အသိုက်ထဲက ဆည်းလည်းလေး [COMPLE...

By Archer_Ruhira

165K 12.6K 214

ကလေးမယူဘဲ နှစ်ယောက်တည်း သီးသန့်ကမ္ဘာလေးမှာ အသားကျနေတဲ့ သူတို့။ သူတို့ ဘဝထဲကိုမှ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်ရှ... More

ပဏာမနိဒါန်း
(၁)
(၂)
(၃)
(၄)
(၅)
(၆)
(၇)
(၈)
(၉)
(၁၀)
(၁၁)
(၁၂)
(၁၃)
(၁၄)
(၁၅)
(၁၆)
(၁၇)
(၁၈)
(၁၉)
(၂၀)
(၂၁)
(၂၂)
(၂၃)
(၂၄)
(၂၅)
(၂၆)
(၂၇)
(၂၈)
(၂၉)
(၃၀)
(၃၁)
(၃၂)
(၃၃)
(၃၄)
(၃၅) Final Part
Ruhira's Note
HELLO
ပဏာမနိဒါန်း (Zawgyi)
1. Zawgyi
2. Zawgyi
3. Zawgyi
4. Zawgyi
5. Zawgyi
6. Zawgyi
7. Zawgyi
8. Zawgyi
9. Zawgyi
10. Zawgyi
11. Zawgyi
12. Zawgyi
13. Zawgyi
14. Zawgyi
15. Zawgyi
16. Zawgyi
17. Zawgyi
18. Zawgyi
19. Zawgyi
20. Zawgyi
21. Zawgyi
22. Zawgyi
23. Zawgyi
24. Zawgyi
25. Zawgyi
26. Zawgyi
27. Zawgyi
28. Zawgyi
29. Zawgyi
31. Zawgyi
32. Zawgyi
33. Zawgyi
34. Zawgyi
35. Zawgyi (Final part)
Extra-1 (U&Z)
Extra-2 (U&Z)
💕Wedding Photo (Art)💕

30. Zawgyi

178 16 0
By Archer_Ruhira

ဒေါ်မေသူနှင်း ဖုန်းချသွားတာနဲ့ သုခေတ် ချက်ချင်းပဲ လိုင်းပေါ်မှာ ပျံ့သတင်းတွေကို ဖတ်ကြည့်သည်။

ဒီနေ့ သူနဲ့ မြတ်မင်းခရဲ့ ပုံတွေကို အရင်က မုန့်ဆိုင်မှာ ပျံ့သွားတဲ့ က မြတ်မင်းခရဲ့ ပုံတွေနဲ့ ယှဉ်တွဲပြထားကြသည်။

အချို့တွေက ကလေးကို သူ့သားလို့ ယုံကြပေမယ့် အချို့မှာတော့ သို့လော သို့လောတွေးနေကြဆဲဖြစ်သည်။

ဒါ့အပြင် မထင်မှတ်ထားသည့် ကောလဟာလ တစ်ခုကလည်းပေါ်လာပြန်၏။

တကယ်တော့ ထို အချက်သည် ကောလဟာလမဟုတ်သည့် အမှန်တရားပင်ဖြစ်သည်။

လူတစ်ယောက်က
ဘုန်းမြတ်ဖြိုး ***university ရဲ့ farewell ပွဲမှာ မြတ်မင်းခကို ချီပြီး ထားတဲ့ ပုံကိုချပြလာသည်။

တကယ်တော့ post ပိုင်ရှင်က တမင် ခိုးရိုက်ထားတာ မဟုတ်ပေ။

သူတို့ ကျောင်းသူ ကျောင်းသားတွေ group selfie ရိုက်နေသည့် အချိန်မှာ ဘုန်းမြတ်ဖြိုးက မြတ်မင်းခကို ချီပြီး ဖြတ်သွားတာကြောင့် မတော်တဆ ပုံမှာ ပါလာခြင်းသာ။

ဘုန်းမြတ်ဖြိုးရဲ့ မျက်နှာထက် ကလေးရဲ့ မျက်နှာက ပိုထင်ရှားတယ်။ ဒါပေမယ့် Y တက္ကသိုလ်က ဘယ်သူမဆို ကလေးကို ချီထားတဲ့လူရဲ့ ပုံပန်းသွင်ပြင်ကို ကြည့်ပြီး ထိုလူက ဘုန်းမြတ်ဖြိုးဆိုတာကို တပ်အပ် သိနိုင်သည်။

သုခေတ်ရဲ့ နာဗ့်ကြောတစ်ခုလုံး ထုံထိုင်းသွားသည်။ သူ ခန့်မှန်းထားတာက ဒီနေ့ သူနဲ့ မြတ်မင်းခရဲ့ ပုံကိုပဲ လူတွေက အာရုံစိုက်ကြမှာလို့ပင်။

အခု ဘယ်လိုဖြစ်ပြီး ဘုန်းမြတ်ဖြိုးပါ ပါလာရတာလဲ။

သုခေတ် ဘုန်းမြတ်ဖြိုးကို ချက်ချင်း ဖုန်းခေါ်လိုက်သည်။

သူဖုန်းခေါ်မှာကို စောင့် နေသလိုမျိုး တစ်ဖက်က ချက်ချင်း တန်းဖြေလာတယ်။

"အင်း...ပြော "

"ဘုန်းမြတ် မင်း မြင်ပြီးသွားပြီလား "

"မြင်ပြီးသွားပြီ အခု ကားကို ကိုယ်တိုင် မောင်းနေတာလား " ဘုန်းမြတ်ဖြိုးရဲ့ အသံက ပုံမှန် အတိုင်း အေးဆေးသက်သာရှိနေပြီး သုခေတ် ကားမောင်းနေခဲ့ရင် အာရုံများမှာလောက် ပျံ့နှံ့နေတဲ့ ကောလဟာလတွေကို ဂရုမစိုက်သည့် ပုံပင်။

"မမောင်းဘူး ဒရိုင်ဘာမောင်းတာ ဒါနဲ့ ငါ အခု အိမ်ကို မြတ်မင်းခကို ပြန်လာပို့ မလို့
ပြီးတာနဲ့ ကုမ္ပဏီကို တန်းသွားရမှာ  "

"ဟုတ်ပြီ ကိုယ် စောင့်နေမယ် "

အိမ်ရာဝင်းထဲကို ကားဝင်တာနဲ့ အပြင်သွားဖို့ အဝတ်အစားလဲထားတဲ့ ဘုန်းမြတ်ဖြိုးက သူတို့ ကို စောင့်နေတာကိုတွေ့လိုက်ရသည်။

ဘုန်းမြတ်ဖြိုးဘေးမှာ မစုနွယ်လည်းရှိနေ၏။

သူတို့က အိမ်ထဲမှာမနေဘဲ တမင် အပြင်ထွက်ပြီး သုခေတ် အလာကို စောင့်နေပုံပင်။

အိပ်တစ်ဝက် နိုးတစ်ဝက်ဖြစ်နေသည့် မြတ်မင်းခကို မစုနွယ်က ခေါ်သွားတယ်။

ဒီနေ့ဖြစ်တဲ့ ပြဿနာက ဘုန်းမြတ်ဖြိုးပါ ပက်သက်နေတဲ့ အတွက် နှစ်ယောက်လုံး ဘယ်အချိန်မှ အိမ်ပြန်ရောက်မလဲ မသိတာမို့ မစုနွယ်ကို အိမ်မှာ မြတ်မင်းခကို စောင့်ရှောက်ပေးဖို့ ဘုန်းမြတ်ဖြိုးက ခေါ်ထားခြင်းဖြစ်သည်။

ကလေးကို ချကာ ဘုန်းမြတ်ဖြိုးကို ဝင်ခေါ်ပြီးတာနဲ့ ကားက အိမ်ရာဝင်းထဲကနေ အမြန် ထွက်လာသည်။

-----

သာမာန် ဝန်ထမ်းတွေက အလုပ်ဆင်းသွားပြီဖြစ်ပေမယ့် PR department က လူတွေကတော့ ဆက်တိုက်ဝင်လာတဲ့ ဖုန်းခေါ်ဆိုမှုတွေကြောင့် ထိုင်ခုံကနေ မထနိုင်သေးဘူး။

ခေါ်လာသမျှ ဖုန်းတွေ အားလုံးက သုခေတ်နဲ့ အတူ ပွဲတက်လာမယ့်ကလေးအကြောင်းကို မေးကြတဲ့ သတင်းထောက်တွေ ဆီကသာ။

မန်နေဂျာက သူတို့ကို ကားပါကင်ဆီမှ ဥက္ကဌရုံးခန်းကိုတိုက်ရိုက်သွားလို့ရတဲ့ သီးသန့် ဓာတ်လှေကားကနေ ခေါ်ဆောင်သွားတယ်။

လူကြီးပိုင်းထဲက လူနည်းစုသာ အသုံးပြုတဲ့ ဓာတ်လှေကားဖြစ်တာကြောင့် သုခေတ်နဲ့ ဘုန်းမြတ်ဖြိုး ကုမ္ပဏီကို ရောက်လာတာကို အခြား ဘယ်သူမှ မသိနိုင်ဘူး။

"ဝင်သွားပါ အထဲမှာ CEO နဲ့ MD စောင့်နေတယ် "

မန်နေဂျာ မြပွင့်ချယ်က သုခေတ်တို့ကို ရုံးခန်းထဲပို့ပြီး သူမကတော့ အပြင်မှာနေခဲ့တယ်။

သုခေတ်နဲ့ ဘုန်းမြတ်ဖြိုးက အခန်းထဲကို ဝင်လာတယ်။

ဒေါ်မေသူနှင်းက ဘုန်းမြတ်ဖြိုး နောက်က တံခါး ပိတ်သွားတာနဲ့ သုခေတ်ဆီ တရှိန်ထိုး ပြေးပြီး လက်ထဲက ပိုက်ဆံအိတ်နဲ့ ရိုက်တော့တယ်။

"နင်! ကောင်းကျိုးမပေးတဲ့ သားသမီး... ငါ့ကို စိတ်ချမ်းသာမှု တစ်စက်မှ မပေးဘူး ငါ့ကို အဲ့လောက်တောင် သေစေချင်နေတာလား ဟမ် "

ဘုန်းမြတ်ဖြိုးက အလျှင်အမြန်ပဲ သုခေတ်ကို သူ့နောက်သို့ ဆွဲပို့လိုက်တယ်။ အရှိန်နဲ့ ရိုက်နေတဲ့ ဒေါ်မေသူနှင်းရဲ့ ပိုက်ဆံအိတ်က မာကြောသည့်ထောင့်မှာ သုခေတ်ရဲ့ မျက်ခုံးကို ချော်ထိပြီး သွေးစို့လာသည်။

ဒေါသကြောင့် လက်ပါသည့် ဒေါ်မေသူနှင်းကို ဦးမင်းစည်သူက ဝင်ဆွဲကာ ဆိုဖာမှာ ပြန်ထိုင်စေ၏။

သုခေတ် သွေးစို့သွားတဲ့ ဒဏ်ရာကို လက်နဲ့ ထိကြည့်သည်။

တကယ်ကြီး သွေးထွက်သွားတာပဲ။

သူ့ အမေက ဘယ်လောက်ပဲ စိတ်တိုခဲ့ တိုခဲ့ သူ့မျက်နှာကိုတော့ အနာတရဖြစ်အောင် မလုပ်ဖူးဘူး။

ဒါ့အပြင် အခု ဘုန်းမြတ်ဖြိုးရဲ့ ရှေ့မှာ မလို့ သုခေတ် ပူထူသွားတယ်။

ဘယ်လောက်ပဲ ရင်းနှီးတဲ့ ဆက်ဆံရေးပဲ ဖြစ်ဖြစ် သူ့မှာလည်း သိက္ခာရှိသေးသည်။ အိမ်ထောင်ဖက်ရှေ့မှာတော့ ဒီလို ပုံစံမျိုး မမြင်စေချင်ဘူး။

သုခေတ်ရော ဘုန်းမြတ်ဖြိုးရော ဘာစကားမှ မဆိုဘဲ လူကြီးနှစ်ယောက်ရှေ့မှာ ထိုင်နေကြသည်။

"ဒီနေ့ ကိစ္စက မင်းတို့နှစ်ယောက်ရဲ့ တိုင်ပင်ပြီးလုပ်တာလား"

"ဘုန်းမြတ် ဘာမှ မသိဘူး သားဘာသာသား မြတ်မင်းခကို ခေါ်သွားတာ နဂိုကတည်းက စီစဉ်ထားတဲ့ အတိုင်းပဲကလေးကို မကြာ မကြာ ပွဲထုတ်ပြီး သား ကလေးမှန်း သိအောင် ကြေငြာမလို့ ဘုန်းမြတ် ဓာတ်ပုံ ပြန့်သွားတာကတော့မတော်တဆဖြစ်သွားတာ "

ဦးမင်းစည်သူက ကောင်း၏ ဆိုး၏ ဘာမှ ပြောမလာပေ။ သူက သုခေတ်ကိုသာ ဆက်မေးလာ၏။

"အခု ရှေ့လျှောက် ဘယ်လို လုပ်မယ် စဉ်းစားထားလဲ "

"အားလုံး ဖွင့်ပြောလိုက်တော့မယ် "

သုခေတ် ဆုံးဖြတ်ပြီးသွားပြီ။ သူ့ အကြည့်တို့က လုံးဝ ပြတ်သားနေ၏။

"ဘုန်းမြတ်ဖြိုး... မောင်ရင်ရော အဆင်ပြေလား အလုပ်မှာ ဒီကိစ္စကြောင့် အဆင်မပြေတာမျိုး ရှိရင် ဘယ်လိုလုပ်မလဲ "

"ကျွန်တော်က အဆင်ပြေပါတယ် လူ အာရုံစိုက်ခံရတာမျိုးတော့ ရှိလောက်ပေမယ့် အလုပ်ကို ထိခိုက်ရလောက်တဲ့ အထိတော့ မဖြစ်နိုင်ပါဘူး "

"အဲ့ဒါဆိုလည်း မနက်ဖြန်  သတင်းစာရှင်းလင်းပွဲ လုပ်လိုက်တော့မယ် "

"ရှင် ဘာစကားပြောတာလဲ "
ဒေါ်မေသူနှင်းက ဖြတ်ပြောသည်။

"မြတ်မင်းခကို မိသားစုထဲဆွဲသွင်းဖို့ လုံးဝမဖြစ်နိုင်ဘူး ပြီးတော့ သူနဲ့ ဘုန်းမြတ်ဖြိုး လွန်ခဲ့တဲ့ ငါးနှစ်ကတည်းက လက်ထပ်ထားပြီး ကလေးပါ ယူထားတဲ့ အကြောင်း လူတွေသိရင် ရှင့်သား ဒီလောကမှ ဆက်ရပ်တည်လို့ ရပါဦးမလား ရှင် နည်းနည်းပါးပါး စဉ်းစားပါဦး "

"တော်လိုက်တော့ မေသူနှင်း! " ဦးမင်းစည်သူ၏ အသံက ပုံမှန်ထက် သိသိသာသာ ခက်ထန်နေသည်။

"မြတ်မင်းခအပေါ် အားနာစိတ်ရှိရင် မင်းပါးစပ်က ဒီစကား မထွက်လာသင့်ဘူး မင်းရဲ့ အတ္တကြောင့် မဆီမဆိုင် လူ့လောကထဲရောက်လာတဲ့ ကလေးကွ "

မျက်ရည်စတို့က ဒေါ်မေသူနှင်း၏ ပါးပေါ်ကျလာသည်။ သူမက မျက်ရည်တွေကို ချက်ချင်း သုတ် ပစ်ကာ...

"အတ္တတဲ့လား... ကျမ မျိုးဆက်ကို လိုချင်တာ အမှားလား ကျမရဲ့ သွေးသားမဟုတ်တဲ့ ကလေးလက်ထဲ ကျမ ကြိုးစားအားထုတ်ခဲ့ သမျှ အရာတွေကို လွှဲ မပေးနိုင်တာ ကျမ အပြစ်လား ဟင် အခြားသူတွေ အကုန်လုံး ရနေတာကို ဘာလို့ ကျွန်မကျမှ မရနိုင်တာလဲ "

ဒေါ်မေသူနှင်း၏ မျက်ရည်တွေက ထိန်းမရအောင် ကျလာတော့သည်။

"လူတိုင်းရနိုင်တာ မဟုတ်ပါဘူး အမေ... ကမ္ဘာပေါ်မှာ သားသမီး မရတဲ့ လင်မယားတွေမှ တပုံကြီးပဲ အနည်းဆုံးတော့ အမေ့မှာ သားတစ်ယောက် ရှိသေးတယ်လေ "

"တော်လိုက်တော့... နင့်လို သားမျိုး မွေးထားမိလို့ ငါ အခုလို ပူလောင်နေရတာ ဘာလို့များ ယောက်ျားတစ်ယောက်နဲ့ လက်ထပ်လိုက်ရတာလဲ ?"
ဒေါ်မေသူနှင်းက နောက်ကြောင်းပြန်လှန်ရင်း မကျေနပ်မှုတွေကို ဖွင့်ထုတ်တော့သည်။

"အဲ့ အချိန်တုန်းက အမေတို့ကို အသိပေးရင်ရော ခွင့်ပြုမှာ မလို့လား အမေ့ မျက်လုံးထဲမှာ သား ဘာပဲလုပ်လုပ် အမှားလို့ပဲ မြင်နေခဲ့တာလေ သီချင်းဆိုတာရော အရင် ကုမ္ပဏီနဲ့ စာချုပ်ချုပ်တာရော စာချုပ်ဖျက်တာရော အကုန်လုံး အမေ့ မျက်လုံးထဲမှာ အပြစ်ချည်းပဲ မဟုတ်ဘူးလား "

"အပြစ်လို့ မြင်မှာပေါ့ နင်လုပ်ခဲ့တာ ဘာများကောင်းလို့လဲ "

"ဘာလို့ အရင်အကြောင်းတွေ ပြန်ပြောနေတာလဲ" ဦးမင်းစည်သူက ဝင်ဟန့်သည်။

သို့သော်လည်း သုခေတ်က ဒီနေရာမှာတင် ရပ်ဖို့ အစီအစဉ်မရှိ။

"ဟုတ်တယ် အကုန်လုံး သားအပြစ်တွေပဲ အဲ့ဒါမလို့ အမေ ကလေးယူဖို့ တိုက်တွန်းတုန်းက လက်ခံခဲ့တာ အမေ စိတ်ကျေနပ်ရင် ကျွန်တော်နဲ့ ဘုန်းမြတ်ဖြိုးကို လက်ခံပေးမလား အဲ့ ကလေးလေးသာ ရှိရင် ကျွန်တော်တို့ကို မိသားစု ဆက်ဆံရေး ပို အဆင်ပြေသွားနိုင်မလားဆိုပြီးတော့လေ...
ကျနော်ပြောမယ် အဲ့ မျှော်လင့်ချက်က လူလားမမြောက်သေးတဲ့ ကလေးကို စိတ်ဒဏ်ရာ ဖြစ်နေဖို့ မဟုတ်ဘူး အခုချိန်က စပြီး ကလေးနဲ့ ပတ်သတ်သမျှ အကုန်လုံး ကျွန်တော်နဲ့ ဘုန်းမြတ်ဖြိုးပဲ တာဝန်ယူမယ် "

"အေး ကောင်းတယ် သုခေတ် နင့် စိတ်ကြိုက်သာလုပ် အမေ စိတ်ဆင်းရဲတာတွေ ဘာတွေ ထည့် မစဉ်းစားနဲ့ "

"ငါ မင်းတို့ကို တော်တော့လို့ပြောနေတယ်လေ!" ဦးမင်းစည်သူရဲ့ အံကြိတ်ထားတဲ့ လေသံကြောင့် ဒေါ်မေသူနှင်း ပြောလက်စ စကားကိုရပ်လိုက်သည်။

"မြတ်မင်းခက သုခေတ်သားဆို ငါတို့မြေးပဲ လူတိုင်းလည်း ဒါကို သိနေပြီ မင်းက ဘာလို့ ခေါင်းမာနေတာလဲ ဒီ ပိုင်ဆိုင်မှုတွေ လွှဲပြောင်းဖို့ဆိုတာ မင်းသေမှ ဖြစ်မယ့်ဟာတွေ ဘာကို အဲ့လောက်ထိ ကြိုတွေးပြီး ပူလောင်နေတာလဲ မင်းရဲ့ မဟုတ်ကဟုတ်က ပူပန်တာတွေကြောင့် လူဘယ်နှယောက် စိတ်ဒုက္ခရောက်မှ ကျေနပ်မှာလဲ ဟေ "

"ဟက် ပူပန်မယ် ဟုတ်လား ကျွန်မ ပူပန်တာ ဆန်းလား ကလေးတစ်ယောက်ကို ပြုစုဖို့ ဆိုတာ မလွယ်ဘူး ကျမ ကြုံဖူးပြီးသား... ကျမသား တစ်ယောက်တည်းကို ခါးစည်းခံပြီး အညွှန့်မတုံးစေချင်တာ အခု ရှယ်ယာရှင်တွေက ကျမကို ဘယ်လိုမေးကြတယ်ထင်လဲ ? သုခေတ်က အိမ်ထောင်ရှိတဲ့ ယောက်ကျားနဲ့ လက်ထပ်ထားတာလားတဲ့ ကလေးက သုခေတ် အမျိုးသားရဲ့ အရင် အိမ်ထောင်က ကလေးလားတဲ့... ဘုန်းမြတ်ဖြိုးလား ? သူက အစကတည်းက ကလေးယူဖို့ ကိစ္စကို လက်ခံချင်တာမဟုတ်ဘူး ဘာတဲ့ ကျွန်မက ကလေးကို စိတ်ဒဏ်ရာရ လုပ်မယ် ? မြတ်မင်းခက သုခေတ်ကလေး ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ ဘုန်းမြတ်ဖြိုးက ပထွေးပဲ သူ့ ထက်ပိုပြီး ဘယ်သူက စိတ်ဒုက္ခပေးနိုင်မှာလဲ "

"အန်တီ့ စကားက လွန်သွားပြီ "

သုခေတ်မိသားစုရဲ့ စကားဝိုင်းတိုင်းမှာ ဘုန်းမြတ်ဖြိုးက နှုတ်ဆိတ်နေတာများသည်။ အခုလည်း သုခေတ် မျက်ခုံးက ဒဏ်ရာကိုပဲ တစ်ရှူးနဲ့ သွေးတိတ်အောင် သုတ်ပေးရုံကလွဲပြီး ဘာကိုမှ ဝင်ဆွေးနွေးတာမျိုးမလုပ်ခဲ့။

ရောက်ကတည်းက သုခေတ်အပေါ် ကြမ်းကြမ်းတမ်းတမ်း ဆက်ဆံခဲ့တဲ့ ဒေါ်မေသူနှင်းကို ဘုန်းမြတ်ဖြိုး ကျေနပ်မနေပါ။

အခု သူမက တစ်ဖက်သတ် စွပ်စွဲချက်တွေနဲ့ ပုတ်ခတ်လာတော့ ဘုန်းမြတ်ဖြိုးရဲ့ သည်းခံနိုင်စွမ်းက ကုန်ခမ်းသွားခဲ့ပြီ။

"လွန်တယ် ဆိုတာ ငါ အမှန်တွေ ပြောနေလို့လေ  မင်း စိတ်ကို မင်း ပြန် မေးကြည့် ဒီကလေးကို ခုတုံးလုပ်ပြီး ငါ့သားကို ဆွဲထားဖို့ ကြံနေတာ ဟုတ်လား မဟုတ်ဘူးလားလို့ "

"အဲ့ဒါဆို ကျွန်တော်လည်း မေးကြည့်မယ် ကျွန်တော်တို့ နှစ်ယောက်လက်ထပ်တာကို ခုတုံးလုပ်ပြီး အမွေဆက်ခံဖို့ ကလေးတစ်ယောက် မွေးခိုင်းတာ ဘယ်သူလဲ ? "

"ဒီမှာ ဘုန်းမြတ်ဖြိုး ကလေးဆိုတာ ငါ့သား နင်နဲ့ မယူလည်း ဘယ်ယောက်ျား ဘယ်မိန်းမနဲ့ ယူယူ ရအောင် မွေးလို့ရတယ် ဘာကိုမှ ခုတုံးလုပ်နေစရာမလိုဘူး "
ဒေါသကြောင့် ဒေါ်မေသူနှင်း၏ အသံသည် ကျယ်သထက်ကျယ်လာသည်။

ဘုန်းမြတ်ဖြိုးကတော့ ပုံမှန် စကားပြောနေကျလေသံဖြင့်သာ...
"အဲ့ဒါဆို သုခေတ်ရဲ့ ရွေးချယ်မှု၊ ပျော်ရွှင်မှုနဲ့ သူ့ အိမ်ထောင်ဖက်အပေါ် မိဘတစ်ယောက် အနေနဲ့ လေးစားမှု ရှိမရှိဆိုတာ အန်တီ့စိတ်ကို အန်တီ ပြန်မေးကြည့်ဖို့လိုနေပြီနော် "

ဒေါ်မေသူနှင်းက နှုတ်ဆိတ်နေသည်။

"သုခေတ်ရဲ့ အိမ်ထောင်ဖက်က ဘယ်လိုလူပဲဖြစ်ဖြစ် အန်တီက ကလေးယူဖို့နဲ့ အန်တီ့ မျိုးဆက်အတွက်ကလွဲရင် စိတ်မဝင်စားဘူး
ကုန်ကုန်ပြောရရင် သုခေတ်ရဲ့ ခံစားချက်တွေ အရည်အချင်းတွေ အပေါ်လည်း လေးစားမှုမရှိဘူး
မိဘနဲ့ သားသမီးကြားမှာလည်း အပြန်အလှန်လေးစားမှုရှိပေးရတယ် အန်တီ
သုခေတ် အန်တီ့ကို ဘာမှ မပြောရဲ မတိုင်ပင်ရဲတာက သူ သတ္တိမရှိတာအပြင်ကို အန်တီက သတ်မှတ်ထားတဲ့ အကွာအဝေးအတိုင်းပဲ သူမြင်တာ...
ရှင်းရှင်းပြောရရင် သူက မိဘဆီက လိုလိုလားလား အသိအမှတ်ပြုတာ မခံစားရလို့ သူ့ အားထားတိုင်ပင်ရာ လူတစ်ယောက်အနေနဲ့ အမေကို ထည့်မစဉ်းစားတာ ဒါ ပုံမှန်ပဲ အန်တီ ခံပြင်းနေဖို့ မလိုဘူး "

ဘုန်းမြတ်ဖြိုးရဲ့ စကားကြောင့် ဒေါ်မေသူနှင်း အသက်ရှူမြန်လာပြီး တစ်ကိုယ်လုံး တုန်ရီလာသည်။

"နင့်လို မိမရှိဖမရှိက ဘာသိလို့ ငါ့ကို ဆရာလာလုပ်နေတာလဲ "

ဦးမင်းစည်သူမှာ ဝင်တားဖို့ ထပ်မကြိုးစားတော့ဘဲ မိန်းမဖြစ်သူကို စိတ်ပျက်လက်ပျက်သာ ထိုင်ကြည့်နေမိတော့သည်။

သားအဖနှစ်ယောက်လုံး ဒေါ်မေသူနှင်းရဲ့ ခေါင်းမာမှုမှာ ခြေကုန်လက်ပမ်းကျနေပြီဖြစ်သည်။
လက်ရှိ တစ်ကိုယ်တော် ဆက်လက်တိုက်ပွဲဝင်နေတဲ့ ဘုန်းမြတ်ဖြိုးကတော့ မာန်မလျှော့သေး။

"ကျွန်တော့မှာ မိဘမရှိဘူးဆိုတာမှန်တယ် ဒါပေမယ့် အသိတရားရှိတယ် မြတ်မင်းခ မွေးဖွားဖို့ ဖြစ်လာတဲ့ အကြောင်းအရင်းက ကျွန်တော်နဲ့ သုခေတ် အတူတူနေပြီး ပျော်ရွှင်ရဖို့ အလဲအလှယ်အနေနဲ့ ဖြစ်လာတာမလို့ ဒီကလေးက ကျွန်တော်နဲ့လည်းဆိုင်တယ် သုခေတ်ရဲ့ ကလေး ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ ဒီကလေးအပေါ်မှာ အဖေကောင်း ဖြစ်ပေးဖို့ ကျွန်တော့်မှာ တာဝန်ရှိတယ် အဲ့ဒါကြောင့်လည်း ဒီနေ့ အန်တီနဲ့ အတိုက်အခံလုပ်နေရတာ "

"အဲ့ဒါဆိုလည်း နင်လည်း ကလေးကို ခေါ်ပြီး ထွက်သွားလိုက်လေ ငါ့သားကို လူတွေ မကောင်းမြင်အောင် လုပ်မနေနဲ့ "

"အမေ အဲ့လို မပြောနဲ့  "

ဝင်ပြောတော့မယ့် သုခေတ်လက်ကို ပြန်ဆွဲထားကာ ဘုန်းမြတ်ဖြိုးက တားသည်။

"လူတွေ သုခေတ်ကို အမြင်မကြည် စိုးလို့မဟုတ်ပါဘူး အန်တီကိုယ်တိုင်ကိုက Figure 9 ရဲ့ ပုံရိပ်ကို ထိခိုက်မှာစိုးလို့ ဒီလိုတွေ လုပ်နေတာပါ...
အန်တီ့ရဲ့ အတ္တကြောင့် ကျွန်တော်တို့ မိသားစုရဲ့ ပက်သက်မှုကို ဖုံးကွယ်ထားရပြီးတော့ အဲ့ဒါကြောင့်ပဲ သုခေတ်အပေါ် လူတွေရဲ့ အမြင်ပြောင်းလဲကုန်တာ
ကျွန်တော့ကို ဘယ်လိုပဲ မြင်မြင် ကိစ္စမရှိပါဘူး
ဒါပေမယ့် မြတ်မင်းခလေးက အန်တီ့ရဲ့ တစ်ကိုယ်ကောင်းဆန်စိတ်ကြောင့် ဒီ မိသားစုထဲရောက်လာရတာမလို့ သူ့အပေါ်မှာ အပြစ်မကင်းစိတ် နည်းနည်းလေးပဲ ဖြစ်ဖြစ်ရှိရင် စွန့်ပစ်ဖို့ မလုပ်ပါနဲ့  အန်တီ့ရဲ့ တာဝန်မဲ့မှုကို ပြန်တွေးကြည့်တိုင်း တစ်သက်လုံး နောင်တရနေလိမ့်မယ် "

ဒေါ်မေသူနှင်းသည် တွေဝေသွားကာ ခဏမျှ တိတ်ဆိတ်နေ၏။

အခု ဒီမှာထိုင်နေသည့် ယောက်ျား သုံးသောက်လုံးက သူမနဲ့ ဆန့်ကျင်ဘက်ဖြစ်နေပြီ။ တစ်ခါမှ သူမကို မကောင်း မပြောဖူးတဲ့ ခင်ပွန်းဖြစ်သူကပါ အခု သူမကို ဆိုးဆိုးရွားရွား ဆက်ဆံနေတယ်။

သားဖြစ်သူက သူမကို ဒေါသထွက်အောင်သာ ရန်ဆောင်နေပြီး ဘုန်းမြတ်ဖြိုးရဲ့ စကားတွေက သူမရဲ့ အတွေးတွေကို ထိုးနှက်နေတယ်။

"တော်ပြီ ငါ ဆက်မဆွေးနွေးတော့ဘူး ငါ့ကို ဖယ်ထားပြီး နင်တို့ စိတ်ကြိုက်သာ လုပ်တော့ "
သူမက အိတ်ကို လွယ်လျက် အရင်ဆုံး ဦးအောင် အပြင်ထွက်သွားကာ ရုံးခန်းတံခါးကို အသံကျယ်လောင်စွာဆောင့်ပိတ်သွားသည်။

Continue Reading

You'll Also Like

2.7K 231 20
Not translation..!!!🔥 (Own creation 💗) **ကျွန်တော်ကမင်းသားရဲ့မိတ်ဆွေ ချွဲသခင်လေး မဟုတ်ပါဘူး။အထင်မှားပြီး ကျွန်တော့်အပေါ်မေတ္တာရှိသလိုမလုပ်ပါနဲ့** *...
316K 11.5K 46
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...
1.4M 87.1K 56
အထက်​တန်းမပြီး​သေးတဲ့ ​ကောင်​​လေးတ​ယောက်​နဲ့သူ့ထက်​၅နှစ်​နီးပါးအသက်​ကြီးတဲ့​ကောင်​​လေးတ​ယောက်​တို့ရဲ့အိမ်​​ထောင်​​ရေး...ရင့်​ကျက်​မှုမရှိ​သေးဘဲအရာရာက...
259K 15.8K 57
Note စာဖတ်‌သူများ ချစ်‌ပရိသတ်‌များ မင်္ဂလာပါ ဒီ ဝတ္ထု ကို စဉ်းစားထားတာ ကြာ‌ပေမယ့်‌ မ‌ရေးဖြစ်‌ခဲ့ဘူး။ ‌ရေးဖြစ်‌ပြန်‌‌တော့လည်း အများကြီး စဉ်းစားပြီးမှ...