My Boyfriend is a Billonaire...

By noah_mira

864K 38.6K 892

𝖶𝖺𝗋𝗇𝗂𝗇𝗀 ⚠︎ ဘဝကိုအဓိပ္ပါယ်ရှိစွာ ဖြတ်သန်းလိုလျှင် အချစ်ကိုရှာပါ ။ ကိန်းသင်္ချေရောင်ခြည် (Kame Thinchay... More

စာရေးသူ၏အမှာ
Part 1
Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 8
Part 9
Part 10 ⚠︎
Part 11 ⚠︎
Part 12
Part 13 ⚠︎ ( For Christmas)
Part 14
Part 15
Part 16
Part 17
Part 18
Part 19
Part 20 ⚠︎
Part 21
Part 22
Part 23
Characters Introduction
Part 24
Part 25
Part 26
Part 27
Part 28
Part 29
Part 30 ⚠︎
Part 32
Part 33 ⚠︎
Part 34
Part 35 ⚠︎
Part 36
Part 37
Part 38
Part 39
Part 40
Part 41
Part 42
Part 43
Part 44
Part 45
Part 46
Final
ကျေးဇူးတင်လွှာ
EXTRA

Part 31

11.5K 589 15
By noah_mira

Uni

နောက်တစ်နေ့မနက်သို့ရောက်သော် YC ဆက်ခံသူနှင့်သူ၏တိတ်တိတ်ပုန်းအမျိုးသမီးဆိုသည့် ခေါင်းစဉ်ဖြင့်သတင်းက နံနက်ခင်းသတင်း၏ ခေါင်းစီးပိုင်းတွင်ထပ်ပါလာ၏။ ပုံထဲ၌ YC ဆက်ခံသူက ကလေးကိုတစ်ဖက်ချီထားကာ တစ်ဖက်မှအမျိုးသမီး၏မျက်နှာကိုဝါးထား၏။ ရေးထားသည့်စာမှာလဲ  YC ဆက်ခံသူကကလေးနှင့်အမျိုးသမီးကိုတာဝန်မယူပဲ တိမ်းရှောင်နေသည်ကြောင့် အမျိုးသမီးမှ တရားစွဲဆိုထားခြင်း။

ထိုသတင်းကြောင့် YC Group မှ ရှယ်ယာဈေးများထိုးကျကာ ရှယ်ယာရှင်များနှင့် အလုပ်သမားအားလုံးကလည်း ဆန္ဒပြနေကြ၏။

" ဘယ်လိုလုပ်မလဲ CEO ရှယ်ယာရှင်တစ်ချို့ကလဲ နှုတ်ထွက်ဖို့တောင်းဆိုနေကြတယ် "

" ပေးနှုတ်ထွက်လိုက်ပါ .. ဒီကိစ္စကတော့ကာယကံရှင်လာရှင်းလိမ့်မယ် "

PA ထွက်သွားတော့ ဒီသတင်းကိုသာမြင်ရင် သူ၏သားတော်မောင်ဘယ်လိုဖြစ်သွားမလဲဟုစဉ်းစားမိသည်။ ၎င်း၏အသည်းသက်ညှာကလေး အထင်မလွဲရအောင် တော်တော်ပျာယာခတ်နေမှာပဲ။ သား၏ပုံစံကိုတွေးကြည့်ပြီး သူ၏ငယ်ဘဝကိုတမ်းတသတိရသည်။ သူ၏အမျိုးသမီးမျက်နှာပျက်လျှင် သူလည်းပဲ ကမ္ဘာပျက်မတက်ခံစားရသည်ကြောင့် သားကအဖေတူသားပင်။

အင်္ကျီလဲနေရင်း ကြားလိုက်ရသည့် Noti သံကြောင့် ဖုန်းကိုယူကြည့်လိုက်သည်။ ဖေဖေထံမှပေးပို့ထားသော Link တစ်ခုဖြစ်နေကာ ထိုအတွင်းသို့ဝင်ကြည့်လိုက်တော့ သင်္ချေ သူ့ကိုယ်သူတော်တော်ချီးကျူးမိသွားသည်။ လူကသာ ယင်မတောင်မသန်းဖူးတာ ထွက်လိုက်တဲ့ Rumor ဆိုတာ သူ၏အသက်နဲ့ညီမျှနေပြီ။

Post တွင်ပါလာသောပု့ကိုသေချာဖြဲကြည့်လိုက်၍ ပုံထဲကလူကသူဆိုတာသေချာပေမဲ့ သူ့မှာမိန်းမမရှိတာကလည်းသေချာပါသည်။

ခေါင်းမီးတောက်အောင်စဉ်းစားပြီးမှ အဆောက်အဦးနာမည်ကိုမြင်ပြီး သတိရသည်။ UK မှာနေတုန်းက နယ်ဘက်ကိုအဖွဲ့လိုက်ဆင်းရင်း အပျင်းဖျားနေသည့်ကလေးကြောင့် ဆေးရုံကိုသူကိုယ်တိုင်လိုက်ပို့ခဲ့ရတာပင်။ သူတောင်မသိလိုက်ပဲ ဒီပုံတွေကို ဘယ်သူရိုက်ထားတာလဲ။

" သည်းငယ် သည်းငယ် သည်းငယ် "

" ငါ Kitchen ခန်းထဲမှာလေ "

" သည်းငယ် သတင်းတွေ့ပြီးပြီလား "

" ဘာလဲ! "

" ဒီမှာလေ ဒါပေမဲ့ .. အဲ့တာကတကယ်မဟုတ်ဘူးသိလား မောင်ရှင်းပြမယ် "

မောင်ကမ်းပေးလာသည့် Phone ကိုယူလိုက်ပြီး တွေ့ရသည့်သတင်းကိုဖတ်ကြည့်လိုက်သည်။ ထို့နောက် မောင်ဘက်ကိုလှည့်ကာပြောဟုမေးဆတ်ပြလိုက်သည်။

" အဲ့တာ လွန်ခဲ့တဲ့သုံးနှစ်တုန်းက ကွင်းဆင်းရင်း အသဲအသန်ဖြစ်နေတဲ့ လူနာတွေ့လို့ မောင်ကိုယ်တိုင်ဆေးရုံလိုက်ပို့ရတာ။ အမေတစ်ခုသားတစ်ခုဘဝေလ သူတို့အဖေက စစ်ထဲမှာကျသွားတာ။ သည်းငယ်မယုံရင် အဲ့တုန်းကတူတူသွားခဲ့တဲ့သူငယ်ချင်းတွေကို မေးလို့ရတယ် "

သျှင်းထက်အထင်လွဲမှာကြောက်လို့ အသဲအသန်ရှင်းပြနေရှာသည်။ သူအရင်ကတည်းက မောင့်ရဲ့နောက်ကြောင်းအားလုံးကိုစုံစမ်းသိရှိပြီးသားပါ။ သိုပေမဲ့ ရီချင်စိတ်ကို အတင်းမြိုသိပ်ကာ ရုပ်တည်ထားလိုက်ပြီး မောင်ကို့စူးစူးစိုက်စိုက်ကြည့်လိုက်၏။

" တစ်ခုတောင်မပြီးသေးဘူး .. တစ်ခုကစလာပြန်ပြီ ဘယ်လိုရှင်းမှာလဲ "

သူ၏လက်ဆွဲအိတ်ထဲက Ipad ကိုထုတ်ယူကာ ရှယ်ယာဈေးကွက်ကိုကြည့်လိုက်ပြီး မောင့်ကိုပြလိုက်၏။ YC ၏ရှယ်ယာအတက်အကျကိုဂရုတောင်စိုက်ပုံမရ၊ တစ်ချက်မျှသာကြည့်၍ သျှင်းထက်ကိုပဲ အာရုံစိုက်သည်။

" မောင် ဒီနေ့အကုန်ရှင်းမယ်လို့ဆုံးဖြတ်ပြီးသား အကယ်လို့ မောင်တို့အကြောင်းပြောဖို့ဖြစ်လာခဲ့ရင် မောင်ထုတ်ပြောလိုက်မယ်နော် "

သျှင်းထက်၏လက်မောင်းကိုဆတ်ခနဲဆွဲဖက်၍ မျက်နှာချောချောဖြင့်ကပ်ထားသည်။ ခန္ဓာကိုယ်ကြီးနဲ့မှမလိုက် ချွဲဆိုနေပုံက ဝက်ပေါက်ကလေး နို့ဆာလို့အီနေသလိုပင်။

" အသိပေးတာလား ခွင့်တောင်းတာလား "

" နှစ်ခုလုံးပဲ "

သျှင်းထက်မျက်ခုံးများပင့်သွား၍ သောက်လက်စချောက်လက်ခါက်ကို လက်စသတ်ကာ လက်ဆွဲအိတ်ကို ဆွဲယူလိုက်သည်။

" မင်းသဘောပဲလေ ငါသွားတော့မယ် .. မြတ်သူကိုလာကြိုထားခိုင်းလို့ "

စကားဆုံးသည်နှင့် Kitchen ခန်းထဲမှထွက်ခဲ့လိုက်သည်။ တံခါးဝသို့ရောက်တော့ ငူငူကြီးထိုင်ကျန်နေခဲ့သည့်မောင့်ကို လှမ်းအော်လိုက်သည်။

" ဒီနေ့ကိစ္စအားလုံးမရှင်းခဲ့ရင် မင်းငါ့အသားကိုတစ်လလာမထိနဲ့! "

သျှင်းထက်၏စကားကထိရောက်ပုံရသည် မောင့်မှာ ချက်ချင်းသတိ၀င်လာသလိုဖြစ်၍ လက်သီးလက်မောင်းများတန်းကာ ပျော်တော့သည်။

အမိန့်ဆန်သည့်သံစူးစူးကြောင့် သင်္ချေအသိဝင်လာရပြီ။ သည်းငယ်ကသူတို့နှစ်ယောက်ကိစ္စကိုထုတ်ပြောခွင့်ပြုလိုက်တာပေါ့။ လေထဲ၌ လက်သီးလက်မောင်းများတန်း၍ အားရပါးရပျော်ပြီးသည်နောက် နောက်ဆက်တွဲစကားကိုသတိရ၏။ ထိုစကားကတော့ သူ့ကိုကိုင်လှုပ်နိုင်စွမ်းရှိသည်။ အနောက်နေထွက်ချင်ထွက်မယ် သင်္ချေတို့ သည်းငယ်ကိုအသားမယူပဲမနေနိုင်။

Company ကိုရောက်တော့ မြတ်သူကစာရင်းတစ်ထပ်ကိုချပေးလာသည်။ ထို့နောက်အပြင်ကိုပြန်ထွက်သွားပြီး ဖိုင်တွဲတစ်ထပ်ကိုထပ်ယူလာပြန်သည်။

" မြတ်သူ "

" ဟုတ်.."

" အလုပ်တွေကပုံလှချည်လား "

" မပုံချင်ရင် ခနခနမပျက်နဲ့လေ .. အရင်တုန်းကဆိုအလုပ်မှန်ဆုတောင်ရတဲ့လူက ရီးစားရပြီးမှ ခနခနပျက်လွန်းတယ် "

ပြောသည့်သဘောက သျှင်းထက်ကခုမှရီးစားထားဖူးမှန်းသိသာလှသည်ပေါ့။ အံမယ် ဒင်းက သျှင်းထက်ကို မသက်မသာပုံစံနဲ့ စွေပြီးတောင်ကြည့်လိုက်သေး။

" ဘာလဲ မင်းကမနာလိုနေတာလား "

" ဟုတ်တယ်! ကိုသျှင်းထက်ကအလုပ်တွေပဲ ဖိခိုင်းနေတော့ ကျွန်တော့ကောင်မလေးကသူ့ကိုအချိန်မပေးဘူးဆိုပြီးဖျက်သွားတာ .. ခုဆိုနောက်တစ်ယောက်တောင်ရနေပြီ "

သျှင်းထက်မှာပြန်ပြောစရာစကားတောင်မရှိတော့ပေ .. စကားအသွားအလာအရဆို ဒီကောင်တစ်လ၊နှစ်လပဲထားလိုက်ရတယ်ထင်တယ် .. သနားတောင်သနားမိသွားသည်။

" မင်းရီးစားရှိတာ ငါလဲမသိရပါလား "

" မေးလို့လား .. အလုပ်ပဲဖိခိုင်းနေပြီးတော့ ငိုချင်လာပြီ "

တကယ်ကြီးငိုချလာတာကြောင့် သျှင်းထက်ဘာလုပ်ရမှန်းမသိပါ။ ဝအောင်သာငိုပါစေဆိုပြီး အလိုက်တသိလွှတ်ထားပေးလိုက်၏။

" ကိုသျှင်းထက် အသဲနှလုံးမရှိတဲ့လူ .. လစာသာမကောင်းရင်အလုပ်ထွက်ပြစ်တယ် "

ငိုရုံဖြင့်အားမရ သျှင်းထက်ကိုလက်ညှိုးတထိုးထိုးဖြင့်အပြစ်ဖို့တော့သည်။ နေရင်းထိုင်ရင်း ကိုယ့်မှာသူများချစ်ခြင်းခွဲတဲ့လူလုံးလုံးကိုဖြစ်လို့။

" စိတ်လျော့ပါကိုယ်တော်ရယ် .. နှပ်ချေးတွေလဲထွက်နေပြီ ရုပ်ဆိုးလိုက်တာ "

" ဟင့်! တကယ်လား "

မျက်ရည်များကိုသုတ်ပြစ်ပြီး အခန်းထဲမှထွက်သွားမှ သျှင်းထက်လည်းလေပူမှုတ်ထုတ်လိုက်တော့သည်။ ရီချင်ပေမဲ့မရီရဲ သူပြောသလိုကိုယ့်အပြစ်မှမကင်းတာ။ ထိုအချိန်၌ မောင့်ထံမှဖုန်းဝင်လာသည်ကြောင့် ကိုင်လိုက်၏။

" ........... "

" ဖွင့်ကြည့်လိုက်မယ် "

Media တစ်ခုကိုဖွင့်ကာ သတင်းစာရှင်းလင်းပွဲကိုစောင့်ကြည့်လိုက်၏။ ထို့နောက် မြတ်သူပြန်ဝင်လာ၍ သျှင်းထက်၏ရှေ့၌ရပ်ကာ ဆတ်ခနဲခါးကိုညွှတ်သည်။

" ခုနက တောင်းပန်ပါတယ် ကိုသျှင်းထက် .. အလုပ်ကလဲပိ ရီးစားကလဲပြစ်သွားတော့ ဝမ်းနည်းသွားလို့ပါ "

" ရပါတယ် တစ်ခုခုဆို ရင်ဖွင့်ပေါ့ .. မင်းကငါ့ညီလေးလိုပါပဲ "

" ကျေးဇူးတင်ပါတယ် .. ဒီနေ့တော့လက်မှတ်တွေအပြီးထိုးပေးနော် "

မြတ်သူ မျက်နှာကိုအတတ်နိုင်ဆုံးငယ်လိုက်၍ သနားစဖွယ်ကောင်းသည့်ဟန်ဖြင့် တောင်းတောင်းပန်ပန်နှင့်ဆိုလိုက်၏။ မတောင်းပန်လို့လဲမရ .. လပတ်အစည်းအဝေးကိုတောင် သူနဲ့ပဲနှစ်ပါးသွားခိုင်နေလို့ ရှယ်ယာရှင်တွေကပွစိပွစိလုပ်နေကြပြီ။

မြတ်သူထွက်သွားတော့ သျှင်းထက်၏ Office ထဲသို့ မင်းခိုက်နှင့်ပြည့်ပြည့်ကအတူယှဉ်တွဲ၍၀င်လာသည်။ နှစ်ဦးသား Couple Rings တွေဘာတွေနဲ့ အရမ်းကို Romantic ဆန်နေကြပါလား။

" ဖိတ်စာလာဖိတ်တာ "

သျှင်းထက်၏ရှေ့သို့ရောက်လာသော အပြာနုရောင် ဖိတ်စာကဒ်လေးကိုဖွင့်ဖတ်ကြည့်လိုက်သည်။ ဒီကောင်တွေ ‌စောက်ကြွားထူပြီး အမြှီးရှည်ရှည်တွေပါထည့်လို့။

" တကူးတက လာဖိတ်နေရသေးတယ် .. မဖိတ်လဲတက်ပြီး ကောင်းချီးပေးမှာပါ "

" ကောင်းချီးမလိုဘူး လက်ဖွဲ့ပဲယူလာ "

ပက်ခနဲထွက်လာသည့်စကားကြောင့် သျှင်းထက်ကမဲ့ရွဲ့သွားပေမဲ့ ပြည့်ပြည့်၏အမျိုးသားပေါ့ အဲ့လိုခေါ်ရမှာလား .. မင်းခိုက်ကတော့ ချစ်စနိုးအကြည့်လေးနဲ့ပြုံးတုံးတုံးလုပ်ကာ တစိမ့်စိမ့်ကိုကြည့်နေရှာသည်။ ရင်ထဲအောင့်သက်သက်ဖြင့်ခံစားလိုက်ရ၍နေရင်းထိုင်းရင်းကိုယ့် Company ကိုယ်နေတာတောင် ခွေးစာတနင့်တပိုးစားလိုက်ရသည့်အတွက်မကျေနပ်။

" တစ်ခြားလူတွေကိုဖိတ်ရဦးမယ်မလား .. သွားကြတော့လေ "

အမြင်ကပ်စွာ မြန်မြန်ပြန်လေကောင်းလေဆိုသည့်စေတနာဖြင့် မောင်းထုတ်သည်ကိုပြည့်ပြည့်ကသဘောပေါက်ပေမဲ့ မင်းခိုက်ဆိုသည့်ငနဲသားလေးက အရစ်ကျောရှည်နေသေးသည်။

" ဪ .. ကိုသျှင်းထက် သင်္ချေ့သတင်းတွေကအမှားတွေသိလား .. သူ့နဲ့ကျွန်တော်ကငယ်ငယ်ထဲကလည်ပင်းဖက်ပေါင်းခဲ့တာ .. သူ့မှာရီးစားဆိုရင်မူးလို့ရှူစရာတောင်မရှိတာ .. မိန်းမဆိုဝေးသေး "

မောင့်အကြောင်းဖြစ်နေသဖြင့် သကာရည်ဖိတ်ကျထားသည့်အပြုံးဖြင့် ..

" အကို သူ့ကိုယုံပါတယ် "

" သင်္ချေက အရမ်းကံကောင်းတာပဲ .. နားလည်ယုံကြည်ပေးတဲ့လူကို ရထားတာ  "

ထိုစကားကို သျှင်းထက်ခေါင်းပဲငြိမ့်ပြလိုက်၏။

" ပေါင်ပေါင်ကလဲ ကိုကိုကပိုပြီးနားလည်ပေးတာပါ .. သူနားလည်ပေးတယ်ဆိုတာ ကိုကို့မမှီသေးဘူး "

" ဟုတ်တာပေါ့! ပေါင့်ပေါင့်ကိုကိုအကောင်းဆုံး "

မမှီမကမ်းအရပ်နှင့် မင်းခိုက်၏ပါးကိုဆွဲညှစ်နေသည့်မြင်ကွင်းကြောင့် ပစ်ပေါက်စရာ ပစ္စည်းတစ်ခုရှာလိုက်သည်။ ဖိုင်တစ်ထပ်နှင့် ဘောပင်တစ်ချောင်းကလွဲပြီးဘာမှမရှိ အလှပန်းအိုးနဲ့ပစ်ပေါက်ရင်လဲမဖြစ်။ ထို့ကြောင့် ....

" မြန်မြန် ထွက်သွားကြစမ်းပါ!!! "

ထိုနှစ်ယောက်ထွက်သွားမှ ထိုးလက်စစာရင်းတွေကိုပိတ်ကာသတင်းစာရှင်းလင်းပွဲ ပြုလုပ်ရာနေရာသို့ထွက်ခဲ့လိုက်၏။ Company မှမထွက်ခင်နောက်ကမြတ်သူ၏ ပွစိပွစိအသံကိုလည်း ကြားလိုက်ရပါသေးသည်။

ကျန်ခဲ့သည့်မြတ်သူမှာတော့ ငိုမဲ့မဲ့နဲသာ။ ' သူဌေးကတကယ်ကြီးရက်စက်တာပဲ စာရင်းတစ်ပုံတစ်ပင်နဲ့သူ့ကိုထားခဲ့ပြန်ပြီ ' သူဌေးကိုယ်စားတက်ရမဲ့အစည်းအဝေးများနှင့် လိုက်လည်စစ်ဆေးရမည့် Projects ကိုတွေးကြည့်ပြီး အလုပ်ထွက်ဖို့တောင်စိတ်ကူးမိ၏။

စိတ်ညစ်ညစ်နဲ့သာခေါင်းကိုကုတ်လိုက်ပြီး လုပ်စရာရှိသည့်အလုပ်များကိုအပြီးသတ်ဖို့တွေးလိုက်၏။ ပြီးလျှင် ဌာနအသီးသီးကိုစစ်ဆေးရမည်။ ဟူး!! ကိုသျှင်းထက်သာသူ့ပေါ်မကောင်းရင် အလုပ်ထွက်ပြီးတာ ဟိုးဘဝထဲကပင်။

******

Media ပေါင်းများစွာမှ သတင်းထောက်များကိုခေါ်ယူကာ အားလုံးစုံသည်နောက် သူ့ဘက်မှ‌ နေရာစတင်ယူလိုက်သည်။ Stage ပေါ်တက်၍ လူပေါင်းများစွာ၏ရှေ့၌ ရပ်ကာ ..

" ဘာမှမမေးခင် ဒီနေ့ထွက်တဲ့သတင်းကအမှန်မဟုတ်ကြောင်းကို ကျွန်တော့်ဘက်မှသက်သေပြနိုင်ပါတယ်။ အဲ့တာကြောင့် ၎င်းသတင်းကိုစတင်ခဲ့တဲ့ Media ကိုလည်း တရားစွဲဆိုသွားဖို့ပြင်ဆင်ပြီးသွားပါပြီ၊ အကျိုးဆက်အတွက်ပြင်ဆင်ထားဖို့အကြံပြုချင်ပါတယ်နော် "

Cameras ကိုစူးစိုက်ကြည့်ကာပြောလိုက်၍  Projecter ကိုဖွင့်ပြီး ထိုနေ့ကအတူရှိနေသည့်အမျိုးသမီးနှင့် အဖွဲ့သားများ၏ Video တစ်ခုချင်းစီကိုဖွင့်ပြလိုက်၏။

" Hello Everyone ကျွန်မက ဒီပုံကအမျိုးသမီးပါ ကလေးကတော့ကျွန်မသားလေးပေါ့၊ ဒီကအမျိုးသားနဲ့ကျွန်မနဲ့က ဘာမှသက်ဆိုင်မှုမရှိပါဘူး .. အဲ့ဒီနေ့ကလည်း ကျွန်မသားလေး အပြင်းဖျားလို့ ဒီကဆရာဝန်လေးကတာဝန်ယူပြီး ဆေးရုံကိုပို့ပေးခဲ့တာပါ။ ကျွန်မတို့သားမိရဲ့ကျေးဇူးရှင်သက်သက်ပါ အဲ့ဒီနေ့ကဆရာလေးသာမကူညီခဲ့ရင် ကျွန်မသားလေးရဲ့ကြီးပြင်းလာပုံတွေကို ကျွန်မမြင်နိုင်မယ်မထင်ပါဘူး "

Video ဆုံးသွားသည်နောက် သူနှင့်အတူသွားခဲ့သည့် အဖွဲ့သားများ၏ Video ကိုဆက်လက်ဖွင့်ပြလိုက်၏။ အားလုံးပြီးသွားသည်နောက် ထိုနှစ်ကွင်းဆင်းတုန်းက အမှတ်တရရိုက်ကူးထားသည့် ဓာတ်ပုံမထားကိုပြသလိုက်၏။

" ကျွန်တော့ဘက်က သက်သေအားလုံးပြပြီးပြီမို့ မေးလိုရာမေးနိုင်ပါပြီ "

အချိန်တိုအတွင်း ၎င်းသက်သေများရအောင် အဆက်အသွယ်တော်တော်များများသုံး၍ David ကိုလည်မြိုနင်းမတတ်အကူအညီတောင်းလိုက်ရတာဖြစ်သည်။

" Video က ပိုက်ဆံပေးပြီးလုပ်နိုင်တာပဲ .. မဟုတ်လား "

ဦးနှောက်ရှိသေးသားပဲ သူကပိုက်ဆံပေးရင်ဘာမဆိုလုပ်တဲ့အရုပ်ထင်နေတာ။ Media နာမည်ကိုမှတ်ထားလိုက်၍ မေးလာသူ၏ Name Tag ကိုလှမ်းကြည့်၏။ ထိုမီဒီယာကတော့ နောက်နေ့၌ ဒေဝါလီခံရတာမလွဲဧကန်။

" လိပ်စာအပြည့်အစုံပေးလိုက်မှာမို့ ကိုယ်တိုင်စုံစမ်းချင်လဲရပါတယ် .. နောက်ပြီးပိုသေချာတဲ့ သက်သေပေးရမယ်ဆိုရင် ကျွန်တော်က Gay တစ်ယောက်ပါ "

စကားဆုံးသည်နှင့်တပြိုင်နက် အာမေဋိတ်အသံပေါင်းစုံက အခန်းတွင်းကျယ်လောင်စွာထွက်ပေါ်လာတော့သည်။ အံဩနေကြသည့်လူအားလုံးအလယ်၌ သူ့အားလက်မထောင်ပြနေသော အမောပြေလေးရှိနေ၏။ ခနော်ခနဲ့ဖြင့် Negative မှတ်ချက်များကို အာရုံမစိုက်နိုင်ပါ .. ကိုယ့်ရွေးချယ်မှုနဲ့ကိုယ်ဖြစ်သလို သူတို့လည်းသူတို့၏တွေးခေါ်နိုင်စွမ်းနဲ့သူတို့ပေ။

" အဲ့တာဆို ဟိုတစ်နေ့က Dating ထွက်တာကလဲတကယ်မဟုတ်ဘူးပေါ့ "

" Gay ဆိုကတည်းက အဖြေကရှင်းနေပြီလေ "

" Light CEO ဇီရာသျှင်းထက်နဲ့ကရော ဘယ်လိုပတ်သတ်တာလဲရှင် "

သင်္ချေစောင့်နေတာ ထိုမေးခွန်းဖြစ်သည်.. မေးပါ့မလား .. မေးပါ့မလားနဲ့စိုးရိမ်နေတာ ခုမှအလုံးကျတော့သည်။ သင်္ချေက ဖေဖေ့ကိုတစ်ချက်ကြည့်၍ သည်းငယ်ကိုလည်းလှမ်းကြည့်လိုက်၏။ ထို့နောက် တဒိတ်ဒိတ်ခုန်မြည်နေသည့်နှလုံးခုန်သံများနှင့် လှုပ်ရှားနေသည့်စိတ်အစုံကိုထိန်းချုပ်ကာ..

" CEO ဇီရာသျှင်းထက်က ကျွန်တော့်အပိုင်လေ "

ပြောပြီးမှ ကိုယ့်ကိုကိုယ် ဆန်းစစ်ကြည့်သည် .. ကျွန်တော့်အပိုင်လေဆိုသည့်စကားကိုပြောမိသည့်အခါ၌ ကမ္ဘာတစ်ခုလုံးအားအပိုင်စားရသလိုခံစားလိုက်ရ၍ သူ၏ဘ၀တစ်လျှောက်လုံး၌ ယခုခါလောက် သူ့ကိုယ်သူတစ်ခါမှဂုဏ်မယူဖူးပေ။

အသဲယားစွာ အော်ဟစ်နေကြသည့် Company ဝန်ထမ်း မိန်းကလေးများ၏အော်သံကြီးက မပျောက်သေးပေ။ ဖေဖေ့၏ PA ကအစအိန္ဒြေဆယ်မရအောင် ခုန်ဆွဆွဖြင့်အော်ဟစ်နေတော့သည်။ နောက်ထပ်မေးလာသည့် မေးခွန်းများစွာထဲမှ ဖြေချင်သည့်မေးခွန်းများကိုပဲ ပြန်ဖြေဖြစ်သည်။

ထို့နောက်  အားလုံးကိုနှုတ်ဆက်ကာ သည်းငယ်ထိုင်နေသည့်နေရာစီသို့ဦးတည်ထွက်ခဲ့၏။ သူ၏ အလှုပ်ရှားအမှုအစုံကိုစောင့်ကြည့်နေကြသူများက သည်းငယ်ကိုလည်းရှာဖွေတွေ့ရှိသွား၍ တစတစဖြင့် ဝိုင်းအုံလာကြ၏။ ထို့ကြောင့် ဖေဖေ့ PA အကူအညီနှင့် လူအုပ်ကြားမှသည်းငယ်ကိုဆွဲထုတ်လာ၍ ဝတ်ထားသည့် Coat အင်္ကျီကို ချွတ်ကာ သည်းငယ်၏ခေါင်းမှစ၍ လွှမ်းခြုံပေးလိုက်သည်။

လမ်းတစ်လျှောက် သူကပဲထိန်းခေါ်လာကာ ဖေ့ဖေ့ရုံးခန်းထဲသို့ရောက်မှ ခြုံပေးထားသည့် Coat ကိုဖယ်ရှားပေးလိုက်၏။

" ဘယ်အချိန်ကရောက်လာတာလဲ "

သျှင်းထက်၏မျက်နှာပေါ်မှချွေးစများကိုသုတ်ပေးရင်းဖြင့် မျက်မှောင်ကြီးကြုတ်၍ဆိုလာတော့ ..

" မစခင်လောက်က နဲနဲလေးကပ်ပြီးရောက်လာတာ "

ဟု လက်ညှိုးကိုလက်မဖြင့်ဖိကာ မျက်နှာချိုသွေး၍ဖြေသံအဆုံးဆတ်ခနဲသူ့ကိုရင်ခွင်ထဲဆွဲထည့်လိုက်၍ တင်းကျပ်စွာသိုင်းဖက်လာတော့သည်။

" ဘာလို့လာတာလဲဗျာ .. မောင်ကသည်းငယ်ကိုထိခိုက်မှာစိုးလို့ ခေါ်မလာတာ "

သျှင်းထက်ကိုသိုင်းဖက်ထားသည့် မောင့်ရဲ့ကျောပြင်လေးကို ပုတ်လိုက်ကာ...

" ငါလည်း မင်းထိခိုက်မှာစိတ်ပူလို့ မင်းကိုတစ်ခြားသူတွေအပြစ်တင်မှာကြောက်လို့  "

ဖက်ထားသည့်လက်တွေက ပို၍တင်းကျပ်လာကာ ဆံစပ်နားလေးကို နူးနူးညံ့ညံ့ဖိကပ်နမ်းလာ၏။ တကယ့်ကို နူးနူးညံ့ညံ့လေးပင်။ ပြီးနောက် သူ၏ပခုံးပေါ်ခေါင်းမှောက်ချ၍ ဖက်ထားသည့်လက်များကို ခါးသို့နေရာပြောင်းရွေ့၏။ တဖြည်းဖြည်း စိုစွတ်လာသည့်အထိအတွေ့ကြောင့် မောင့်မျက်နှာကိုဆွဲယူမောင့်ကြည့်လိုက်၏။

ထင်သည့်အတိုင်း မောင်ငိုနေတာဖြစ်သည်။

"  ဘာလို့ငိုတာလဲ မောင် "

" မသိဘူး မောင်ဝမ်းနည်းလာလို့ "

ကျောပြင်လေးကိုသာခပ်ဖွဖွပုတ်ပေးလိုက်ပြီး စီးကျနေသည့်မျက်ရည်များကို လက်မနှင့်ဖိသုတ်ပေးလိုက်၏။

မျက်နှာပေါ်ပြေးလွှားနေသည့်လက်အစုံကို တားဆီးစုပ်ကိုင်ကာ သင်္ချေ၏ပခုံးအပေါ်တင်ပေးလိုက်၏။ ထိုနောက် ခါးသွယ်သွယ်လေးကို တင်းတင်းကျပ်ကျပ်ဖက်ကာ နှုတ်ခမ်းပါးလေးပေါ် ဖိကပ်နမ်းလိုက်၏။

ချိုလွန်းသည်...။ သူ့ကိုပြုစားနိုင်လွန်း၏...။ အစိတ်အပိုင်းတစ်ခုစီတိုင်းက သူ့အတွက် မြတ်နိုးစရာအပြည့်...။

အဟမ်း!!..မိနစ်အနည်းအငယ်ကြာပြီးနောက် မောင့်ဖေဖေ၏ချောင်းဟန့်သံကြီးထွက်ပေါ်လာ၏။ထိုအခါမှ ခန္ဓာကိုယ်နှစ်ခုကိုဖယ်ခွာလိုက်ကာ သျှင်းထက်ကတော့ ရှက်ကိုးရှက်ကန်းဖြစ်သွားရ၏။ ဘယ်သူကလဲ နမ်းနေတဲ့အချိန် ယောက္ခထီးမိရင် မရှက်ပဲနေမှာလဲ။

ဟောဟဲ ဟောဟဲဖြစ်နေသည့် သမက်ဖြစ်သူကိုကြည့်ပြီး ထွန်းလင်းခေါင်းရမ်းလိုက်သည်။ သူသာဝင်မလာရင် ဆေးရုံပြေးပြီးအောက်ဆီဂျင်ပါပေးရမလားမသိ။

" ချစ်တာလဲချစ်ကြတာပေါ့ ငါ့ရုံခန်းထဲတော့ ရုပ်ရှင်လာမရိုက်ကြနဲ့လေ "

မောင့်ဖေဖေ၏စကားကြောင့် မောင့်လက်မောင်းကြားထဲမျက်နှာကိုမသိမသာဝှက်ထားလိုက်၏။ မျက်နှာပူလိုက်တာ သူ၏မျက်နှာကိုဘာမှာသွားထားရပါ့။

" သားကြီးဂယက်ကြောင့် ရှယ်ယာရှင်တစ်ချို့လည်းထွက်သွားကြပြီ .. သားငယ် Company အခြေအနေကရော "

ဖေဖေမေးမှ မြတ်သူကိုပြေးမြင်မိ၏။ ခုချိန်လောက်ဆို တော်တော်ခေါင်းတောက်နေမှာ။

" PA ကိုအပ်ထားခဲ့တယ် ဖေဖေ "

" အဲ့ရှယ်ယာတွေ ကျွန်တော်ပြန်ယူမယ် "

ခေါင်းမော့ရင်ကော့၍ ကိုယ်လုပ်ရပ်ကိုတာ၀န်ယူသည်ဆိုသည့်ပုံစံဖြင့် တက်ကြွစွာပင်ဆိုသည်။ ထွန်းလင်း၏စိတ်ထဲတော့ ဒီကောင်သူချမ်းသာတာကြွားချင်၍ အတောင်စုံတော့ဖအေကိုခြေရာတိုင်းချင်သည်လို့ပဲမြင်သည်။ မျက်နှာကိုက မချိုမချဉ်နဲ့ .. ။

" အားလုံးက မင်းတို့မောင်နှမအတွက်ပဲကို ဘာပြန်ယူမှာလဲ .. ခုမင်း CEO နေရာလိုချင်တယ်ဆို ငါချက်ချင်းဖယ်ပေးမယ် "

ဖေ့ဖေ့စကားကြောင့် မောင့်မျက်နှာကြီးမဲ့ကျသွား၍ အီလည်လည်ကြီးဖြစ်သွားတော့သည်။ ကြည့်ရတာ YC's CEO လုပ်ရမှာကို အတော်ကြောက်နေပုံပဲ။

" ဖေဖေ့ရဲ့ဖင်ပူတဲ့နေရာမှာ ဖေဖေပဲထိုင် .. သားတော့မထိုင်နိုင်ဘူး "

" ခက်လိုက်တာ .. အဲ့တာဆို ငါသေရင်ဘယ်သူထိုင်မလဲ "

" အလတ်ကြီးရှိသေးတာကို မြေး၊မြစ်တွေရတဲ့ထိလုပ်ကျွေးသွားပါဦးဖေဖေရာ "

ထိုစကားမှာ သူ့သမက်၏မျက်နှာအနည်းအငယ်အရွှင်မပျဖြစ်သွား၏။ ဒီကောင်ကတော့ ကိုယ်စီးတဲ့မြင်းအထီးမသိ၊အမမသိနဲ့စွတ်စပ်ပြောနေတာပဲ။ စိတ်ရှိလက်ရှိအုပ်ထည့်လိုက်ရင်ဖြင့် သူ့မိန်းမစိတ်ဆိုးမှာစိုးလို့သာနော်။

" တယ်..ဒီကောင် "

သူတို့သားဖသုံးဦးမှာ သူ့အမျိုးသမီး၏စေခေါ်မှုကြောင့် နေ့လည်စာမတိုင်ခင်အိမ်သို့အရောက်ပြန်ရ၏။ ခုချိန်သူ၏အမျိုးသမီးလဲ သတင်းကိုတွေ့မြင်သွား၍ မင်္ဂလာရက်တောင်ရွေးပြီးပြီထင်သည်။

သျှင်းထက် Lover Seat မှာဝင်ထိုင်ကာ တိတ်တိတ်ဆိတ်ဆိတ်လိုက်ပါလာ၍ အတွေးယာဉ်ထဲနစ်မြောနေမိ၏။ မောင်ကလေးလေးတွေချစ်တတ်တာ သူသိပါ၏။ ထို့ကြောင့် ခုနကကြားခဲ့သည့်စကားက သူ၏နားထဲကမထွက်သလို ကားမောင်းနေသည့် မောင့်ကိုငေးကြည့်မိရင်လည်း စိတ်ထဲတနုံ့နုံ့။

ထိုကောင်လေးကိုသူပိုင်ဆိုင်ရသည့်အတွက်ဝမ်းသာရ၏။ သိုပေမဲ့ ထိုကောင်လေးမိသားစုအတွက်တရားပါ့မလား။ သူ၏ဖြစ်တည်မှုမှာ ပေးနိုင်သည့်အရာက ချစ်ခြင်းမေတ္တာပဲရှိ၏။

********
အလုအယက်တက်လာသော သတင်းများက သင်္ချေ လုပ်ကိုင်သောဆေးရုံတွင်လည်းပျံနှံ့နေ၏။ ဆေးရုံကန်တင်းတွင်လည်း ထိုသတင်းကိုသာ တီးတိုးတီးတိုးနှင့်ပြောဆိုနေကြ၏။

ခွမ်း!!

တီးတိုးသံများအားလုံးတခဏတိတ်ကျသွားသည်။ ထို့နောက်ပုံမှန်အတိုင်းသာ ပြန်လည်လှုပ်ရှားနေကြ၏။

ခွမ်း!! ခွမ်း!! ခွမ်း!!

ထိုအခါမှာတော့အားလုံး ငြိမ်သက်ကုန်ကြသည်။ မငြိမ်လို့လဲမရ ထိုဆရာဝန်မလေးအပြုအမူက စိတ္တဇပုံစံကြီးနှင့်တူသည်။

" တိတ်တိတ်နေကြစမ်း!! စားစရာမရှိတာမစားကြဘူး .. စောက်စကားပဲများနေကြတာ နားငြီးတယ် "

အားလု့းကိုအော်ဟစ်ပြောဆို၍ ထွက်သွားသည်နောက် တီးတိုးသံများပြန်လည်ထွက်ပေါ်လာ၏။

" ငါတို့က သူ့အတင်းလဲပြောတာမဟုတ်ပဲနဲ့ လာဖြစ်နေတာလဲမသိ "

" သူက Dr.သင်္ချေကိုကြိုက်နေတာလေ Dating ထွက်တုန်းက အမှန်လိုလိုလုပ်နေပြီး ဟိုကငြင်းချလိုက်တာကို ရှက်နေမှာပေါ့"

" တိုးတိုးပြောစမ်းပါဟယ် ဒေါက်တာကို သူကြိုက်နေတဲ့သတင်းသူများစီပျံ့သွားရင် အားလုံးအလုပ်ခံနေရမယ် "

သူမကားထားရှိကာ အပြင်ဘက်သို့ရောက်တော့ စီးကရက်တစ်လ်ိပ်ကိုထုတ်ယူပြီး မီးညှိကာ သောက်လိုက်၏။ တစ်ရှိုက်ရှိုက်လိုက် မှုတ်ထုတ်လိုက်နှင့် အာရုံပြောင်းကာ စိတ်ဖိစီးမှုကိုအနည်းငယ်သက်သာစေ၏။ သူမပုံစံကိုကြည့်ပြီး ဖြတ်သွားဖြတ်လာလူများကလည်း လှည့်ကြည့်လှည့်ကြည့်ဖြင့်တီးတိုးဝေဖန်သွားကြ၏။ အာရုံနောက်လွန်းသဖြင့် ဂျူတီကုတ်ကိုချွတ်လိုက်ပြီး ကားထဲသို့ပစ်ထည့်လိုက်၏။ ထို့နောက် ကားတံခါးကိုမှီကာ စီးကရက်ကိုခဲလျက် စဉ်းစားခန်းဖွင့်နေမိ၏။

အချစ်!! တစ်ခြားသူတွေက ဘယ်လိုအဓိပ္ပါယ်ဖွင့်ဆိုလဲမသိ..။ သူမအတွက်ကတော့ ရယူခြင်းနှင့်ပိုင်ဆိုင်ခြင်းပဲ..။ လိုချင်ရင်ရအောင်ယူမယ်။အကြမ်းနည်းသုံးရရင်သုံးမယ်။ ယုတ်မာရရင်ယုတ်မာမယ်။နောက်ဆုံးကသူမလက်ထဲ လိုချင်တာရောက်လာဖို့ပင်။

အတ္တကြီးတယ်လို့ အဆိုခံရလဲမမူ၊ ရူးမိုက်တယ်လို့ ပြောခံရလဲမဖြုံ ၎င်းအရာများဟာသူမ၏ ပင်ကိုယ်အကျင့်စရိုက်များပင်ဖြစ်သည်။

နောက်ထပ် Plan များကိုတွေးတောရင်း စီးကရက်တစ်လိပ်ပြီးတစ်လိပ်ကုန်ဆုံးသွားသည်။ ထို့နောက် လက်မှနာရီကိုကြည့်ကာ အချိန်ရသေးသည်မို့ ကားကိုထုတ်ယူပြီးမြို့ထဲကားပတ်မောင်းလိုက်သည်။

စိတ်လွှတ်ကိုယ်လွှတ်မိုင်နှုန်းအမြင့်ဆုံးနှင့် မောင်းနှင်ရင်း မီးနီအတော်များများကိုလည်းဖြတ်ကျော်ခဲ့ပြီ။ ထို့ကြောင့် သူမ၏ဒယ်ဒီ့စီကိုဖုန်းဆက်ပြီး နောက်ကပြသနာများကိုဖြေရှင်းပေးဖို့တောင်းဆိုလိုက်သည်။ မောင်းရင်းဖြင့် တစ်နေရာသို့ရောက်တော့ စိတ်ထဲပေါ်လာသည့်ကိစ္စတစ်ခုကိုပြုလုပ်လိုက်၏။

ဒုန်း!! ရပ်ထားသည့်ကားကို ဝင်တိုက်ပြီးနောက် ထိုကားပိုင်ရှင်ဆိုသူ ပြေးလာ၏။ထို့ကြောင့် ကဒ်တစ်ကဒ်ကိုပြစ်ပေးကာ အသစ်ပြန်ဝယ်ခိုင်းလိုက်၏။ သူမကတော့ ကားပေါ်မှဆင်းပြီး ကားနောက်ဖုံးထဲက ဘေစ့်ဘောတုတ်ကိုယူကာ တိုက်မိထားသည့် ကား၏မှန်ကအစစိတ်ရှိလက်ရှိရိုက်ခွဲလိုက်၏။

" ခင်များဘယ်လိုမိန်းကလေးလဲ ဒါကျွန်တော့မွေးနေ့လက်ဆောင်ရထားတာ "

" အဲ့ကဒ်ထဲ BMW တောင်ဝယ်လို့ရတဲ့ပမာဏရှိတယ် မင်းခေါင်းပါမကွဲချင်ရင်နောက်ဆုတ်နေ "

ဘေ့စ်ဘော့ဒုတ်ကိုပြကာကြိမ်းတော့ ထိုကားပိုင်ရှင်ဆိုသူမှာနောက်ဆုတ်သွားသည်။ သူမ စိတ်ကျေနပ်အောင်ရိုက်ခွဲပြီးနောက် ကားလဲအစိတ်စိတ်အမွှာမွှာပိန်လိန်နေပြီ။ ပြီးနောက် ကားစီကိုပြန်သွားကာ ဆေးရုံသို့ပြန်လည်ထွက်လာခဲ့၏။

ဆေးရုံသို့ရောက်တော့ အချိုးမပြေမှုများက စောင့်ကြိုနေကြ၏။ သူမကိုကြည့်ကာ တီးတိုးပြောဆိုနေကြသည့် လူများကိုအကြည့်နှင့်သတိပေးလိုက်ပြီး သူမကတော့ကျော့ကျော့မော့မော့ပဲထွက်လာခဲ့၏။

******
အခန်းတစ်ခုထဲတွင်လူတစ်ဦးစိတ်ပျက်လက်ပျက်ထိုင်နေကာ ပါးစပ်ကလွဲပွစိပွစိရေရွတ်နေ၏။ တစ်ခါ၊တစ်ခါ ခြေကိုဆောင့်ကာ စားပွဲကိုလက်နှင့်လည်းထုတတ်ပါသေး၏။ ထိုသူကတော့အခြားသူမဟုတ်ပါ Light CEO 's PA မြတ်သူပင်။

" အား!! အဖိုးကြီးတွေကလဲတစ်မျိုး၊ CEO ကလဲတစ်မျိုး ငါလဲရူးချင်ပြီ "

မနက်ကတည်းက သူဌေး၏အလုပ်တွေကိုကိုယ်စားလုပ်ပေးနေခဲ့တာ မပြီးသေး သူဌေး၏ပြသနာတစ်ခုကိုဖြေရှင်းပေးရဦးမည်။ ကုလသမ္မဂအတွင်းရေးမှူးတောင် သူ့လောက်အလုပ်ရှုပ်မည်မထင်။ နောက်ပြီး ရှယ်ယာရှင်လူအိုကြီးတွေကလည်း သူများပေါ့ပါကြိုက်ချင်တဲ့လူနဲ့ကြိုက် ယူချင်တဲ့လူနဲ့ယူမှာပေါ့ သူတို့သမက်မတော်ရတိုင်း အပြစ်ပြောဖို့ကြီးပဲ။

စိတ်ညစ်ညစ်နဲ့သာကြံရာမရသည့်အဆုံး အားရပါးရငိုချပြီးသည်နောက် သန့်စင်ခန်းသို့ဝင်ကာမျက်နှာသစ်လိုက်သည်။ မှန်ရှေ့၌သူ့ကိုယ်သူပြန်လိုက်ရသည်နှင့်တစ်ပြိုင်နက် သူကတော့ဒီအလုပ်မှမထွက်လျှင် မိန်းမမရနိုင်တော့သည့်အကြောင်း နားလည်သွားရ၏။

မွှန်းလွှဲချိန်သို့ရောက်တော့ CEO ကိုဖုန်းဆက်ကာ အကြောင်းအရာတစ်ချို့ကိုပြောဆိုပြီးသည်နောက် အရေးပေါ်အစည်းအဝေးခေါ်ဆိုလိုက်သည်။ CEO ၏ ရွေးချယ်မှု အပေါ် Negative အမြင်ရှိသူများကို ချက်ချင်းရှယ်ယာပြန်ထုတ်ပေး၏။ လှုပ်ရှားနေသည့် ရှယ်ယာဈေးအတက်အကျကို ထိန်းချုပ်ထားပေးသူက CEO ၏ ကောင်လေးဖြစ်သလို ရှယ်ယာထွက်ချင်သည့်လူများကို ပြန်အမ်းပေးသည်ကလည်း CEO ကောင်းလေးပင်။ အားကျစရာကောင်းလိုက်တာ...ဒီလိုကျတော့လည်း သူလည်းယောက်ျားယူချင်စိတ်တောင်ဖြစ်လာသလို...။

နှစ်မိနစ်မျှကြာပြီးနောက် ထိုအတွေးကိုသူမောင်းထုတ်လိုက်၏။ ကိုက်ရာဗလပွနှင့် ရုံးတက်ရသည့် CEO ကိုမြင်ဖူးသည်ကြောင့် သူလည်းထိုကဲ့သို့အကိုက်မခံနိုင်ပါ။

စာလုံးပေါင်းမှားလျှင်ပြင်ဖတ်ပေးပါရှင်.. ဖတ်ရတာရောအဆင်ပြေရဲ့လားမသိဘူး ၊ အရှည်ကြီးရေးထားပေးတယ်နော် ><

Zaw

ေနာက္တစ္ေန႕မနက္သို႔ေရာက္ေသာ္ YC ဆက္ခံသူႏွင့္သူ၏တိတ္တိတ္ပုန္းအမ်ိဳးသမီးဆိုသည့္ ေခါင္းစဥ္ျဖင့္သတင္းက နံနက္ခင္းသတင္း၏ ေခါင္းစီးပိုင္းတြင္ထပ္ပါလာ၏။ ပုံထဲ၌ YC ဆက္ခံသူက ကေလးကိုတစ္ဖက္ခ်ီထားကာ တစ္ဖက္မွအမ်ိဳးသမီး၏မ်က္ႏွာကိုဝါးထား၏။ ေရးထားသည့္စာမွာလဲ YC ဆက္ခံသူကကေလးႏွင့္အမ်ိဳးသမီးကိုတာဝန္မယူပဲတိမ္းေရွာင္ေနသည္ေၾကာင့္ အမ်ိဳးသမီးမွ တရားစြဲဆိုထားျခင္း။

ထိုသတင္းေၾကာင့္ YC Group မွ ရွယ္ယာေဈးမ်ားထိုးက်ကာ ရွယ္ယာရွင္မ်ားႏွင့္ အလုပ္သမားအားလုံးကလည္း ဆႏၵျပေနၾက၏။

" ဘယ္လိုလုပ္မလဲ CEO ရွယ္ယာရွင္တစ္ခ်ိဳ႕ကလဲ ႏႈတ္ထြက္ဖို႔ေတာင္းဆိုေနၾကတယ္ "

" ေပးႏႈတ္ထြက္လိုက္ပါ .. ဒီကိစၥကေတာ့ကာယကံရွင္လာရွင္းလိမ့္မယ္ "

PA ထြက္သြားေတာ့ ဒီသတင္းကိုသာျမင္ရင္ သူ၏သားေတာ္ေမာင္ဘယ္လိုျဖစ္သြားမလဲဟုစဥ္းစားမိသည္။ ၎၏အသည္းသက္ညွာကေလး အထင္မလြဲရေအာင္ ေတာ္ေတာ္ပ်ာယာခတ္ေနမွာပဲ။ သား၏ပုံစံကိုေတြးၾကည့္ၿပီး သူ၏ငယ္ဘဝကိုတမ္းတသတိရသည္။ သူ၏အမ်ိဳးသမီးမ်က္ႏွာပ်က္လွ်င္ သူလည္းပဲ ကမၻာပ်က္မတက္ခံစားရသည္ေၾကာင့္ သားကအေဖတူသားပင္။

အကၤ်ီလဲေနရင္း ၾကားလိုက္ရသည့္ Noti သံေၾကာင့္ဖုန္းကိုယူၾကည့္လိုက္သည္။ ေဖေဖထံမွေပးပို႔ထားေသာ Link တစ္ခုျဖစ္ေနကာ ထိုအတြင္းသို႔ဝင္ၾကည့္လိုက္ေတာ့ သေခၤ် သူ႕ကိုယ္သူေတာ္ေတာ္ခ်ီးက်ဴးမိသြားသည္။ လူကသာ ယင္မေတာင္မသန္းဖူးတာ ထြက္လိုက္တဲ့ Rumor ဆိုတာ သူ၏အသက္နဲ႕ညီမွ်ေနၿပီ။

Post တြင္ပါလာေသာပု႔ကိုေသခ်ာၿဖဲၾကည့္လိုက္၍ ပုံထဲကလူကသူဆိုတာေသခ်ာေပမဲ့ သူ႕မွာမိန္းမမရွိတာကလည္းေသခ်ာပါသည္။

ေခါင္းမီးေတာက္ေအာင္စဥ္းစားၿပီးမွ အေဆာက္အဦးနာမည္ကိုျမင္ၿပီး သတိရသည္။ UK မွာေနတုန္းက နယ္ဘက္ကိုအဖြဲ႕လိုက္ဆင္းရင္း အပ်င္းဖ်ားေနသည့္ကေလးေၾကာင့္ ေဆး႐ုံကိုသူကိုယ္တိုင္လိုက္ပို႔ခဲ့ရတာပင္။ သူေတာင္မသိလိုက္ပဲ ဒီပုံေတြကို ဘယ္သူရိုက္ထားတာလဲ။

" သည္းငယ္ သည္းငယ္ သည္းငယ္ "

" ငါ Kitchen ခန္းထဲမွာေလ "

" သည္းငယ္ သတင္းေတြ႕ၿပီးၿပီလား "

" ဘာလဲ! "

" ဒီမွာေလ ဒါေပမဲ့ .. အဲ့တာကတကယ္မဟုတ္ဘူးသိလား ေမာင္ရွင္းျပမယ္ "

ေမာင္ကမ္းေပးလာသည့္ Phone ကိုယူလိုက္ၿပီး ေတြ႕ရသည့္သတင္းကိုဖတ္ၾကည့္လိုက္သည္။ ထို႔ေနာက္ ေမာင္ဘက္ကိုလွည့္ကာေျပာဟုေမးဆတ္ျပလိုက္သည္။

" အဲ့တာ လြန္ခဲ့တဲ့သုံးႏွစ္တုန္းက ကြင္းဆင္းရင္း အသဲအသန္ျဖစ္ေနတဲ့ လူနာေတြ႕လို႔ ေမာင္ကိုယ္တိုင္ေဆး႐ုံလိုက္ပို႔ရတာ။ အေမတစ္ခုသားတစ္ခုဘေဝလ သူတို႔အေဖက စစ္ထဲမွာက်သြားတာ။ သည္းငယ္မယုံရင္ အဲ့တုန္းကတူတူသြားခဲ့တဲ့သူငယ္ခ်င္းေတြကို ေမးလို႔ရတယ္ "

သွ်င္းထက္အထင္လြဲမွာေၾကာက္လို႔ အသဲအသန္ရွင္းျပေနရွာသည္။ သူအရင္ကတည္းက ေမာင့္ရဲ႕ေနာက္ေၾကာင္းအားလုံးကိုစုံစမ္းသိရွိၿပီးသားပါ။ သိုေပမဲ့ ရီခ်င္စိတ္ကို အတင္းၿမိဳသိပ္ကာ ႐ုပ္တည္ထားလိုက္ၿပီး ေမာင္ကို႔စူးစူးစိုက္စိုက္ၾကည့္လိုက္၏။

" တစ္ခုေတာင္မၿပီးေသးဘူး .. တစ္ခုကစလာျပန္ၿပီ ဘယ္လိုရွင္းမွာလဲ "

သူ၏လက္ဆြဲအိတ္ထဲက Ipad ကိုထုတ္ယူကာ ရွယ္ယာေဈးကြက္ကိုၾကည့္လိုက္ၿပီး ေမာင့္ကိုျပလိုက္၏။ YC ၏ရွယ္ယာအတက္အက်ကိဳဂ႐ုေတာင္စိုက္ပုံမရ၊ တစ္ခ်က္မွ်သာၾကည့္၍ သွ်င္းထက္ကိုပဲ အာ႐ုံစိုက္သည္။

" ေမာင္ ဒီေန႕အကုန္ရွင္းမယ္လို႔ဆုံးျဖတ္ၿပီးသား အကယ္လို႔ ေမာင္တို႔အေၾကာင္းေျပာဖို႔ျဖစ္လာခဲ့ရင္ ေမာင္ထုတ္ေျပာလိုက္မယ္ေနာ္ "

သွ်င္းထက္၏လက္ေမာင္းကိုဆတ္ခနဲဆြဲဖက္၍ မ်က္ႏွာေခ်ာေခ်ာျဖင့္ကပ္ထားသည္။ ခႏၶာကိုယ္ႀကီးနဲ႕မွမလိုက္ ခြၽဲဆိုေနပုံက ဝက္ေပါက္ကေလး နို႔ဆာလို႔အီေနသလိုပင္။

" အသိေပးတာလား ခြင့္ေတာင္းတာလား "

" ႏွစ္ခုလုံးပဲ "

သွ်င္းထက္မ်က္ခုံးမ်ားပင့္သြား၍ ေသာက္လက္စေခ်ာက္လက္ခါက္ကို လက္စသတ္ကာ လက္ဆြဲအိတ္ကို ဆြဲယူလိုက္သည္။

" မင္းသေဘာပဲေလ ငါသြားေတာ့မယ္ .. ျမတ္သူကိုလာႀကိဳထားခိုင္းလို႔ "

စကားဆုံးသည္ႏွင့္ Kitchen ခန္းထဲမွထြက္ခဲ့လိုက္သည္။ တံခါးဝသို႔ေရာက္ေတာ့ ငူငူႀကီးထိုင္က်န္ေနခဲ့သည့္ေမာင့္ကို လွမ္းေအာ္လိုက္သည္။

" ဒီေန႕ကိစၥအားလုံးမရွင္းခဲ့ရင္ မင္းငါ့အသားကိုတစ္လလာမထိနဲ႕! "

သွ်င္းထက္၏စကားကထိေရာက္ပုံရသည္ ေမာင့္မွာ ခ်က္ခ်င္းသတိ၀င္လာသလိုျဖစ္၍ လက္သီးလက္ေမာင္းမ်ားတန္းကာ ေပ်ာ္ေတာ့သည္။

အမိန့္ဆန္သည့္သံစူးစူးေၾကာင့္ သေခၤ်အသိဝင္လာရၿပီ။ သည္းငယ္ကသူတို႔ႏွစ္ေယာက္ကိစၥကိုထုတ္ေျပာခြင့္ျပဳလိုက္တာေပါ့။ ေလထဲ၌ လက္သီးလက္ေမာင္းမ်ားတန္း၍ အားရပါးရေပ်ာ္ၿပီးသည္ေနာက္ ေနာက္ဆက္တြဲစကားကိုသတိရ၏။ ထိုစကားကေတာ့ သူ႕ကိုကိုင္လႈပ္နိုင္စြမ္းရွိသည္။ အေနာက္ေနထြက္ခ်င္ထြက္မယ္ သေခၤ်တိဳ႕ သည္းငယ္ကိုအသားမယူပဲမေနနိုင္။

Company ကိုေရာက္ေတာ့ ျမတ္သူကစာရင္းတစ္ထပ္ကိုခ်ေပးလာသည္။ ထို႔ေနာက္အျပင္ကိုျပန္ထြက္သြားၿပီး ဖိုင္တြဲတစ္ထပ္ကိုထပ္ယူလာျပန္သည္။

" ျမတ္သူ "

" ဟုတ္.."

" အလုပ္ေတြကပုံလွခ်ည္လား "

" မပုံခ်င္ရင္ ခနခနမပ်က္နဲ႕ေလ .. အရင္တုန္းကဆိုအလုပ္မွန္ဆုေတာင္ရတဲ့လူက ရီးစားရၿပီးမွ ခနခနပ်က္လြန္းတယ္ "

ေျပာသည့္သေဘာက သွ်င္းထက္ကခုမွရီးစားထားဖူးမွန္းသိသာလွသည္ေပါ့။ အံမယ္ ဒင္းက သွ်င္းထက္ကို မသက္မသာပုံစံနဲ႕ ေစြၿပီးေတာင္ၾကည့္လိုက္ေသး။

" ဘာလဲ မင္းကမနာလိုေနတာလား "

" ဟုတ္တယ္! ကိုသွ်င္းထက္ကအလုပ္ေတြပဲ ဖိခိုင္းေနေတာ့ ကြၽန္ေတာ့ေကာင္မေလးကသူ႕ကိုအခ်ိန္မေပးဘူးဆိုၿပီးဖ်က္သြားတာ .. ခုဆိုေနာက္တစ္ေယာက္ေတာင္ရေနၿပီ "

သွ်င္းထက္မွာျပန္ေျပာစရာစကားေတာင္မရွိေတာ့ေပ .. စကားအသြားအလာအရဆို ဒီေကာင္တစ္လ၊ႏွစ္လပဲထားလိုက္ရတယ္ထင္တယ္ .. သနားေတာင္သနားမိသြားသည္။

" မင္းရီးစားရွိတာ ငါလဲမသိရပါလား "

" ေမးလို႔လား .. အလုပ္ပဲဖိခိုင္းေနၿပီးေတာ့ ငိုခ်င္လာၿပီ "

တကယ္ႀကီးငိုခ်လာတာေၾကာင့္ သွ်င္းထက္ဘာလုပ္ရမွန္းမသိပါ။ ဝေအာင္သာငိုပါေစဆိုၿပီး အလိုက္တသိလႊတ္ထားေပးလိုက္၏။

" ကိုသွ်င္းထက္ အသဲႏွလုံးမရွိတဲ့လူ .. လစာသာမေကာင္းရင္အလုပ္ထြက္ျပစ္တယ္ "

ငို႐ုံျဖင့္အားမရ သွ်င္းထက္ကိုလက္ညွိုးတထိုးထိုးျဖင့္အျပစ္ဖို႔ေတာ့သည္။ ေနရင္းထိုင္ရင္း ကိုယ့္မွာသူမ်ားခ်စ္ျခင္းခြဲတဲ့လူလုံးလုံးကိုျဖစ္လို႔။

" စိတ္ေလ်ာ့ပါကိုယ္ေတာ္ရယ္ .. ႏွပ္ေခ်းေတြလဲထြက္ေနၿပီ ႐ုပ္ဆိုးလိုက္တာ "

" ဟင့္! တကယ္လား "

မ်က္ရည္မ်ားကိုသုတ္ျပစ္ၿပီး အခန္းထဲမွထြက္သြားမွ သွ်င္းထက္လည္းေလပူမႈတ္ထုတ္လိုက္ေတာ့သည္။ ရီခ်င္ေပမဲ့မရီရဲ သူေျပာသလိုကိုယ့္အျပစ္မွမကင္းတာ။ ထိုအခ်ိန္၌ ေမာင့္ထံမွဖုန္းဝင္လာသည္ေၾကာင့္ ကိုင္လိုက္၏။

" ........... "

" ဖြင့္ၾကည့္လိုက္မယ္ "

Media တစ္ခုကိုဖြင့္ကာ သတင္းစာရွင္းလင္းပြဲကိုေစာင့္ၾကည့္လိုက္၏။ ထို႔ေနာက္ ျမတ္သူျပန္ဝင္လာ၍ သွ်င္းထက္၏ေရွ႕၌ရပ္ကာ ဆတ္ခနဲခါးကိုၫႊတ္သည္။

" ခုနက ေတာင္းပန္ပါတယ္ ကိုသွ်င္းထက္ .. အလုပ္ကလဲပိ ရီးစားကလဲျပစ္သြားေတာ့ ဝမ္းနည္းသြားလို႔ပါ "

" ရပါတယ္ တစ္ခုခုဆို ရင္ဖြင့္ေပါ့ .. မင္းကငါ့ညီေလးလိုပါပဲ "

" ေက်းဇူးတင္ပါတယ္ .. ဒီေန႕ေတာ့လက္မွတ္ေတြအၿပီးထိုးေပးေနာ္ "

ျမတ္သူ မ်က္ႏွာကိုအတတ္နိုင္ဆုံးငယ္လိုက္၍ သနားစဖြယ္ေကာင္းသည့္ဟန္ျဖင့္ ေတာင္းေတာင္းပန္ပန္ႏွင့္ဆိုလိုက္၏။ မေတာင္းပန္လို႔လဲမရ .. လပတ္အစည္းအေဝးကိုေတာင္ သူနဲ႕ပဲႏွစ္ပါးသြားခိုင္ေနလို႔ ရွယ္ယာရွင္ေတြကပြစိပြစိလုပ္ေနၾကၿပီ။

ျမတ္သူထြက္သြားေတာ့ သွ်င္းထက္၏ Office ထဲသို႔ မင္းခိုက္ႏွင့္ျပည့္ျပည့္ကအတူယွဥ္တြဲ၍၀င္လာသည္။ ႏွစ္ဦးသား Couple Rings ေတြဘာေတြနဲ႕ အရမ္းကို Romantic ဆန္ေနၾကပါလား။

" ဖိတ္စာလာဖိတ္တာ "

သွ်င္းထက္၏ေရွ႕သို႔ေရာက္လာေသာ အျပာႏုေရာင္ ဖိတ္စာကဒ္ေလးကိုဖြင့္ဖတ္ၾကည့္လိုက္သည္။ ဒီေကာင္ေတြ ေစာက္ႂကြားထူၿပီး အျမႇီးရွည္ရွည္ေတြပါထည့္လို႔။

" တကူးတက လာဖိတ္ေနရေသးတယ္ .. မဖိတ္လဲတက္ၿပီး ေကာင္းခ်ီးေပးမွာပါ "

" ေကာင္းခ်ီးမလိုဘူး လက္ဖြဲ႕ပဲယူလာ "

ပက္ခနဲထြက္လာသည့္စကားေၾကာင့္ သွ်င္းထက္ကမဲ့႐ြဲ႕သြားေပမဲ့ ျပည့္ျပည့္၏အမ်ိဳးသားေပါ့ အဲ့လိုေခၚရမွာလား .. မင္းခိုက္ကေတာ့ ခ်စ္စနိုးအၾကည့္ေလးနဲ႕ၿပဳံးတုံးတုံးလုပ္ကာ တစိမ့္စိမ့္ကိုၾကည့္ေနရွာသည္။ ရင္ထဲေအာင့္သက္သက္ျဖင့္ခံစားလိုက္ရ၍ေနရင္းထိုင္းရင္းကိုယ့္ Company ကိုယ္ေနတာေတာင္ ေခြးစာတနင့္တပိုးစားလိုက္ရသည့္အတြက္မေက်နပ္။

" တစ္ျခားလူေတြကိုဖိတ္ရဦးမယ္မလား .. သြားၾကေတာ့ေလ "

အျမင္ကပ္စြာ ျမန္ျမန္ျပန္ေလေကာင္းေလဆိုသည့္ေစတနာျဖင့္ ေမာင္းထုတ္သည္ကိုျပည့္ျပည့္ကသေဘာေပါက္ေပမဲ့ မင္းခိုက္ဆိုသည့္ငနဲသားေလးက အရစ္ေက်ာရွည္ေနေသးသည္။

" ဪ .. ကိုသွ်င္းထက္ သေခၤ့်သတင္းေတြကအမွားေတြသိလား .. သူ႕နဲ႕ကြၽန္ေတာ္ကငယ္ငယ္ထဲကလည္ပင္းဖက္ေပါင္းခဲ့တာ .. သူ႕မွာရီးစားဆိုရင္မူးလို႔ရႉစရာေတာင္မရွိတာ .. မိန္းမဆိုေဝးေသး "

ေမာင့္အေၾကာင္းျဖစ္ေနသျဖင့္ သကာရည္ဖိတ္က်ထားသည့္အၿပဳံးျဖင့္ ..

" အကို သူ႕ကိုယုံပါတယ္ "

" သေခၤ်က အရမ္းကံေကာင္းတာပဲ .. နားလည္ယုံၾကည္ေပးတဲ့လူကို ရထားတာ "

ထိုစကားကို သွ်င္းထက္ေခါင္းပဲၿငိမ့္ျပလိုက္၏။

" ေပါင္ေပါင္ကလဲ ကိုကိုကပိုၿပီးနားလည္ေပးတာပါ .. သူနားလည္ေပးတယ္ဆိုတာ ကိုကို႔မမွီေသးဘူး "

" ဟုတ္တာေပါ့! ေပါင့္ေပါင့္ကိုကိုအေကာင္းဆုံး "

မမွီမကမ္းအရပ္ႏွင့္ မင္းခိုက္၏ပါးကိုဆြဲညွစ္ေနသည့္ျမင္ကြင္းေၾကာင့္ ပစ္ေပါက္စရာ ပစၥည္းတစ္ခုရွာလိုက္သည္။ ဖိုင္တစ္ထပ္ႏွင့္ ေဘာပင္တစ္ေခ်ာင္းကလြဲၿပီးဘာမွမရွိ အလွပန္းအိုးနဲ႕ပစ္ေပါက္ရင္လဲမျဖစ္။ ထို႔ေၾကာင့္ ....

" ျမန္ျမန္ ထြက္သြားၾကစမ္းပါ!!! "

ထိုႏွစ္ေယာက္ထြက္သြားမွ ထိုးလက္စစာရင္းေတြကိုပိတ္ကာသတင္းစာရွင္းလင္းပြဲ ျပဳလုပ္ရာေနရာသို႔ထြက္ခဲ့လိုက္၏။ Company မွမထြက္ခင္ေနာက္ကျမတ္သူ၏ ပြစိပြစိအသံကိုလည္း ၾကားလိုက္ရပါေသးသည္။

က်န္ခဲ့သည့္ျမတ္သူမွာေတာ့ ငိုမဲ့မဲ့နဲသာ။ ' သူေဌးကတကယ္ႀကီးရက္စက္တာပဲ စာရင္းတစ္ပုံတစ္ပင္နဲ႕သူ႕ကိုထားခဲ့ျပန္ၿပီ ' သူေဌးကိုယ္စားတက္ရမဲ့အစည္းအေဝးမ်ားႏွင့္ လိုက္လည္စစ္ေဆးရမည့္ Projects ကိုေတြးၾကည့္ၿပီး အလုပ္ထြက္ဖို႔ေတာင္စိတ္ကူးမိ၏။

စိတ္ညစ္ညစ္နဲ႕သာေခါင္းကိုကုတ္လိုက္ၿပီး လုပ္စရာရွိသည့္အလုပ္မ်ားကိုအၿပီးသတ္ဖို႔ေတြးလိုက္၏။ ၿပီးလွ်င္ ဌာနအသီးသီးကိုစစ္ေဆးရမည္။ ဟူး!! ကိုသွ်င္းထက္သာသူ႕ေပၚမေကာင္းရင္ အလုပ္ထြက္ၿပီးတာ ဟိုးဘဝထဲကပင္။

******

Media ေပါင္းမ်ားစြာမွ သတင္းေထာက္မ်ားကိုေခၚယူကာ အားလုံးစုံသည္ေနာက္ သူ႕ဘက္မွ ေနရာစတင္ယူလိုက္သည္။ Stage ေပၚတက္၍ လူေပါင္းမ်ားစြာ၏ေရွ႕၌ ရပ္ကာ ..

" ဘာမွမေမးခင္ ဒီေန႕ထြက္တဲ့သတင္းကအမွန္မဟုတ္ေၾကာင္းကို ကြၽန္ေတာ့္ဘက္မွသက္ေသျပနိုင္ပါတယ္။ အဲ့တာေၾကာင့္ ၎သတင္းကိုစတင္ခဲ့တဲ့ Media ကိုလည္း တရားစြဲဆိုသြားဖို႔ျပင္ဆင္ၿပီးသြားပါၿပီ၊ အက်ိဳးဆက္အတြက္ျပင္ဆင္ထားဖို႔အႀကံျပဳခ်င္ပါတယ္ေနာ္ "

Cameras ကိုစူးစိုက္ၾကည့္ကာေျပာလိုက္၍ Projecter ကိုဖြင့္ၿပီး ထိုေန႕ကအတူရွိေနသည့္အမ်ိဳးသမီးႏွင့္ အဖြဲ႕သားမ်ား၏ Video တစ္ခုခ်င္းစီကိုဖြင့္ျပလိုက္၏။

" Hello Everyone ကြၽန္မက ဒီပုံကအမ်ိဳးသမီးပါ ကေလးကေတာ့ကြၽန္မသားေလးေပါ့၊ ဒီကအမ်ိဳးသားနဲ႕ကြၽန္မနဲ႕က ဘာမွသက္ဆိုင္မႈမရွိပါဘူး .. အဲ့ဒီေန႕ကလည္း ကြၽန္မသားေလး အျပင္းဖ်ားလို႔ ဒီကဆရာဝန္ေလးကတာဝန္ယူၿပီး ေဆး႐ုံကိုပို႔ေပးခဲ့တာပါ။ ကြၽန္မတို႔သားမိရဲ႕ေက်းဇူးရွင္သက္သက္ပါ အဲ့ဒီေန႕ကဆရာေလးသာမကူညီခဲ့ရင္ ကြၽန္မသားေလးရဲ႕ႀကီးျပင္းလာပုံေတြကို ကြၽန္မျမင္နိုင္မယ္မထင္ပါဘူး"

Video ဆုံးသြားသည္ေနာက္ သူႏွင့္အတူသြားခဲ့သည့္ အဖြဲ႕သားမ်ား၏ Video ကိုဆက္လက္ဖြင့္ျပလိုက္၏။ အားလုံးၿပီးသြားသည္ေနာက္ ထိုႏွစ္ကြင္းဆင္းတုန္းက အမွတ္တရရိုက္ကူးထားသည့္ ဓာတ္ပုံမထားကိုျပသလိုက္၏။

" ကြၽန္ေတာ့ဘက္က သက္ေသအားလုံးျပၿပီးၿပီမို႔ ေမးလိုရာေမးနိုင္ပါၿပီ "

အခ်ိန္တိုအတြင္း ၎သက္ေသမ်ားရေအာင္ အဆက္အသြယ္ေတာ္ေတာ္မ်ားမ်ားသုံး၍ David ကိုလည္ၿမိဳနင္းမတတ္အကူအညီေတာင္းလိုက္ရတာျဖစ္သည္။

" Video က ပိုက္ဆံေပးၿပီးလုပ္နိုင္တာပဲ .. မဟုတ္လား "

ဦးႏွောက္ရွိေသးသားပဲ သူကပိုက္ဆံေပးရင္ဘာမဆိုလုပ္တဲ့အ႐ုပ္ထင္ေနတာ။ Media နာမည္ကိုမွတ္ထားလိုက္၍ ေမးလာသူ၏ Name Tag ကိုလွမ္းၾကည့္၏။ ထိုမီဒီယာကေတာ့ ေနာက္ေန႕၌ ေဒဝါလီခံရတာမလြဲဧကန္။

" လိပ္စာအျပည့္အစုံေပးလိုက္မွာမို႔ ကိုယ္တိုင္စုံစမ္းခ်င္လဲရပါတယ္ .. ေနာက္ၿပီးပိုေသခ်ာတဲ့ သက္ေသေပးရမယ္ဆိုရင္ ကြၽန္ေတာ္က Gay တစ္ေယာက္ပါ "

စကားဆုံးသည္ႏွင့္တၿပိဳင္နက္ အာေမဋိတ္အသံေပါင္းစုံက အခန္းတြင္းက်ယ္ေလာင္စြာထြက္ေပၚလာေတာ့သည္။ အံဩေနၾကသည့္လူအားလုံးအလယ္၌ သူ႕အားလက္မေထာင္ျပေနေသာ အေမာေျပေလးရွိေန၏။ ခေနာ္ခနဲ႕ျဖင့္ Negative မွတ္ခ်က္မ်ားကို အာ႐ုံမစိုက္နိုင္ပါ .. ကိုယ့္ေ႐ြးခ်ယ္မႈနဲ႕ကိုယ္ျဖစ္သလို သူတို႔လည္းသူတို႔၏ေတြးေခၚနိုင္စြမ္းနဲ႕သူတို႔ေပ။

" အဲ့တာဆို ဟိုတစ္ေန႕က Dating ထြက္တာကလဲတကယ္မဟုတ္ဘူးေပါ့ "

" Gay ဆိုကတည္းက အေျဖကရွင္းေနၿပီေလ "

" Light CEO ဇီရာသွ်င္းထက္နဲ႕ကေရာ ဘယ္လိုပတ္သတ္တာလဲရွင္ "

သေခၤ်ေစာင့္ေနတာ ထိုေမးခြန္းျဖစ္သည္.. ေမးပါ့မလား .. ေမးပါ့မလားနဲ႕စိုးရိမ္ေနတာ ခုမွအလုံးက်ေတာ့သည္။ သေခၤ်က ေဖေဖ့ကိုတစ္ခ်က္ၾကည့္၍ သည္းငယ္ကိုလည္းလွမ္းၾကည့္လိုက္၏။ ထို႔ေနာက္ တဒိတ္ဒိတ္ခုန္ျမည္ေနသည့္ႏွလုံးခုန္သံမ်ားႏွင့္ လႈပ္ရွားေနသည့္စိတ္အစုံကိုထိန္းခ်ဳပ္ကာ..

" CEO ဇီရာသွ်င္းထက္က ကြၽန္ေတာ့္အပိုင္ေလ "

ေျပာၿပီးမွ ကိုယ့္ကိုကိုယ္ ဆန္းစစ္ၾကည့္သည္ .. ကြၽန္ေတာ့္အပိုင္ေလဆိုသည့္စကားကိုေျပာမိသည့္အခါ၌ ကမၻာတစ္ခုလုံးအားအပိုင္စားရသလိုခံစားလိုက္ရ၍ သူ၏ဘ၀တစ္ေလွ်ာက္လုံး၌ ယခုခါေလာက္ သူ႕ကိုယ္သူတစ္ခါမွဂုဏ္မယူဖူးေပ။

အသဲယားစြာ ေအာ္ဟစ္ေနၾကသည့္ Company ဝန္ထမ္း မိန္းကေလးမ်ား၏ေအာ္သံႀကီးက မေပ်ာက္ေသးေပ။ ေဖေဖ့၏ PA ကအစအိႏၵျေဆယ္မရေအာင္ ခုန္ဆြဆြျဖင့္ေအာ္ဟစ္ေနေတာ့သည္။ ေနာက္ထပ္ေမးလာသည့္ ေမးခြန္းမ်ားစြာထဲမွ ေျဖခ်င္သည့္ေမးခြန္းမ်ားကိုပဲ ျပန္ေျဖျဖစ္သည္။

ထို႔ေနာက္ အားလုံးကိုႏႈတ္ဆက္ကာ သည္းငယ္ထိုင္ေနသည့္ေနရာစီသို႔ဦးတည္ထြက္ခဲ့၏။ သူ၏ အလႈပ္ရွားအမႈအစုံကိုေစာင့္ၾကည့္ေနၾကသူမ်ားက သည္းငယ္ကိုလည္းရွာေဖြေတြ႕ရွိသြား၍ တစတစျဖင့္ ဝိုင္းအုံလာၾက၏။ ထို႔ေၾကာင့္ ေဖေဖ့ PA အကူအညီႏွင့္ လူအုပ္ၾကားမွသည္းငယ္ကိုဆြဲထုတ္လာ၍ ဝတ္ထားသည့္ Coat အကၤ်ီကို ခြၽတ္ကာ သည္းငယ္၏ေခါင္းမွစ၍ လႊမ္းၿခဳံေပးလိုက္သည္။

လမ္းတစ္ေလွ်ာက္ သူကပဲထိန္းေခၚလာကာ ေဖ့ေဖ့႐ုံးခန္းထဲသို႔ေရာက္မွ ၿခဳံေပးထားသည့္ Coat ကိုဖယ္ရွားေပးလိုက္၏။

" ဘယ္အခ်ိန္ကေရာက္လာတာလဲ "

သွ်င္းထက္၏မ်က္ႏွာေပၚမွေခြၽးစမ်ားကိုသုတ္ေပးရင္းျဖင့္ မ်က္ေမွာင္ႀကီးၾကဳတ္၍ဆိုလာေတာ့ ..

" မစခင္ေလာက္က နဲနဲေလးကပ္ၿပီးေရာက္လာတာ "

ဟု လက္ညွိုးကိုလက္မျဖင့္ဖိကာ မ်က္ႏွာခ်ိဳေသြး၍ေျဖသံအဆုံးဆတ္ခနဲသူ႕ကိုရင္ခြင္ထဲဆြဲထည့္လိုက္၍ တင္းက်ပ္စြာသိုင္းဖက္လာေတာ့သည္။

" ဘာလို႔လာတာလဲဗ်ာ .. ေမာင္ကသည္းငယ္ကိုထိခိုက္မွာစိုးလို႔ ေခၚမလာတာ "

သွ်င္းထက္ကိုသိုင္းဖက္ထားသည့္ ေမာင့္ရဲ႕ေက်ာျပင္ေလးကို ပုတ္လိုက္ကာ...

" ငါလည္း မင္းထိခိုက္မွာစိတ္ပူလို႔ မင္းကိုတစ္ျခားသူေတြအျပစ္တင္မွာေၾကာက္လို႔ "

ဖက္ထားသည့္လက္ေတြက ပို၍တင္းက်ပ္လာကာ ဆံစပ္နားေလးကို ႏူးႏူးညံ့ညံ့ဖိကပ္နမ္းလာ၏။ တကယ့္ကို ႏူးႏူးညံ့ညံ့ေလးပင္။ ၿပီးေနာက္ သူ၏ပခုံးေပၚေခါင္းေမွာက္ခ်၍ ဖက္ထားသည့္လက္မ်ားကို ခါးသို႔ေနရာေျပာင္းေ႐ြ႕၏။ တျဖည္းျဖည္း စိုစြတ္လာသည့္အထိအေတြ႕ေၾကာင့္ ေမာင့္မ်က္ႏွာကိုဆြဲယူေမာင့္ၾကည့္လိုက္၏။

ထင္သည့္အတိုင္း ေမာင္ငိုေနတာျဖစ္သည္။

" ဘာလို႔ငိုတာလဲ ေမာင္ "

" မသိဘူး ေမာင္ဝမ္းနည္းလာလို႔ "

ေက်ာျပင္ေလးကိုသာခပ္ဖြဖြပုတ္ေပးလိုက္ၿပီး စီးက်ေနသည့္မ်က္ရည္မ်ားကို လက္မႏွင့္ဖိသုတ္ေပးလိုက္၏။

မ်က္ႏွာေပၚေျပးလႊားေနသည့္လက္အစုံကို တားဆီးစုပ္ကိုင္ကာ သေခၤ်၏ပခုံးအေပၚတင္ေပးလိုက္၏။ ထိုေနာက္ ခါးသြယ္သြယ္ေလးကို တင္းတင္းက်ပ္က်ပ္ဖက္ကာ ႏႈတ္ခမ္းပါးေလးေပၚ ဖိကပ္နမ္းလိုက္၏။

ခ်ိဳလြန္းသည္...။ သူ႕ကိုျပဳစားနိုင္လြန္း၏...။ အစိတ္အပိုင္းတစ္ခုစီတိုင္းက သူ႕အတြက္ ျမတ္နိုးစရာအျပည့္...။

အဟမ္း!!..မိနစ္အနည္းအငယ္ၾကာၿပီးေနာက္ ေမာင့္ေဖေဖ၏ေခ်ာင္းဟန႔္သံႀကီးထြက္ေပၚလာ၏။ထိုအခါမွ ခႏၶာကိုယ္ႏွစ္ခုကိုဖယ္ခြာလိုက္ကာ သွ်င္းထက္ကေတာ့ ရွက္ကိုးရွက္ကန္းျဖစ္သြားရ၏။ ဘယ္သူကလဲ နမ္းေနတဲ့အခ်ိန္ ေယာကၡထီးမိရင္ မရွက္ပဲေနမွာလဲ။

ေဟာဟဲ ေဟာဟဲျဖစ္ေနသည့္ သမက္ျဖစ္သူကိုၾကည့္ၿပီး ထြန္းလင္းေခါင္းရမ္းလိုက္သည္။ သူသာဝင္မလာရင္ ေဆး႐ုံေျပးၿပီးေအာက္ဆီဂ်င္ပါေပးရမလားမသိ။

" ခ်စ္တာလဲခ်စ္ၾကတာေပါ့ ငါ့႐ုံခန္းထဲေတာ့ ႐ုပ္ရွင္လာမရိုက္ၾကနဲ႕ေလ "

ေမာင့္ေဖေဖ၏စကားေၾကာင့္ ေမာင့္လက္ေမာင္းၾကားထဲမ်က္ႏွာကိုမသိမသာဝွက္ထားလိုက္၏။ မ်က္ႏွာပူလိုက္တာ သူ၏မ်က္ႏွာကိုဘာမွာသြားထားရပါ့။

" သားႀကီးဂယက္ေၾကာင့္ ရွယ္ယာရွင္တစ္ခ်ိဳ႕လည္းထြက္သြားၾကၿပီ .. သားငယ္ Company အေျခအေနကေရာ "

ေဖေဖေမးမွ ျမတ္သူကိုေျပးျမင္မိ၏။ ခုခ်ိန္ေလာက္ဆို ေတာ္ေတာ္ေခါင္းေတာက္ေနမွာ။

" PA ကိုအပ္ထားခဲ့တယ္ ေဖေဖ "

" အဲ့ရွယ္ယာေတြ ကြၽန္ေတာ္ျပန္ယူမယ္ "

ေခါင္းေမာ့ရင္ေကာ့၍ ကိုယ္လုပ္ရပ္ကိုတာ၀န္ယူသည္ဆိုသည့္ပုံစံျဖင့္ တက္ႂကြစြာပင္ဆိုသည္။ ထြန္းလင္း၏စိတ္ထဲေတာ့ ဒီေကာင္သူခ်မ္းသာတာႂကြားခ်င္၍ အေတာင္စုံေတာ့ဖေအကိုေျခရာတိုင္းခ်င္သည္လို႔ပဲျမင္သည္။ မ်က္ႏွာကိုက မခ်ိဳမခ်ဥ္နဲ႕ .. ။

" အားလုံးက မင္းတို႔ေမာင္ႏွမအတြက္ပဲကို ဘာျပန္ယူမွာလဲ .. ခုမင္း CEO ေနရာလိုခ်င္တယ္ဆို ငါခ်က္ခ်င္းဖယ္ေပးမယ္ "

ေဖ့ေဖ့စကားေၾကာင့္ ေမာင့္မ်က္ႏွာႀကီးမဲ့က်သြား၍ အီလည္လည္ႀကီးျဖစ္သြားေတာ့သည္။ ၾကည့္ရတာ YC's CEO လုပ္ရမွာကို အေတာ္ေၾကာက္ေနပုံပဲ။

" ေဖေဖ့ရဲ႕ဖင္ပူတဲ့ေနရာမွာ ေဖေဖပဲထိုင္ .. သားေတာ့မထိုင္နိုင္ဘူး "

" ခက္လိုက္တာ .. အဲ့တာဆို ငါေသရင္ဘယ္သူထိုင္မလဲ "

" အလတ္ႀကီးရွိေသးတာကို ေျမး၊ျမစ္ေတြရတဲ့ထိလုပ္ေကြၽးသြားပါဦးေဖေဖရာ "

ထိုစကားမွာ သူ႕သမက္၏မ်က္ႏွာအနည္းအငယ္အ႐ႊင္မပ်ျဖစ္သြား၏။ ဒီေကာင္ကေတာ့ ကိုယ္စီးတဲ့ျမင္းအထီးမသိ၊အမမသိနဲ႕စြတ္စပ္ေျပာေနတာပဲ။ စိတ္ရွိလက္ရွိအုပ္ထည့္လိုက္ရင္ျဖင့္ သူ႕မိန္းမစိတ္ဆိုးမွာစိုးလို႔သာေနာ္။

" တယ္..ဒီေကာင္ "

သူတို႔သားဖသုံးဦးမွာ သူ႕အမ်ိဳးသမီး၏ေစေခၚမႈေၾကာင့္ ေန႕လည္စာမတိုင္ခင္အိမ္သို႔အေရာက္ျပန္ရ၏။ ခုခ်ိန္သူ၏အမ်ိဳးသမီးလဲ သတင္းကိုေတြ႕ျမင္သြား၍ မဂၤလာရက္ေတာင္ေ႐ြးၿပီးၿပီထင္သည္။

သွ်င္းထက္ Lover Seat မွာဝင္ထိုင္ကာ တိတ္တိတ္ဆိတ္ဆိတ္လိုက္ပါလာ၍ အေတြးယာဥ္ထဲနစ္ေျမာေနမိ၏။ ေမာင္ကေလးေလးေတြခ်စ္တတ္တာ သူသိပါ၏။ ထို႔ေၾကာင့္ ခုနကၾကားခဲ့သည့္စကားက သူ၏နားထဲကမထြက္သလို ကားေမာင္းေနသည့္ ေမာင့္ကိုေငးၾကည့္မိရင္လည္း စိတ္ထဲတႏုံ႕ႏုံ႕။

ထိုေကာင္ေလးကိုသူပိုင္ဆိုင္ရသည့္အတြက္ဝမ္းသာရ၏။ သိုေပမဲ့ ထိုေကာင္ေလးမိသားစုအတြက္တရားပါ့မလား။ သူ၏ျဖစ္တည္မႈမွာ ေပးနိုင္သည့္အရာက ခ်စ္ျခင္းေမတၱာပဲရွိ၏။

********
အလုအယက္တက္လာေသာ သတင္းမ်ားက သေခၤ် လုပ္ကိုင္ေသာေဆး႐ုံတြင္လည္းပ်ံႏွံ႕ေန၏။ ေဆး႐ုံကန္တင္းတြင္လည္း ထိုသတင္းကိုသာ တီးတိုးတီးတိုးႏွင့္ေျပာဆိုေနၾက၏။

ခြမ္း!!

တီးတိုးသံမ်ားအားလုံးတခဏတိတ္က်သြားသည္။ ထို႔ေနာက္ပုံမွန္အတိုင္းသာ ျပန္လည္လႈပ္ရွားေနၾက၏။

ခြမ္း!! ခြမ္း!! ခြမ္း!!

ထိုအခါမွာေတာ့အားလုံး ၿငိမ္သက္ကုန္ၾကသည္။ မၿငိမ္လို႔လဲမရ ထိုဆရာဝန္မေလးအျပဳအမူက စိတၱဇပုံစံႀကီးႏွင့္တူသည္။

" တိတ္တိတ္ေနၾကစမ္း!! စားစရာမရွိတာမစားၾကဘူး .. ေစာက္စကားပဲမ်ားေနၾကတာ နားၿငီးတယ္ "

အားလု႔းကိုေအာ္ဟစ္ေျပာဆို၍ ထြက္သြားသည္ေနာက္ တီးတိုးသံမ်ားျပန္လည္ထြက္ေပၚလာ၏။

" ငါတို႔က သူ႕အတင္းလဲေျပာတာမဟုတ္ပဲနဲ႕ လာျဖစ္ေနတာလဲမသိ "

" သူက Dr.သေခၤ်ကိဳႀကိဳက္ေနတာေလ Dating ထြက္တုန္းက အမွန္လိုလိုလုပ္ေနၿပီး ဟိုကျငင္းခ်လိဳက္တာကို ရွက္ေနမွာေပါ့"

" တိုးတိုးေျပာစမ္းပါဟယ္ ေဒါက္တာကို သူႀကိဳက္ေနတဲ့သတင္းသူမ်ားစီပ်ံ့သြားရင္ အားလုံးအလုပ္ခံေနရမယ္ "

သူမကားထားရွိကာ အျပင္ဘက္သို႔ေရာက္ေတာ့ စီးကရက်တစ်လ်ိပ်ကိုထုတ်ယူပြီး မီးညွိကာ ေသာက္လိုက္၏။ တစ္ရွိုက္ရွိုက္လိုက္ မႈတ္ထုတ္လိုက္ႏွင့္ အာ႐ုံေျပာင္းကာ စိတ္ဖိစီးမႈကိုအနည္းငယ္သက္သာေစ၏။ သူမပုံစံကိုၾကည့္ၿပီး ျဖတ္သြားျဖတ္လာလူမ်ားကလည္း လွည့္ၾကည့္လွည့္ၾကည့္ျဖင့္တီးတိုးေဝဖန္သြားၾက၏။ အာ႐ုံေနာက္လြန္းသျဖင့္ ဂ်ဴတီကုတ္ကိုခြၽတ္လိုက္ၿပီး ကားထဲသို႔ပစ္ထည့္လိုက္၏။ ထို႔ေနာက္ ကားတံခါးကိုမွီကာ စီးကရက္ကိုခဲလ်က္ စဥ္းစားခန္းဖြင့္ေနမိ၏။

အခ်စ္!! တစ္ျခားသူေတြက ဘယ်လိုအဓိပ္ပါယ်ဖွင့်ဆိုလဲမသိ..။ သူမအတြက္ကေတာ့ ရယူျခင္းႏွင့္ပိုင္ဆိုင္ျခင္းပဲ..။ လိုခ်င္ရင္ရေအာင္ယူမယ္။အၾကမ္းနည္းသုံးရရင္သုံးမယ္။ ယုတ္မာရရင္ယုတ္မာမယ္။ေနာက္ဆုံးကသူမလက္ထဲ လိုခ်င္တာေရာက္လာဖို႔ပင္။

အတၱႀကီးတယ္လို႔ အဆိုခံရလဲမမူ၊ ႐ူးမိုက္တယ္လို႔ ေျပာခံရလဲမၿဖဳံ ၎အရာမ်ားဟာသူမ၏ ပင္ကိုယ္အက်င့္စရိုက္မ်ားပင္ျဖစ္သည္။

ေနာက္ထပ္ Plan မ်ားကိုေတြးေတာရင္း စီးကရက္တစ္လိပ္ၿပီးတစ္လိပ္ကုန္ဆုံးသြားသည္။ ထို႔ေနာက္ လက္မွနာရီကိုၾကည့္ကာ အခ်ိန္ရေသးသည္မို႔ ကားကိုထုတ္ယူၿပီးၿမိဳ႕ထဲကားပတ္ေမာင္းလိုက္သည္။

စိတ္လႊတ္ကိုယ္လႊတ္မိုင္ႏႈန္းအျမင့္ဆုံးႏွင့္ ေမာင္းႏွင္ရင္း မီးနီအေတာ္မ်ားမ်ားကိုလည္းျဖတ္ေက်ာ္ခဲ့ၿပီ။ ထို႔ေၾကာင့္ သူမ၏ဒယ္ဒီ့စီကိုဖုန္းဆက္ၿပီး ေနာက္ကျပသနာမ်ားကိုေျဖရွင္းေပးဖို႔ေတာင္းဆိုလိုက္သည္။ ေမာင္းရင္းျဖင့္ တစ္ေနရာသို႔ေရာက္ေတာ့ စိတ္ထဲေပၚလာသည့္ကိစၥတစ္ခုကိုျပဳလုပ္လိုက္၏။

ဒုန္း!! ရပ္ထားသည့္ကားကို ဝင္တိုက္ၿပီးေနာက္ ထိုကားပိုင္ရွင္ဆိုသူ ေျပးလာ၏။ထို႔ေၾကာင့္ ကဒ္တစ္ကဒ္ကိုျပစ္ေပးကာ အသစ္ျပန္ဝယ္ခိုင္းလိုက္၏။ သူမကေတာ့ ကားေပၚမွဆင္းၿပီး ကားေနာက္ဖုံးထဲက ေဘစ့္ေဘာတုတ္ကိုယူကာ တိုက္မိထားသည့္ ကား၏မွန္ကအစစိတ္ရွိလက္ရွိရိုက္ခြဲလိုက္၏။

" ခင္မ်ားဘယ္လိုမိန္းကေလးလဲ ဒါကြၽန္ေတာ့ေမြးေန႕လက္ေဆာင္ရထားတာ "

" အဲ့ကဒ္ထဲ BMW ေတာင္ဝယ္လို႔ရတဲ့ပမာဏရွိတယ္ မင္းေခါင္းပါမကြဲခ်င္ရင္ေနာက္ဆုတ္ေန "

ေဘ့စ္ေဘာ့ဒုတ္ကိုျပကာႀကိမ္းေတာ့ ထိုကားပိုင္ရွင္ဆိုသူမွာေနာက္ဆုတ္သြားသည္။ သူမ စိတ္ေက်နပ္ေအာင္ရိုက္ခြဲၿပီးေနာက္ ကားလဲအစိတ္စိတ္အမႊာမႊာပိန္လိန္ေနၿပီ။ ၿပီးေနာက္ ကားစီကိုျပန္သြားကာ ေဆး႐ုံသို႔ျပန္လည္ထြက္လာခဲ့၏။

ေဆး႐ုံသို႔ေရာက္ေတာ့ အခ်ိဳးမေျပမႈမ်ားက ေစာင့္ႀကိဳေနၾက၏။ သူမကိုၾကည့္ကာ တီးတိုးေျပာဆိုေနၾကသည့္ လူမ်ားကိုအၾကည့္ႏွင့္သတိေပးလိုက္ၿပီး သူမကေတာ့ေက်ာ့ေက်ာ့ေမာ့ေမာ့ပဲထြက္လာခဲ့၏။

******
အခန္းတစ္ခုထဲတြင္လူတစ္ဦးစိတ္ပ်က္လက္ပ်က္ထိုင္ေနကာ ပါးစပ္ကလြဲပြစိပြစိေရ႐ြတ္ေန၏။ တစ္ခါ၊တစ္ခါ ေျခကိုေဆာင့္ကာ စားပြဲကိုလက္ႏွင့္လည္းထုတတ္ပါေသး၏။ ထိုသူကေတာ့အျခားသူမဟုတ္ပါ Light CEO 's PA ျမတ္သူပင္။

" အား!! အဖိုးႀကီးေတြကလဲတစ္မ်ိဳး၊ CEO ကလဲတစ္မ်ိဳး ငါလဲ႐ူးခ်င္ၿပီ "

မနက္ကတည္းက သူေဌး၏အလုပ္ေတြကိုကိုယ္စားလုပ္ေပးေနခဲ့တာ မၿပီးေသး သူေဌး၏ျပသနာတစ္ခုကိုေျဖရွင္းေပးရဦးမည္။ ကုလသမၼဂအတြင္းေရးမႉးေတာင္ သူ႕ေလာက္အလုပ္ရႈပ္မည္မထင္။ ေနာက္ၿပီး ရွယ္ယာရွင္လူအိုႀကီးေတြကလည္း သူမ်ားေပါ့ပါႀကိဳက္ခ်င္တဲ့လူနဲ႕ႀကိဳက္ ယူခ်င္တဲ့လူနဲ႕ယူမွာေပါ့ သူတို႔သမက္မေတာ္ရတိုင္း အျပစ္ေျပာဖို႔ႀကီးပဲ။

စိတ္ညစ္ညစ္နဲ႕သာႀကံရာမရသည့္အဆုံး အားရပါးရငိုခ်ၿပီးသည္ေနာက္ သန႔္စင္ခန္းသို႔ဝင္ကာမ်က္ႏွာသစ္လိုက္သည္။ မွန္ေရွ႕၌သူ႕ကိုယ္သူျပန္လိုက္ရသည္ႏွင့္တစ္ၿပိဳင္နက္ သူကေတာ့ဒီအလုပ္မွမထြက္လွ်င္ မိန္းမမရနိုင္ေတာ့သည့္အေၾကာင္း နားလည္သြားရ၏။

မႊန္းလႊဲခ်ိန္သို႔ေရာက္ေတာ့ CEO ကိုဖုန္းဆက္ကာ အေၾကာင္းအရာတစ္ခ်ိဳ႕ကိုေျပာဆိုၿပီးသည္ေနာက္ အေရးေပၚအစည္းအေဝးေခၚဆိုလိုက္သည္။ CEO ၏ ေ႐ြးခ်ယ္မႈ အေပၚ Negative အျမင္ရွိသူမ်ားကို ခ်က္ခ်င္းရွယ္ယာျပန္ထုတ္ေပး၏။လႈပ္ရွားေနသည့္ ရွယ္ယာေဈးအတက္အက်ကိဳ ထိန္းခ်ဳပ္ထားေပးသူက CEO ၏ ေကာင္ေလးျဖစ္သလို ရွယ္ယာထြက္ခ်င္သည့္လူမ်ားကို ျပန္အမ္းေပးသည္ကလည္း CEO ေကာင္းေလးပင္။ အားက်စရာေကာင္းလိုက္တာ...ဒီလိုက်ေတာ့လည္း သူလည္းေယာက္်ားယူခ်င္စိတ္ေတာင္ျဖစ္လာသလို...။

ႏွစ္မိနစ္မွ်ၾကာၿပီးေနာက္ ထိုအေတြးကိုသူေမာင္းထုတ္လိုက္၏။ ကိုက္ရာဗလပြႏွင့္ ႐ုံးတက္ရသည့္ CEO ကိုျမင္ဖူးသည္ေၾကာင့္ သူလည္းထိုကဲ့သို႔အကိုက္မခံနိုင္ပါ။

စာလုံးေပါင္းမွားလွ်င္ျပင္ဖတ္ေပးပါရွင္.. ဖတ္ရတာေရာအဆင္ေျပရဲ႕လားမသိဘူး ၊ အရွည္ႀကီးေရးထားေပးတယ္ေနာ္ ><

Continue Reading

You'll Also Like

1.4M 186K 155
အမျိုးသားကိုယ်ဝန်ဆောင် "ကော"များပါဝင်သည်။ အမ်ိဳးသားကိုယ္ဝန္ေဆာင္ "ေကာ"မ်ားပါဝင္သည္။
25.3K 1.1K 20
(ကျွန်တော်မှမဟုတ်ရင် ဦးနစ် လက်ထပ်ဖို့ စိတ်မကူးနဲ့ ) ငြိမ်ငြိမ်လေးနဲ့ သွားတဲ့ fic တွေကို ကြိုက်တာမို့ အားမရရင် ဆော်ရီးပါနော်။စိတ်ကူးယှဉ်ဇာတ်လမ်းလေး တစ...
304K 16.1K 22
လျှန်းရှိုးသီဟိုရ် [Seme] မုဏ်း မင်းကအရမ်း မြန်မာကား ဆန်တယ်...။ မုဏ်းလွန်ကြိုး [Uke] ဒီဇာတ်လမ်းမှာ ငါကမုဏ်းမို့မို့အေးဘဲ! #ချမ်းချမ်း ‌ လ်ွန္းရိႈး...
2.6M 167K 48
စဝ်ဈာန်မင်းမဟာမြတ်_ဒီနိုင်ငံရဲ့ ဥပဒေကို ငါပဲ ထိန်းချုပ်ထားတာ ! ခွန်းအလင်္ကာမှူး_မင်းဟာမင်း ဘာကြီးပဲ ထိန်းချုပ်ထိန်းချုပ် ငါ့ကို ထိန်းချုပ်လို့ ရမယ် မ...