့! နလန်ရှင်းကို ဒီကိစ္စကို ဂရုစိုက်ပြီး ဝမ်ဖေးစကားကို နာခံပါစေ! နလန်ရှင်းကို ပြောလိုက် သူ့အရင်က အမှားကို ပြန်ပြင်ဆင်ဖို့ အတွက် ဒီကိစ္စကို လှလှပပ အဆုံးသတ်ပေးဖို့"

အနက်ရောင်ဝတ်လူမှ တဆင့် ဖုန်းချန်အမိန့်ပေးလိုက်သည့် စကားကို နလန်ရှင်း ကြားသောအခါ သူက လုံးဝဆွံ့အသွားသည်။ ဒီသခင်က ဘယ်လိုဝမ်းတွင်းမည်းအမျိုးအစားပါလိမ့် ဟမ်? သူ(ဖုန်းချန်)ဟာ သူ့ဘာသာသူ အမှားလုပ်ပြီး သူ(နလန်ရှင်း)ကို အရင်အမှားအတွက် ပြင်ဆင်ပါဟုပင် ခွင့်ပြုပေးလိုက်သေးသည်။ ဝမ်ဖေးပျော်ရွှင်စေဖို့အတွက် သူ့လို တကိုယ်တည်းသမားလေးကို မတိုက်ခိုက်သင့်ပါဘူး!

နလန်ရှင်းက ငိုချင်သလို ခံစားရသော်လည်း မျက်ရည်တော့ မကျပေ။ ဒါက ဖုန်းချန်၏ အမိန့်ဖြစ်သည်။ သူအနေဖြင့် ဒါကို အောင်မြင်အောင် လုပ်ဆောင်နိုင်ဖို့ပဲ လိုသည်။

ဖုန်းချန်မှာ အခုချိန်တွင် အဘယ်သို့ နလန်ရှင်း၏အတွေးကို ဂရုစိုက်ဖို့ အချိန်ရှိမည်နည်း? သူသည် 'ချင်းချင်း'ချင်း မိုးမွှန်အောင် ခေါ်ကာ မုရုံချီချီ ပျော်ရွှင်လာအောင် ချော့မော့နေသည်။

အမျိုးသမီးများက ချော့မော့ပေးဖို့ လိုအပ်သည်ဟု ပြောကြသည်။ ဒီကိစ္စမှာ သူ အမှန်တကယ် မှားယွင်းသွားသည်ကို ဖုန်းချန်က ဝန်ခံပါသည်။ သူသာ မကြာသေးခင်က နလန်ရှင်းစကားကို နားထောင်ပြီး မုရုံချီချီနှင့် ပွင့်ပွင့်လင်းလင်း ပြောဆိုခဲ့ပါက အထင်လွဲမှားမှုသည်လည်း အကြာကြီး ရှိမနေနိုင်ပေ။ သူလည်း ကျိုးကြောင်းဆီလျော်မှု မပျောက်ဆုံးတော့ဘဲ အကြာကြီးရှာလကာရည်စားနေရန် မလိုတော့ပေ။

"ချင်းချင်း... ကြည့်ပါအုံး! မင်း ကိုယ့်ကို ကန်လည်း ကန် ရိုက်လည်း ရိုက်သေးတယ်လေ။ အခုထိ ကိုယ့်ရင်ဘတ်က နာနေတုန်းပဲ! မင်း မယုံရင် ကိုက်ကြည့်လို့ ရတယ်"

ဖုန်းချန်က မုရုံချီချီလက်ကို ဆုပ်ကိုင်ကာ သူ့နှလုံးသားတွင် ထားလိုက်သည်။

"ဒီနေ့ ချင်းချင်းရဲ့ နူးညံ့သိမ်မွေ့မှုတွေ၊ သာယာနှစ်လိုဖွယ်တွေဆိုတာက ဟန်ဆောင်မှုတွေပဲဆိုတာ ကိုယ် နောက်ဆုံးတော့ သိလိုက်ရပြီ။ ချင်းချင်းက ပြောင်းပြန်လှန်လိုက်တဲ့အခါ ချင်းချင်းက တော်တော်ရက်စက်တာပဲ!"

ဖုန်းချန် ထိုသို့ ပြောမှသာ မုရုံချီချီလည်း သတိရသွားတော့သည်။ မတိုင်ခင်က သူမက အရှက်ခွဲခံရမှုကြောင့် ဒေါသဖြစ်သွားခဲ့သည်။ သူမက သူ့ကို ရိုက်ရုံသာမက ကြောက်မက်ဖွယ်ရာလည်း ကန်ပစ်ခဲ့သေးသည်။

"ကျွန်မ တောင်းပန်ပါတယ်! ကျွန်မ တောင်းပန်ပါတယ်! ကျွန်မ တောင်းပန်ပါတယ်။ အဲ့ဒါက ရှင်မှန်း ကျွန်မ မသိခဲ့လို့ပါ။ ရှင် အဆင်ပြေရဲ့လား? အဲ့ဒါက နာနေသေးလား? ကျွန်မ တချက်လောက် ကြည့်ကြည့်ရအောင်"

မုရုံချီချီက အများကြီး တွေးတောမနေတော့ဘဲ ဖုန်းချန်ရင်ဘတ်ပေါ်ရှိ အဝတ်များကို တိုက်ရိုက်တွန်းဟလိုက်သည်။ သူ့၏ ကျောက်ဖြူသားကဲ့သို့ ဖြူဖွေးသော အသားပေါ်တွင် အနီရောင်ဖိနပ်ရာက ရှိနေသည်။

ထိုဖိနပ်ရာကို မြင်သောအခါ မုရုံချီချီက ရှက်သွေးဖြန်းသွားသည်။ သူမ၏ ခြေကန်ချက်မှာ ဘယ်လောက် အားကောင်းလဲဆိုတာ သူမ မေ့သွားမိသည်။ အထူးသဖြင့် ထိုအချိန်တွင် ဖုန်းချန်က သူ့၏ အရံအတားကို လျော့ချခဲ့သည်။ ထိုကန်ချက်က သူ့အား သေချာပေါက် နာကျင်စေလိမ့်မည်။

ဖုန်းချန်၏ နို့ဖြူရောင်အသားအရည်ပေါ်ရှိ အနီရောင်ဖိနပ်ရာသည် မုရုံချီချီ၏ ရက်စက်သော နည်းလမ်းများကို ညည်းတွားပြနေသကဲ့သို့ မျက်စိပသာဒအား ထိခိုက်စေသည်။ သူမ၏ အောင်မြင်မှုကို မြင်ရပြီးနောက် မူလက မှန်ကန်မှုနှင့် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတို့မှာ ခပ်ယဲ့ယဲ့သာ ကျန်တော့သည်။

"ရှင့်ကို ဘာမှမလုပ်ဖို့နဲ့ အသံနှိမ့်ပြောဖို့ကို ဘယ်သူက ပြောနေလို့လဲ? ကျွန်မမှ ရှင့်အသံကို မမှတ်မိတာလေ။ ကျွန်မ ရှင့်ကို အဖြူရောင်ဝတ်ထားတာ မြင်ပြီး နွားတစ်ကောင်လို ဝရုန်းသုန်းကား ဖြစ်နေတာ မြင်တော့ ဒေါသဖြစ်သွားတယ်လေ။ ဒါ့အပြင် ရှင်က ကျွန်မကို ထိလိုက်သေးတော့ ကျွန်မစိတ်ထဲ လူရမ်းကားတစ်ယောက်လို့ မြင်သွားတယ်လေ"

သူမ ဆက်ပြောလေ မုရုံချီချီအသံက ပိုပြီး သေးငယ်လာလေပင်။ ဖုန်းချန်အတွက် ရောင်ရမ်းမှုသက်သာစေရန် လိမ်းဖို့ လိမ်းဆေးကို သူမကိုယ်ပေါ်တွင် ရှာကြည့်လိုက်သည်။ နေ့တဝက်လောက် ရှာပြီးနောက်မှ သူမ သတိရလိုက်သည်မှာ မကြာသေးခင်ကမှ သူမ အဝတ်အစားလဲခဲ့သည်ဆိုတာကိုပင်။ သူမက ဘာလိမ်းဆေးမှ ယူမလာခဲ့ပေ။ ဖုန်းချန်ရင်ဘတ်မှ အနီရောင်ကို ကြည့်ရင်း မုရုံချီချီမျက်နှာမှာ ပိုပြီး နီမြန်းလာသည်။

"ကျွန်မတို့ ပြန်သွားသင့်လား! ကျွန်မရဲ့ လိမ်းဆေးတွေက ဝမ်ဖူမှာ ရှိတယ်။ ကျွန်မ ရှင့်ကို အာမခံပါတယ်... ရှင် ဒီလိမ်းဆေးကို လိမ်းလိုက်တာနဲ့ နီရဲရောင်ရမ်းတာတွေက နေ့တဝက်တောင် မကြာဘူး လုံးဝပျောက်သွားလိမ့်မယ်။ တရက်လောက် ကြာရင် ထပ်ပြီး မနာတော့ဘူး"

မုရုံချီချီက ထလိုက်ချင်သော်လည်း သူမသည် ဖုန်းချန်လက်မောင်းကြား ပိတ်လှောင်ခြင်း ခံထားရသည်။

"မလှုပ်နဲ့!"

ဖုန်းချန်မျက်နှာက အနည်းငယ် နီနေသည်။ ဒီမိန်းမငယ်လေးက သူ့၏ ဒဏ်ရာကို စစ်ဆေးပြီးသောအခါ ဖုန်းချန်သည် မုရုံချီချီအား ခုန်အုပ်ကာ နေရာတွင် အပြစ်ပေးပစ်လိုသော မထင်မှတ်သည့် တွန်းအားတစ်ခု ရရှိလာသည်။

သူမလို သိုးငယ်တစ်ကောင်က သူ့လို ဝံပုလွေကောင်အတွက် စားကောင်းသောက်ဖွယ်တစ်ခု ဖြစ်နေတာကို ဒီမိန်းမငယ်လေး မသိရော့ပေလို့လား? သူမက သူ့အဝတ်အစားများကိုပင် တွန်းဟလိုက်သေးသည်။ ဒီအပြုအမူက ယောကျ်ားတစ်ယောက်အတွက် သံသယဖြစ်စရာမလိုဘဲ အလွန်ကြီးမားသော သွေးဆောင်မှုဆိုတာ သူမ နားမလည်ဘူးလား?

"ချန်... ဘာဖြစ်လို့လဲ?"

ဖုန်းချန်မျက်နှာ အလွန်နီနေသည်ကို မြင်သောအခါ မုရုံချီချီက လက်ထုတ်ကာ သူ့မျက်လုံများရှေ့တွင် ဝေ့ရမ်းလိုက်သည်။

"ဘာဖြစ်လို့လဲ? အဲ့ဒါက အရမ်းနာနေလို့လား? ကျွန်မ တောင်းပန်ပါတယ်။ အဲ့ဒါက ရှင်မှန်း ကျွန်မ တကယ်ကို မသိလိုက်လို့ပါ"

မုရုံချီချီမျက်လုံးများက အပြစ်ရှိမှုများနှင့် ပြည့်နေသော်လည်း ဖုန်းချန်မျက်နှာက 'ခွင့်မလွှတ်နိုင်'ဟု၍ပင်။

"ချင်းချင်းက တကယ်ပဲ ရက်စက်တဲ့ နှလုံးသား ရှိတာပဲ! သိသိသာသာကို ကိုယ့်ယောကျ်ားကိုယ် သတ်ပစ်ချင်နေတယ်။ မင်းနှလုံးသားထဲမှာ သေချာပေါက် တခြားတစ်ယောက် ရှိနေတာပဲ ဖြစ်ရမယ်။ ဒါ့ကြောင့် မင်းက ကိုယ့်ကို သတ်ပစ်ချင်နေပြီး တခြားတစ်ယောက်နဲ့ ထွက်ပြေးချင်နေတာ..."

"ကျွန်မ မလုပ်ဘူး! ကျွန်မ မလုပ်ပါဘူး! "

ဖုန်းချန်က ထိုသို့် ပြောသည်ကို ကြားသောအခါ မုရုံချီချီက သူမခေါင်းကို ချက်ချင်းခါရမ်းလိုက်သည်။

"ကျွန်မ ဒါကို တမင်ရည်ရွယ်ပြီး လုပ်တာ မဟုတ်ပါဘူး။ ရှင်မှန်း မမှတ်မိလို့ပါ။ ရှင်ကလွဲပီး တခြားသူတွေ ကျွန်မကို လာထိမှာကို ကျွန်မ မကြိုက်ဘူး။ ဒါ့ကြောင့် ကန်ချက်က တအားပြင်းသွားတာပါ"

'တခြားသူတွေ ကျွန်မကို လာထိတာကို မကြိုက်ဘူး' ဆိုသည့် စကားကို ကြားသောအခါ ဖုန်းချန်၏ လှပသော မျက်လုံးများက ရယ်မြူးရိပ်များ ပြည့်နှက်လာသည်။ ဒါဆို ဒီလိုကြောင့်ပေါ့! သူမက သူမကိုယ်သူမ သူ့အပိုင်လို့ သတ်မှတ်ထားတယ်ပေါ့! ဒါ့ကြောင့် သူမက ဒီလိုပြုမူတာပေါ့! သူမက သူ့အတွက် ကာကွယ်နေတာပဲ!

သို့ပေမယ့် သူ ထိရှသွားသော်လည်း ဖုန်းချန်သည် မုရုံချီချီအား လွှတ်ပေးဖို့ အကြံအစည်မရှိပေ။ နောက်ဆုံးတွင် ဒီသိုးငယ်လေးကို စားဖို့ အခွင့်အရေးကို ဖမ်းဆုပ်မိပြီ ဖြစ်သည်။ သူ့ပါးစပ်ရှေ့ တည့်ခင်းထားသည့် စားကောင်းသောက်ဖွယ်ကို သူ ဘယ်လိုလုပ်လက်လျော့လိုက်ရမှာလဲ?

ထိုသို့ တွေးပြီးနောက် ဖုန်းချန်က မျက်မှောင်ကြုတ်လိုက်ကာ သူ့ရင်ဘတ်ကို ဆုပ်ကိုင်ထားလိုက်သည်။ သူက နာကျင်လာသလို ဟန်ဆောင်လိုက်ကာ စတင်ညည်းတွားလိုက်သည်။

"စောစောက အဲ့ဒီအကြောင်းကို မပြောတော့ နာတယ်လို့ မခံစားမိဘူး။ အခု ဒီနေရာက တကယ်ပဲ နာလာပြီ။ ချင်းချင်း... ကိုယ့်ရင်ဘတ်က အရမ်းနာတယ်! မင်းပြော... ကိုယ် သေသွားမှာလား?"

"မဟုတ်ဘူး"

ဖုန်းချန်က ထိုသို့ ပြောသောအခါ မုရုံချီချီက စိုးရိမ်သွားသည်။ သူမက ချက်ချင်း သူမလက်ကို ဖုန်းချန်လက်ကောက်ဝတ်ပေါ် တင်ကာ သွေးကြောစမ်းလိုက်သည်။ ထူးဆန်းတာ တစ်ခုမှ ရှာမတွေ့မိဘူးဆိုမှသာ မုရုံချီချီက စိတ်ချသွားသည်။ သူမ စကားပြောမလို့ ပြင်စဉ် ပုန်းကွယ်ထားသော ခါးသီးမှုများနှင့်အတူ ဖုန်းချန်အသံက ထွက်ပေါ်လာသည်။

"ဒါပေမယ့် ကိုယ့်ရင်ဘတ်က အရမ်းနာနေတယ်လေ။ ဘယ်လိုလုပ်ရမလဲ? ဘာကြောင့် မင်း ကိုယ့်ကို လေမှုတ်မပေးရတာလဲ? မင်းသာ မှုတ်ပေးမယ်ဆိုရင် ကိုယ် နာတော့မှာ မဟုတ်ဘူး"

"လေမှုတ်ပေးရမယ်..."

မုရုံချီချီက အေးခဲသွားသည်။ ဒီစည်းမျဉ်းက ဘယ်က ထွက်ပေါ်လာတာလဲ? အနာတရဖြစ်ပြီးနောက် လေမှုတ်လိုက်တာနဲ့ အဲ့ဒါက ပျောက်သွားမှာလား?

မုရုံချီချီ သံသယဖြစ်နေသည်ကို မြင်သောအခါ ဖုန်းချန်သည် နာကျင်မှုကြောင့် မျက်နှာမဲ့ဟန်ဆောင်ကာ

"အား... ချင်းချင်း... အဲ့ဒါက တကယ်ပဲ နာတယ်"

"ကောင်းပြီ! ကောင်းပြီ! ကျွန်မ ရှင့်အတွက် မှုတ်ပေးမယ်လေနော်"

မုရုံချီချီ၏ မျက်နှာသေးသေးလေးက ဖုန်းချန်ရင်ဘတ်နား ရောက်လာသည်။ သူမ၏ နှုတ်ခမ်းလေးက အနည်းငယ်ပွင့်ဟသွားကာ လေနွေးနွေးကို မှုတ်ထုတ်လာသည်။ ထိုလေနွေးနွေးသည် ဖုန်းချန်၏ ရင်ဘတ်ပေါ်တွင် အချိန်တော်တော်ကြာသည်ထိ ရှိနေသည်။ နောက်တကြိမ် ထပ်တိုက်ခတ်လာချိန်တွင်ပင် မပျောက်သေးပေ။

လျှပ်စီးလှိုင်းတစ်ခုက ဖုန်းချန်ရင်ဘတ်မှ တဆင့် ပျံ့နှံ့သွားသည်။

မုရုံချီချီက ခေါင်းကို ငုံ့ကာ ဖုန်းချန်ရင်ဘတ်အား လေမှုတ်ပေးနေသည်။ မုရုံချီချီ၏ လေးနက်သော အမူအယာကို ကြည့်ကာ ဖုန်းချန်သည် ရုတ်တရက် အပြစ်မကင်းသလို ခံစားမိလိုက်သည်။ သူ့ကိုယ်သူ သိုးငယ်လေးအား လှည့်ဖျားနေသော ဝံပုလွေသဖွယ် ခံစားမိလိုက်သည်။ သို့သော် ထိုသိုးငယ်လေးမှာ အလွန်လတ်ဆတ်ပြီး အရသာရှိသောကြောင့် အရသာခံရန် မစောင့်နိုင်လောက်အောင်ပင် သူ့အား ဖြစ်စေသည်။ သူ ဘာလုပ်သင့်သလဲ?

"ချင်းချင်း... "

ဖုန်းချန်သည် မူလက သံလိုက်သဖွယ် ဖြစ်နေသော သူ့အသံက အနည်းငယ် အက်ရှလာသည်ကိုပင် သတိမထားမိတော့ပေ။ သူ့လည်ချောင်းက ခြောက်သွေ့နေပြီး သူ့အသံမှာ အနည်းငယ်တုန်နေသည်။

"အမ်?"

မုရုံချီချီက ခေါင်းမော့လာသည်။ အရည်ရွှန်းလဲ့သော မျက်လုံးတစ်စုံမှာ စိုးရိမ်မှုနှင့်အတူ အလွန်စေ့စပ်သေချာမှုများ ရှိနေသည်။ ဒီကန်ချက်က ဖုန်းချန်ရင်ဘတ်ကို ကန်လိုက်တာ ဖြစ်သော်လည်း မုရုံချီချီနှလုံးသားကိုပါ နာကျင်စေသည်။ ဖုန်းချန်၏ ကိုယ်မှာ နဂိုကတည်းက သိပ်မကောင်းဘဲ သူမခြေကန်ချက်ကလည်း အလွန်အားကောင်းနေသေးသည်။

"ချင်းချင်း...မင်းသာ အဲ့ဒါကို နမ်းလိုက်ရင် ထပ်မနာတော့တာလည်း ဖြစ်ကောင်းဖြစ်နိုင်တယ်"

ထိုသို့ ပြောပြီးနောက် ဖုန်းချန်သည် သူ့ပါးသူ နှစ်ချက်လောက် ဆင့်ရိုက်ပစ်ချင်သည့် ဆန္ဒဖြစ်လာသည်။ အရှက်မရှိတာပဲ! တော်တော်ကို အရှက်မရှိတာပဲ! ဒါက ပြစ်မှုကျူးလွန်နေတာနဲ့ မတူဘူးလား? ဘယ်အချိန်က သူဟာ လူဆိုးတစ်ယောက်လို ဖြစ်သွားရတာလဲ? တကယ်ကို နည်းနည်းလေးမှ မရိုးသားပေ။

ဖုန်းချန်အတွက် ခံစားနေရသည့် မုရုံချီချီကတော့ ဖုန်းချန်၏ ထူးဆန်းနေမှုကို သတိမပြုမိပေ။ ထိုအစား သူမက သူမ၏ အနီရောင်နှုတ်ခမ်းလေးကို တကယ်ပဲ အနီရောင်အရာပေါ် တင်လိုက်သည်။

"ဂူး..."

ဖုန်းချန်က မျက်လုံးကို မှိတ်လိုက်သည်။ ဒီတကြိမ်တွင် သူမှားသွားမှန်း သိလိုက်သည်။ သူ့အတွက် မုရုံချီချီ၏ အနမ်းသည် ပြင်းထန်သော ညှင်းပန်းမှု ဖြစ်နေသည်ဆိုတာကို သူ မသိခဲ့မိပေ။

ဒီမိန်းကလေးက သူ့ရဲ့ ဖုံးကွယ်ထားသော လှုပ်ရှားမှုကို သံသယမဖြစ်ဘူးလား? သူမ၏ နှုတ်ခမ်းနုနုက သူ့ရင်ဘတ်ပေါ်တွင် ရှိနေကာ သူ့ဒဏ်ရာတဝိုက်ကို ဖြေးညှင်းစွာ ရွေ့လျားနေသည်။ သံသယဖြစ်စရာမလိုဘဲ ဒါက သူ့အား စမ်းသပ်မှု တစ်ခုလို ညှင်းပမ်းနှိပ်စက်မှုတစ်ခုပင်။ စောစောက ထုံကျင်နေသည့် ခံစားချက်မျိုးသာ ရှိသည်။ ယခုမူ ဖုန်းချန်၏ ခန္ဓာကိုယ်သည် မထိန်းနိုင်ဘဲ အနည်းငယ် တုန်ယင်လာသည်။ သေစမ်း! စောစောကသာ သူသိခဲ့ရင် ဒီသိုးငယ်လေးကို ဒီလိုမျိုး မလှည့်စားခဲ့ပါဘူး။ အခုတော့ အနာကျင်ဆုံး ခံစားရသူမှာ သူပဲ ဖြစ်လာသည်။

"ချန်... ဘာဖြစ်လို့လဲ?"

မကြာခင်ကမှ မုရုံချီချီလည်း ဖုန်းချန်၏ ထူးဆန်းမှုကို တွေ့ရှိလိုက်သည်။

"ဘာကြောင့် ဒီလိုဖြစ်ရတာလဲ?"

မုရုံချီချီက သူမလက်ကို ဖုန်းချန်နဖူးပေါ် တင်လိုက်သည်။

"ဒါက အလုပ်မဖြစ်ဘူး! ကျွန်မတို့ ဝမ်ဖူကို ပြန်ဖို့ လိုနေပြီ။ ကျွန်မက သေချာပေါက် ရှင့်ကို ဒဏ်ရာရစေခဲ့တာ!"

စိုးရိမ်ခြင်းက ရှုပ်ထွေးမှုကို ဖြစ်စေသည်ဟု ဆိုရိုးရှိကြသည်။ မုရုံချီချီတွင် မြင့်မားသော ဆေးပညာစွမ်းရည် ရှိသည်။ မူလက သူမသည် တချက်ကြည့်ရုံဖြင့် ထိုအထဲမှ လှည့်စားမှုကို မြင်နိုင်သည်။ အခု သူမနှလုံးသားထဲတွင် အပြစ်မကင်းမှုများဖြင့် ပြည့်နှက်နေကာ ဖုန်းချန်၏ လိင်ပိုင်းဆိုင်ရာဆန္ဒများဖြင့် ပြည့်နှက်နေသော အကြည့်စူးစူးကို လျစ်လျူရှုထားမိသည်။

"အစေခံတွေ!"

မုရုံချီချီက ထရပ်လိုက်သော်လည်း ဖုန်းချန်၏ ဖမ်းဆုပ်ခြင်းကို ခံလိုက်ရသည်။ သူက သူမကို သူ့ခန္ဓာကိုယ်အောက် ဖိထားလိုက်သည်။

Lanjutkan Membaca

Kamu Akan Menyukai Ini

603K 46.6K 61
ကျုပ်က လူတစ်ယောက်ကို သတ်ပစ်ချင်လောက်အောင် ချစ်တယ်...။ သိပ်ပြီး အရာရာပြည့်စုံတဲ့ ကျောင်းသားခေါင်းဆောင် ခင်ဗျားကိုပေါ့။ School / unilife/Age gap/countr...
529K 45.6K 200
အတိတ်၌ ပြန်လည်မွေးဖွားခြင်း
88.4K 5K 200
Đệ tử đời thứ 13 của Đại Hoa Sơn Phái, Mai Hoa Kiếm Tôn - Chong Myung, người đã liều mình cùng chết với Thiên Ma, kết thúc một thời đại đen tối của v...