2.2K 129 4
                                    

"ကိုယ့်ကိုရှင်းပြ"

"ကိုကို အဲ့တာတွေကအရင်ကပါ ကျွန်တော်သူနဲ့တွဲခဲ့ဖူးရုံလေးပါ အခုကိုကိုနဲ့လက်ထပ်တော့ ကျွန်တော်သူနဲ့အဆက်အသွယ်မလုပ်တော့ပါဘူး"

"သူနဲ့မင်းက ဟား ထားပါတော့ မင်းမှာ လုပ်ပိုင်ခွင့်ရှိတယ် ငါတို့ကချစ်လို့ကြိုက်လို့ယူထားတာမှမဟုတ်တာ"

ကိုကို့မျက်နှာကခပ်အေးအေး လေသံကခပ်လေးလေးပင်။

"ကျွန်တော်ချစ်တယ်"

"........."

"တော်ပြီ ထမင်းသုပ်လေးလုပ်ပေးလို့ရမလား ကြက်သားနဲ့မတည့်လို့"

"ထမင်းသုပ်တော့မစားပါနဲ့ ကျွန်နော်ဆန်ပြုတ်လေးဖြစ်ဖြစ်..."

"မလိုဘူး ထမင်းသုပ်‌ဘဲလုပ်ပေးပါ"

"ဟုတ်ကဲ့ ကိုကို ခနလေးဘဲစောင့်နော်"

လွန်းမြတ်သော်ထွက်သွားသည်နှင့် ကျိန်းစပ်နေသည့်မျက်လုံးတစ်လုံးကိုဖိမှိတ်ချလိုက်သည်။

ကိုယ်အကောင်းဆုံးကြိုးစားနေပေးတော့မလို့လေလွန်းသော် မင်အပေါ်မနာကျင်ရအောင် ကိုယ်ကြိုးစားပေးတော့မလို့ပါကွာ....

ဘယ်ကဘယ်လိုစမှားခဲ့တာလဲဆိုတာ တဇွတ်ထိုးစိတ်ဓာတ်နဲ့နှစ်ယောက်လုံးဆုံးဖြတ်ချက်ချခဲ့မိတာလို့ထင်သည်။

"ကျွန်တော်ကအရူးမဟုတ်ဘူး ကိုကြည်ညို ကျေးဇူးပြုပြီးစကားကိုလွယ်လွယ်မပြောပါနဲ့လား"

"မင်းလည်းထင်သလောက်မနုံအနေပါဘူး
ဆိုတော့ ငါပွင့်ပွင့်လင်းလင်းဘဲပြောမယ် ငါ့အဖေမရှိတော့တဲ့နောက်ပိုင်းရှယ်ယာတွေထိုးကျနေတယ် ငါ့မှာနောက်ခံကောင်းကောင်းမရှိလို့ဘယ်ရှယ်ယာရှင်မှမယုံကြည်ဘူး အဲ့တော့ငါနောက်ခံလိုတယ်"

"ဪ"

"..........."

"ကိုကြည်ညိုခပ်မြင့်မြင့်တက်နိုင်ဖို့ ကျွန်တော့်နှလုံးသားကနွယ်ပင်ဖြစ်ပေးရမှာဘဲပေါ့
အပေါ်ရောက်သွားရင်အဲ့နွယ်ပင်ကိုဓားနဲ့ဖြတ်ချဦးမှာဘဲမလား"

"ငါလိုချင်တာအချိန်သုံးနှစ်"

"ဖြတ်ချမဲ့တူတူဘာလို့ချည်နှောင်နေဦးမှာလည်းဗျာ ကျွန်တော့်အပေါ်သိပ်တရားမျှတတယ်များခင်များထင်သလား"

သုံးနှစ်တာဆက်ဆံရေး(complete)حيث تعيش القصص. اكتشف الآن