၂၁

1.4K 51 17
                                    

"လွန်းသော် ဗိုက်ဆာလား ကိုယ်တစ်ခုခုလုပ်ပေးရမလား"

"ရပါတယ် ကျွန်တော်‌နားချင်နေတယ်"

လွန်းသော်ကိုအိမ်ပြန်ခေါ်လာခဲ့ပြီဖြစ်သည်။အခုကစပြီးကိုယ်ကလွန်းသော်ပေးခဲ့တဲ့အချစ်တွေနဲ့ဂရုစိုက်မှုတွေပေးပါ့မယ် လွန်းသော်ခံစားရတာတွေလည်း ပြီးပါပြီကလေးရယ်...

"ဒါဆိုအခန်းထဲသွားရအောင်နော်"

"ဖေဖေရော"

"အစည်းအဝေးကြောင့်အလုပ်ခန်းထဲမှာ"

"ကုမ္ပဏီမသွားတော့ဘူးလား"

"အင်း ကိုယ့်အလုပ်တွေဖေဖေ့ကိုဘဲလွှဲထားလိုက်တော့တယ်"

လွန်းသော်ကနားမလည်သလိုလေးကြည့်ကာ မေးချင်တာကိုမမေးဘဲ ခေါင်းလေးတစ်ငြိမ့်ငြိမ့်။

"ကိုယ့်ကိုအဖြေပေးရဦးမယ်"

လွန်းသော်မျက်နှာလေးရဲတက်လာပြီး ရှက်နေတော့သည်။

"နားချင်လို့ပါဆို"

"နားပါဗျာ နားပါ ကလေးလေးအိပ်ယာနိုးရင်ဘာများသုံးဆောင်မလဲဗျ"

"ကြက်ဥကြော်ကျွေး"

"ဟုတ်ကဲ့ပါဗျာ အနားယူပါ"

လွန်းသော်ကိုစောင်ခြုံပေးကာ ကန့်လန့်ကာချပေးပြီးမီးအိမ်မှိန်မှိန်လေးဖွင့်ထားပေးလိုက်သည်။ချစ်ရသူကောင်းကောင်းအိပ်ပျော်ပါစေ။

-------------------------------------------
"လွန်း"

"ဟင်"

"မောင့်စီလာ"

"ဟင့်အင်း မင်းက မင်းငါ့ကိုရိုက်မှာ"

"မောင့်စီလာခဲ့ပါ"

"ဟင့်အင်း ဟင့်အင်းလို့ ကြောက်တယ်"

အမှောင်ထဲကနေခါးပတ်ကိုင်ထားတဲ့ Adamကသူ့ကိုခေါ်နေသည်။သူကြောက်တယ် အခုချိန်သူ့နားသွားရင်အရိုက်ခံရမှာ..

"ကြောက်တယ် ကြောက်တယ်"

"လွန်းသော် လွန်းသော် သတိထားပါဦး ကိုယ်ရှိတယ် ဘာမှမကြောက်နဲ့"

"အီး အဟင့် ကြောက်တယ် ကိုကို"

သူ့တစ်ကိုယ်လုံးကိုကို့ရင်ခွင်ထဲရောက်နေကာ လန့်နိုးလာတော့မှ အိမ်မက်ကြောင့်ငိုချမိသည်။

သုံးနှစ်တာဆက်ဆံရေး(complete)Where stories live. Discover now