2.5K 172 13
                                    

"လွန်းသော်!! မင်းလာခဲ့စမ်းအခု"

ပန်းချီဆွဲနေရင်းမှကိုကို့ခေါ်သံကြောင့်မျက်မှောင်ကြုံလိုက်သည်။ ကိုကိုဘယ်လိုများကြမ်းကြမ်းတမ်းတမ်းသူ့ကိုခေါ်ရက်တာလဲ..

"ဘာဖြစ်လို့လဲကိုကို"

"မင်း ရိပ်က ရိပ်ကငါ့ကိုထားသွားပြီ အဲ့တာမင်းသိလား"

အော် ကိုကိုရယ် သူထားသွားလို့တဲ့လား...
လွန်းသော်ဖြင့်သနားလိုက်တာရယ်..

"အဲ့တာကျွန်တော်နဲ့ဘာဆိုင်လဲ ကိုကို"

"မင်းကြောင့်လေ မင်းရဲ့စောက်ရေးမပါတဲ့စည်းကမ်းချက်တွေကြောင့် မင်းရဲ့စောက်ရေးမပါတဲ့တောင်းဆိုမှုတွေကြောင့်ကွ"

ကိုကိုဟာစိတ်ပျက်ချင်စရာလူဘဲ သို့သော် ငြီးငွေ့ချင်စရာတော့မဟုတ်ဘူး ကိုကိုနဲ့ပတ်သက်သမျှဟာအသစ်အဆန်းများလို
ရင်ဖိုစရာသိပ်ကောင်းတာ...

"ကိုကိုမကျေနပ်ဘူးလား ဒါဆို..."

" "ကွာရှင်းကြမယ်လေ" မင်းဒါဘဲပြောဦးမယ်မလား မင်းကိုငါပြောထားမယ် ငါမင်းကိုမချစ်ဘူး ငါ့အချိန်တွေနဲ့ခန္ဓာကိုယ်ဘဲမင်းပိုင်မယ် ငါ့အချစ်ကိုရိပ်တစ်ယောက်ဘဲပိုင်တာ"

အင်းပါကိုကို ဓားနဲ့မွှန်းတာထက်ခံရခက်တဲ့စကားလုံးကြမ်းများ ကရားရေလွှတ်ပြောတဲ့အခါ ကျွန်တော့်နှလုံးသားဟာနာရပါသည်..

လူသားတစ်ယောက်မို့ခံစားတတ်တယ်ကိုကို
ကိုကိုနဲ့ပတ်သက်ရင်အညှာလွယ်လွန်းတဲ့နှလုံးသားကို ခနခနကြမ်းတမ်းဆက်ဆံတဲ့အခါ သွေးစိမ်းရှင်ရှင်ထွက်နေလျက်
"ငါမငိုဘူး" ဆိုကာအားတင်းခဲ့သည်များလည်းမနည်း..

"ကိုကို့သဘော ကျွန်တော်ဘာမှမပြောတော့ဘူး"

လွန်းသော်ကျောခိုင်းပစ်လိုက်ပါသည်။ကျချင်လွန်းတဲ့မျက်ရည်တွေဟာ မျက်လုံးများကိုဝေ‌ဝါးနေစေသည်...
"ငါမငိုဘူးလေ မငိုရဘူး"

"အင်းပေါ့ မင်းသိပ်တော်တယ် သုံးနှစ်စီမံကိန်းပြည့်ဖို့နှစ်နှစ်လိုသေးတယ်  မင်းသိပ်တော်တယ် သိပ်တော်တယ်လွန်းသော်"

ကိုကို့အကျိုးအမြတ်အတွက်ဘဲလေ သည်းခံပေါ့ကိုကို

ဖေဖေ့ရှယ်ယာကကိုကို့လိုနာမည်ရကာစစီးပွားရေးသမားတစ်ယောက်အတွက်အားနည်းချက်တဲ့...

သုံးနှစ်တာဆက်ဆံရေး(complete)Where stories live. Discover now