အသိုက်ထဲက ဆည်းလည်းလေး [COMPLE...

By Archer_Ruhira

165K 12.6K 214

ကလေးမယူဘဲ နှစ်ယောက်တည်း သီးသန့်ကမ္ဘာလေးမှာ အသားကျနေတဲ့ သူတို့။ သူတို့ ဘဝထဲကိုမှ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်ရှ... More

ပဏာမနိဒါန်း
(၁)
(၂)
(၃)
(၄)
(၅)
(၆)
(၇)
(၈)
(၉)
(၁၀)
(၁၁)
(၁၂)
(၁၃)
(၁၄)
(၁၅)
(၁၆)
(၁၇)
(၁၈)
(၁၉)
(၂၀)
(၂၁)
(၂၂)
(၂၃)
(၂၄)
(၂၅)
(၂၆)
(၂၇)
(၂၈)
(၂၉)
(၃၀)
(၃၁)
(၃၂)
(၃၃)
(၃၄)
(၃၅) Final Part
Ruhira's Note
HELLO
ပဏာမနိဒါန်း (Zawgyi)
1. Zawgyi
2. Zawgyi
3. Zawgyi
4. Zawgyi
5. Zawgyi
6. Zawgyi
7. Zawgyi
8. Zawgyi
9. Zawgyi
10. Zawgyi
11. Zawgyi
12. Zawgyi
13. Zawgyi
14. Zawgyi
15. Zawgyi
16. Zawgyi
17. Zawgyi
18. Zawgyi
19. Zawgyi
20. Zawgyi
21. Zawgyi
22. Zawgyi
23. Zawgyi
25. Zawgyi
26. Zawgyi
27. Zawgyi
28. Zawgyi
29. Zawgyi
30. Zawgyi
31. Zawgyi
32. Zawgyi
33. Zawgyi
34. Zawgyi
35. Zawgyi (Final part)
Extra-1 (U&Z)
Extra-2 (U&Z)
💕Wedding Photo (Art)💕

24. Zawgyi

150 15 0
By Archer_Ruhira

"Lia သောက်လေ ဘာလဲ ဒီနေရာက အဆင်မပြေလို့လား "

သူငယ်ချင်းတစ်ယောက်က ပြောမှ Lia ရဲ့ အတွေးဆတို့ ရပ်တန့်သွားသည်။

"ဟမ်...အဆင်ပြေပါတယ် "

တက္ကသိုလ်က အတန်းဖော်ဟောင်းတွေ တွေ့ဆုံပွဲကို ဒီလို bar မှာ လုပ်ဖို့ ဘယ်သူက idea ရခဲ့လဲ မသိပါ။

ဘီယာခွက်တိုက်သံ တခွပ်ခွပ်ကြားမှာ Lia ဟိုဟိုဒီဒီ ငေးနေသည်။ အတန်းဖော်တွေက အိမ်ထောင်ရေး အလုပ်အကိုင်နဲ့ ပတ်သတ်တဲ့ အကြောင်းအရာမျိုးစုံကို ပြောဆိုနေသော်လည်း Lia ကတော့ အရင်တုန်းကလိုပဲ နားထောင်သူသာ။

"နင့် အမေရော သက်သာရဲ့လား " သူမရဲ့ အခင်ဆုံး ကျောင်းနေဖက်သူငယ်ချင်းက မေးလာခြင်းဖြစ်သည်။
Lia ၏ မိခင်သည် အဆုတ်ကင်ဆာရောဂါသည်ဖြစ်ကာ နာတာရှည် ဝေဒနာခံစားနေရသည်က Lia တက္ကသိုလ်ကျောင်းသူ ဘဝကတည်းကပင်။

သူမသည် သိုသိုဝှက်ဝှက်နေတတ်သူဖြစ်တာကြောင့် သူမ မိခင်ရောဂါနဲ့ ပတ်သတ်ပြီး သိသည့်လူက အနည်းအကျဉ်းသာရှိသည်။

"သက်သာတာတော့ မရှိဘူးပေါ့ အခုတော့ အိမ်မှာ စိတ်မချလို့ ဆေးရုံမှာပဲ လူနာစောင့်နဲ့ ထားထားတယ် ငါ အခု အလုပ်လုပ်နေတဲ့ ဆေးရုံမှာပဲလေ "

"ဟဲ့ ဈေးအရမ်းကြီးတာကို ဆေးဖိုးနဲ့ နင့် လစာက သုံးဖို့ရော ကျန်ရဲ့လား "

Lia က ရယ်သည်။

"ငါ အခု အလုပ်လုပ်နေတဲ့ ဌာနက လစာကောင်းပါတယ်ဟ အိမ်ဖိုးနဲ့ ကားဖိုး ကြေရင် ပိုတဲ့ ပိုက်ဆံစုပြီး အိမ်ထောင်ပြုလို့ရပြီ "

"အံမယ် ရည်းစားတောင်မရဘဲနဲ့ အိမ်ထောင်ပြုဖို့ကို အရင်တွေးနေတယ် ဘာပဲပြောပြော အလုပ်အကိုင် အဆင်ပြေနေတာပဲ တော်တော်ဟုတ်နေပါပြီ "

အလုပ်အကြောင်းပြောမှပဲ ဟိုနေ့က မိန်းမအကြောင်း ပြန်တွေးမိပြန်သည်။

အဲ့နေ့က ပြန်သွားတဲ့နောက်ပိုင်း ကလေးလိုချင်တဲ့ ဘက်ကလည်း ဆက်သွယ်မလာခဲ့သလို ထို မိန်းကလေးကလည်း ဆေးရုံမှာ ပေါ်မလာတော့ပေ။

သူမသည် အလုပ်ကိစ္စများနှင့် လုံးပန်းနေသည့် ကြားထဲမှပင် မကြာခဏဆိုသလို ထို အမျိုးသမီးအား တွေးမိနေသည်။

မျက်ရည်စတို့ ဖုံးလွှမ်းကာ အရောင်မဲ့နေသည့် သူမ၏ မျက်လုံးများသည် တစ်ချိန်က Lia ရဲ့ ခက်ခဲခဲ့တဲ့ အတိတ် ပုံရိပ်အား ထင်ဟပ်နေသယောင်။

"ငါ ခဏလောက် အပြင်ထွက်လိုက်ဦးမယ် "

"အေး အေး "

Bar အပြင်ဘက်မှာ ခုံတန်းများက လူရှင်းနေသည်။

Lia ထိုနေရာမှ ဆယ်မိနစ်ခန့် ထိုင်ကာ အချိန်ဖြုန်းလေ၏။

သူမနဲ့ ဒီလိုဆူညံသည့် နေရာက လုံးဝ မကိုက်ညီပေ။

တစ်ခါတည်း အိမ်ပြန်လို့ရမယ့် ဆင်ခြင်တစ်ခုကို စဉ်းစားနေရင်း Lia သန့်စင်ခန်းထဲသို့ ဝင်လိုက်သည်။

"ဝေါ့ အွတ် အော့ "

ဘေစင်မှာ ခေါင်းငုံ့ပြီး အန်နေတဲ့ မိန်းမတစ်ယောက်ကြောင့် Lia နှာခေါင်း ရှုံ့မိသည်။

အဲ့ဒါတွေကြောင့် ဒီလို နေရာမျိုးတွေ မလာချင်တာ။

ထို မိန်းမနောက်ကနေ ခပ်ခွာခွာ ဖြတ်သွားရင်း ခေါင်းပြန်မော့လာသည့် သူမ၏ မျက်နှာကို မှန်ကနေ တစ်ဆင့် မြင်လိုက်ရသည်။

Lia အနည်းငယ် အံ့ဩသွားသည်။

ဆေးရုံကို လာတုန်းက သူမရဲ့ အဝတ်အစားတွေက ဒီလိုမျိုးဟုတ်မနေ။

ထို အမျိုးသမီးသည် အရောင်ကြောင်ကြောင်ကျားကျား ဆံပင်တုကို ချွတ်လိုက်သည်။ သူမ၏ လှုပ်ရှားမှုများက နှေးကွေးပြီး အားနည်းနေကာ တော်တော်များများ ပျက်နေပြီ ဖြစ်သော မိတ်ကပ်အောက်က မျက်နှာမှာလည်း ဖြူဖျော့နေသည်။

သူမသည် မျက်နှာသစ်ဖို့ မနည်း ရုန်းကန်နေရကာ သူမနောက်မှာ မတ်တပ်ရပ်နေသည့် Lia ကို မတွေ့သေးပေ။

"ဒီမှာ ရှင် အဆင်ပြေရဲ့လား "

Lia က သူမရဲ့ ပခုံးကို ညင်သာစွာ ထိကိုင်၍ မေးသည်။

သည်တော့မှ သူမသည် Lia အား သတိပြုမိတော့သည်။

"ဒေါက်တာက ဘယ်လိုလုပ်ပြီးတော့..."

"မျက်နှာပြီးအောင် သစ်လိုက်ပါဦး "

သန့်စင်ခန်းကနေ စားပွဲဆီသို့ ပြန်သွားတဲ့ Lia နောက်ကနေ ရတီက ဖြေးဖြေးချင်းလိုက်သွားသည်။

မျက်နှာသစ်လိုက်တော့ အနည်းငယ် နေလို့ကောင်းသွားပေမယ့် သူမ ခေါင်းကတော့ မူးနောက်နေသည်။ ဘေးဘီကို သေချာမမြင်ဘဲ သူမရှေ့က Lia ရဲ့ ကျောပြင်ကိုသာ ကြည့်ရင်း ခြေလှမ်းတွေကို ရွေ့နေခြင်းပင်။

"နင် ပြန်တော့မှာလား အစောကြီးပဲ ရှိသေးတယ်နော် "

"အင်း အသိတစ်ယောက်ကို ပြန်ပို့ပေးမလို့ "

စားပွဲဝိုင်းက လူတိုင်းရဲ့ အကြည့်က ရတီ့ပေါ်ရောက်လာသည်။
ထို ဆရာဝန်မက ထိုစားပွဲဝိုင်းက လူအချို့ကို သူမ သိပ်နားမလည်တဲ့ နိုင်ငံခြားဘာသာစကားနဲ့ပြောဆိုနေပြီး
သူတို့ အကြည့်တွေကလည်း သူမ ကိုယ်ပေါ်ကို ကျရောက်လာတာကြောင့် ရတီ့ကိုယ်လေး ယို့သွားသည်။

"Lia နင့် အကြိုက်က ဒီလိုတွေ ဖြစ်သွားပြီလား မတွေ့တဲ့ အတောအတွင်း အတော်ပြောင်းလဲသွားတာပဲ "

ကျောင်းနေဖက်ဟောင်း ယောက်ျားလေး တစ်ယောက်က ဆိုသည်။ သူက အရက်အတော်ဝင်ထားတာကြောင့် အာသွက်လျှာသွက်ဖြစ်နေသည့် ပုံပင်။ စားပွဲက လူတိုင်းသည် ကျောင်းတုန်းက Lia မိန်းကလေးတွေနဲ့ တွဲဖူးတာ မသိပေ။
ထိုလူရဲ့ စကားက ဘာကို ဆိုလိုမှန်း နားမလည်တာကြောင့် ဆက်မဆွေးနွေးဘဲ Lia ကို သာ နှုတ်ဆက်လိုက်ကြသည်။

"ကျွန်မဘာသာ ကျွန်မ ပြန်လို့ရပါတယ် "

"မတ်တပ်တောင် သေချာမရပ်နိုင်တာကို ဒီလိုပုံနဲ့ လေးဘက်ထောက်ပြန်မလို့လား "

Lia က ပြောပြောဆိုဆိုနဲ့ သူမရဲ့ ခရီးသည်ထိုင်ခုံဘက်က ကားတံခါးကို ဖွင့်ပေးသည်။

ဤသို့ဖြင့် ရတီတစ်ယောက် Lia ကို ငြင်းဆန်၍ မရစွာ ကားပေါ်သို့ တက်လို့ရတော့သည်။

နေလို့ မကောင်းတာမို့ ကားပေါ်မှာ ရတီ တစ်ချိန်လုံးမျက်လုံးမှိတ်ထားသည်။ သို့သော် အိပ်မပျော်သွား Lia ရဲ့ အသက်ရှူသံနဲ့ ရောနှောနေသည့် ကားစက်သံသဲ့သဲ့ကို ကြားနေရသေးသည်။

ခဏကြာတော့ သူမ ပေါင်ပေါ်ကို ကုတ်အင်္ကျီတစ်ထည်ရောက်လာသည်။
ပေါင်တစ်ဝက်သာအုပ်သည့် ဂါဝန်ကြောင့် စိတ်ဖိစီးနေရာက အတန်ငယ်သက်တောင့် သက်သာဖြစ်သွား၏။

တစ်ချိန်တည်းမှာပင် lia က သူမအား တောင့်ခဲသွားစေသည့် စကားဆိုလာ၏။

"ရှင် ဒီလိုအလုပ်တွေလုပ်တာကို တစ်ဖက်က ကလေးမိဘဖြစ်မယ့် လူတွေမသိဘူးလား "

"ဘာကို ဆိုလိုတာလဲ ? "

ဆက်မမေးသင့်လို့ ထင်မိတာကြောင့် Lia က နှုတ်ဆိတ်နေလိုက်သည်။

တော်တော်များများက အငှားကိုယ်ဝန်ဆောင်ကို သန့်ရှင်းပြီး ရောဂါဘယ ကင်းစင်သည့် သူမျိုးအားရှာဖွေကြသည်။

ရတီ၏ ပုံစံသည် Lia ဆေးရုံမှာ တွေ့နေကျ ကလေးမိဘတွေ လိုချင်သည့် အငှားကိုယ်ဝန်ဆောင် ပုံစံမျိုး ဟုတ်မနေပါ။

Bar မှာ ဒီလို အဝတ်အစားမျိုးနဲ့ တွေ့လိုက်ရတော့ Lia ကိုယ်တိုင်လည်း ကိုယ်ထင်မြင်ရာကို ဆွဲတွေးမိလိုက်တာဖြစ်သည်။  အဲ့အတွက်လည်း အနည်းငယ် အပြစ်မကင်းစိတ်ဝင်မိသွားသည်။

တိတ်ဆိတ်နေသည့် အခြေအနေကြားမှာ ဖုန်း ringtone သံက ထွက်ပေါ်လာသည်။

ရတီ၏ ဖုန်းသံဖြစ်သည်။

"ဟယ်လို..."

[နင် ဆေးရုံသွားပြီ ဆေးစစ်ပြီးပြီလား အခြေအနေဘယ်လိုလဲ ]

"အဲ့ဒါ..."

ရတီက Lia ကို တစ်ချက်လှမ်းကြည့်သည်။
ဖုန်းပြောနေသည့် အကြောင်းအရာကို မသိသည့် Lia ကတော့ ခပ်အေးအေးပင် ကားမောင်းနေသည်။

"ကျွန်မ အလုပ်လက်မခံနိုင်ဘူး အခြားတစ်ယောက်ရှာလိုက်ပါ "

[ဟဲ့ အဲ့လိုလုပ်လို့မရဘူးလေ သူတို့ကို ငါ အကုန်ပြောပြီးဆိုပြီးဖြစ်နေပြီ ညည်းက ဘာဖြစ်ရတာတုန်း ဒီလို ပိုက်ဆံအများကြီးရဖို့ဆိုတာ လွယ်တာ မဟုတ်ဘူးဟဲ့ ]

"ကျွန်မမနက်ဖြန် အန်တီ့ဆီကိုလာပြီး အကျိုးအကြောင်းရှင်းပြမယ် အခု ပြောဖို့ အဆင်မပြေသေးဘူး "

ဖုန်းချပြီးနောက် ကားထဲမှာ တိတ်ဆိတ်သွားသည်။ ရတီလည်း ခုဏက Lia စကားကို ပြန် အစမဖော်တော့ပေ။

ရတီနေတဲ့ အဆောင်က လမ်းကျဉ်းပြီး ကားဝင်ဖို့ မလွယ်။ Lia ရဲ့ ကားလေးက လမ်းကျဉ်းကျဉ်းကို တွန့်ဆုတ်တွန့်ဆုတ် ဖြတ်သန်းနေရသည်။

"ရှေ့နားမှာပဲ ရပ်လိုက်တော့ "

"ခဏလေး "

Lia သည် အိတ်ထဲက sticker note တစ်ရွက်ကိုယူပြီး သူ့ ဖုန်းနံပါတ်ကို ချရေးလိုက်သည်။

"ဒါ ကျွန်မ ဖုန်းနံပါတ် ကျန်းမာရေးနဲ့ ပါတ်သတ်ပြီး တိုင်ပင်လို့ရတယ် "

"ကျေးဇူးပဲ ကျွန်မမှာ ပိုက်ဆံမရှိဘူး  "

Lia ဘာပြောရမှန်းမသိတော့။

"ပိုက်ဆံမလိုဘူး "

ဤစကားတစ်ခွန်းသာပြောပြီး  ကားကိုသာ ဖြည်းဖြည်းချင်းမောင်းထွက်လာခဲ့သည်။

ထိုနေ့နောက်ပိုင်းက စလို့ ရတီနဲ့ ပတ်သတ်သည့် မည်သည့်သတင်းကိုမှ မကြားရတော့ပေ။

ဆေးရုံမှာလည်း လူနာရှင်နဲ့ ပတ်သတ်သည့် မည်သည့် သတင်း အချက်အလက်မှမရတာကြောင့် ကလေးယူမည့် ကိစ္စမရှိတော့ဘူးလို့ပင် Lia တွေးခဲ့သည်။

လေးလလောက်ကြာပြီးနောက်မှာတော့ ကိစ္စက တွေးထားသလို ဖြစ်မလာခဲ့ဘူးဆိုတာ Lia သိခဲ့ရသည်။

ထိုနေ့က သူငယ်ချင်းရဲ့ ညီမလေးက အကူအညီတောင်းတာကြောင့် Lia မြို့ထဲက R ဆေးရုံကို သွားပြီး ကျောင်းတုန်းက မှတ်စု အချို့ကို သွားပေးခဲ့သည်။

Lia ရဲ့ သူငယ်ချင်းက ထိုင်း၊တရုတ်၊ဗမာ ကပြားဖြစ်ပြီး မြန်မာစကား အနည်းငယ်ပြောတတ်တာကြောင့် ကျောင်းတုန်းက အရင်းနှီးဆုံး
သူငယ်ချင်းတွေဖြစ်ခဲ့ကြသည်။
သူမရဲ့ ညီမကတော့ တက္ကသိုလ်တုန်းက Lia နဲ့ မေဂျာတူသည့် ဆရာဝန်ပေါက်စမလေး Christine ဖြစ်သည်။  Christineက ထက်မြတ်ပြီး ချစ်စရာကောင်းသည့် မိန်းကလေးတစ်ယောက်။ ဆံပင်ကို နောက်မှာ ခပ်လျှောလျှောစည်းထားပြီး ရှေ့ဆံမြိတ်လေးက ပြေပြစ်သည့် နဖူးပြင်ပေါ်မှာ ဝဲကျနေသည်။

တကယ်တော့ သူမ ဒီမြို့မှာ အလုပ်လုပ်နေရင်း တစ်ခါတစ်လေ ဘုရားကျောင်းသွားတော့  Christine နဲ့ ဆုံတာမျိုးလည်းရှိသည်။

"ကျေးဇူးတင်လိုက်တာ  နေ့လည်စာ စားပြီးပြီလား တူတူစားရအောင်လေ " Christine ရဲ့ လေသံဝဲဝဲလေးနဲ့ မြန်မာလိုပြောတာ တစ်မျိုးချစ်ဖို့ကောင်းသည်။

"ရပါတယ် စားလာခဲ့ပြီရယ် "

ဒီ အချိန်မှာ ကားပိတ်တတ်တာကြောင့် ဆေးရုံမှာ ဂျူတီချိန် နောက်ဖို့ Lia ချက်ချင်းပြန်ထွက်လာခဲ့သည်။

သားဖွားမီးယပ်ဌာနရဲ့ ကော်ရစ်တာကို ဖြတ်လာစဉ် သူမ နဲ့ သိပ်မစိမ်းသည့် မျက်နှာကို မြင်လိုက်ရသည်။

ရတီသည် လူနာဝတ်စုံနှင့် နံရံကို မှီကာ ရပ်နေသည်။ အရင်ကနှင့် မတူတော့တာက သူမ၏ ဝမ်းဗိုက်က သိသိသာသာ ဖောင်းနေခြင်းပင်။

Lia သူမကို သွားနှုတ်ဆက်ရမလား စဉ်းစားနေတုန်း အသက်ကြီးကြီး မိန်းမတစ်ယောက်က ရတီကို တစ်နေရာသို့ တွဲခေါ်သွားသည်။

သူတို့ နောက်ကို Lia တိတ်တိတ်လေးလိုက်သွား၏။

မိန်းမကြီးသည် စလင်းဘတ်အိတ်အကြီးကို လက်မှာချိတ်ပြီး လူရှိန်စရာကောင်းလောက်အောင် ဝတ်စားပြင်ဆင်ထားသည်။ TV drama တွေထဲမှာ မြင်ရသည့် အထက်တန်းလွှာ အမျိုးသမီးတစ်ယောက်လိုပင်။

သူမက ရတီကို လူသိပ်မရှိသည့် နေရာသို့ ခေါ်သွားသည်။

"နင် ဘယ်လိုလုပ်မယ် စိတ်ကူးထားလဲ "

"ကျွန်မလည်း မပြောတတ်တော့ဘူး "

ရတီသည် မျက်နှာ မကောင်းပေ။

"ငါတို့ ခုချိန်မှ နောက်ပြန်လှည့်လို့ မရတော့ဘူး ပိုက်ဆံကလည်း ယူပြီးနေပြီ "

"ဒါပေမယ့် ကျွန်မ ညီမကို ပြန်ရဖို့  ပိုက်ဆံက လိုနေတုန်းပဲလေ ကျန်တဲ့ ပိုက်ဆံတွေကလည်း သူတို့ လက်ထဲ ကလေးရောက်မှ ရမှာ ကျွန်မ မစွန့်စားရဲဘူး "

နှစ်ယောက်စလုံး စက္ကန့်အနည်းငယ်လောက် မည်သည့် စကားမှ မဆိုကြပေ။

" နင့် ညီမဖို့ ပိုက်ဆံကို ငါ အရင် စိုက်ထုတ်ပေးမယ်ဆိုရင်ရော နင် ဒီ ကလေးကို မွေးမှာလား "

"အန်တီ တကယ်ပြောတာလား "

ရတီ့ မျက်လုံးတို့က အရောင်လက်လာသည်။

"တကယ်ပြောတာ တစ်ခုပဲ စာချုပ်မှာတော့ လက်မှတ်ထိုးရမယ် "

"ထိုးမယ် ရတယ် "

နောက်ပိုင်း သူမတို့ပြောနေတဲ့ စကားကို Lia အလုံးစုံမကြားရတော့။

ရတီနဲ့ ထို အမျိုးသမီး ထွက်သွားတော့ Lia လည်း ဂျူတီဝင်ဖို့ ပြန်လာခဲ့သည်။

လွန်ခဲ့တဲ့ လေးလက...

ရတီသည် သူမ ဗိုက်ထဲက ကလေးကို ဖျက်ချခဲ့ပုံ မပေါ်ပေ။

ဒါဆို ဘယ်လိုလုပ် တစ်ယောက်ယောက်က ကလေးကို ယူပြီး သူ့ကို ပိုက်ဆံပေးမှာလဲ။

မဟုတ်မှ...

သူနာပြုတစ်ယောက်ကို Lia လွန်ခဲ့တဲ့ လေးလက စာရွက်စာတမ်းတွေ ပြန်ရှာခိုင်းလိုက်တယ်။

သူမကိုယ်တိုင် တိုက်ရိုက်တာဝန်ယူရတဲ့ လူနာ မဟုတ်တာကြောင့် အသေးစိတ်အချက်အလက်တွေကိုတော့ ရှာဖွေခွင့်မရပေ။

ထို့အပြင် ကလေးရဲ့ မိဘတွေရဲ့ အချက်အလက်ကလည်း လက်ရှိ ကနေဒါဆေးရုံမှာ တာဝန်ကျနေသည့် ဌာနမှူး ဆီမှာသာရှိသည်။
ထိုနေ့က သူမသည် ရတီရဲ့ မမျိုးဥ အခြေအနေကိုသာ စစ်ဆေးပေးခဲ့ရုံ။

ထို ဌာနမှူးက ဆက်ဆံရေး မပြေပြစ်ပေ။ Lia mail ပို့၍ မေးမြန်းခဲ့ပေမယ့် သူ့လူနာရဲ့ ကိုယ်ရေးအချက်အလက်ကို မပေါက်ကြားလိုကြောင်းပဲ ပြန်လည်ပေးပို့လာသည်။

ထိုပြင် ရတီ၏ဆေးစစ်ချက်မှာ သူမရဲ့ ကိုယ်ဝန်အကြောင်း ပါရှိနေတာမလို့ ဖန်ပြွန်သန္ဓသေားအတွက် မသင့်တော်ဘူးဆိုတဲ့ အချက်အလက်တွေ ရှိနေသည့်အတွက် ရတီ့ဆီမှာ ဘာကိစ္စပဲရှိလာရှိလာ ဆေးရုံနဲ့ရော Lia ရဲ့ အလုပ်ကိုပါ ထိခိုက်လာမည်မဟုတ်ကြောင်း ဆိုလာသည်။

Lia လည်း သိပြီးသားဖြစ်သည်။ ရတီက ဒီ ဆေးရုံရဲ့ လူနာ မဟုတ်တော့ပါချေ။

သို့ပေမယ့် သူမ စိတ်ထဲမှာ တစ်ခုခုက အစိုင်အခဲပမာ အနည်မထိုင်နိုင်ရှိနေသေးသည်။

အလုပ်ဆင်းတော့ အရင်က ရတီ့ကို တစ်ခါ ပြန်လိုက်ပို့ပေးခဲ့တဲ့ သူမ နေတဲ့ အဆောင်ရှိသည့် နေရာကို Lia ရောက်သွားခဲ့သည်။

အဆောင်တွေက ပုံစံတူတွေဖြစ်နေတာကြောင့် လွန်ခဲ့တဲ့ လ အနည်းငယ်က နေရာကို ပြန်မှတ်မိဖို့ Lia အချိန် တော်တော်ယူလိုက်ရသည်။

"ဒီက မိန်းကလေး နေဖို့ အဆောင်ရှာနေတာလား အန်တီ့တို့ အဆောင်မှာ တစ်ခန်းအားနေတယ် "

မိန်းမကြီးတစ်ယောက်က  မေးသည်။

"ကျွန်မ လူတစ်ယောက်ကို လာရှာတာပါ ရတီဆိုတဲ့ သူကိုများ သိလား မသိဘူး "

"မသိဘဲ ဘယ်နေပါ့မလဲ ခုဏက ပြောတဲ့ တစ်ခန်းလွတ်နေတယ်ဆိုတာ သူနေသွားတဲ့ အခန်းလေ သူ ဒီမှာ မနေတော့ဘူး ပြောင်းသွားပြီ "

ပြောင်းသွားပြီ? Lia စိတ်ပျက်သွားသည်။ ရတီဆိုတဲ့ မိန်းမက တကယ့်ကို အရှုပ်ထုပ်ပဲ။

"သူ ဘယ်ကို ပြောင်းသွားလဲသိလား "

"မိန်းကလေးရော သူ့ အကြွေးရှင်ပဲလား "

"မဟုတ်ပါဘူး "

"သူ့ အကြွေးရှင်တွေလည်း အရင်တုန်းကတော့ သူ့ကို လာလာရှာတယ် ကျန်တာတော့ အန်တီလည်း မသိဘူး သူ့ ဖုန်းနံပါတ်တော့ရှိတယ် ယူမလား "

Lia လည်း ရတီ့ဖုန်းနံပါတ်သာယူပြီး အိမ်ပြန်လာခဲ့တော့သည်။

Continue Reading

You'll Also Like

346K 8.7K 80
"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."
74.6K 5.1K 40
အေးစေနဲ့အတူတူ အေးအေးငြိမ့်ငြိမ့်လေး စီးမြောလိုက်ရအောင်ဗျာ...
1.3M 95.1K 126
credit to original author Shui Qian Cheng. This story belongs to Rosy0513 . I am just a translator. This cover photo is not belong to me.
2.8M 143K 58
Start Date>>>> 1.4.2020 End>>>20.5.2020 ကိုယ့်ဘက်က အချစ်တွေပေးခဲ့လည်း ပြန်ရခဲ့တာက နာကျင်မှုတွေတဲ့လား မင်းအမုန်း​တွေကိုထပ်ပြီးမခံစားနိုင်တော့လို့ ငါထ...