သုံးနှစ်တာဆက်ဆံရေး(complete)

Author_kiraa tarafından

67K 3K 483

သုံးနှစ်ဘဲကိုကို... ကျွန်တော့်စိတ်တိုင်းကျသုံးနှစ်လောက်တော့နေပေးပါ (MYANMAR OC FICTION) Daha Fazla

၁၀
၁၁
၁၂
၁၃
၁၄
၁၅
၁၆
၁၇
၁၈
၁၉
၂၀
၂၁
၂၂
၂၃
၂၄
၂၅
၂၆
၂၇
၂၈
၂၉
၃၀
၃၁
၃၃
၃၄ The end

၃၂

1.1K 44 6
Author_kiraa tarafından

"လွန်းသော် လွန်းသော် ကိုယ့်ကိုဒီလိုအချိုးမျိုးချိုးသွားတာပေါ့"

လက်ထဲကဖုန်းကို ပစ်ပေါက်ခွဲကာတောက်ခေါက်ပစ်လိုက်သည်။ လွန်းသော်စီသူလိုက်လာခဲ့တာတောင် သူ့ကိုတဖန်ထားခဲ့ပြန်တာလား...

"ကိုယ့်စီမင်းပြန်လာမှာပါလွန်းသော်ရယ် မင်းကကိုယ့်အပေါ်ခံစားချက်တွေရှိနေသေးတယ် မင်းကိုယ်မင်းလိမ်ထားတာ မင်းဆိုတဲ့လွန်းသော်က အချစ်အတွက် အရေးမပါတဲ့စာချုပ်တွေနဲ့တောင် ငါ့ကိုချည်ခဲ့ဖူးတာဘဲ"

လှေကားအတိုင်းဆင်းကာ ကားထဲဝင်လိုက်သည်။
စတီယာတိုင်ပေါ်လက်တင်ကာ

" ကိုကိုပြန်လာမယ်နော်"

——————————————————————
မောင်နဲ့သမီးလေးနောက်ကလွန်းသော်ခပ်ဖြေးဖြေး
လိုက်ရင်း ပြုံးမိသည်။ နောက်ဆုံးတော့သူ့ဘဝအချစ်ကြောင့်မျက်ရည်မကျရတော့ဘူးထင်ပါတယ်...

"မောင် ငါ့ကိုစောင့်ဦး"

သမီးလေးကိုကုန်းပိုးထားတဲ့မောင်က ရွှင်ပျနေတဲ့လတ်လတ်ဆတ်ဆတ်အပြုံးတွေဆင်မြန်းထားတယ်.. ပြီးတော့ လွန်းကိုလှည့်ကြည့်ပြီး လက်ကမ်းပေးတယ်... ဒီတောက်ပနေတဲ့အမျိုးသားကသူ့အမျိုးသားပါဘဲ...

"မောင့်လွန်း ပင်ပန်းနေပြီလား"

မောင်ရယ် သူရယ် သမီးလေးရယ် ပန်းခြံအနှံပတ်ပြီး ခနတစ်ဖြုတ်အနားယူကြတော့ မောင်ကမေးရှာသည်။

"မောတယ် မောင့်ခြေလှမ်းအကျယ်ကြီးနဲ့ ငါ့ကိုထားခဲ့ပြီးတော့"

"သမီးလေးကဟိုဟိုဒီဒီဆိုတော့ မောင်လည်းလောသွားတာပါ လွန်းလေးရဲ့" ဆိုကာ သူ့မေးဖျားကိုလာကိုင်သည်။

"မောင်အလုပ်မရှိဘူးလား မနက်ကမောင်တို့ရုံးကကောင်လေးတောင် ဒီနေ့အစည်းအဝေးရှိတယိဆိုပြီး ပျာယာခပ်နေတာ မောင်ကတော့အေးအေးဆေးဆေးပါလား ဘာလဲ မောင်ကပိုင်ရှင်ဆိုပြီးအာဏာကိုအလွဲသုံးစားနေတာလား"

"ကိုယ့်မိသားစုကိုအချိန်ပေးတာထက်ဘာအရေးကြီးလဲလွန်းရယ် ဒီmeeting ကိုမောင်မသွားလို့ ပြည်ပကရှယ်ယာမထည့်လဲ ဘာအရေးတုန်း မောင်ကငတ်နေတာမှမဟုတ်တာ"

မောင့် အဖြေစကားလေးကနှစ်သက်ဖို့ကောင်းလွန်းသည်။ ငွေထက်သူ့ကိုချစ်တဲ့မောင်...

"လွန်း"

"ဗျာ"

"မောင်အခုထက်ထိမယုံနိုင်ဘူး"

မောင့်မျက်လုံးတွေကတည်ငြိမ်နေသည်။

သူဟာ တစ်စုံတစ်ယောက်အတွက်လူရှုပ် လူ့အမှိုက်ဖြစ်နေခဲ့ချိန်မှာ တစ်စုံတစ်ယောက်အတွက်တော့ အဖိုးတန်နေခဲ့လိမ့်မည်ဆိုတာသိခဲ့ရသည်။

တန်ဖိုးမသိတဲ့သူအနားမှာဖြုန်းခဲ့တဲ့ ငယ်ရွယ်မှုတွေ အချိန်တွေ ... အို လွန်းသော် သိပ်နှမြောတာဘဲ

"ဖေဖေနဲ့ဒယ်ဒီ I'm so sleepy right now"

"လာ ဒယ်ဒီ့ပေါ်ခေါင်းအုံးလိုက် ယွန်းလေး"

သမီးကိုပေါင်ပေါ်ခေါင်းအုံးခိုင်းပြီး လွန်းပေါ်သမီးကခြေထောင်တင်သည်။ သမီးအတွက် ကိုယ်ပိုင်အိပ်ယာအဖြစ်လည်းစွမ်းဆောင်ရသည်။

အိပ်မောကျသွားတဲ့သမီးဆံစလေးကိုသပ်တင်ရင်းမောင်ကပြုံးသည်။

"မောင် သမီးလေးကိုချစ်လားဟင်"

မောင်ကလွန်းကိုပြုံးလျှက်ပင်ခေါင်းညိမ့်သည်။

"လွန်းနဲ့ပတ်သက်တဲ့အရာရာတိုင်းကိုချစ်တယ် လွန်းချစ်တဲ့အရာတိုင်းကိုမောင်လိုက်ချစ်ပေးနိုင်တယ်"

"ငါကံကောင်းလိုက်တာမောင်"

"မောင့်ဘဝရဲ့ပထမဆုံးကံကောင်းမှုလေးကလည်းလွန်းပါကွယ်"

————————————————————————
"ဒါကဘယ်လိုဖြစ်ရတာလည်း ဖေဖေ"

"အဖေမတတ်နိုင်ဘူး သားကြည်ညို အဖေကသားငယ်သဘောဘဲ သားငယ်အဖေ့စီကထပ်ရုန်းမသွားဖို့ဘဲအဖေလိူချင်တာ"

"ကျွန်တော် ငါးနှစ်လုံးလုံး အဖေ့နားနေခဲ့တာ လွန်းကိုရှာရင်း အဖေ့နားမှာကူညီခဲ့တာ ပြန်ရတာ ဒါတဲ့လား"

အကျိုးအမြတ်ကိုငဲ့ကွက်နေတယ်ထင်ချငိထင်ပါစေ ရင်ထဲမခံမရပ်နိုင်လောက်အောင်ပူလောင်နေတာ ကိုယ်တိုင်အသိ။

"သားကြည်ညိုအဖေ့နားနေပြီးကူညီနေတာ မင်းအကျိုးအမြတ်လိုချင်လို့လို့သာပြောစမ်းပါ"

သေချာပေါက်ဘဲ ကျွန်တော်လိုချင်တာလွန်းပါဘဲ

"အဲ့ဒီအကျိုးအမြတ်ကလွန်းပါအဖေရဲ့ ကျွန်တော်ဒီစောက်သုံးမကျတဲ့ငွေတွေကြောင့်နေခဲ့တာထင်နေတာလား"

ဦးထွန်းမြတ်သော် မျက်နှာတည်တံ့သွားသည်။ တပ်ထားတဲ့ ငွေကိုင်းမျက်မှန်ကိုအသာချွတ်ကာ

"မင်းတချိန်ကသိပ်သဘောကျတာလေ ရှာနိုင်သွားတော့ အာခံနေတာလား"

ပြောပြောဆိုဆိုနှင့် ဖွငိ့လျက်သား Mac book ကြီးကိုပေါက်ခွဲပစ်လိုက်သည်။

" အဖေမှားနေပြီ ကျွန်တော်အရင်ကလွန်ခဲ့ပါတယ် အခုကျွန်တော်တကယ်လိုချင်တာလွန်းပါဖေဖေရယ်"

"ဒါကိုမင်း သားငယ်နဲ့ ပြောသင့်တာ အန်ကယ်ကသားငယ်သဘောဘဲ"

"အဖေသဘောမတူပေးပါနဲ့ တောင်းပန်ပါတယ်ဗျာ"

"မင်းကိုအကြံပေးချင်တာတစ်ခုဘဲရှိတယ် ကျေးဇူးပြုပြီး ရပ်လိုက်တော့ ငွေမလိုချင်ဘူးဆိုရင်လည်း..."

"အဖေ!!!"

ငွေ ငွေ ငွေ အဖေ့လုပ်ငန်းထူထောင်ဖို့ သူလောဘတက်မိတဲ့အရာတွေကသူ့အတွက်အရိပ်မဲလို့ အထင်မြင်ခံနေရဆဲ...

"ကျွန်တော့်အချစ်ကိုမစော်ကားနဲ့"

"အော် ကြည်ညိုမောင် မင်းအဲ့ငွေကြောင့်သားငယ်အချစ်ကိုတော့စော်ကားခဲ့တယ်မလား"

"ကျွန်တော်မှားခဲ့မှန်းသိပါပြီ အဲ့အမှားအတွက်ပြင်ဆင်ဖို့အခွင့်အရေးတောင်မရှိဘူးလား"

ကြည်ညိုမောင် ဝမ်းလည်းနည်းသလိုဒေါသလည်းထွက်သည်။ သူကဆွေမရှိ မျိုးမရှိမို့ငယ်ငယ်ကတည်းကသိမ်ငယ်သည်။ မိစုံဖစုံလည်းနေခဲ့ရသူမဟုတ်တော့ အဖေလိုသဘောထားသူကငေါက်ငမ်းတဲ့အခါ စိတ်မကောင်းဖြစ်မိသည်။

"ဖေဖေ ကျွန်တော်တိူ့.."

"ဘာတွေဖြစ်နေကြတာလဲ"

ပစ်ခွဲထားတဲ့လပ်တော့ကိုကြည့်လျက်လွန်းသော်ကဆိုသည်။

"လွန်းသော် ကိုယ် တောင်းပန်ပါတယ်"

"ကိုကြည်ညိုမောင် ဖေဖေနဲ့ဘာဖြစ်ထားတာလဲ"

"လွန်းသော်ရယ်"

သူ့စီလှမ်းလာပြီးပွေ့ဖက်ပစ်တဲ့ကြည်ညိုမောင်ကြောင့် လန့်ဖျတ်သွားသည်။

မောင်တက်လာတော့မှာ....

"ဘာလုပ်နေတာလဲ ဒါက"

" မောင် ဒါကငါရှင်းပြ"

"မင်းအာဏာ စိတ်ကိုလျှော့ ဒီဘက်လာပါ"

ကိုကြည်ညို့ကိုထိုးမယ်တကဲကဲလုပ်နေသောမောင့်အား ဖေဖေကခေါ်ထားသည်။

လွန်းကိုတော့ ခနစကားပြောပါရစေဆိုကာကိုကြည်ညိုကခွင့်တောင်းသည်။

"မရဘူး ကြည်ညိုမောင် မင်းနဲ့ငါ့လွန်းကိုငါနှစ်ယောက်တည်းစိတ်မချဘူး"

" လွန်း မောင့်ကိုချစ်ရင်လိုက်မသွားနဲ့နောိ လွန်း မောင်သေတာမြင်ချင်လို့လား"

ဖေဖေခေါ်ထားကေမယ့် ရုန်းထွက်ကာ အလယ်ကိုလာပြီး လွန်းကိုသူ့ဘက်ဆွဲထားသည်။

ကြည်ညိူမောင်နဲ့ပတ်သက်ရင် sensitive ဖြစ်အောင် သူပေးခဲ့မိတဲ့ trauma တွေ...

"ဒါဆိုလည်း တော်ပါပြီ လွန်းကို ကိုကိုတကယ်ချစ်ပါတယ် နောက်ပြီးတောင်းပန်ပါတယ် ကိုကိုမကောင်းခဲ့တဲ့အတိတ်တစ်ခုအတွက်ရောပေါ့"

"ကျွန်တော်စကားပြောတာလွန်တာရှိခဲ့ရင်ခွင့်လွှတ်ပေးပါအဖေ ဒီအိမ်ကကြည့်ရတာ ကျွန်တော့်အတွက်နေရာမရှိတော့သလိုဘဲ မနက်ဖြန်ပြောင်းပါ့မယ်"

ကိုကြည်ညိုမောင်ရဲ့အခုလိုပုံစံဟာသူပထမဆုံးမြင်ဖူးရခြင်းသာဖြစ်သည်။ အားငယ်တတ်လွန်းတဲ့ကလေးတစ်ယောက်လို စိတ်ဒဏ်ရာတွေပြည့်လျှံနေသလို....

"အဖေအပြစ်မတင်ပါဘူးသား ကြည်ညို"

ကိုကြည်ညိုမောင်ကခေါင်းငြိမ့်ပြကာ အောက်ဆင်းသွားသည်။

"ဒယ် ဒယ်ဒီ"

ဖေဖေ့ကိုဒယ်ဒီလို့ထခေါ်တဲ့မောင့်ကြောင့် ဘေးကပ်ရပ်နေတဲ့သမီးလေးကခိခနဲထရယ်ပြီး အကုန်လုံးအကြောင်သားလေးငေးနေကြသည်။

"ဒယ်ဒီသားမက်ဘယ်နှစ်ယောက်လိုချင်နေတာလဲ"

"ဟေ ဟားဟား မှားလို့ပါကွာ မင်းအာဏာရယ်မင်းနှယ် ဒေါသထွက်တာတောင်ပျောက်တယ်"

သမီးရော လွန်းရော ရယ်တော့ မောင့်ခမျာခေါင်းကြီးငုံ့လို့....

ချစ်တဲ့ကီရာ

Zawgyi






——————————————————————

























————————————————————————















































ခစြျတဲ့ကီရာ

Okumaya devam et

Bunları da Beğeneceksin

122K 15.1K 113
Associated name : 佛系少女穿书日常 Author : 十六月西瓜 , shiliu yue xigua Status in COO : 253 chapters ...
2.4M 174K 35
Myanmar×OC အချစ်ဦး၊အချစ်ဆုံး၊လက်တွဲ​ဖော်ဟာ တစ်ထပ်တည်းကျ​သောအခါဝယ် 8.2.2023 ___ 8.4.2023
510K 44.5K 200
အတိတ်၌ ပြန်လည်မွေးဖွားခြင်း
339K 5K 14
ယောက်ဖကို မြူစွယ်မည့် ဒွိလိင်ကောင်လေးအကြောင်း 21+ ပါ smut အသားပေး fiction တစ်ပုဒ်ဖြစ်လို့ အသက်မပြည့်ရင်မဖတ်စေလိုပါ။