၁၃

1.6K 95 8
                                    

အိမ်ရှေ့မှာခေါက်တံု့ခေါက်ပြန်လျှောက်ကာ ဦးထွန်းမြတ်သော်အလာကိုမျှော်နေမိသည်။သူလက်မှတ်ထိုးခိုင်းလို့သာထိုးရတာ လွန်းသော်စိတ်အားငယ်သွားမှာစိုးသည်။ သူ့လက်ထဲမှာကြောက်များနေမလား ဟိုကောင်က
မညှာမတာဆက်ဆံနေမလား ကောင်းကောင်းရောစားရရဲ့လား ဆိုသောစိတ်ပူမှုများကအလုံးအရင်းနှင့်။

"ကိုကိုမောင်ရယ် ထိုင်နေပါဂနာမငြိမ်နဲ့"

ညီမဖြစ်သူကလက်မောင်းကိုကိုင်ကာဖျောင်းဖျသည်။သူ့ခမျာလည်းမန္တလေးကနေချက်ချင်းပြန်လာရတာမို့အားနာမိ‌ရသေးသည်။

"မြတေးလေး နားလေ ကိုကြီးအဖေ့ကိုစောင့်ပြီးစီစဉ်စရာရှိတာစီစဉ်လိုက်မယ်"

ထိုအခါမှမြတေးကသူ့လက်ကိုဖွဖွပုတ်ကာအပေါ်ထပ်သို့တက်သွား‌တော့‌သည်။

အခန်းထဲရောက်မှတံခါးကိုလော့ချကာသူမသက်ပြင်းချလိုက်‌သည်။

သူ့သွေးသားအရင်းအချာအကိုတစ်ယောက်ကိုအကျိုးအမြတ်ကြောင့်လက်ထပ်ထားတဲ့သူထက်သူ့ကိုတကယ်ချစ်ပေးတဲ့သူ့သူငယ်ချင်းနဲ့ဘဲဖြစ်စေချင်တာမို့သူလုပ်ခဲ့တာ....နောင်တရတာမျိုးမရှိခဲ့ပေမယ့် လိပ်ပြာမလုံပါ..

"မြရောင်တောင်းပန်ပါတယ် ကိုကိုလွန်းရယ်"

---------------------------------------------------------
တစ်ညနဲ့တစ်ရက်လေယာဉ်စီးပြီးတာနဲ့သူ့အိမ်ကိုရောက်သည်။ တစ်လမ်းလုံးအရိပ်
တကြည့်ကြည့်ဂရုစိုက်ကာ စိတ်ချမ်းသာအောင်မျိုးစုံကြိုးစားပေးသော်လည်း လွန်းမြတ်သော်ကတော့အေးတိအေးစက်ဖြစ်လို့နေသည်။

လွန်း‌မြတ်သော်ကတစ်နေ့လုံးဘာမှကျွေးမရသည့်အပြင်ငူငူငိုင်ငိုင်ဖြင့်မျက်ရည်တွေသာကျနေသည်။

"မောင့်ကိုရူးအောင်မလုပ်ပါနဲ့မောင့်အချစ်ရယ် စိတ်တိုရင်တောင်ထုရိုက်လိုက်ပါ အခုလိုကိုယ့်ကိုကိုယ်ဒုက္ခမပေး‌ပါနဲ့"

လွန်းသော်သူ့ကိုလှည့်ကြည့်လိုက်ပြီး စကားပြောချင်ကြောင်းအမူအယာပြတော့ စာအုပ်နဲ့ဘောပင်ထုတ်ပေးသည်။

*ငါ့ကိုအခုလိုလုပ်လိုက်ရတာမင်းပျော်လား မင်းလက်ထဲမှာမလူးသာမလွန့်သာဖြစ်နေရတာ တော်တော်သဘောကျလား*

သုံးနှစ်တာဆက်ဆံရေး(complete)Where stories live. Discover now