3.1K 191 25
                                    

"ဟယ်လို ဟုတ်ကဲ့ ကြည်ညိုမောင်ပြောနေပါတယ်"

"ကိုကြည်ညို ကျွန်တော် လွန်းမြတ်သော်"

"လွန်းသော်!! ကိုယ်ကအခုဘဲဖုန်းဆက်တော့မလို့ လာကြိုရမလား ဦးလေးပြောတော့ကားပျက်နေလို့ဆို"

"ဟုတ် ဖေဖေကကိုကြည်ညို့ကိုလာကြိုခိုင်းလိုက်ဆိုလို့ အဲ့တာ"

"ကိုယ်လာပြီနော်"

ကိုကြည်ညိုကိုလွန်းသော်ချစ်တယ် လွန်းသော်ကဂေးတစ်ယောက်ဆိုတာ အထက်တန်းနှစ်ကတည်းကဖေဖေ့ကိုဖွင့်ပြောခဲ့တာ
ဖေဖေက
" သားစိတ်ချမ်းသာမှုက ဖေဖေ့ဆန္ဒဘဲ သားလုပ်ချင်တာ ဖြစ်ချင်တာမှန်သမျှဖေဖေကဖြည့်ဆည်းပေးမှာ နည်းလမ်းကျတဲ့တောင်းဆိုမှုတိုင်း ဖေဖေကမငြင်းဘူး"တဲ့

လွန်းသော်နဲ့ကိုကြည်ညိုမောင်ဟာရိုးရှင်းပါတယ် လွန်းသော်ခံစားချက်တွေသာမပါလာခဲ့ရင် ကိုကြည်ညိုမောင်ပြောသလို လွန်းသော်ဟာ   ညီအရင်းလေးတစ်ယောက်လိုပေါ့...

-----------------------------
"တစ်ခုခုစားချင်လား ကိုယ်လိုက်ကျွေးမယ်လေ လွန်းသော် တိတ်နေတာဘဲ ကြည့်ဦး"

ကိုကြည်ညိုမောင်ဟာသူ့ကိုကလေးများထင်နေသလား...

"ကျွန်တော်မစား.."

*ဂွီ*

"ဗိုက်ဆာနေပြီမလား ကိုယ့်ကိုကိုယ်လိမ်မနေပါနဲ့တော့ကွယ်"

"........."

"ဘာစားမလဲပြော"

"ရေခဲမုန့်ရယ် နန်းကြီးသုပ်ရယ် ပြီးတော့ ကြက်ကြော်ရော"

သူ့ကိုခပ်ပြုံးပြုံးကြည့်နေတဲ့ ကိုကြည်ညိုဟာ အနားသို့တစ်ဖြေးဖြေးတိုးကပ်လာခဲ့သည်။

ဘာရယ်.... ကျွန်တော်ရင်တုန်နေပြီ ကိုကြည်ညိုမောင်..

ကိုကြည်ညိုမောင်ဟာ သူ့ခေါင်းကိုခပ်ဖွဖွပွတ်ကာ

"ကလေးလေးကျနေတာဘဲ လွန်းသော် ကိုယ်၀ယ်ကျွေးမယ်နော်"

ထိုနေ့ထိုအချိန်မှစကာ ကျွန်တော့်ရဲ့တစိတ်တစ်ပိုင်းထဲသို့ ကိုကြည်ညိုမောင်ဟာ နစ်သထက်နစ်အောင်မဖိတ်ခေါ်ဘဲတိုး၀င်လာပါသည်။ မမျှော်လင့်ဘဲ စွဲလန်းမိသွားခဲ့ရပါသည်......

သုံးနှစ်တာဆက်ဆံရေး(complete)Where stories live. Discover now