၃၂

1K 43 6
                                    

"လွန်းသော် လွန်းသော် ကိုယ့်ကိုဒီလိုအချိုးမျိုးချိုးသွားတာပေါ့"

လက်ထဲကဖုန်းကို ပစ်ပေါက်ခွဲကာတောက်ခေါက်ပစ်လိုက်သည်။ လွန်းသော်စီသူလိုက်လာခဲ့တာတောင် သူ့ကိုတဖန်ထားခဲ့ပြန်တာလား...

"ကိုယ့်စီမင်းပြန်လာမှာပါလွန်းသော်ရယ် မင်းကကိုယ့်အပေါ်ခံစားချက်တွေရှိနေသေးတယ် မင်းကိုယ်မင်းလိမ်ထားတာ မင်းဆိုတဲ့လွန်းသော်က အချစ်အတွက် အရေးမပါတဲ့စာချုပ်တွေနဲ့တောင် ငါ့ကိုချည်ခဲ့ဖူးတာဘဲ"

လှေကားအတိုင်းဆင်းကာ ကားထဲဝင်လိုက်သည်။
စတီယာတိုင်ပေါ်လက်တင်ကာ

" ကိုကိုပြန်လာမယ်နော်"

——————————————————————
မောင်နဲ့သမီးလေးနောက်ကလွန်းသော်ခပ်ဖြေးဖြေး
လိုက်ရင်း ပြုံးမိသည်။ နောက်ဆုံးတော့သူ့ဘဝအချစ်ကြောင့်မျက်ရည်မကျရတော့ဘူးထင်ပါတယ်...

"မောင် ငါ့ကိုစောင့်ဦး"

သမီးလေးကိုကုန်းပိုးထားတဲ့မောင်က ရွှင်ပျနေတဲ့လတ်လတ်ဆတ်ဆတ်အပြုံးတွေဆင်မြန်းထားတယ်.. ပြီးတော့ လွန်းကိုလှည့်ကြည့်ပြီး လက်ကမ်းပေးတယ်... ဒီတောက်ပနေတဲ့အမျိုးသားကသူ့အမျိုးသားပါဘဲ...

"မောင့်လွန်း ပင်ပန်းနေပြီလား"

မောင်ရယ် သူရယ် သမီးလေးရယ် ပန်းခြံအနှံပတ်ပြီး ခနတစ်ဖြုတ်အနားယူကြတော့ မောင်ကမေးရှာသည်။

"မောတယ် မောင့်ခြေလှမ်းအကျယ်ကြီးနဲ့ ငါ့ကိုထားခဲ့ပြီးတော့"

"သမီးလေးကဟိုဟိုဒီဒီဆိုတော့ မောင်လည်းလောသွားတာပါ လွန်းလေးရဲ့" ဆိုကာ သူ့မေးဖျားကိုလာကိုင်သည်။

"မောင်အလုပ်မရှိဘူးလား မနက်ကမောင်တို့ရုံးကကောင်လေးတောင် ဒီနေ့အစည်းအဝေးရှိတယိဆိုပြီး ပျာယာခပ်နေတာ မောင်ကတော့အေးအေးဆေးဆေးပါလား ဘာလဲ မောင်ကပိုင်ရှင်ဆိုပြီးအာဏာကိုအလွဲသုံးစားနေတာလား"

"ကိုယ့်မိသားစုကိုအချိန်ပေးတာထက်ဘာအရေးကြီးလဲလွန်းရယ် ဒီmeeting ကိုမောင်မသွားလို့ ပြည်ပကရှယ်ယာမထည့်လဲ ဘာအရေးတုန်း မောင်ကငတ်နေတာမှမဟုတ်တာ"

သုံးနှစ်တာဆက်ဆံရေး(complete)Where stories live. Discover now