အသိုက်ထဲက ဆည်းလည်းလေး [COMPLE...
By Archer_Ruhira
165K 12.6K 214
ကလေးမယူဘဲ နှစ်ယောက်တည်း သီးသန့်ကမ္ဘာလေးမှာ အသားကျနေတဲ့ သူတို့။ သူတို့ ဘဝထဲကိုမှ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်ရှ... More
ပဏာမနိဒါန်း
(၁)
(၂)
(၃)
(၄)
(၅)
(၆)
(၇)
(၈)
(၉)
(၁၀)
(၁၁)
(၁၂)
(၁၃)
(၁၄)
(၁၅)
(၁၆)
(၁၇)
(၁၈)
(၁၉)
(၂၀)
(၂၁)
(၂၂)
(၂၃)
(၂၄)
(၂၅)
(၂၆)
(၂၇)
(၂၈)
(၂၉)
(၃၀)
(၃၁)
(၃၂)
(၃၃)
(၃၄)
(၃၅) Final Part
Ruhira's Note
HELLO
ပဏာမနိဒါန်း (Zawgyi)
1. Zawgyi
2. Zawgyi
3. Zawgyi
4. Zawgyi
5. Zawgyi
6. Zawgyi
7. Zawgyi
8. Zawgyi
9. Zawgyi
10. Zawgyi
11. Zawgyi
12. Zawgyi
13. Zawgyi
14. Zawgyi
15. Zawgyi
16. Zawgyi
17. Zawgyi
18. Zawgyi
19. Zawgyi
20. Zawgyi
21. Zawgyi
22. Zawgyi
23. Zawgyi
24. Zawgyi
25. Zawgyi
26. Zawgyi
27. Zawgyi
28. Zawgyi
29. Zawgyi
30. Zawgyi
31. Zawgyi
32. Zawgyi
33. Zawgyi
35. Zawgyi (Final part)
Extra-1 (U&Z)
Extra-2 (U&Z)
💕Wedding Photo (Art)💕
34. Zawgyi
222 14 0
By Archer_Ruhira
သူ့ စာအရှည်ကြီးကို ပထမဆုံး မှတ်ချက်ပေးလာသူကတော့ လိုင်းပေါ်မှာ သုခေတ်ကို အမိအရစောင့်နေသည့် သူ့ရဲ့ official fanclub ဖြစ်သည်။
'အစ်ကို ပျော်ရွှင်တယ်ဆို ရပြီ   personal life လေးက အေးချမ်းပြီး partner က နားလည်မှု အပြည့်အဝပေးနိုင်တယ်ဆိုတာ သိလိုက်ပြီမလို့ ကျန်တာ ဘာမှ မလိုတော့ဘူး come out လုပ်ဖို့အတွက် အစ်ကို့ကို တွေဝေစေတာက ဘာပဲဖြစ်ဖြစ် အစ်ကို့ဘက်မှာ ရပ်တည်ပေးမယ့် fan တွေရှိတယ်ဆိုတဲ့ ယုံကြည်မှုကို မပေးနိုင်ခဲ့တဲ့ ကိုယ်တွေကြောင့်လည်း ပါတာမလို့ အပြစ်မတင်တော့ဘူးနော် အရင်နှစ်တွေက လစ်ဟင်းခဲ့တာတွေအတွက် ရှေ့လျှောက် အများကြီး support ပေးသွားပါ့မယ်  '
အဲ့နောက်မှာတော့ react အများဆုံးရတဲ့ comment တွေက...
'ကျမလည်း ဘာမှ မပြောတော့ဘူးနော် ဆရာကတော်ရေ '
'ဒီကလေးအဖေကို ဆူချင်ပေမယ့် မနက်ဖြန် သူ့ယောက်ျား စစ်မယ့် tutorial အတွက် စာမရသေးဘူး '
ထို post ကို မြင်တော့ ရှယ်လီလည်း မနေနိုင်စွာ ဝင်ရေးမိသည်။
'ဒါကြီးက တောင်းပန်စာလား ခံဝန်လား လင်ချစ်ကြောင်း ဋိကာလား '
ရှယ်လီရဲ့ comment အောက်မှာ Square Root တစ်ဖွဲ့လုံးအပြင် အခြား ရင်းနှီးတဲ့သူတွေကပါ ဝင်ပြီး ခွိတော့သည်။
Aggr Oo : စာအရှည်ကြီး ဖတ်လိုက်ပေမယ့် ရည်းစားလိုချင်သွားတာကလွဲရင် ဘာမှ မခံစားလိုက်ရဘူး
Moe Thet Zann : ပေးချင်တဲ့ message က ဘာလဲ ?
Zwe Khant Ko : @Moe Thet Zann သူအရမ်း အချစ်ခံရပြီးတော့ တစ်လောကလုံးကို မေ့၊ နှစ်ယောက်တည်း တစ်ကမ္ဘာဖြစ်နေမိလို့ ယောက်ျားယူထားတဲ့ အကြောင်းကို အခုမှ လူသိရှင်ကြားထုတ်ပြောရတာတဲ့
လျှန်းညီက သူတို့ အားလုံးရဲ့ comment တွေကို haha တန်းစီပေးသွားတယ်။
သူတို့ မသိလိုက်တာက post ပိုင်ရှင်သည်လည်း သူ့ ယောက်ျား ရင်ခွင်ထဲကနေ သူတို့ မှတ်ချက်တွေကို ဖတ်ပြီး အူလိမ့်အောင် ရယ်နေတယ်ဆိုတာကိုပင်။
_____
တနင်္ဂနွနေ့...
မြတ်မင်းခက အဖိုးအဖွားတွေ အိမ်ကိုသွားတဲ့ လမ်းတစ်လျှောက်လုံးကို အလွတ်ရနေပြီ။ ကားပေါ်မှာထိုင်နေရင်းတောင် လက်ညှိုး တထိုးထိုးနဲ့ ဘယ်ကွေ့ ညာကွေ့ဆိုတာကို အမှားအယွင်းမရှိပြောနိုင်သည်။
ဒီနေ့ မနက်အစောကြီး ဘုန်းမြတ်ဖြိုးသည် ဝီရိယကောင်းစွာဖြင့် ဈေးသွားပြီး အသီးအနှံတော်တော်များများကို ဝယ်ထားသည်။ ယောက္ခမအိမ်ကို လက်ဆောင်ပေးဖို့ ဖြစ်၏။
သူတို့ ညနေစောင်းလောက် ကတည်းက အိမ်ကထွက်လာတာမလို့ ရောက်တော့ သိပ်မမှောင်သေးပေ။
ကားရပ်တာနဲ့ မြတ်မင်းခက ကားပေါ်ကနေ ဦးစွာဆင်းသွားပြီး ခြံထဲမှာ လမ်းလျှောက်နေသည့် အဖိုးဆီ တန်းပြေးသွားသည်။
"အရပ်ကြီးရှည်လာပါလားကွာ ငါ့မြေးက နောက်နှစ်ကျရင် အဖိုး ခါးလောက်ရောက်တော့မယ်ထင်တယ် "
"သားက ဖေကြီးလောက် အရှည်ကြီး ဖြစ်အောင်လုပ်မှာ "
ဦးမင်းစည်သူက သားအဖသုံးယောက်ကို အိမ်ထဲကို ခေါ်လာသည်။
မြတ်မင်းခကတော့ ဆော့နေကျ အရုပ်တွေကို ဟိုဟိုဒီဒီကနေ ပြန်ရှာကာ အလုပ်ရှုပ်နေ၏။ သုခေတ်နဲ့ ဘုန်းမြတ်ဖြိုးသာ ကလေးနဲ့ ပတ်သတ်ပြီး ဦးမင်းစည်သူ မေးသမျှကို ဒိုင်ခံဖြေနေရသည်။
"မင်းတို့ ထိန်းရတာ အဆင်မပြေရင် စုနွယ်ကို အချိန်မရွေးခေါ်နော် ကလေးကို မျက်ကွယ်မထားနဲ့ "
"ဟုတ်ကဲ့ "
"သတင်းတွေ ငြိမ်သွားရင် ကလေးကို ခေါ်ပြီး ပျော်ပွဲစားထွက်တာတို့ ခရီးထွက်တာတို့ လုပ်လေ ဒီအရွယ်က အပြင်ထွက်ရတာသိပ်ကြိုက်တာ "
"ပြီးခဲ့တဲ့ ပိတ်ရက်ကတင် သားတို့ ခရီးထွက်ခဲ့သေးတယ် "
"ဟုတ်လား " ဦးမင်းစည်သူသည် ဘုန်းမြတ်ဖြိုးက ကလေးကို ခရီးရှည်ခေါ်သွားဖို့ အထိ စိတ်ရှည်နိုင်လိမ့်မယ်လို့ မထင်ခဲ့။
"ဟုတ်တယ် အဖေ့ကို ပုံတွေ ပို့လိုက်မယ် ကြည့်ကြည့် "
မြတ်မင်းခ တစ်ယောက်တည်း ရိုက်ထားတဲ့ ပုံတွေရော မိသားစုလိုက် ရိုက်ထားတဲ့ ပုံတွေရော အားလုံးကို ကြည့်ပြီး ဦးမင်းစည်သူ ခေါင်း တညှိမ့်ညှိမ့်ဖြင့် ကျေနပ်နေသည်။
ထို့နောက် ပုံတွေကို သူ့ ဇနီးဖြစ်သူဆီကိုပါ တစ်ဆင့် ပို့ပေးလိုက်သည်။
ထမင်းစားပွဲဝိုင်းက ဟင်းအမယ်တွေကို ကြည့်ပြီး သုခေတ် သူ့အမေကို ခဏခဏပြန်ကြည့်မိနေသည်။
ဒီဟင်းတွေ အကုန်လုံး သူ့အမေချက်တာဆိုရင် တစ်နေကုန် မီးဖိုချောင်ထဲက ထွက်ရမှာမဟုတ်ဘူး။
သူ့အမေလို လူမျိုးက မီးဖိုချောင်ထဲ ဝင်ဖို့ရှားသလို ဒီလို စားပွဲအပြည့် ချက်ဖို့ဆိုတာကလည်း ကြုံတောင့် ကြုံခဲဖြစ်သည်။
သုခေတ် ဟင်းတွေကို တစ်ပွဲပြီး တစ်ပွဲ မြည်းကြည့်၏။
အရသာကတော့ သူ့အမေလက်ရာသေချာပါတယ် ဆိုင်က မှာထားတာ လုံးဝ မဟုတ်ဘူး။
"နင် ချည်းစားမနေနဲ့ ဘုန်းမြတ်ဖြိုးကိုလည်း ထည့်ပေးလေ "ဒေါ်မေသူနှင်းက သုခေတ်ရဲ့ လက်ကို ပုတ်လိုက်သေးသည်။
သုခေတ်လည်း ဘုန်းမြတ်ဖြိုး ကြိုက်တတ်ရာတွေကို ရွေးထည့်ပေး၏။
မြတ်မင်းခကတော့ အဖွားနှင့် အဖိုးကြားက ခုံတွင်ထိုင်ကာ ဟင်းခွက်နှိုက်စရာ မလိုအောင် အထူးအခွင့်အရေးကို ခံစားနေသည်။
ထမင်းစားပြီးတော့ ဦးမင်းစည်သူက အပေါ်ထပ် ဝရံတာမှာ အရက်သောက်ဖို့ သူတို့ နှစ်ယောက်ကို ခေါ်၏။
သုခေတ် လူမှန်း သိတတ်ကတည်းက အဖေဖြစ်သူနဲ့ အတူ တစ်ဝိုင်းတည်း မသောက်ဖူးပေ။
သူရော ဘုန်းမြတ်ဖြိုးရော စိမ်းသက်နေသည့် အနေအထားမှာရှိနေ၏။
"အဖေ ကျွန်တော်တို့ သောက်လို့ ဖြစ်မယ်မထင်ဘူး အပြန်ခါ ကားမောင်းရဦးမှာ "
"ဒီမှာပဲ အိပ်လိုက်တော့ မင်း အခန်းကို ပြန်ပြင်ပေးထားတယ် ကုတင်ကလည်း နှစ်ယောက်အိပ်လို့ ရတာပဲဟာ "
အဲ့တော့လည်း ခွက်ထဲ ငှဲ့ပေးသမျှ အကုန်မော့ရုံကလွဲပြီး ဘာများတတ်နိုင်ဦးမှာလဲ။
"သူ့ကို အများကြီး မတိုက်နဲ့ အဖေ မနက်ဖြန် အလုပ်သွားရမှာမလို့ "
"တစ်ခါတလေလေးကိုကွာ "
သုခေတ်ပြောသော်လည်း ဦးမင်းစည်သူမှာ ရေချိန်ကိုက်လာတာနဲ့ စကားတွေဖောင်ဖွဲ့ပြီး ဘုန်းမြတ်ဖြိုးအား တစ်ခွက်ပြီး တစ်ခွက် တိုက်တော့သည်။
နောက်နေ့မနက်တွင်တော့ ဘုန်းမြတ်ဖြိုးတစ်ယောက် ပထမဆုံး အတန်းချိန်ကို နောက်မကျစဖူးနောက်ကျတော့၏။
ယောက္ခမဆီက အချစ်ခံရဖို့ဆိုတာ မလွယ်ကူပါ။
နောက်ပိုင်းတွင်လည်း ဦးမင်းစည်သူက သူတို့နှစ်ယောက်ကို အရက်သောက်ဖို့ မကြာခဏ အိမ်ကို ခေါ်လေတော့သည်။
_____
မိဘအိမ်နဲ့ အဖိုးအဖွားအိမ်ကို ခွစားရင်း အစားပုတ်လေး ဖြစ်လာတဲ့ နောက်တွင် မြတ်မင်းခသည် အခုဆို မနက်တိုင်း လမ်းလျှောက်နေရသည်။
ချစ်တော့ချစ်တယ် အလိုမလိုက်ဘူးဆိုတဲ့ လူမျိုးဖြစ်သည့် ဘုန်းမြတ်ဖြိုးက စည်းကမ်းသတ်မှတ်ပေးထားတာကြောင့် မြတ်မင်းခ မနက်တိုင်း ခြောက်နာရီခွဲဆို ဖေဖေကြီးနဲ့ အတူ လမ်းလျှောက်ရ၏။
သုခေတ်ကိုတော့ ထိုအချိန်ထခိုင်းဖို့ ဘယ်လိုမှ မဖြစ်နိုင်ပေ။
အလုပ်က အချိန်မမှန်တာကြောင့် ဉာဉ့်နက်တဲ့ အထိ အလုပ်လုပ်ရတဲ့ နေ့တွေဆိုရင် သုခေတ် နေမြင့်တဲ့ အထိ အိပ်လေ့ရှိသည်။
သူ့ ခန္ဓာကိုယ်အတွက်ကိုတော့ ညနေတိုင်း အားကစားတစ်ခုခုလုပ်တဲ့တဲ့ အလေ့အကျင့် မွေးမြူထားသည်။ အကြိုက်ဆုံးက ဘောလုံးကန်တာဆိုပေမယ့်လည်း နောက်ပိုင်းမှာတော့ စက်ဘီးစီးတာနဲ့ ပြေးတာလောက်ပဲလုပ်ဖြစ်တော့တယ်။
အတူကစားပေးနေကျ ဘော်ဒါတွေက အလုပ်ကိုယ်စီနီနဲ့ ဆိုတော့ ဆုံဖြစ်ဖို့ မလွယ်တော့ဘူး။
ဒီနေ့တော့ သုခေတ်ရော ဘုန်းမြတ်ဖြိုးရော အရေးကြီးတဲ့ ပွဲတစ်ခုရှိတာကြောင့် မနက်ခင်း လေ့ကျင့်ခန်းလည်း နားထားသည်။ သုခေတ်လည်း နေမြင့်တဲ့ အထိ အိပ်လို့မရတော့ပေ။
မိုးသက်ဈာန်၏ မင်္ဂလာပွဲကို သူတို့ သုံးယောက်လုံး တက်ရောက်ရမှာဖြစ်သည်။တကယ်ဆိုရင် သာမန်ဧည့်သည်တွေက အစောကြီးသွားဖို့ မလိုအပ်ပေ။
သို့သော် မြတ်မင်းခက ပန်းခြင်းကိုင်ရမှာမလို့ သူတို့ တစ်မိသားစုလုံး စောစောသွားဖို့ ပြင်ဆင်နေရခြင်းဖြစ်သည်။
အရင်တစ်ခါက သုခေတ်ညှပ်လို့ ပုံပျက်သွားတဲ့ မြတ်မင်းခရဲ့ ရှေ့ဆံပင်လေးက ပြန်ရှည်လာပြီ။
ဘုန်းမြတ်ဖြိုးက မြတ်မင်းခရဲ့ဆံပင်လေးတွေကို ဂျယ်လ်ဖြင့် သပ်သပ်ရပ်ရပ်ဖြစ်အောင် ဖြီးသင်ပေးသည်။
Suit အနက်လေးဝတ်ကာ ဆံပင်အားလုံးကို နောက်ကိုလှန်သိမ်းထားတာမလို့ မြတ်မင်းခသည် လူကြီးပေါက်စလေးနဲ့ တူနေသည်။ မျက်လုံးဝိုင်းဝိုင်းနှင့် ပါးဖောင်းဖောင်းလေးမှာ ထင်ပေါ်နေတာကြောင့် ပိုပြီး ချစ်စဖွယ်ကောင်းနေသည်။
"ဖေဖေ ဖေကြီး မြန်မြန်လုပ်လေ နောက်ကျတော့မှာပဲ " အားလုံးအဆင်သင့် ပြင်ဆင်ပြီးတဲ့ မြတ်မင်းခ မင်္ဂလာဆောင်သွားဖို့ တက်ကြွနေတော့သည်။
"ခဏလေးပါ သားရဲ့ ဖေဖေ ရင်ထိုးလေးတပ်ပြီးရင် ပြီးပြီနော် "
ဘုန်းမြတ်ဖြိုးက သုခေတ်ရင်ဘတ်မှာ ရင်ထိုးကို တွယ်ချိတ်ပေးနေရင်း သူ့သား မနိုင်စိန်ကို ရယ်ရင်း ခေါင်းယမ်းမိ၏။
_____
သူတို့ ပွဲကျင်းပမယ့် ဟိုတယ်ကိုရောက်တော့ သတို့သားနဲ့သတို့သမီးတောင် မိတ်ကပ်ပြင်လို့ မပြီးသေးဘူး။
မိုးသက်ဈာန်က သူ့ သူငယ်ချင်း သတို့သားအရံတွေ ပြင်ဆင်ဖို့ နားနေခန်းကို သီးသန့် ပြင်ဆင်ပေးထားတယ်။
မြတ်မင်းခနဲ့ ဖေဖေနှစ်ယောက်လည်း ထိုနားနေခန်းမှာသာ ဝင်ထိုင်လိုက်သည်။
"သားသားက ချောတယ်ကွာ ဒီကိုလာပါဦး သေချာကြည့်ချင်လို့"
"ဆံပင်က သုခေတ်ပြင်ပေးထားတာလား "
သုခေတ် : "မဟုတ်ဘူး သူ့ အဖေပြင်ပေးထားတာ "
ပွဲစဖို့ အချိန်က အများကြီးလိုသေးသည်။ အခန်းထဲက လူကြီးတွေမှာ ခေါင်းအစခြေအဆုံး ပြင်ဆင်ပြီးသားဖြစ်နေသည့် မြတ်မင်းခလေးကို  ပြုံးစိစိနှင့် ကြည့်နေကြတယ်။
သတို့သားအရံက လေးယောက်ဖြစ်ပြီး သုခေတ်နဲ့ သိပ်မရင်းနှီးတဲ့သူဆိုလို့ မိုးသက်ဈာန်၏ ညီဝမ်းကွဲ တစ်ယောက်သာရှိသည်။ ကျန်တဲ့ လူတွေကတော့ အဂ်ဂါဦး၊ ဇွဲခန့်ကို နှင့် လျှန်းညီတို့ပင်။
မိုးသက်ဈာန်ရဲ့ ညီလေးကလည်း ရည်ရည်မွန်မွန်ပင်။ သုခေတ်တို့ကို နှုတ်ဆက်ပြီး အဝတ်အစားလဲကာ သတို့ သမီးအရံလုပ်မည့် သူ့ကောင်မလေးနဲ့ အတူ ပြန်ထွက်သွားသည်။
ခဏနေတော့ ရှယ်လီရောက်လာသည်။
ပေါင်လယ်ထိရှည်သည့်ခရမ်းရောင်ဖျော့ဖျော့ ဂါဝန်က သူမနှင့် လိုက်ဖက်လှသည်။ အခန်းထဲမှာ မျက်နှာသိတွေပဲ ရှိနေတာမလို့ ရှယ်လီက ရောက်တာနဲ့ ဖုန်းကင်မရာဖွင့်ကာ vlog ရိုက်ဖို့ ပြင်တော့သည်။
'ဒါကတော့ Square Rootရဲ့ အဖွဲ့ဝင်တွေ ပြန်လည် ဆုံစည်းနေကြတဲ့ မြင်ကွင်းလေးပဲ ဖြစ်ပါတယ်ရှင် ဘယ်ဘက်အစွန်ဆုံးမှာ စွပ်ကျယ် ဂျိုင်းပြတ်နဲ့ mask ကပ်ပြီး ဖုန်းပွတ်နေတဲ့ သူကတော့ နိုင်ငံကျော် သရုပ်ဆောင် ကိုအဂ္ဂါဦးပါ ကိုအဂ္ဂါဦးရေ ကင္မရာကို ကြည့်ပြီး ပရိတ်သတ်ကို နှုတ်ဆက်လိုက်ပါဦး... အော် မေ့လို့ mask ကပ်ထားတော့ စကားပြောလို့ မရဘူးပဲ ဒီတိုင်း လက်လေးပဲပြလိုက်ပါနော် အိုခေ ဟုတ်ကဲ့ ကျေးဇူးပါရှင့် နောက် တစ်ယောက်ဆီ ဆက်သွားပါ့မယ် "
"သူကတော့ ကျွန်မရဲ့ အချစ်ရဆုံး မောင် ဟဲ ဟဲ မောင်လေးပါနော် လျှန်းညီပါ
နှုတ်ဆက်လိုက်ပါဦး မောင်လေးရေ "
"မင်္ဂလာပါ ခင်ဗျ မင်္ဂလာဆောင်ကို ရောက်နေတဲ့ လျှန်းညီဖြစ်ပါတယ် "
"ဘယ်သူ့ မင်္ဂလာဆောင်လဲ ပြောပါဦး "
"ကိုမိုးသက်ဈာန်ပါ"
"မောင်လေးနဲ့ မမရော ဘယ်တော့ ဆောင်ကြမလဲဟင် "
"အစ်မ အလုပ်တွေ အားတဲ့ တစ်နေ့နေ့ပေါ့ "
ရှယ်လီက တဟီးဟီး ရယ်သည်။
"မထင်ရဘူး သူလည်း flirtတတ်တာပဲ လူဇိုး... ဒါပေမယ့် ကြိုက်တယ်နော် ဟိ ဟိ
ကဲ နောက်တစ်ယောက်ဆီ ဆက်သွားရအောင် "
သူ့ဆီကို ဦးတည်လာတော့မယ့် ရှယ်လီ့ကို မြင်ပြီး ဇွဲခန့်ကိုမှာ ဝါးလက်စ ဖက်ထုပ်ကို အတင်းမျိုချရသည်။
"ခဏလေးနေပါဦး ဒီမှာ စားသောက်နေတာကို "
"သူကတော့ ကျွန်မရဲ့ သူငယ်ချင်းလေး ဇွဲခန့်ကိုပါ အခုတလော သူနဲ့ အရမ်းတွေ အတွဲညီနေတာ နာမည်ကြီး model ဆိုပေမယ့် ရှိန်နေစရာ မလိုဘူးနော် အစားအသောက်လည်း ဂျီးမများဘူး ကြုံတဲ့နေရာမှာ ကြုံသလိုစား ကြုံသလိုအိပ်တတ်တယ် အခုလည်း မျက်နှာက ဘယ်လိုဖြစ် ? အိပ်ရေးရော ဝရဲ့လား "
"ပြောပြမယ်..."
"အေး လုပ်ပါဦး ခဏလေး ဖုန်းထောင်လိုက်ဦးမယ် "
ဇွဲခန့်ကိုက မပြောခင် စားလက်စကို အဆုံးသတ်ကာ ပါးစပ်သုတ်၏။ အားလုံး ကျကျနနဖြစ်တော့မှ...
"Alarm ပေးထားတာက ၇ နာရီပေးထားတာ အဲ့ဒါကို အိမ်က တူမလေးက ဆော့လိုက်တယ်ထင်ပါရဲ့ မနက် ၅ နာရီကြီး ထမြည်ရော အဲ့အထိ မသိသေးဘူး ဟိုကောင် အဂ်ဂါဦး ဖုန်းဆက်ပြီး မင်းတို့ ဘယ်လို ဘယ်အချိန် ထွက်လာမှာလဲ မေးတာကို သကောင့်သားက ပြန်ဖြေတယ် "ငါတို့ ရောက်နေပြီတဲ့ " အဲ့ အထိ နာရီမကြည့်မိသေးဘူး ကားမောင်းလာပြီး ဟိုတယ်ရောက်တော့မှ ဝန်ထမ်းတွေက ကျွန်တော့်ကို ကြောင်ကြည့်နေကြတာ အဲ့တော့မှ နာရီကြည့်လိုက်တော့ ခြောက်နာရီ ဆယ့်ငါးပဲရှိသေးတယ် "
သုခေတ် အဂ်ဂါဦးနဲ့ လျှန်းညီက တဟီးဟီးနဲ့ ထရယ်သည်။
"အဲ့ဒါနဲ့ ဒီမှာ ဆက်အိပ်ပြီး ခုမှ မနက်စာစားနေတယ် ဆိုပါတော့ "
"ဟုတ်တယ် မျက်နှာတောင် ပြီးမှ သစ်မှာ "
"ဟုတ်ကဲ့ ကျေးဇူးပါ ဒီလောက်ပဲရိုက်တော့မယ်နော် ကြာရင် နင့် follower တွေ ကုန်တော့မယ်
ဟာ ဒါလေးက ဘယ်သူလေးလဲ ဟေ့ "
အခန်းထဲက ပစ္စည်းတွေကို လိုက်စပ်စုနေသည့် မြတ်မင်းခက ရှယ်လီ သူ့ဆီကို လာနေတာတွေ့တော့ ရယ်ပြသည်။
"တစ်ခန်းလုံးက ယောက်ျားတွေထဲမှာ ဒီ တစ်ယောက် အချောဆုံးပဲ "
"ဖေဖေနဲ့ ဖေကြီးလည်း ချောတယ် " မြတ်မင်းခက ချက်ချင်း ချေပသည်။
"ဟုတ်ပါပြီ ရှင်လေးတို့ သားအဖတွေ အချောဆုံးပါတော် ဒါနဲ့ သားသားက ဒီနေ့ ဒီမှာ ဘာလုပ်ရမှာလဲ အင်္ကျီလှလှတွေရော ဝတ်ထားတယ်ရော် "
"သားက ပန်းခြင်းကိုင်ပြီး ရှေ့ဆုံးက လျှောက်ရမှာ "
"ဟုတ်လား လေ့ကျင့်ပြီးပြီလား အစမ်း လျှောက်ပြပါဦး "
"ဒီလို...ဒီလို...ဒီလိုလေး  ဖြေးဖြေးချင်း တီးလုံးသံနဲ့ အတူတူလျှောက် ရမှာ "
မြတ်မင်းခက သင်ပေးထားတဲ့ အတိုင်း ရှယ်လီ့ရှေ့မှာပါးစပ်ကနေ တီးလုံးသံကို ရွတ်ရင်း ခြေလှမ်းတိုတိုလေးတွေနဲ့ နှစ်လှမ်းသုံးလှမ်းလှမ်းပြတယ်။
"သားသားက တော်လိုက်တာ သားဖေဖေရော ဘယ်မှာလဲ "
"ဟိုဘက်မှာ သားခေါ်သွားပေးမယ် " မြတ်မင်းခက ရှယ်လီ့လက်ချောင်းလေးတစ်ချောင်းကို သူ့ လက်သေးသေးလေးနဲ့ ဆုပ်ကိုင်ကာ သုခေတ်ဆီခေါ်သွားတယ်။ ရှယ်လီလည်း ကလေးလေးရဲ့ နောက်ကျောသေးသေးလေးကို ကင်မရာနဲ့ အမိအရရိုက်ကူးထားသည်။
Continue Reading
You'll Also Like
1.3M 95.1K 126
credit to original author Shui Qian Cheng. This story belongs to Rosy0513 . I am just a translator. This cover photo is not belong to me.
347K 8.7K 80
"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."
1.1M 57.2K 48