2.4K 169 5
                                    

*တီ တီ*

ကားဟွန်းသံခပ်ကျယ်ကျယ်ကအဆက်မပြတ်ပေါ်ထွက်လာပြီးနောက် ခြံတံခါးဖွင့်သံကြားလိုက်ရသည်ကြောင့် ပြတင်းပေါက်မှထကာ ကြည့်လိုက်သည်

"ဖေဖေ"

လှိုက်ခနဲပျော်သွားတဲ့လွန်းသော်မျက်လုံးလဲ့လဲ့လေးတွေကဟန်ဆောင်မှုကင်းသည်။
သွားချွန်ချွန်လေးတွေပေါ်သည့်အထိပြုံးလိုက်သည်ကလည်း အပြစ်ကင်းလှသည်

"ဖေဖေလာတယ်ကိုကို"

"ဟုတ်လား ‌ကိုယ်weekendနဲ့တိုက်လို့တော်သေးတာပေါ့"

"ကိုကိုတို့အလုပ်ကိစ္စတွေဘဲထပိပြောမနေကြနဲ့နော်"

"အင်းပါ လွန်းသော်ရဲ့"

ကိုကိုဟာပြောင်းလဲလာခဲ့ပါသည်။ သိပ်ချစ်ရတဲ့ချစ်သူကြောင့်နှစ်ပတ်တိတိခံစားပြီး ကိုကိုကအခုတော့လူသစ်စိတ်သစ်...

ကျွန်တော့်အပေါ်ကောင်းလာပေးလို့ကျေးဇူးတင်ချင်ပေမယ့် တစ်ဖက်မှာလည်း ငါကအစားထိုးခံရတာလား ဆိုတဲ့စိတ်နဲ့ ကျွန်တော်ဟာကိုယ့်ဒုက္ခကိုယ်ရှာတတ်တဲ့သူမျိုး...

"ဖေဖေ ကျွန်တော်သတိရနေတာ"

"ဖေဖေရောဘဲရော့ လက်ဆောင်"

ရိုးလက်စ်နာရီဘူးအားပေးကာ ဖေဖေကသူ့ပါးကိုဖျစ်သည်။

"သားကြည်ညိုရော အလုပ်အကိုင်အဆင်ပြေလား ဒီမှာသားကြည်ညိုအတွက်"

"ကျေးဇူးပါဖေဖေ ကျွန်တော်တို့အဆင်ပြေပါတယ် လုပ်ငန်းကအခုUSနဲ့အဆက်အသွယ်ရတယ်ဖေဖေ"

"ကြိုးစားထားသားကြည်ညို အောက်ခြေကစတဲ့လူတိုင်း ပြုတ်ကျမှာမပူရဘူး မင်း‌အဖေလည်းမင်းလိုဘဲအရမ်းအလုပ်ကြိုးစားတာ"

ကိုကိုလက်သီးဆုပ်ဟာတင်းခနဲဖြစ်သွားပြီး အသားလတ်တဲ့ကိုကိုမျက်နှာဟာရဲတက်လာခဲ့သည်။ ကိုကိုရယ်... သံသယတွေနဲ့ရှင်သန်နေတာပင်းပန်းလိုက်တာ

"ဟုတ်ကဲ့ဖေဖေ"

ကိုကိုနဲ့ဖေဖေကလုပ်ငန်းအကြောင်းဆိုစကားပြောရင်းလွန်းသော်ကိုမေ့သွားတတ်သည်။ လွန်းသော်ကယောင်လည်လည်ဖြင့် မုန့်စားရင်းနားထောင်နေသော်လည်း သေချာနားလည်တဲ့နေရာတော့မရှိပါ ကိုကိုမျက်နှာကိုထိုင်ကြည့်ချိန်ကပိုများလို့ဖြစ်လိမ့်မည်။

သုံးနှစ်တာဆက်ဆံရေး(complete)Where stories live. Discover now