အမျိုးသားဇာတ်လိုက်၏ညီနှင့်လက်...

By Camichel_Miamo

238K 35.8K 1.2K

»This is not my own story »Just translate for fun »All credits go to the original author and translator »... More

Description
Chapter-1
Chapter-2
Chapter-3
Chapter-4
Chapter-5
Chapter-6
Chapter-7
Chapter-8
Chapter-9
Chapter-10
Chapter-11
Chapter-12
Chapter-13
Chapter-14
Chapter-15
Chapter-16
Chapter-17
Chapter-18
Chapter-19
Chapter-20
Chapter-21
Chapter-22
Chapter-23
Chapter-24
Chapter-25
Chapter-26
Chapter-27
Chapter-28
Chapter-29
Chapter-30
Chapter-32
Chapter-33
Chapter-34
Chapter-35
Chapter-36
Chapter-37
Chapter-38
Chapter-39
Chapter-40
Chapter-41
Chapter - 42
Chapter - 43
Chapter - 44
Chapter-45
Chapter-46
Chapter-47
Chapter-48
Chapter-49
Chapter-50
Chapter-51
Chapter-52
Chapter-53
Chapter-54
Chapter-55
Chapter-56
Chapter-57
Chapter-58
Chapter-59
Chapter-60
Chapter-61
Chapter-62
Chapter-63
Chapter-64
Chapter-65
Chapter-66
Chapter-67
Chapter-68
Chapter-69
Chapter-70
Chapter-71
Chapter-72
Chapter-73
Chapter-74
Chapter-75
Chapter-76
Chapter-77
Chapter-78
Chapter-79
Chapter-80
Chapter-81
Chapter-82
Chapter-83
Chapter-84
Chapter-85
Chapter-86

Chapter-31

2.6K 413 14
By Camichel_Miamo

Clickဖို့မမေ့ကြပါနဲ့ရှင့်🌻

လုကုပြန်မဖြေ။

နဉ့်ကျီ အကြောင်းအရာကို ပြောင်းလိုက်သည် "ကောင်းပြီ ကုကုရဲ့ ပန်းပွင့်အောက်ခံဘောင်းဘီ သွားဝယ်ကြစို့"

လုကုသည် နဉ့်ကျီအား ဖြတ်ခနဲ တစ်ချက်ကြည့်လာသည်။ သူ၏အသံမှာ နက်နဲကာ ဆွဲဆောင်မှုရှိလှသည် "ငါ မင်းကို ဝယ်" 

"ငါ မင်းကိုပါဝယ်ပေးမယ်" 

နဉ့်ကျီ၏နှုတ်ခမ်းလေးများ ကွေးညွတ်သွားလျက် တမင် သူ့အား စနောက်လိုက်သည် "ရှင်က ကျွန်မကို ဝယ်မယ်ပေါ့လေ? ကျွန်မက သိပ်ဈေးကြီးတာနော်"

လုကုသည် သူ၏နှုတ်ခမ်းများအား တစ်ခဏမျှစေ့ပိတ်ထားလျက် သူမအား ဖြည်းဖြည်းချင်း ပြန်ပြောလာသည် "ရုပ် ဆိုး ၊ မလို ချင်"

ထိုသို့ ကြားရသောအခါ နဉ့်ကျီ ဒေါသထွက်စွာ သူ့အား ကိုက်ဆွဲပစ်လိုက်ချင်တော့သည်။ သူမကတောင် သူအရူးလေးဖြစ်နေတာကို စိတ်မရှိတာ သူကျ သူမရုပ်ဆိုးတာကို မကြိုက်ဘူးပေါ့လေ?

သူမတို့ ဆိုင်ထဲသို့ရောက်ရှိသွားချိန်တွင် နဉ့်ကျီ အရောင်းဝန်ထမ်းအား ပန်းပွင့်များပါသည့် အမျိုးသားအတွင်းခံ သို့မဟုတ် အရောင်တောက်တောက်အတွင်းခံ အကုန်လုံး တန်းယူလာခိုင်းလိုက်တော့သည်။ 

များပြားလှသော အဆင်များကိုကြည့်ရင်း နောက်ဆုံး နဉ့်ကျီအတွေးပေါက်သွားမိသည် ယောက်ျားတွေလည်း အတော်တတ်နိုင်သည်ဟူ၍။ 

"ရှင်ကြိုက်တာမှန်သမျှ အကုန်ယူလိုက်" နဉ့်ကျီ ရက်ရောစွာဆိုလိုက်သည်။

ထို့နောက် အရောင်းဝန်ထမ်းလေးမှာ အနီရောင်ဆွယ်တာကို ဝတ်ဆင်ထားသည့် အလွန်တရာကို ချောမောလှသော လူကြီးမင်းသည် အနီရဲရဲနှင်းဆီပွင့်ကြီးများပါသည့် အစိမ်းရောင်အောက်ခံဘောင်းဘီအား ယူလိုက်သည်ကို မြင်လိုက်ရတော့၏။

နဉ့်ကျီကမူ သူမ၏ခံနိုင်ရည်စွမ်းအင်အား မြှင်တင်ထားပြီးဖြစ်လေသည်။ ရုတ်တရတ် လုကု၏ဦးခေါင်းထက်တွင် နေလုံးလေးထွက်ပေါ်လာသည်ကို မြင်လိုက်ရသောအခါ သူမ သူ့အား အလွန်နူးညံ့ချိုသာစွာ ဆိုလိုက်သည် "တခြားကြိုက်တာရှိသေးလား? ရှင်ကြိုက်တာမှန်သမျှ ရှင့်အတွက် အကုန်လုံး ဝယ်ပေးမယ်"  

ထို့နောက် သန္တာရောင်တစ်ထည်(reddish orange) ၊ အဝါတောက်တောက်တစ်ထည်နှင့် သစ်သီးပုံပါသည့် အဆင်အမျိုးမျိုးကို လုကု စတင်ရွေးယူတော့သည်။ 

သူ့၏ဘေးတွင်ရပ်နေသည့် နဉ့်ကျီ၏အပြုံးမှာ တောက်ပလျက်။ လုကု၏ဦးခေါင်းထက်က တစ်လုံးပြီးတစ်လုံး ထွက်ပေါ်လာသည့် နေလုံးလေးနှင့်အပြိုင် သူမ၏မျက်လုံးများမှာလည်း တဖြည်းဖြည်း ဘလင်းဘလင်း ဝင်းပလာသည်။ 
အရောင်းဝန်ထမ်းလေးခမျာ ရှော့ခ်ရသွားရှာသည်။ 

စောစောက သူမတို့သူဌေး ဤကာလာစုံဒီဇိုင်းများကို အရောင်းစာရင်းထဲ လာထည့်သည့်အချိန်က ဤအဝတ်များ ရောင်းပင်ရောင်းရပါ့မလားဟုပင် သူမမှာ မေးခွန်းထုတ်ခဲ့မိသေးသည်။ 
လူချောလေးသည် တစ်ထည်ပြီးတစ်ထည် ပျော်ရွှင်စွာ ရွေးယူလျက်ရှိကာ အမျိုးသမီးကမူ သူ၏ရွေးချယ်မှု မည်မျှကောင်းကြောင်း မည်မျှအမြင်ရှိကြောင်း တဖွဖွပြောနေသည်ကို မြင်နေရသောအခါ အရောင်းဝန်ထမ်းလေးမှာ သူမ၏အလှအပခံစားနိုင်မှုတွင် ပြဿနာရှိနေသလားဟူ၍ပင် ခံစားသွားရရှာသည်။ 

***

ဆိုင်အပြင်ထွက်လာရင်း နဉ့်ကျီ၏မျက်လုံးလေးများနှင့် မျက်နှာတွင် အပြုံးများဖြင့် ပြည့်ကာနေတော့သည်။

[Host, Host ၊ Host ရောင်ဝါအတွက် လဲမှာလား?]

တစ်ချိန်တည်း နေလုံးလေးငါးလုံးကို ရရှိလိုက်သောကြောင့် overlordသည် နဉ့်ကျီထက်ပင် ပိုမိုစိတ်လှုပ်ရှားနေသည်။

ကာလာစုံအတွင်းခံများဝယ်ခြင်းသည် လုကုအား ပျော်ရွှင်စေကာ နေလုံးလေးများ အများကြီးရရှိလိမ့်မည်ကို နဉ့်ကျီမျှော်လင့်မထားမိခဲ့ချေ။ 

"ငါ အကုန်လုံးကို ရောင်ဝါအတွက်လဲမယ်" နဉ့်ကျီ ရက်ရောစွာဆိုလိုက်သည်။ 

သူမ,ပြောရင်း ဦးခေါင်းထက်တွင် နေလုံးလေးငါးလုံးနှင့် အမျိုးသားအား လှည့်ကြည့်လိုက်သည် , ကျစ် နေလုံးလေးများသည် ရွှေအဆင်းဖြင့် တောက်ပနေလျက် နဉ့်ကျီအတွက် လုကုမှာ ခါတိုင်းထက် ပိုချောနေသလိုလို!   

"လုကုရေ ၊ အိမ်ပြန်ကြစို့" နဉ့်ကျီ လုကု၏လက်ကို လှမ်းဆွဲလိုက်သည်။ 

သူမ သူ့လက်အား ထိလိုက်သည့်အခိုက်အတန့်တွင် ရွှေရောင်နေလုံးလေးများအားလုံး နဉ့်ကျီ၏အတွင်းစိတ်ထဲသို့ ပြေးဝင်လာကြသည်။  

နဉ့်ကျီ သူတို့အား Overlordထံ ချက်ချင်းလွှဲပြောင်းပေးကာ ရောင်ဝါ၅%နှင့် လဲလှယ်လိုက်သည်။ 

ဒုတိယအလဲအလှယ်ပြီးနောက် လုကုအားကိုင်ထားသော သူမ၏လက်သည် ပိုမိုဝင်းသွားကို နဉ့်ကျီ သိသိသာသာကို သတိထားမိလိုက်၏။ 

သူမ အလျင်အမြန်ပင် သူမ၏ပိုက်ဆံအိတ်ထဲမှာ မိတ်ကပ်မှန်ကို ထုတ်ယူလိုက်သည်။ 

မှန်ထဲမှ သူမ၏မျက်နှာသည် နောက်ထပ်ကန့်လန့်ကာတစ်ခုအား ဆွဲဖယ်လိုက်သောအခါ အလင်းရောင်အချို့ တိုးဝင်ရောက်ခွင့်ရသွားသလို။ သူမ၏အရင်က မထင်မရှားရုပ်ရည်နှင့်ယှဉ်လျှင် ယခု အနည်းငယ် ပိုမိုကြည်လင်လာလေပြီ။

လုကု၏ကလေးဘဝအချိန်သို့ ရောက်ရှိသွားသည့်အချိန်တုန်းက လှလွန်းသဖြင့် မည်သူမျှအကြည့်မလွှဲနိုင်လောက်အောင် တောက်ပကာ ဆွဲဆောင်မှုရှိလှသည့် အရင်ပုံစံသို့ ပြောင်းလဲသွားခဲ့ပုံကို အမှတ်ရမိသောအခါ သူမ အလွန်ပျော်ရွှင်လာသည်။ 

မကြာတော့ပါဘူး သိပ်မကြာတော့ဘူး။ သူမ လုကုအား ချော့မြှူနိုင်နေသမျှ သူမ၏အလှတရားသည်လည်း သူမထံ ပြန်ရောက်လာလိမ့်မည်သာ။ 

လုအိမ်တော်သို့ ပြန်ရောက်သည့်အချိန်တွင် ဧည့်ခန်းထဲတွင် အမေလုနှင့်စကားပြောနေသည့် လင်ထန်းထန်းအား နဉ့်ကျီ တွေ့လိုက်ရသည်။ 

"အိုး ရှောင်ကျီတို့ပြန်လာကြပြီဘဲ" သူမ၏ခင်ပွန်း လုရှန်းယွမ် နိုင်ငံခြားမှပြန်ရောက်လာပြီကို ကြားသိရသောကြောင့် လင်ထန်းထန်းသည် သူမ၏အလုပ်ကိစ္စများမှ ချက်ချင်းအိမ်ပြန်လာခဲ့သည်။ 

နဉ့်ကျီအားကြည့်မိသောအခါ တစ်မျိုးတစ်ဖုံ ထူးဆန်းသောခံစားချက်များဖြင့် နဉ့်ကျီ၏အသားအရောင်မှာ အရင်ကထက် ပိုမိုဖြူလာသလို ခံစားလိုက်ရသည်။ 

"အမ်း" နဉ့်ကျီသည် လင်ထန်းထန်းအား အေးစက်စက်သာ ဆက်ဆံသည်။

လင်ထန်းထန်း နူးညံ့စွာ ပြုံးလိုက်၏ "ငါ အခုနောက်ပိုင်းအရမ်းကို အလုပ်များနေလို့ပါ။ အချိန်အများကြီးမပေးနိုင်လို့ စိတ်ဆိုးနေတာလား ရှောင်ကျီ?"  

နဉ့်ကျီ၏ရောင်ဝါအားလုံးကို ယူလိုက်ပြီးပြီဖြစ်သောကြောင့် သူမနှင့်အချိန်ဖြုန်းနေစရာမလိုတော့ဟု လင်ထန်းထန်း ဆုံးဖြတ်ထားသည်။ ထို့ကြောင့် သူမ ရိုက်ကွင်းရောက်နေချိန်တွင် နဉ့်ကျီအား လုံးဝမဆက်သွယ်ခြင်းပင်။  

"ဘာလို့ ငါက စိတ်ဆိုးရမှာလဲ?" နဉ့်ကျီ မေးလိုက်သည်။

သူမတို့နှစ်ယောက် ရင်းနှီးပါသည်ဟုပင် သူမ ဟန်လုပ်မနေချင်။ လင်ထန်းထန်း သူမအား တစ်ယောက်တည်းလွှတ်ထားပေးလျှင် ပို၍ဝမ်းသာသေးသည်။ 

#This is not my own story


-----



Clickဖို႔မေမ့ၾကပါနဲ႔ရွင့္🌻

လုကုျပန္မေျဖ။

နဥ့္က်ီ အေၾကာင္းအရာကို ေျပာင္းလိုက္သည္ "ေကာင္းၿပီ ကုကုရဲ႕ ပန္းပြင့္ေအာက္ခံေဘာင္းဘီ သြားဝယ္ၾကစို႔"

လုကုသည္ နဥ့္က်ီအား ျဖတ္ခနဲ တစ္ခ်က္ၾကည့္လာသည္။ သူ၏အသံမွာ နက္နဲကာ ဆြဲေဆာင္မႈရွိလွသည္ "ငါ မင္းကို ဝယ္" 

"ငါ မင္းကိုပါဝယ္ေပးမယ္" 

နဥ့္က်ီ၏ႏႈတ္ခမ္းေလးမ်ား ေကြးၫြတ္သြားလ်က္ တမင္ သူ႔အား စေနာက္လိုက္သည္ "ရွင္က ကြၽန္မကို ဝယ္မယ္ေပါ့ေလ? ကြၽန္မက သိပ္ေဈးႀကီးတာေနာ္"

လုကုသည္ သူ၏ႏႈတ္ခမ္းမ်ားအား တစ္ခဏမွ်ေစ့ပိတ္ထားလ်က္ သူမအား ျဖည္းျဖည္းခ်င္း ျပန္ေျပာလာသည္ "႐ုပ္ ဆိုး ၊ မလို ခ်င္"

ထိုသို႔ ၾကားရေသာအခါ နဥ့္က်ီ ေဒါသထြက္စြာ သူ႔အား ကိုက္ဆြဲပစ္လိုက္ခ်င္ေတာ့သည္။ သူမကေတာင္ သူအ႐ူးေလးျဖစ္ေနတာကို စိတ္မရွိတာ သူက် သူမ႐ုပ္ဆိုးတာကို မႀကိဳက္ဘူးေပါ့ေလ?

သူမတို႔ ဆိုင္ထဲသို႔ေရာက္ရွိသြားခ်ိန္တြင္ နဥ့္က်ီ အေရာင္းဝန္ထမ္းအား ပန္းပြင့္မ်ားပါသည့္ အမ်ိဳးသားအတြင္းခံ သို႔မဟုတ္ အေရာင္ေတာက္ေတာက္အတြင္းခံ အကုန္လုံး တန္းယူလာခိုင္းလိုက္ေတာ့သည္။ 

မ်ားျပားလွေသာ အဆင္မ်ားကိုၾကည့္ရင္း ေနာက္ဆုံး နဥ့္က်ီအေတြးေပါက္သြားမိသည္ ေယာက္်ားေတြလည္း အေတာ္တတ္ႏိုင္သည္ဟူ၍။ 

"ရွင္ႀကိဳက္တာမွန္သမွ် အကုန္ယူလိုက္" နဥ့္က်ီ ရက္ေရာစြာဆိုလိုက္သည္။

ထို႔ေနာက္ အေရာင္းဝန္ထမ္းေလးမွာ အနီေရာင္ဆြယ္တာကို ဝတ္ဆင္ထားသည့္ အလြန္တရာကို ေခ်ာေမာလွေသာ လူႀကီးမင္းသည္ အနီရဲရဲႏွင္းဆီပြင့္ႀကီးမ်ားပါသည့္ အစိမ္းေရာင္ေအာက္ခံေဘာင္းဘီအား ယူလိုက္သည္ကို ျမင္လိုက္ရေတာ့၏။

နဥ့္က်ီကမူ သူမ၏ခံႏိုင္ရည္စြမ္းအင္အား ျမႇင္တင္ထားၿပီးျဖစ္ေလသည္။ ႐ုတ္တရတ္ လုကု၏ဦးေခါင္းထက္တြင္ ေနလုံးေလးထြက္ေပၚလာသည္ကို ျမင္လိုက္ရေသာအခါ သူမ သူ႔အား အလြန္ႏူးညံ့ခ်ိဳသာစြာ ဆိုလိုက္သည္ "တျခားႀကိဳက္တာရွိေသးလား? ရွင္ႀကိဳက္တာမွန္သမွ် ရွင့္အတြက္ အကုန္လုံး ဝယ္ေပးမယ္"  

ထို႔ေနာက္ သႏၲာေရာင္တစ္ထည္(reddish orange) ၊ အဝါေတာက္ေတာက္တစ္ထည္ႏွင့္ သစ္သီးပုံပါသည့္ အဆင္အမ်ိဳးမ်ိဳးကို လုကု စတင္ေ႐ြးယူေတာ့သည္။ 

သူ႔၏ေဘးတြင္ရပ္ေနသည့္ နဥ့္က်ီ၏အၿပဳံးမွာ ေတာက္ပလ်က္။ လုကု၏ဦးေခါင္းထက္က တစ္လုံးၿပီးတစ္လုံး ထြက္ေပၚလာသည့္ ေနလုံးေလးႏွင့္အၿပိဳင္ သူမ၏မ်က္လုံးမ်ားမွာလည္း တျဖည္းျဖည္း ဘလင္းဘလင္း ဝင္းပလာသည္။ 
အေရာင္းဝန္ထမ္းေလးခမ်ာ ေရွာ့ခ္ရသြားရွာသည္။ 

ေစာေစာက သူမတို႔သူေဌး ဤကာလာစုံဒီဇိုင္းမ်ားကို အေရာင္းစာရင္းထဲ လာထည့္သည့္အခ်ိန္က ဤအဝတ္မ်ား ေရာင္းပင္ေရာင္းရပါ့မလားဟုပင္ သူမမွာ ေမးခြန္းထုတ္ခဲ့မိေသးသည္။ 
လူေခ်ာေလးသည္ တစ္ထည္ၿပီးတစ္ထည္ ေပ်ာ္႐ႊင္စြာ ေ႐ြးယူလ်က္ရွိကာ အမ်ိဳးသမီးကမူ သူ၏ေ႐ြးခ်ယ္မႈ မည္မွ်ေကာင္းေၾကာင္း မည္မွ်အျမင္ရွိေၾကာင္း တဖြဖြေျပာေနသည္ကို ျမင္ေနရေသာအခါ အေရာင္းဝန္ထမ္းေလးမွာ သူမ၏အလွအပခံစားႏိုင္မႈတြင္ ျပႆနာရွိေနသလားဟူ၍ပင္ ခံစားသြားရရွာသည္။ 

***

ဆိုင္အျပင္ထြက္လာရင္း နဥ့္က်ီ၏မ်က္လုံးေလးမ်ားႏွင့္ မ်က္ႏွာတြင္ အၿပဳံးမ်ားျဖင့္ ျပည့္ကာေနေတာ့သည္။

[Host, Host ၊ Host ေရာင္ဝါအတြက္ လဲမွာလား?]

တစ္ခ်ိန္တည္း ေနလုံးေလးငါးလုံးကို ရရွိလိုက္ေသာေၾကာင့္ overlordသည္ နဥ့္က်ီထက္ပင္ ပိုမိုစိတ္လႈပ္ရွားေနသည္။

ကာလာစုံအတြင္းခံမ်ားဝယ္ျခင္းသည္ လုကုအား ေပ်ာ္႐ႊင္ေစကာ ေနလုံးေလးမ်ား အမ်ားႀကီးရရွိလိမ့္မည္ကို နဥ့္က်ီေမွ်ာ္လင့္မထားမိခဲ့ေခ်။ 

"ငါ အကုန္လုံးကို ေရာင္ဝါအတြက္လဲမယ္" နဥ့္က်ီ ရက္ေရာစြာဆိုလိုက္သည္။ 

သူမ,ေျပာရင္း ဦးေခါင္းထက္တြင္ ေနလုံးေလးငါးလုံးႏွင့္ အမ်ိဳးသားအား လွည့္ၾကည့္လိုက္သည္ , က်စ္ ေနလုံးေလးမ်ားသည္ ေ႐ႊအဆင္းျဖင့္ ေတာက္ပေနလ်က္ နဥ့္က်ီအတြက္ လုကုမွာ ခါတိုင္းထက္ ပိုေခ်ာေနသလိုလို!   

"လုကုေရ ၊ အိမ္ျပန္ၾကစို႔" နဥ့္က်ီ လုကု၏လက္ကို လွမ္းဆြဲလိုက္သည္။ 

သူမ သူ႔လက္အား ထိလိုက္သည့္အခိုက္အတန႔္တြင္ ေ႐ႊေရာင္ေနလုံးေလးမ်ားအားလုံး နဥ့္က်ီ၏အတြင္းစိတ္ထဲသို႔ ေျပးဝင္လာၾကသည္။  

နဥ့္က်ီ သူတို႔အား Overlordထံ ခ်က္ခ်င္းလႊဲေျပာင္းေပးကာ ေရာင္ဝါ၅%ႏွင့္ လဲလွယ္လိုက္သည္။ 

ဒုတိယအလဲအလွယ္ၿပီးေနာက္ လုကုအားကိုင္ထားေသာ သူမ၏လက္သည္ ပိုမိုဝင္းသြားကို နဥ့္က်ီ သိသိသာသာကို သတိထားမိလိုက္၏။ 

သူမ အလ်င္အျမန္ပင္ သူမ၏ပိုက္ဆံအိတ္ထဲမွာ မိတ္ကပ္မွန္ကို ထုတ္ယူလိုက္သည္။ 

မွန္ထဲမွ သူမ၏မ်က္ႏွာသည္ ေနာက္ထပ္ကန႔္လန႔္ကာတစ္ခုအား ဆြဲဖယ္လိုက္ေသာအခါ အလင္းေရာင္အခ်ိဳ႕ တိုးဝင္ေရာက္ခြင့္ရသြားသလို။ သူမ၏အရင္က မထင္မရွား႐ုပ္ရည္ႏွင့္ယွဥ္လွ်င္ ယခု အနည္းငယ္ ပိုမိုၾကည္လင္လာေလၿပီ။

လုကု၏ကေလးဘဝအခ်ိန္သို႔ ေရာက္ရွိသြားသည့္အခ်ိန္တုန္းက လွလြန္းသျဖင့္ မည္သူမွ်အၾကည့္မလႊဲႏိုင္ေလာက္ေအာင္ ေတာက္ပကာ ဆြဲေဆာင္မႈရွိလွသည့္ အရင္ပုံစံသို႔ ေျပာင္းလဲသြားခဲ့ပုံကို အမွတ္ရမိေသာအခါ သူမ အလြန္ေပ်ာ္႐ႊင္လာသည္။ 

မၾကာေတာ့ပါဘူး သိပ္မၾကာေတာ့ဘူး။ သူမ လုကုအား ေခ်ာ့ျမႇဴႏိုင္ေနသမွ် သူမ၏အလွတရားသည္လည္း သူမထံ ျပန္ေရာက္လာလိမ့္မည္သာ။ 

လုအိမ္ေတာ္သို႔ ျပန္ေရာက္သည့္အခ်ိန္တြင္ ဧည့္ခန္းထဲတြင္ အေမလုႏွင့္စကားေျပာေနသည့္ လင္ထန္းထန္းအား နဥ့္က်ီ ေတြ႕လိုက္ရသည္။ 

"အိုး ေရွာင္က်ီတို႔ျပန္လာၾကၿပီဘဲ" သူမ၏ခင္ပြန္း လုရွန္းယြမ္ ႏိုင္ငံျခားမွျပန္ေရာက္လာၿပီကို ၾကားသိရေသာေၾကာင့္ လင္ထန္းထန္းသည္ သူမ၏အလုပ္ကိစၥမ်ားမွ ခ်က္ခ်င္းအိမ္ျပန္လာခဲ့သည္။ 

နဥ့္က်ီအားၾကည့္မိေသာအခါ တစ္မ်ိဳးတစ္ဖုံ ထူးဆန္းေသာခံစားခ်က္မ်ားျဖင့္ နဥ့္က်ီ၏အသားအေရာင္မွာ အရင္ကထက္ ပိုမိုျဖဴလာသလို ခံစားလိုက္ရသည္။ 

"အမ္း" နဥ့္က်ီသည္ လင္ထန္းထန္းအား ေအးစက္စက္သာ ဆက္ဆံသည္။

လင္ထန္းထန္း ႏူးညံ့စြာ ၿပဳံးလိုက္၏ "ငါ အခုေနာက္ပိုင္းအရမ္းကို အလုပ္မ်ားေနလို႔ပါ။ အခ်ိန္အမ်ားႀကီးမေပးႏိုင္လို႔ စိတ္ဆိုးေနတာလား ေရွာင္က်ီ?"  

နဥ့္က်ီ၏ေရာင္ဝါအားလုံးကို ယူလိုက္ၿပီးၿပီျဖစ္ေသာေၾကာင့္ သူမႏွင့္အခ်ိန္ျဖဳန္းေနစရာမလိုေတာ့ဟု လင္ထန္းထန္း ဆုံးျဖတ္ထားသည္။ ထို႔ေၾကာင့္ သူမ ႐ိုက္ကြင္းေရာက္ေနခ်ိန္တြင္ နဥ့္က်ီအား လုံးဝမဆက္သြယ္ျခင္းပင္။  

"ဘာလို႔ ငါက စိတ္ဆိုးရမွာလဲ?" နဥ့္က်ီ ေမးလိုက္သည္။

သူမတို႔ႏွစ္ေယာက္ ရင္းႏွီးပါသည္ဟုပင္ သူမ ဟန္လုပ္မေနခ်င္။ လင္ထန္းထန္း သူမအား တစ္ေယာက္တည္းလႊတ္ထားေပးလွ်င္ ပို၍ဝမ္းသာေသးသည္။ 

#This is not my own story

Continue Reading

You'll Also Like

439K 10.6K 86
"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."
344K 11.8K 45
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...
420K 16K 44
ကိုယ်ဟာ ကြိုးဝိုင်းထဲမှာ ကိုယ့်ကိုစိန်ခေါ်လာသမျှကောင်တွေအကုန် ထိုးရဲတယ် သတ်ရဲတယ် ကိုယ်နိုင်မယ်ဆိုတဲ့ယုံကြည်မှုရှိတယ် ကိုယ်မလုပ်ရဲတာဘာမှမရှိဘူးလို့ထင...
126K 19.2K 70
ကောင်းကင်​ဘုံမှ တိမ်​ဝိညာဉ်ရှောင်​ရှန်းဇီနှင့်​ ချူ ခုန်းတို့ ခိုက်​ရန်​ဖြစ်​ပွားရင်း ဖူးစာကြမ္မာပိုးကြိုးနီတို့ကို ရှုပ်​ထွေးသွားစေခဲ့မိသည်​။ ထို့က...