My very bad husband belong t...

By nan_nan_pin_lay_85

472K 30.2K 4.3K

ဆိုးပေလွန်းတဲ့ ဝမ်လူဆိုးလေးတွင် 'မောင် ' လို့ခေါ်ပြီးချွဲတက်တဲ့ ရှောင်းအိမ်သားလေး တစ်ယောက်ရှိလေရဲ့...။ ဆိုးေပ... More

Intro and charactor
1
2
3
4
5
6
7
8⚠
9
10
11
12⚠
13⚠
14
15
16
17⚠
18
19
20⚠
21
22
23
24
25
26
27
28
29⚠
31⚠
32⚠
33
34
35
36
37
38
39⚠(Final)

30

10.6K 774 113
By nan_nan_pin_lay_85

unicode version

လူသံ၊ကားသံ၊ ဆူညံသံတွေနဲ့အတူ ကားရှည်ကြီးတွေ အများအပြားတန်းစီပြီးရပ်ထားတဲ့ ကားဂိတ်တစ်ခု။
ကားဆီနံ့အပြင် လမ်းဘေးဆိုင်တွေရဲ့ တထောင်းထောင်း
ထနေတဲ့ ညော်နံ့ကိုလည်းရနေသည်။

အချိန်က မနက်စောစော ၇နာရီဝန်းကျင်မို့
ကားဂိတ်တွင် လူများရှုပ်ထွေးများပြားနေပြီး
ကားပေါ်တက်သူများကလည်း အသီးသီးတက်ကုန်ကြပြီ
ဖြစ်သည်။

ရိပေါ် လက်ထဲက ကားလက်မှတ်နှစ်စောင်ကို ကိုင်ပြီး
မျက်လုံးကိုအလုပ်ပေးကာ စီးရမဲ့ကားကို ရှာလိုက်သည်။
တွေ့ပြီဆိုတာနဲ့ ပါလာတဲ့ အထုတ်တွေကို အရင်သွားတင်လိုက်သည်။ ပြီးမှ ကားဘေးမှာစောင့်ရင်း
ကျန်နေခဲ့တဲ့ ရှောင်းကျန့်နဲ့ သားလေးကိုသွားခေါ်ရသည်။

ဒီနေ့တော့ သူရော သူ့အပိုင်လေးအပြင် အပိုဆုဖြစ်တဲ့
သားလေးပါ ရိပေါ်ရဲ့မွေးရပ်ဇာတ်တိက
အိမ်ကိုပြန်ကြမှာဖြစ်သည်။
ဒါကြောင့် မနက်စောစောကတည်းက သူတို့အကုန်
ကားဂိတ်ကို ရောက်နေကြသည်။

"ရှောင်းကျန့် လာ ကားပေါ်တက်ကြမယ် "

Hodie အနီလေးကို ဂျင်းအမဲလေးနဲ့ တွဲဝတ်ထားပြီး
လည်ပင်မှာ မာဖလာအညိုလေး ပတ်ထားတဲ့
ရှောင်းကျန့်က မနက်ခင်းစောစော အချမ်းပိုနေချိန်မို့
နှာခေါင်းထိပ်လေးနီနေပြီး ယုန်လေးနဲ့ တူနေသည်။
လက်ပေါ်က သားလေးကတော့ ဝက်ဝံလေးတွေပါတဲ့
အနွေးထည်အဖြူအမဲ ဝမ်းဆက်ကို
ဝတ်ပေးထားပြီး ခေါင်းမှာလည်း ဝက်ဉီးထုပ်လေး
ဆောင်းထားတာမို့ ချစ်စရာလေးဖြစ်နေသည်။
လူတစ်ချို့ကတောင် သားလေးနဲ့ရှောင်းကျန့်ကို
ချစ်စရာလေးဆိုတဲ့ အကြည့်နဲ့ကြည့်သွားကြသည်။

"အင်း နေရာချပြီပြီးလား "

"ပြီပြီး။ လာ သားကိုပေး ကားပေါ်တက်ကြမယ် "

သားလေးကို ရှောင်းကျန့်လက်ကနေ
ပြောင်းချီလိုက်သည်။ ထို့နောက် ရှေ့ကနေ ကားပေါ်ကို
အရင်တက်သွားလိုက်တော့ ရှောင်းကျန့်က
နောက်ကနေကပ်ပါလာသည်။

ကားပေါ်ရောက်တာနဲ နေရာမှာဝင်ထိုင်လိုက်သည်။
ဆောင်းတွင်းမနက်စောစောဖြစ်သည့်အပြင်
လေစိမ်းအနည်းငယ် တိုက်ခံလိုက်ရတော့
သားလေးနာခေါင်းမှာ နှာရည်အနည်းငယ်ယိုနေပြီ
ဖြစ်သည်။

"လာခဲ့ ညစ်ပေတူးလေး "

တစ်ရှူးပါမလာတာမို့ ရိပေါ် အိင်္ကျီလက်အစလေးနဲ့
နှာခေါင်းလေးကို ဖွဖွလေးသုတ်ပေးလိုက်တော့
သားလေးက ရှုံ့မဲ့ကာအတင်းရှုန်းတော့သည်။

"မငိုနဲ့လေသားရဲ့ အော့အော့တွေမို့ လုပ်ပေးတာကို "

ရှောင်းကျန့် ဆူပူသလိုလေးပြောလိုက်တော့
ကျချင်နေတဲ့ မျက်ရည်ဉတွေနဲ့သားက
မျက်နှာကြီးမဲ့ကာ မော့ကြည့်လာသည်။

"လာ ပါးပါးဆီလာချင်လို့လား "

သားလေးက သူ့ပါးပါးနဲ့အနေများလို့ထင်
ရှောင်းကျန့်အသံကြားတာနဲ့ ခြေကားယားလက်ကားယား
ဖြစ်လာပုံက သွားချင်နေမှန်းသိသာသည်။
ရိပေါ် သားလေးကို ရှောင်းကျန့်လက်ထဲပြောင်းထည့်ပေးလိုက်ပြီး
ပေါက်စိလုံးလို ပါးကြီးကို ရှုကနဲမြည်အောင်နမ်းလိုက်တော့
ခုနကတည်းက ငိုချင်နေတဲ့သားကတွန့်လိမ်ကာ
ဗြဲခနဲငိုချတော့သည်။ ဒါပေမဲ့လည်း မေ့လွယ်ပျောက်
လွယ်အရွယ်မို့ ခနလေးငိုပြီး တန်းတိတ်သွားသည်။

"သားကနမ်းတာမကြိုက်တာကို အတင်းမနမ်းနဲ့လေကွာ "

"ဒါလေးနမ်းတာကိုကွာ တွန့်တိုနေလိုက်တာ
သူ့ပါးပါးအတိုင်းဘဲ "

ငိုမဲ့မဲ့ဖြစ်နေဆဲ သားလေးရဲ့ နှာခေါင်းလေးကို
လက်ညှိုးလေးနဲ့ အသာတို့ရင်းပြောလိုက်တော့
ရှောင်းကျန့်မျက်စောင်းက သူ့ဆီဒိုင်းကနဲ။

"အဲ့..အဲ့...အဲ့ "

" နို့ဆာနေပြီထင်တယ် ဖျော်လာတဲ့နို့ဗူးရော "

"ရှိတယ်လေ အိတ်ထဲမှာယူပေးမယ် "

အပေါ်မှာတင်ထားတဲ့ အထုတ်တွေထဲကနေ ဖျော်လာတဲ့
နို့ဗူးလေးကို ထုတ်ပြီး ရှောင်းကျန့်ကိုပေးလိုက်သည်။

"လာသား ချိုချိုစို့ကြမယ်နော် "

သားလေးကို ပက်လက်အနေအထားပြောင်းချီလိုက်ပြီး
နို့လေးကို ပါးစပ်ထဲထည့်ပေးလိုက်တော့ သားက
ပါးစုံကြီးတွေ တလှုပ်လှုပ်ဖြစ်သည်ထိ အငမ်းမရကို စို့သည်။
ဒီရက်ပိုင်း ရိပေါ်အလုပ်သွားတဲ့ အချိန်တိုင်း
ရှောင်းကျန့်က သားလေးနဲ့ ကျန်ခဲ့ရတာမို့ ကလေးချီနည်းအပြင် ကလေးထိန်းနည်းတွေပါ
အတော်ကိုတိုးတက်လာနေပြီဖြစ်သည်။

အိမ်ဌားထားတဲ့ စာချုပ်လည်းပြည့်တော့မှာမို့
အိမ်ကိုပြန်အပ်လိုက်ပြီး အဝတ်အစားနဲ့ လိုအပ်တာလေးဘဲ
ယူလာခဲ့တာမို့ သိပ်တော့များများမပါပေ။
အိတ်ထဲတွင် အများဆုံးကတော့ သားလေးအတွက်
အဝတ်အစား၊နို့မှုန့်၊နို့ဗူး၊ပေါင်ဒါမှုန့်၊ရေချိုးဆပ်ပြာ
စသည့် အသုံးအဆောင်တွေအများဆုံးပါသည်။
ပေကျင်းမှာက ဒီလိုအသုံးအဆောင်တွေက
စျေးချိုတာမို့ သူတို့များများဝယ်လာခဲ့သည်။
ဒါကြောင့်မို့ စုထားတဲ့ ယွမ်အတော်များများဟာလည်း
အတော်ကိုကုန်နေပြီဖြစ်သည်။ ရိပေါ်ကတော့ 'ခင်များနဲ့သားလေ မျက်နှာမငယ်ရအောင်
ကြိုးစားမှာမို့ စိတ်မပူနဲ့ ' လို့ပြောလာတိုင်း ရှောင်းကျန့်
ကြိတ်ပြီးရင်တွေခုန်ရတာအခါခါ။

ဟိုတစ်ခါအတူတူနေပြီးကတည်းက ရိပေါ်နဲ့
သူ့အခြေအနေဟာ တော်တော်ကိုတိုးတင်လာသည်။
ညတိုင်းလိုလိုမဟုတ်ပေမဲ့ တစ်ရက်ခြားတစ်ခါလောက်
အတူတူနေဖြစ်ကြသည်။ အတူနေတိုင်းလည်း
ရိပေါ်က သူ့ကိုသာယာမှုအပြည့်ရအောင် လုပ်ဆောင်ပေးပြီး
ချစ်တယ်လို့လည်း ခနခနပြောတက်သည်။
ရှောင်းကျန့်လည်း ရိပေါ်ကိုချစ်မိနေပြီဆိုတာသိပေမဲ့
သူ့ကိုချစ်ပါတယ်လို့ ဝန်မခံရသေးဘူး ။
ရှက်တာလည်း ပါမှာပေါ့လေ ဒါပေမဲ့ မကြာခင်တော့
သူဝန်ခံတော့မှာပါ။

"သားလေး အိပ်သွားပြီ ကျွန်တော် ချီထားလိုက်မယ်ပေး "

တွေးနေရင်း လက်ပေါ်ကသားလေးတောင် နို့စို့ရင်း
အိပ်မောကျသွားပြီဖြစ်သည်။

"ရပါတယ် ဟိုပြောင်း ဒီပြောင်းလုပ်ရင် နိုးသွားဉီးမယ်
ငါဘဲချီထားလိုက်မယ် "

ခနကြာတော့ ကားပေါ်မှာလူအတော်စုံနေပြီမို့
ကားဆရာက ထွက်ဖို့အသံပေးနေပြီဖြစ်သည်။

"ကားထွက်တော့မယ် အိပ်ချင်ရင်
ကျွန်တော့ပုခုံးပေါ်မှီအိပ်နော် "

"အင်း "

"ဟို... ဒါကခုနံပတ် ၁၀လားဗျ "

လက်မှတ်တစ်ခုကို ကိုင်ပြီး သူတို့ရှေ့ရောက်လာတဲ့
ကောင်လေးတစ်ယောက်။ ကြည့်ကောင်းတဲ့ရုပ်ရည်
ရှိတယ်ဆိုပေမဲ့ မျက်နှာကမချိုမချဉ် စပ်ဖြဲဖြဲနဲ့။
ခုံနံပတ်မေးတာတောင် ဘေးအစွန်မှာထိုင်နေတဲ့ သူ့ကိုမမေးဘဲ ပြတင်းပေါက်
နားကရှောင်းကျန့်ကို လော်ကွတ်ချော်ကာ
ကျော်မေးနေသည်။

"ဟုတ်တယ် "

ရိပေါ် သိပ်မကြည်တာမို့ ခပ်ပြတ်ပြတ်အသံနဲ့
ပြောလိုက်တယ်။ ခုမှသူ့ကိုမြင်ပုံရတဲ့ကောင်လေးက
ရှောင်းကျန့်ဆီကအကြည့်ခွာက သူ့ကိုတစ်ချက်ပြုံးပြပြီး
ထိုင်ခုံမှာဝင်ထိုင်သည်။ ထို့နောက် အိတ်ထဲကဖုန်းကို
ထုတ်ပြီး နားကြပ်ကိုနားမှာတပ်ကာ သီချင်းနားထောင်
နေပုံရသည်။ ဒါပေမဲ့ စောက်ချိုးမပြေတဲ့
မျက်လုံးတွေက သူ့အပိုင်ကိုဘာလို့ လာကြည့်နေရတာလဲ။

ရှောင်းကျန့်ကို ကြည့်လိုက်တော့လည်း ကောင်လေးကိုတောင်
သတိထားမိပုံမပေါ်ဘဲ ပြတင်ပေါက်ကို ခေါင်းတင်ပြီး
အသာမှေးနေသည်။

"အကိုကြီးစားပါဉီးလား "

အိတ်ထဲကနေ လိမ္မော်သီး အသေး တစ်လုံးထုတ်ပြီး စားပါဉီးလုပ်လာသည်ကို ရိပေါ်နှာခေါင်းရှုံ့လိုက်ပြီး

"တော်ပါပြီ "

"ဟို အကို စားပါဉီး "

"အာ တော်ပါပြီ "

ရိပေါ် ဒေါသထောင်းကနဲထွက်သွားသည်။
ရှောင်းကျန့်ထက် 6နှစ်ငယ်တဲ့သူ့ကို အကိုကြီးခေါ်ပြီး
ရှောင်းကျန့်ကြ အကိုတဲ့လား။ ဒါတင်မကသေး
သူ့ကို လိမ္မောသီးကျွေးပြီး ရှောင်းကျန့်ကို
အိပ်ထဲကနေ ချောကလက်ပြား ထုတ်ကျွေးသည်လေ။
ရိပေါ် ရှေ့ကစပ်ဖြီးဖြီးအခွက်နဲ့ကောင်ကို
ပြေးထိုးချင်စိတ်ကိုမနည်းထိန်းနေရသည်။

ရှောင်းကျန့် မျက်လုံးလေးမှိတ်ပြီး မှေးနေပေမဲ
ခုံနံပတ်မေးသံကြားလိုက်ရသည်။ ရိပေါ်ကိုမေးနေတယ်
ထင်တာမို့ မျက်လုံးဖွင့်မကြည့်တော့ဘဲ ဆက်မှေးနေလိုက်သည်။ ခနအကြာ
'အကိုစားပါဉီး ' ဆိုတဲ့အသံတစ်ခု မျက်လုံးဖွင့်ကြည့်လိုက်တော့ သူတို့ရှေ့ခုံမှာ
ကောင်လေးတစ်ယောက်ရောက်နေသည်။ ရှောင်းကျန့်
ပြုံးပြပြီး ချိုချိုသာသာဘဲငြင်းလိုက်ပါတယ်။

ဒါပေမဲ့ ရုတ်ချည်းအေးစက်လာတဲ့ လေထုကြောင့်
ဘေးကိုတစ်ချက်ကြည့်လိုက်တော့ ရိပေါ်က
ဟိုကောင်လေးကို မီးဝင်းဝင်းတောက်နေတဲ့ ဒေါသမျက်လုံးတွေနဲ့ စိုက်ကြည့်နေတာမို့ ရှောင်းကျန့်တောင်လန့်သွားသည်။ ဒါပေမဲ့ ဟိုကောင်လေးကတော့ သိပုံမပေါ်ဘဲ သူ့ကိုစိုက်ကြည့်ပြီး
ပြုံးပြလာတာမို့ ရှောင်းကျန့်အင်တင်တင်နဲ့ ပြန်ပြုံးပြလိုက်ရသည်။

"တောက်! "

"ရိပေါ် ဘာဖြစ်လို့လဲ "

"ဘာမှမဖြစ်ဘူး ခြင်ကိုက်လို့ "

အတူတူထိုင်နေရင်း ရိပေါ်ကိုမှ ရွေးကိုက်တဲ့ခြင်က
ရှေ့ကကောင်လေးမှ ဟုတ်မှဟုတ်ပါလေစ။
မျက်မှောင်ကြီး ကျုံ့ပြီးလက်သီးခပ်တင်းတင်း
ဆုတ်ထားတဲ့ ရိပေါ်က လျှာလကာရည်တွေ
အလောင်းလွန်နေပြီထင်ပါရဲ့။

"ဟုတ်လား ကျွန်တော့်တော့မကိုက်ပါဘူး
အကို့ရောကိုက်သေးလား "

"ဟင် ဟင့်အင်မကိုက်ပါဘူး "

ပိုပြီးတွန့်ချို့လာတဲ့ ရိပေါ်မျက်ခုံးတွေကြောင့်
ရှောင်းကျန့် ကြိတ်ပြုံးလိုက်သည်။

"ဒါနဲ့ အကို့လက်ပေါ်က ကလေးလေးက "

"အော် ဒါက..."

"ငါ့သား ။ ငါတို့နှစ်ယောက်သား "

သူမဖြေခင် ကြားဖြတ်ပြီး ဖြေလိုက်တဲ့
ရိပေါ်အသံက ဂုဏ်ဆာဟန်တွေပါနေသည်။

" ဒါဆို အကိုတို့နှစ်ယောက်က "

"တရားဝင်လက်ထပ်ထားတဲ့ လင်လင်တွေ "

ရှောင်းကျန့် ပြုံးလိုက်ပြီး

"ဟုတ်တယ် အကိုတို့နှစ်ယောက်က အလိုတွေ "

ခုမှရိပေါ်က ပြန်ပြုံးနိုင်ကာ မျက်ခုံးတွန့်တွေ လည်းပြေသွားပြီး အောင်နိုင်သူမျက်နှာဘေးဖြစ်သွားသည်။

"မထင်ရဘူးနော် ကျွန်တော်ကအကို့ကို
လူပျိုလေးထင်နေတာ "

"ဟာ "

ရှောင်းကျန့်ရှက်သလို လည်ဂုတ်ကိုပွတ်လိုက်သည်။

"တကယ်ပြောတာ အကိုကတကယ်ကို ချစ်စရာလေး "

"ကိုယ့်ဘေဘီချစ်ဖို့ကောင်းတာ ကိုယ်သိပါတယ်
ဒါပေမဲ့ မင်းထင်သလို လူပျိုလေးတော့မဟုတ်ဘူး
ကိုယ့်ရဲ့တရားဝင်အိမ်သားလေး "

"ရိပေါ်ကလည်း "

"မနာလိုလိုက်တာ "

"ဘာ "

"အော် အားကျတယ်လို့ပြောတာ အကို့လိုချစ်စရာလေးကို
ပိုင်ဆိုင်ထားလို့လေ "

တကယ် အားကျသလို တကယ်လည်သမနာလိုမိပါတယ်။
မြင်မြင်ချင်း အချစ်ဆိုတာယုံမလားမသိပေမဲ့
အကို့ကို မြင်မြင်ချင်း ချစ်မိသွားခဲ့တယ်။ ခုံရှာနေရင်း ဖြတ်ခနဲအကြည့်ရောက်မိတဲ့ အကို့ရဲ့ အေးချမ်းတဲ့
မျက်နှာလေးက ဆွဲဆောင်နေတာမို့ ခုံတောင်ဆက်မရှာတော့ဘဲ အကို့ခုံရှေ့က နံပတ် ၁၀လို့
ရေးထားတဲ့ ခုံမှာဘဲထိုင်ဖို့ဆုံးဖြတ်လိုက်တယ်။
ကံကောင်းချင်တော့ ဒီထိုင်ခုံကိုဘယ်သူမှမလာဘူးလေ
တကယ်တော့ သူ့လက်ထဲက ခုံနံပတ်က ၁၀ မဟုတ်ဘဲ
၂၂တဲ့ အကိုနဲ့ တော်တော်ဝေးဝေးနေရာမှာပေါ့။

အချိန်မတော်ကြာတော့ ကားလေးလည်း ခရီးအတော်
ရောက်နေပြီဖြစ်ပြီး လက်ပေါ်ကသားလေးလည်း
ပျင်းကြောဆန့်ရင်းနိုးလာတော့သည်။

"သားနိုးလာပြီလား လာပါဉီး ဒယ်ဒီဆီ "

အိပ်ရေးဝနေတဲ့ သားလေးက မျက်လုံးလေးတွေ
ဖောင်းနေပြီး ရောက်နေတဲ့ နေရာကို အထူးအဆန်း
လိုက်ကြည့်နေသည်။ သူ့လက်ပေါ်ရောက်လာတာနဲ့
သားကသူ့ကိုမျက်လုံးအဝိုင်းသားနဲ့ မော့ကြည့်ပြန်သည်။

"ဘေဘီ အိပ်ချင်ရင် မောင့်ပုခုံးပေါ်မှီအိပ် "

ရှောင်းကျန့် မျက်လုံးအဝိုင်းသားနဲ့ကြည့်မိသည်။
ရိပေါ်တို့ ရှာလကာရည်က ခုထိကိုမကုန်သေးဘူးဘဲ။
ခုလည်း ရှေ့ကကောင်လေးကြားအောင်
တမင်ပြောနေတာသိတာပေါ့။

"ရပါတယ် မအိပ်တော့ဘူး ခနနေရောက်တော့မှာမလား "

"ဟုတ်တယ်နော် အကြာကြီးအိပ်တာ မကောင်းဘူး အကိုရဲ့ "

ချက်ခြင်းဆူပုတ်သွားတဲ့ ရိပေါ်မျက်နှာက လငပုတ်ဖမ်းခံထားရတဲ့လလိုဘဲ။ လက်ထဲကသားကတောင်
သူ့ဒယ်ဒီမျက်နှာကို အထူးအဆန်းကြည့်နေသေးသည်။

"ဝှား...ရုတ်တရက်ကြီး အိပ်ချင်လာသလို "

ပြောပြီး ရိပေါ်ပုခုံးပေါ် ခေါင်းတင်ပြီး မျက်လုံးကို
အသာလေးမှိတ်ထားလိုက်သည်။ ဆူပုတ်နေတဲ့
မျက်နှာကြီး ပြန်ကြည်လင်လာပြီး တွန့်ချိုးနေတဲ့
မျက်ခုံးတွေ ပြေသွားမှာတော့ မော့မကြည့်လည်း
ရှောင်းကျန့်သိနေသည်။

အလိုနဲ့တလှိမ့်လှိမ့်သွားနေတဲ့
ကားလေးသည် သူတို့ဆင်းမဲ့နေရာကို
ရောက်လာတော့သည်။ ကားရပ်သွားတာနဲ့
ရှောင်းကျန့်က ကလေးကိုချီထားပြီး
ရှေ့ကအရင်ဆင်းသွားသည် ရိပေါ်ကတော့ အထုပ်တွေယူရင်း
သူနဲ့အတူကပ်လိုက်လာသည်။

သူတို့နဲ့အတူ ဘေးခုံက ကောင်လေးကပါ အတူလိုက်ဆင်းတာမို့ ရိပေါ်ကတော့
မျက်ခုံးတွေ တွန့်ချိုးကုန်သည်။

"အကိုတို့က ဘယ်မှာနေတာလဲ "

"မင်းနဲ့ဆိုင်လို့လား "

ကားပေါ်မှာကတည်းက ထိန်းထားတဲ့ဒေါသက
ခုချိန်မှာတော့ ရိပေါ်မထိန်းနိုင်တော့ပေ။
ဘာကိစ္စဒီကောင်က သူတို့ဆင်းတဲ့နေရာမှာဆင်းရတာလဲ။

"မင်းကဒီကလား "

ရှောင်းကျန့်မေးလိုက်တော့ ကောင်လေးက ခေါင်းကုတ်ကာ

"အာ မဟုတ်ပါဘူး ကျွန်တော်နေတဲ့နေရာရောက်ဖို့
နောက်ထပ် နှစ်ကားထပ်စီးရဉီးမယ် "

အတော့မှ ရိပေါ်မျက်ခုံးတွေအနည်းငယ် ပြေသွားတာ
သတိထားလိုက်မိသည်။

"အဲ့...အဲ့...အဲ့ "

လူပေါ်ကနေ တအဲ့အဲ့အော်နေတဲ့သားက လူတွေရှုပ်ပြီး
ဆူညံနေလို့ စိတ်ရှုပ်နေပြီထင်သည်။

"သားက စိတ်ရှုပ်နေပြီထင်တယ် ပြန်ကြမယ်လေ
ဘာတွေစောင့်နေတာလဲ "

"ဟင့်အင် မစောင့်ပါဘူး "

ပြောလိုက်တော့ ရိပေါ်က အထုပ်ကိုဆွဲရင်း ရှေ့ကသွားဆိုတဲ့
သဘောမျိုးနဲ့မေးငေါ့ပြသည်။
ရှောင်းကျန့် ကလေးကိုချီပြီးရှေ့ကသွားမှ
ရိပေါ်ကလည်း နောက်ကနေပါလာသည်။

"အကို ကံမကုန်ရင် ပြန်ဆုံချင်သေးတယ်နော် "

နောက်ကကောင်လေးရဲ့ အသံကိုကြားလိုက်ရသည်။
ဒါပေမဲ့ ရှောင်းကျန့် နောက်လှည့်ကြည့်ပြီး ပြန်မဖြေခင်မှာဘဲ

"ဘောတောင် ပြန်မဆုံဘူး ဟျောင့်"

ရှောင်းကျန့် ကြိတ်ရယ်လိုက်မိသည်။
ဝမ်ရိပေါ်ဆိုတဲ့ ဒီကောင်လေးက တော်တော် သဝန်တိုတက်ပါလား။

------------------------------

"ဟေ တကယ်ကြီး "

အိမ်ရောက်ပြီး အကြောင်းစုံကိုရှင်းပြလိုက်တာနဲ့
ကြီးမေရဲ့ အာမေဋိတ်သံနဲ့အတူ မျက်လုံးအပြူးသား
မေးသံကိုကြားရသည်။

"ဟုတ်တယ် ရှောင်းကျန့်က အတိတ်မေ့နေတာ "

"ဒါနဲ့ နေပါဉီး ဒီကလေးလေးက "

"ကျွန်တော်တို့နှစ်ယောက်သားလေးလေ "

"ဟေ ဘယ်လို ဘယ်လို အချိန်တိုလေးအတွင်း
ဒီလောက်ကလေးကြီး ဘယ်လိုမွေးလိုက်တာတုန်း "

"ဒီလိုဘဲလေ ကျွန်တော့်အစွမ်းမစနဲ့ပေါ့ "

"ရိပေါ် ကြီးမေကိုစမနေနဲ့ "

အတည်ပေါက်ကြီးနဲ့ စနေတဲ့ရိပေါ်ကြောင့် ရှောင်းကျန့်
မျက်မှောင်ကျုံ့ပြီးဆူလိုက်ရသေးသည်။

"ဒီလိုကြီးမေရေ................................
.........................................။"

အစချီကာ ရှင်းပြချက်အဆုံး ကြီးမေက ခေါင်းငြိမ့်ကာ

"အော် ကလေးလေးက သနားစရာလေးဘဲ
ဒါနဲ့ မင်းတို့တကယ်ကြီး မွေးစားကြမလို့လား "

"ဟုတ်တယ် ကြီးမေ သားလေးကို ကျွန်တော်တို့
မိသားစုဝင်အဖြစ် အပြီးတိုင်မွေးစားမလို့ "

"ကောင်းပါတယ်ကွယ် ကလေးလေးကလည်း
ချစ်စရာလေး လာပါဉီး ဖွားဖွားကြီးဆီ "

သားလေးက ကြီးမေကို မျက်နှာစိမ်းမို့လို့ထင်
လက်ပေါ်ရောက်တာနဲ့ ငိုမဲ့မဲ့ဖြစ်လာသည်။

"မငိုပါနဲ့ မြေးရဲ့ ဖွားဖွားကြီးလေ သားအတွက်
နို့နို့တွေအများကြီးလည်းဖျော်တိုက်မယ် သီချင်းလည်း
ဆိုပြမယ်နော် "

ကြီးမေက ချီရင်းမြူနေတော့ သားကငိုဖို့မေ့သွားသည်ထင်
မျက်လုံးအဝိုင်းသားနဲ့ မော့ကြည့်နေသည်။

" ကလေးလေးက ကောက်ရတာရောဟုတ်ရဲ့လား "

"ဟင် ဘာလို့လဲ "

"အေးလေ ကြီးမေကလည်း အရင်းမရှိအဖျားမရှိ "

"မဟုတ်ပါဘူးဟယ် သေချာကြည့်လေ နင်တို့နှစ်ယောက်နဲ့
တူလေဘဲ မသိရင် နင်တို့နှစ်ယောက်မွေးထားတာကျရော "

ရှောင်းကျန့်ရော ရိပေါ်ရောပြုံးလိုက်မိသည်။

" ကျွန်တော်နဲ့ရှောင်းကျန့်အတွက် ဘုရားပေးတဲ့
ဆုလာဘ်ထင်တယ် အကြောင့် ကျွန်တော်တို့နှစ်ယောက်နဲ့
တူနေတာ "

"အေး ဖြစ်နိုင်တယ် ဒါနဲ့ ကလေးနာမည်ပေးပြီးပြီလား "

"ပေးပြီးပြီ ဝမ်အိုက်ရှောင်းတဲ့ "

"ဝမ်အိုက်ရှောင်း ဘာလိုအဓိပါယ်လဲဟဲ့ "

"ဒီလိုလေ ဝမ်က ကျွန်တော် ဝမ်ရိပေါ် အွန်း အွန်း.."

ရိပေါ်မဖြေခင် ရှောင်းကျန့် ပါးစပ်ကိုလက်နဲ့
အမြန်ပိတ်လိုက်ရသည်။

"ဒီလိုပါကြီးမေရဲ့ အဓိပါယ်က အတိအကျမရှိဘူး
ဒီတိုင်း ကျွန်တော်တို့နှစ်ယောက်နာမည်ကိုပေါင်ထားတာ "

"အော် အေးအေး "

"အဲ့...အဲ့...အဲ့ "

သားက နောက်တစ်ခေါက် ဗိုက်ဆာပြန်ပြီထင်သည်
ငိုမဲ့မဲ့နဲ့ အသံပေးလာတော့သည်။

"ကလေးနို့ဆာနေပြီ နို့ဗူးဖျော်ဖို့ပြင်တော့ "

"အင်းပါ ဝက်ပေါက်လေးကလည်း ဆာဘဲဆာနိုင်လွန်တယ်နော် အကြောင့် သူပါးကြီးတွေကို
ကြည့်ပါဉီး ပေါက်စိလုံးလောက်ဖြစ်တော့မယ် "

"အဲ့...အဲ့...အဲ့.."

"သွားအမြန်ဖျော်တော့ ဟိုမှာအသံပေးနေပြီ "

"ဟုတ်ပါပြီဗျာ "

အလိုနဲ့ဘဲ ရိပေါ်အိမ်လေးတွင် အိမ်သားအသစ်လေး
တစ်ယောက်တိုးလာပြီး ထိုအိမ်သားလေးကောင်းမှုနဲ့ဘဲ
အိမ်လေးသည် စိုပြေကာ ဆူညံသံတွေညံစီလာတော့သည်။

နောက်နေ့တွင် တစ်ရက်ကွက်လုံးပါးစပ်ဖျားမှာ
ရေပန်းစားနေတဲ့ သတင်းကတော့ ရှောင်းကျန့်
အိမ်ပြန်ရောက်နေပြီဆိုတာထက် ဝမ်ရိပေါ်နဲ့ရှောင်းကျန့်က
ကလေးလေးတစ်ယောက်မွေးပြီး အိမ်ပြန်ရောက်လာတယ်
ဆိုတဲ့သတင်းပင်။

------------------------------------

ပေကျင်းကပြန်လာပြီးနောက်ပိုင်း ရိပေါ်အလုပ်တွေ
အရမ်းကြိုစားလာတာ ရှောင်းကျန့် သတိထားမိသည်။
ခုလည်း သူများဆီမှာ အလုပ်လုပ်မှာထက်
ကိုယ်ပိုင်ဆိုင်လေးဖွင့်ချင်တယ်ဆိုပြီး မြို့ထဲကို
ဆိုင်းခန်းကြည့်သွားလေသည်။ ဆိုင်ခန်းဌားတာက
သိပ်မပေးရဘူးဆိုပေမဲ့ လိုအပ်တဲ့ပစ္စည်းတွေ
ဝယ်ထည့်ဖို့ကြအတော် ကုန်လောက်မည်။

ရှောင်းကျန့်စုထားတဲ့ ပိုက်ဆံလေးကလည်း
ဟိုဟာဝယ်ဒီဟာဝယ်နဲ့ သိပ်မကျန်တော့ဘူးမို့
အပိုဝင်ငွေလေးရအောင် သူပါအလုပ်လုပ်ချင်ပြောပေမဲ့
ရိပေါ်က လုံးဝလက်မခံပါ။ 'သားလေးနဲ့အိမ်မှာဘဲ
အေးဆေးနေ ခင်များယောကျ်ားက ဒီလောက်တော့ရှာနိုင်တယ်' ဆိုပြီး သူ့ကိုတောင်
စိတ်ဆိုးသွားသေးသည်။

ဒီတိုင်း စိတ်ဆိုးရုံဘဲလားဆိုတောမဟုတ်ပါ
တစ်ရက်ကခြားတစ်ခါ အတူနေတာကို အဲ့နေ့ညက
အတူနေရမဲ့ရက် မဟုတ်ပါဘဲ သူ့တစ်ကိုယ်လုံးကို
ရစရာမရှိအောင် သောင်းကြမ်းသွားသေးသည်။
တော်သေးတာပေါ့ သားလေးကနို့ဆာလို့ ငိုကာမှ
သူ့ကို အလွှတ်ပေးလို့ နောက်မို့ဆို
ရှောင်းကျန့်ဒီနေ့မနက်ထနိုင်မှာတောင်မဟုတ်။

မနက်မိုးလင်းတော့လည်း ညကသောင်းကျန်းသွားတာ သူမဟုတ်သလို။ ရှောင်းကျန့် ရစရာမရှိအောင်
ဆဲဆိုနေလည်း ဝမ်ရိပေါ်တို့က မဖြုံပါ
'အရိုင်းတုန်းလေး 'လို့ပြောပြီး သူ့ပါးကိုတောင်
နမ်းသွားသေးသည်။ ရှောင်းကျန့်က ဆဲတယ်ဆိုပေမဲ့
ဝမ်ရိပေါ်လို ရိုင်းရိုင်းစိုင်းစိုင်းကြီးဆဲတာမဟုတ်
webioမှာလူတွေဆဲကြသလို အရူးကောင်၊နှာဗူးကောင်၊
ခွေးကောင် ဒီလိုယဉ်ယဉ်ကျေးကျေးဆဲခြင်းသာ။

ဝမ်ရိပေါ်က အသက်ငယ်ပေမဲ့
တကယ်ကိုကတိတည်သည်။ ဟိုတစ်ခါ မဆဲတော့ဘဲ
လိမ်လိမ်မာမာနေမယ်လို့ ပြောပြီးကတည်းက
ရိုင်းရိုင်းဆိုင်းဆိုင်းတွေ သိပ်မပြောတော့ဘဲ
သူ့စကားကိုနားထောင်လာသည်။ သို့ပေမဲ့
လူတစ်ယောက်မှာ စရိုက်နဲ့အမူအကျင့်က
ပြောင်းဖို့ခက်သည်လေ သူဒေါသထွက်စရာ ကိစ္စမရှိသေးလို့ လိမ္မာချင်ယောင် ဆောင်နေတယ်ဆိုတာ ရှောင်းကျန့်က သိပါသည်။ဒါပေမဲ့ လူလိမ္မာလေးက ကုတင်ပေါ်မှာ
ဆိုရင်တော့ ချွင်းချက်ပေါ့ မကြားဝံ့မနာသာတွေကို
ပယ်ပယ်နယ်နယ်ပြောကာ ရိုင်းစိုင်းနေတက်ပြန်သည်။

ရိပေါ် အပြင်သွားတော့ ကြီးမေကတောင် သူ့ကိုအထူးအဆန်းလာမေးသေးသည်။

"ရှောင်းကျန့် မင်းတကယ်ကိုအတိတ်မေ့သွားတာဘဲ
မရင်ကရှောင်းကျန့်ဆို ဆဲဖို့နေနေသာ ရိပေါ်ကို
ပြန်လှန်တောင်မကြည့်ရဲဘူးသိလား "

"ဟုတ်လား ဒါပေမဲ့ ခုရှောင်းကျန့်ကတော့
ကြီးမေတူကိုမကြောက်ပါဘူးနော် သူက၁ဆို
ကိုယ်က၂ဘဲ "

တကယ်တော့ ခုအတိတ်မေ့နေတဲ့ ရှောင်းကျန့်ကလည်း
ဝမ်ရိပေါ်ကို ကြောက်ပါသည်။ ဒါပေမဲ့ သူ့ကိုအရမ်းချစ်တဲ့
ကောင်လေးက နာအောင်လုပ်မှာမဟုတ်တာ သိတာကြောင့်
မကြောက်ချင်ယောင် ဆောင်နေတာဖြစ်သည်။
တကယ်သာ ဝမ်ရိပေါ် ဒေါသထွက်ရင် သူတကယ်ကို
ကြောက်ပါ၏။

"အေးအေး ကောင်းတယ် ကောင်းတယ်
အဲ့ကောင်လေးကို နိုင်တဲ့သူရှိဉီးမှ "

ကြီးမေစကားကြောင့် ရှောင်းကျန့်ရယ်လိုက်မိသည်။
သူရောက်နေတဲ့ ရက်ပိုင်းအတော်အတွင်း
ကြီးမေက အတော်ခင်ဖို့ကာင်းပြီး သဘောကောင်းမှန်း
ရှောင်းကျန့်သိလာသည်။ သူ့ကိုတူတစ်ယောက်
သားတစ်ယောက်လိုဆုံးမပြီး ရိပေါ်နဲ့တန်းတူပင်
ဆက်ဆံသည်။ ခုလည်း သူ့တူဘက်ကမပါဘဲ
ကိုယ့်ဘက်ကပါနေတာသာကြည့်လေ။

ခုနေတဲ့ရက်ကွက်ကလေးက ဆင်းရဲသားရက်ကွက်
အသေးစားလေးဆိုပေမဲ့ အတိတ်မမေ့ခင်က
ဒီကလူတော်တော်များများနဲ့ ခင်ခဲ့ပုံပေါ်သည်။
ညနေဘက် ရိပေါ်ရယ်၊သူရယ်၊သားလေးရယ်
လမ်းလျှောက်ရင်း မုန့်ထွက်စားချိန်ဆို ရက်ကွက်ထဲက
လူတွေကဖော်ဖော်ရွေရွေနဲ့နှုတ်ဆက်ကြသည်။
သားလေးကိုတောင် ချစ်စရာလေးဘာလေးနဲ့
လာကိုင်ကြည့်ကြပြီး

'ကလေးဘယ်ချိန်မွေးလိုက်တာလည်း'
'ဝမ်ရိပေါ်တို့များ လက်သွက်လိုက်တာ'
'ကလေးက ဝမ်ရိပေါ်နဲ့တူတယ် '

လို့ လာပြောရင်း ဟိုတစ်ယောက်ကတော့ နွားပြာကြီးအောက်သွားမရှိသလို တဖြဲဖြဲနဲ့လုပ်တက်သည်။

ကြီးမေအထည်ဆိုင် ခနလိုက်သွားရင်လည်း
ဒီလိုပင် အမကျိရွှမ်းဆိုတဲ့ တစ်ယောက်ဆို
စကားများပေမဲ့ သူနဲ့အတော်ရင်းနှီပုံရမည်။
ကလေးထိန်းနည်းတွေ ကလေးအတွက် ဘာတွေလုပ်ပေးရမယ် ဆိုတာတွေပါ သင်ပေးပြီး အရုပ်လေးတွေလည်း ဝယ်ပေးတက်သည်။
ဒါကြောင့်မို့ သားကတော့
အမကျိရွှမ်းမြင်ရင် တဖြဲဖြဲနဲ့လက်ကမ်းတော့သည်။

နောက်ပြီး ရိပေါ်သူငယ်ချင်း ဟောက်ရွှမ်းဆိုတဲ့
တစ်ယောက်ကလည်း အိမ်ကို ခနခနလာပြီး
ကလေးလာကြည့်တက်သည်။ သားလေးက
သူတို့သားအရင်းမဟုတ်ဘဲ မွေးစားထားတယ်
ဆိုတဲ့အကြောင်းကို ရိပေါ်ရယ်၊သူရယ်အပြင်
ဟောက်ရွှမ်း၊ကြီးမေနဲ့ အမကျိရွှမ်း ဒီသုံးယောက်သာ
သိသည်။ သားလေးက သူတို့နှစ်ယောက်နဲ့ရုပ်ချင်
ဆင်သည့်အပြင် တိုးတက်နေတဲ့ခေတ်ကြီးမို့
သူတို့သားပါလို့ပြောလိုက်တာပါ ဘာမှထွေထွေထူးထူး ဆက်မမေးဘဲ ယုံကြတဲ့သူတွေချည်းပင်။

ဟောက်ရွှမ်းက ကြည့်ကောင်းရှုကောင်းတဲ့ ရုပ်ရည်ရှိပေမဲ့
ပျော်ပျော်နေတက်ပြီး ပွင့်လင်းသည်။လာရင်လည်း
သူတို့သူငယ်ချင်းနှစ်ယောက် ကောင်းမှုနဲ့ ရှောင်းကျန့်ပါးစပ်မစိရပါ။

"တော်သေးတာပေါ့ မင်းပြန်လာလို့ နောက်မို့ဆို
ဒီကောင်က ရူးရင်ရူး မရူးရင် လူညွှန့်တုန်းတော့မှာ"

"ဟင် ဘာလို့လဲ "

"အဲ့ကောင်အကြောင်းကတော့ မပြောချင်တော့ပါဘူး "

စကားပလ္လင်ခံပြီသတာနဲ့ ဟောက်ရွှမ်းကစကားဆက်သည်။

"ဒီကောင်ပေါ့ မင်းပျောက်သွားတဲ့နေ့ကစပြီး
အရူးကြီးလိုဘဲ နေ့နေ့ညည တရှောင်းကျန့်တည်း ရှောင်းကျန့်ဖြစ်နေတာလေ
ပြီးတော့ ရေမချိုးဘာမချိုးနဲ့ နံစော်လို့
ဒီကြားထဲ ဘာစိတ်ကူးပေါက်လည်း
မသိဘူး ကတုံးတွေ တုံးလို့တုံးနဲ့ ဒါနဲ့
အဲ့ကောင်ဟွာက ရှင်ရောရှင်သေးရဲ့လား
၁နှစ်ကျော်လောက် အလုပ်မလုပ်တာဆိုတော့
ငါတော့သေသွားပြီထင်တာဘဲ "

အားပေါင်အာရင်းသန်သန်နဲ့ပြောလာတဲ့
ဟောက်ရွှမ်းစကားကြောင့် ရှောင်းကျန်ရယ်ရခက်
ငိုရခက်ဖြစ်သွားသည်။ ဘေးကရိပေါ်ကတော့
သူ့မကောင်းကြောင်း ပယ်ပယ်နယ်နယ်ပြောနေတဲ့
ဟောက်ရွှမ်းကို မျက်မှောင်ကျုံ့ကာ

"ဘောဖြစ်လို့သေရမှာလား မင်းဟာသာမှိုတက်မှာ "

ရှောင်းကျန့် တဟားဟားအော်ရယ်ပစ်မိသည်။
ဝမ်ရိပေါ်ညီလေးလား သေမှာ အရှင်လွန်လို့
ခက်နေတာဆိုတဲ့ စကားတော့မပြောခဲ့ပါဘူး။

ရှောင်းကျန့်က အတိတ်မေ့နေတာဆိုပေမဲ့
ရက်ကွက်ထဲကလူတွေ အကုန်လုံးက ဖော်ရွေတာမို့
ခနလေးနဲ့ ခင်မင်ရင်းနှီးသွားသည်။
ဒါပေမဲ့ ဘေးအိမ်က မျက်နှာရှစ်ခေါက်ချိုးမဟုတ်
မျက်နှာဆယ်နှစ်ခေါက်ချိုးနဲ့
အဒေါ်ကြီးကတော့ သူ့ကိုသိပ်ကြည်ပုံမပေါ်
မြင်တာနဲ့ မျက်စောင်းတထိုးထိုးနဲ့အပင်။
ပြီးတော့ ညနေတိုင်း မူးမူးရူးရူးနဲ့ သီချင်းအော်ဆိုတက်တဲ့
ဉီးလေးကြီးကလည်း ဟိုတစ်နေ့က နောက်ဖေးမှာ
အဝတ်လှန်းနေတုန်း သူ့ကိုမြင်တော့ မထိတထိစကားတွေ
လာပြောတာမို့ ရှောင်းကျန့် ခဲနဲ့ကောက်ပေါက်လို့
ခေါင်းပေါက်သွားသေးသည်။ အဲ့တုန်းကလည်း
ထိုအဒေါ်ကြီးက သူ့သားကိုခေါင်းပေါက်အောင်
လုပ်ရမလားဆိုပြီး နှစ်ပြားမတန်အောင်ပြောလို့
ရှောင်းကျန့်နဲ့တောင် ရန်ဖြစ်ခဲ့သေးသည်။ နောက်ပိုင်း
ဝမ်ရိပေါ် ရောက်လာပြီး 'ရှောင်းကျန့်ကိုပြောတဲ့
စောက်ပေါက်တွေအကုန် ဆွဲဖြဲပစ်မယ် 'ဆိုပြီး
တုတ်ဆွဲကာမှ ငြိမ်သွားကာ အိမ်ထဲပြန်ဝင်သွားကြသည်။

နောက်တော့မှ သူတို့နှစ်ယောက်ကို ကွဲအောင်လုပ်တဲ့ အဓိက
တရားခံရဲ့ အမေနဲ့အကိုမှန်း ရှောင်းကျန့် သိရတော့သည်။
ဒါကြောင့် ဒီအဒေါ်ကြီးကသူ့ကိုမြင်တိုင်း
ကိုက်ချင် အဲ ရိုက်ချင်နေတာကိုး။

ရှောင်းကျန့် တကယ်ကိုစဉ်းစားမရပါ။
သူ့သမီးက ဘာကောင်းတာတွေလုပ်ခဲ့လို့
အဲ့အဒေါ်ကြီးက ခုထိသူတို့ကို မကျေမနပ်ဖြစ်နေရတာလဲ။
တကယ်ဆို သူတို့ကသာစိတ်ဆိုးသင့်တာကိုများ
တပြန်ကြီး။

အရင်ကရှောင်းကျန့်ဆိုရင်တော့ ငြိမ်ခံချင်ခံလိမ့်မယ်။
ဒါပေမဲ့ ခုရှောင်းကျန့် ကတော့မရပါ သူမျက်စောင်းတစ်ခါထိုးရင်
ကိုယ်က မျက်ရိုးကျိုးသည်ထိ ပြန်ထိုးပစ်မယ်မှတ်။

ဆက်ရန်....

ဝမ်အိုက်ရှောင်းက ကျောင်းနာမည်ပါနော် အိမ်ခေါ်နာမည်
လာပါဉီးမယ် ဘာနာမည်လဲသိတယ်ဟုတ်။

ကိုယ် တကယ်ကို နေမကောင်းဘူးကွာ လူကနုန်းချိနေရော။
ဝေဖန်အကြံပြုတဲ့မန့်လေးတွေ ဖတ်ရရင် အားပြန်ရှိလာမယ်
ထင်တယ် ။ အိုက်နီ အကုန်လုံးကိုချစ်တယ်နော်🌼🤞

7.2.2023
#AhNu

zawgyi code version

လူသံ၊ကားသံ၊ ဆူညံသံေတြနဲ႕အတူ ကားရွည္ႀကီးေတြ အမ်ားအျပားတန္းစီၿပီးရပ္ထားတဲ့ ကားဂိတ္တစ္ခု။
ကားဆီနံ႕အျပင္ လမ္းေဘးဆိုင္ေတြရဲ႕ တေထာင္းေထာင္း
ထေနတဲ့ ေညာ္နံ႕ကိုလည္းရေနသည္။

အခ်ိန္က မနက္ေစာေစာ ၇နာရီဝန်းကျင်မို့
ကားဂိတ္တြင္ လူမ်ားရႈပ္ေထြးမ်ားျပားေနၿပီး
ကားေပၚတက္သူမ်ားကလည္း အသီးသီးတက္ကုန္ၾကၿပီ
ျဖစ္သည္။

ရိေပၚ လက္ထဲက ကားလက္မွတ္ႏွစ္ေစာင္ကို ကိုင္ၿပီး
မ်က္လုံးကိုအလုပ္ေပးကာ စီးရမဲ့ကားကို ရွာလိုက္သည္။
ေတြ႕ၿပီဆိုတာနဲ႕ ပါလာတဲ့ အထုတ္ေတြကို အရင္သြားတင္လိုက္သည္။ ၿပီးမွ ကားေဘးမွာေစာင့္ရင္း
က်န္ေနခဲ့တဲ့ ေရွာင္းက်န့္နဲ႕ သားေလးကိုသြားေခၚရသည္။

ဒီေန႕ေတာ့ သူေရာ သူ႕အပိုင္ေလးအျပင္ အပိုဆုျဖစ္တဲ့
သားေလးပါ ရိေပၚရဲ႕ေမြးရပ္ဇာတ္တိက
အိမ္ကိုျပန္ၾကမွာျဖစ္သည္။
ဒါေၾကာင့္ မနက္ေစာေစာကတည္းက သူတို႔အကုန္
ကားဂိတ္ကို ေရာက္ေနၾကသည္။

"ေရွာင္းက်န့္ လာ ကားေပၚတက္ၾကမယ္ "

Hodie အနီေလးကို ဂ်င္းအမဲေလးနဲ႕ တြဲဝတ္ထားၿပီး
လည္ပင္မွာ မာဖလာအညိုေလး ပတ္ထားတဲ့
ေရွာင္းက်န့္က မနက္ခင္းေစာေစာ အခ်မ္းပိုေနခ်ိန္မို႔
ႏွာေခါင္းထိပ္ေလးနီေနၿပီး ယုန္ေလးနဲ႕ တူေနသည္။
လက္ေပၚက သားေလးကေတာ့ ဝက္ဝံေလးေတြပါတဲ့
အႏြေးထည္အျဖဴအမဲ ဝမ္းဆက္ကို
ဝတ္ေပးထားၿပီး ေခါင္းမွာလည္း ဝက္ဉီးထုပ္ေလး
ေဆာင္းထားတာမို႔ ခ်စ္စရာေလးျဖစ္ေနသည္။
လူတစ္ခ်ိဳ႕ကေတာင္ သားေလးနဲ႕ေရွာင္းက်န့္ကို
ခ်စ္စရာေလးဆိုတဲ့ အၾကည့္နဲ႕ၾကည့္သြားၾကသည္။

"အင္း ေနရာခ်ၿပီၿပီးလား "

"ၿပီၿပီး။ လာ သားကိုေပး ကားေပၚတက္ၾကမယ္ "

သားေလးကို ေရွာင္းက်န့္လက္ကေန
ေျပာင္းခ်ီလိုက္သည္။ ထို႔ေနာက္ ေရွ႕ကေန ကားေပၚကို
အရင္တက္သြားလိုက္ေတာ့ ေရွာင္းက်န့္က
ေနာက္ကေနကပ္ပါလာသည္။

ကားေပၚေရာက္တာနဲ ေနရာမွာဝင္ထိုင္လိုက္သည္။
ေဆာင္းတြင္းမနက္ေစာေစာျဖစ္သည့္အျပင္
ေလစိမ္းအနည္းငယ္ တိုက္ခံလိုက္ရေတာ့
သားေလးနာေခါင္းမွာ ႏွာရည္အနည္းငယ္ယိုေနၿပီ
ျဖစ္သည္။

"လာခဲ့ ညစ္ေပတူးေလး "

တစ္ရႉးပါမလာတာမို႔ ရိေပၚ အိကၤ်ီလက္အစေလးနဲ႕
ႏွာေခါင္းေလးကို ဖြဖြေလးသုတ္ေပးလိုက္ေတာ့
သားေလးက ရႈံ႕မဲ့ကာအတင္းရႈန္းေတာ့သည္။

"မငိုနဲ႕ေလသားရဲ႕ ေအာ့ေအာ့ေတြမို႔ လုပ္ေပးတာကို "

ေရွာင္းက်န့္ ဆူပူသလိုေလးေျပာလိုက္ေတာ့
က်ခ်င္ေနတဲ့ မ်က္ရည္ဉေတြနဲ႕သားက
မ်က္ႏွာႀကီးမဲ့ကာ ေမာ့ၾကည့္လာသည္။

"လာ ပါးပါးဆီလာခ်င္လို႔လား "

သားေလးက သူ႕ပါးပါးနဲ႕အေနမ်ားလို႔ထင္
ေရွာင္းက်န့္အသံၾကားတာနဲ႕ ေျခကားယားလက္ကားယား
ျဖစ္လာပုံက သြားခ်င္ေနမွန္းသိသာသည္။
ရိေပၚ သားေလးကို ေရွာင္းက်န့္လက္ထဲေျပာင္းထည့္ေပးလိုက္ၿပီး
ေပါက္စိလုံးလို ပါးႀကီးကို ရႈကနဲျမည္ေအာင္နမ္းလိုက္ေတာ့
ခုနကတည္းက ငိုခ်င္ေနတဲ့သားကတြန့္လိမ္ကာ
ၿဗဲခနဲငိုခ်ေတာ့သည္။ ဒါေပမဲ့လည္း ေမ့လြယ္ေပ်ာက္
လြယ္အ႐ြယ္မို႔ ခနေလးငိုၿပီး တန္းတိတ္သြားသည္။

"သားကနမ္းတာမႀကိဳက္တာကို အတင္းမနမ္းနဲ႕ေလကြာ "

"ဒါေလးနမ္းတာကိုကြာ တြန့္တိုေနလိုက္တာ
သူ႕ပါးပါးအတိုင္းဘဲ "

ငိုမဲ့မဲ့ျဖစ္ေနဆဲ သားေလးရဲ႕ ႏွာေခါင္းေလးကို
လက္ညွိုးေလးနဲ႕ အသာတို႔ရင္းေျပာလိုက္ေတာ့
ေရွာင္းက်န့္မ်က္ေစာင္းက သူ႕ဆီဒိုင္းကနဲ။

"အဲ့..အဲ့...အဲ့ "

" နို႔ဆာေနၿပီထင္တယ္ ေဖ်ာ္လာတဲ့နို႔ဗူးေရာ "

"ရွိတယ္ေလ အိတ္ထဲမွာယူေပးမယ္ "

အေပၚမွာတင္ထားတဲ့ အထုတ္ေတြထဲကေန ေဖ်ာ္လာတဲ့
နို႔ဗူးေလးကို ထုတ္ၿပီး ေရွာင္းက်န့္ကိုေပးလိုက္သည္။

"လာသား ခ်ိဳခ်ိဳစို႔ၾကမယ္ေနာ္ "

သားေလးကို ပက္လက္အေနအထားေျပာင္းခ်ီလိုက္ၿပီး
နို႔ေလးကို ပါးစပ္ထဲထည့္ေပးလိုက္ေတာ့ သားက
ပါးစုံႀကီးေတြ တလႈပ္လႈပ္ျဖစ္သည္ထိ အငမ္းမရကို စို႔သည္။
ဒီရက္ပိုင္း ရိေပၚအလုပ္သြားတဲ့ အခ်ိန္တိုင္း
ေရွာင္းက်န့္က သားေလးနဲ႕ က်န္ခဲ့ရတာမို႔ ကေလးခ်ီနည္းအျပင္ ကေလးထိန္းနည္းေတြပါ
အေတာ္ကိုတိုးတက္လာေနၿပီျဖစ္သည္။

အိမ္ဌားထားတဲ့ စာခ်ဳပ္လည္းျပည့္ေတာ့မွာမို႔
အိမ္ကိုျပန္အပ္လိုက္ၿပီး အဝတ္အစားနဲ႕ လိုအပ္တာေလးဘဲ
ယူလာခဲ့တာမို႔ သိပ္ေတာ့မ်ားမ်ားမပါေပ။
အိတ္ထဲတြင္ အမ်ားဆုံးကေတာ့ သားေလးအတြက္
အဝတ္အစား၊နို႔မႈန့္၊နို႔ဗူး၊ေပါင္ဒါမႈန့္၊ေရခ်ိဳးဆပ္ျပာ
စသည့္ အသုံးအေဆာင္ေတြအမ်ားဆုံးပါသည္။
ေပက်င္းမွာက ဒီလိုအသုံးအေဆာင္ေတြက
ေစ်းခ်ိဳတာမို႔ သူတို႔မ်ားမ်ားဝယ္လာခဲ့သည္။
ဒါေၾကာင့္မို႔ စုထားတဲ့ ယြမ္အေတာ္မ်ားမ်ားဟာလည္း
အေတာ္ကိုကုန္ေနၿပီျဖစ္သည္။ ရိေပၚကေတာ့ 'ခင္မ်ားနဲ႕သားေလ မ်က္ႏွာမငယ္ရေအာင္
ႀကိဳးစားမွာမို႔ စိတ္မပူနဲ႕ ' လို႔ေျပာလာတိုင္း ေရွာင္းက်န့္
ႀကိတ္ၿပီးရင္ေတြခုန္ရတာအခါခါ။

ဟိုတစ္ခါအတူတူေနၿပီးကတည္းက ရိေပၚနဲ႕
သူ႕အေျခအေနဟာ ေတာ္ေတာ္ကိုတိုးတင္လာသည္။
ညတိုင္းလိုလိုမဟုတ္ေပမဲ့ တစ္ရက္ျခားတစ္ခါေလာက္
အတူတူေနျဖစ္ၾကသည္။ အတူေနတိုင္းလည္း
ရိေပၚက သူ႕ကိုသာယာမႈအျပည့္ရေအာင္ လုပ္ေဆာင္ေပးၿပီး
ခ်စ္တယ္လို႔လည္း ခနခနေျပာတက္သည္။
ေရွာင္းက်န့္လည္း ရိေပၚကိုခ်စ္မိေနၿပီဆိုတာသိေပမဲ့
သူ႕ကိုခ်စ္ပါတယ္လို႔ ဝန္မခံရေသးဘူး ။
ရွက္တာလည္း ပါမွာေပါ့ေလ ဒါေပမဲ့ မၾကာခင္ေတာ့
သူဝန္ခံေတာ့မွာပါ။

"သားေလး အိပ္သြားၿပီ ကြၽန္ေတာ္ ခ်ီထားလိုက္မယ္ေပး "

ေတြးေနရင္း လက္ေပၚကသားေလးေတာင္ နို႔စို႔ရင္း
အိပ္ေမာက်သြားၿပီျဖစ္သည္။

"ရပါတယ္ ဟိုေျပာင္း ဒီေျပာင္းလုပ္ရင္ နိုးသြားဉီးမယ္
ငါဘဲခ်ီထားလိုက္မယ္ "

ခနၾကာေတာ့ ကားေပၚမွာလူအေတာ္စုံေနၿပီမို႔
ကားဆရာက ထြက္ဖို႔အသံေပးေနၿပီျဖစ္သည္။

"ကားထြက္ေတာ့မယ္ အိပ္ခ်င္ရင္
ကြၽန္ေတာ့ပုခုံးေပၚမွီအိပ္ေနာ္ "

"အင္း "

"ဟို... ဒါကခုနံပတ္ ၁၀လားဗ် "

လက္မွတ္တစ္ခုကို ကိုင္ၿပီး သူတို႔ေရွ႕ေရာက္လာတဲ့
ေကာင္ေလးတစ္ေယာက္။ ၾကည့္ေကာင္းတဲ့႐ုပ္ရည္
ရွိတယ္ဆိုေပမဲ့ မ်က္ႏွာကမခ်ိဳမခ်ဥ္ စပ္ၿဖဲၿဖဲနဲ႕။
ခုံနံပတ္ေမးတာေတာင္ ေဘးအစြန္မွာထိုင္ေနတဲ့ သူ႕ကိုမေမးဘဲ ျပတင္းေပါက္
နားကေရွာင္းက်န့္ကို ေလာ္ကြတ္ေခ်ာ္ကာ
ေက်ာ္ေမးေနသည္။

"ဟုတ္တယ္ "

ရိေပၚ သိပ္မၾကည္တာမို႔ ခပ္ျပတ္ျပတ္အသံနဲ႕
ေျပာလိုက္တယ္။ ခုမွသူ႕ကိုျမင္ပုံရတဲ့ေကာင္ေလးက
ေရွာင္းက်န့္ဆီကအၾကည့္ခြာက သူ႕ကိုတစ္ခ်က္ၿပဳံးျပၿပီး
ထိုင္ခုံမွာဝင္ထိုင္သည္။ ထို႔ေနာက္ အိတ္ထဲကဖုန္းကို
ထုတ္ၿပီး နားၾကပ္ကိုနားမွာတပ္ကာ သီခ်င္းနားေထာင္
ေနပုံရသည္။ ဒါေပမဲ့ ေစာက္ခ်ိဳးမေျပတဲ့
မ်က္လုံးေတြက သူ႕အပိုင္ကိုဘာလို႔ လာၾကည့္ေနရတာလဲ။

ေရွာင္းက်န့္ကို ၾကည့္လိုက္ေတာ့လည္း ေကာင္ေလးကိုေတာင္
သတိထားမိပုံမေပၚဘဲ ျပတင္ေပါက္ကို ေခါင္းတင္ၿပီး
အသာေမွးေနသည္။

"အကိုႀကီးစားပါဉီးလား "

အိတ္ထဲကေန လိေမၼာ္သီး အေသး တစ္လုံးထုတ္ၿပီး စားပါဉီးလုပ္လာသည္ကို ရိေပၚႏွာေခါင္းရႈံ႕လိုက္ၿပီး

"ေတာ္ပါၿပီ "

"ဟို အကို စားပါဉီး "

"အာ ေတာ္ပါၿပီ "

ရိေပၚ ေဒါသေထာင္းကနဲထြက္သြားသည္။
ေရွာင္းက်န့္ထက္ 6ႏွစ္ငယ္တဲ့သူ႕ကို အကိုႀကီးေခၚၿပီး
ေရွာင္းက်န့္ၾက အကိုတဲ့လား။ ဒါတင္မကေသး
သူ႕ကို လိေမၼာသီးေကြၽးၿပီး ေရွာင္းက်န့္ကို
အိပ္ထဲကေန ေခ်ာကလက္ျပား ထုတ္ေကြၽးသည္ေလ။
ရိေပၚ ေရွ႕ကစပ္ၿဖီးၿဖီးအခြက္နဲ႕ေကာင္ကို
ေျပးထိုးခ်င္စိတ္ကိုမနည္းထိန္းေနရသည္။

ေရွာင္းက်န့္ မ်က္လုံးေလးမွိတ္ၿပီး ေမွးေနေပမဲ
ခုံနံပတ္ေမးသံၾကားလိုက္ရသည္။ ရိေပၚကိုေမးေနတယ္
ထင္တာမို႔ မ်က္လုံးဖြင့္မၾကည့္ေတာ့ဘဲ ဆက္ေမွးေနလိုက္သည္။ ခနအၾကာ
'အကိုစားပါဉီး ' ဆိုတဲ့အသံတစ္ခု မ်က္လုံးဖြင့္ၾကည့္လိုက္ေတာ့ သူတို႔ေရွ႕ခုံမွာ
ေကာင္ေလးတစ္ေယာက္ေရာက္ေနသည္။ ေရွာင္းက်န့္
ၿပဳံးျပၿပီး ခ်ိဳခ်ိဳသာသာဘဲျငင္းလိုက္ပါတယ္။

ဒါေပမဲ့ ႐ုတ္ခ်ည္းေအးစက္လာတဲ့ ေလထုေၾကာင့္
ေဘးကိုတစ္ခ်က္ၾကည့္လိုက္ေတာ့ ရိေပၚက
ဟိုေကာင္ေလးကို မီးဝင္းဝင္းေတာက္ေနတဲ့ ေဒါသမ်က္လုံးေတြနဲ႕ စိုက္ၾကည့္ေနတာမို႔ ေရွာင္းက်န့္ေတာင္လန့္သြားသည္။ ဒါေပမဲ့ ဟိုေကာင္ေလးကေတာ့ သိပုံမေပၚဘဲ သူ႕ကိုစိုက္ၾကည့္ၿပီး
ၿပဳံးျပလာတာမို႔ ေရွာင္းက်န့္အင္တင္တင္နဲ႕ ျပန္ၿပဳံးျပလိုက္ရသည္။

"ေတာက္! "

"ရိေပၚ ဘာျဖစ္လို႔လဲ "

"ဘာမွမျဖစ္ဘူး ျခင္ကိုက္လို႔ "

အတူတူထိုင္ေနရင္း ရိေပၚကိုမွ ေ႐ြးကိုက္တဲ့ျခင္က
ေရွ႕ကေကာင္ေလးမွ ဟုတ္မွဟုတ္ပါေလစ။
မ်က္ေမွာင္ႀကီး က်ဳံ႕ၿပီးလက္သီးခပ္တင္းတင္း
ဆုတ္ထားတဲ့ ရိေပၚက လွ်ာလကာရည္ေတြ
အေလာင္းလြန္ေနၿပီထင္ပါရဲ႕။

"ဟုတ္လား ကြၽန္ေတာ့္ေတာ့မကိုက္ပါဘူး
အကို႔ေရာကိုက္ေသးလား "

"ဟင္ ဟင့္အင္မကိုက္ပါဘူး "

ပိုၿပီးတြန့္ခ်ိဳ႕လာတဲ့ ရိေပၚမ်က္ခုံးေတြေၾကာင့္
ေရွာင္းက်န့္ ႀကိတ္ၿပဳံးလိုက္သည္။

"ဒါနဲ႕ အကို႔လက္ေပၚက ကေလးေလးက "

"ေအာ္ ဒါက..."

"ငါ့သား ။ ငါတို႔ႏွစ္ေယာက္သား "

သူမေျဖခင္ ၾကားျဖတ္ၿပီး ေျဖလိုက္တဲ့
ရိေပၚအသံက ဂုဏ္ဆာဟန္ေတြပါေနသည္။

" ဒါဆို အကိုတို႔ႏွစ္ေယာက္က "

"တရားဝင္လက္ထပ္ထားတဲ့ လင္လင္ေတြ "

ေရွာင္းက်န့္ ၿပဳံးလိုက္ၿပီး

"ဟုတ္တယ္ အကိုတို႔ႏွစ္ေယာက္က အလိုေတြ "

ခုမွရိေပၚက ျပန္ၿပဳံးနိုင္ကာ မ်က္ခုံးတြန့္ေတြ လည္းေျပသြားၿပီး ေအာင္နိုင္သူမ်က္ႏွာေဘးျဖစ္သြားသည္။

"မထင္ရဘူးေနာ္ ကြၽန္ေတာ္ကအကို႔ကို
လူပ်ိဳေလးထင္ေနတာ "

"ဟာ "

ေရွာင္းက်န့္ရွက္သလို လည္ဂုတ္ကိုပြတ္လိုက္သည္။

"တကယ္ေျပာတာ အကိုကတကယ္ကို ခ်စ္စရာေလး "

"ကိုယ့္ေဘဘီခ်စ္ဖို႔ေကာင္းတာ ကိုယ္သိပါတယ္
ဒါေပမဲ့ မင္းထင္သလို လူပ်ိဳေလးေတာ့မဟုတ္ဘူး
ကိုယ့္ရဲ႕တရားဝင္အိမ္သားေလး "

"ရိေပၚကလည္း "

"မနာလိုလိုက္တာ "

"ဘာ "

"ေအာ္ အားက်တယ္လို႔ေျပာတာ အကို႔လိုခ်စ္စရာေလးကို
ပိုင္ဆိုင္ထားလို႔ေလ "

တကယ္ အားက်သလို တကယ္လည္သမနာလိုမိပါတယ္။
ျမင္ျမင္ခ်င္း အခ်စ္ဆိုတာယုံမလားမသိေပမဲ့
အကို႔ကို ျမင္ျမင္ခ်င္း ခ်စ္မိသြားခဲ့တယ္။ ခုံရွာေနရင္း ျဖတ္ခနဲအၾကည့္ေရာက္မိတဲ့ အကို႔ရဲ႕ ေအးခ်မ္းတဲ့
မ်က္ႏွာေလးက ဆြဲေဆာင္ေနတာမို႔ ခုံေတာင္ဆက္မရွာေတာ့ဘဲ အကို႔ခုံေရွ႕က နံပတ္ ၁၀လို႔
ေရးထားတဲ့ ခုံမွာဘဲထိုင္ဖို႔ဆုံးျဖတ္လိုက္တယ္။
ကံေကာင္းခ်င္ေတာ့ ဒီထိုင္ခုံကိုဘယ္သူမွမလာဘူးေလ
တကယ္ေတာ့ သူ႕လက္ထဲက ခုံနံပတ္က ၁၀ မဟုတ္ဘဲ
၂၂တဲ့ အကိုနဲ႕ ေတာ္ေတာ္ေဝးေဝးေနရာမွာေပါ့။

အခ်ိန္မေတာ္ၾကာေတာ့ ကားေလးလည္း ခရီးအေတာ္
ေရာက္ေနၿပီျဖစ္ၿပီး လက္ေပၚကသားေလးလည္း
ပ်င္းေၾကာဆန့္ရင္းနိုးလာေတာ့သည္။

"သားနိုးလာၿပီလား လာပါဉီး ဒယ္ဒီဆီ "

အိပ္ေရးဝေနတဲ့ သားေလးက မ်က္လုံးေလးေတြ
ေဖာင္းေနၿပီး ေရာက္ေနတဲ့ ေနရာကို အထူးအဆန္း
လိုက္ၾကည့္ေနသည္။ သူ႕လက္ေပၚေရာက္လာတာနဲ႕
သားကသူ႕ကိုမ်က္လုံးအဝိုင္းသားနဲ႕ ေမာ့ၾကည့္ျပန္သည္။

"ေဘဘီ အိပ္ခ်င္ရင္ ေမာင့္ပုခုံးေပၚမွီအိပ္ "

ေရွာင္းက်န့္ မ်က္လုံးအဝိုင္းသားနဲ႕ၾကည့္မိသည္။
ရိေပၚတို႔ ရွာလကာရည္က ခုထိကိုမကုန္ေသးဘူးဘဲ။
ခုလည္း ေရွ႕ကေကာင္ေလးၾကားေအာင္
တမင္ေျပာေနတာသိတာေပါ့။

"ရပါတယ္ မအိပ္ေတာ့ဘူး ခနေနေရာက္ေတာ့မွာမလား "

"ဟုတ္တယ္ေနာ္ အၾကာႀကီးအိပ္တာ မေကာင္းဘူး အကိုရဲ႕ "

ခ်က္ျခင္းဆူပုတ္သြားတဲ့ ရိေပၚမ်က္ႏွာက လငပုတ္ဖမ္းခံထားရတဲ့လလိုဘဲ။ လက္ထဲကသားကေတာင္
သူ႕ဒယ္ဒီမ်က္ႏွာကို အထူးအဆန္းၾကည့္ေနေသးသည္။

"ဝွား...႐ုတ္တရက္ႀကီး အိပ္ခ်င္လာသလို "

ေျပာၿပီး ရိေပၚပုခုံးေပၚ ေခါင္းတင္ၿပီး မ်က္လုံးကို
အသာေလးမွိတ္ထားလိုက္သည္။ ဆူပုတ္ေနတဲ့
မ်က္ႏွာႀကီး ျပန္ၾကည္လင္လာၿပီး တြန့္ခ်ိဳးေနတဲ့
မ်က္ခုံးေတြ ေျပသြားမွာေတာ့ ေမာ့မၾကည့္လည္း
ေရွာင္းက်န့္သိေနသည္။

အလိုနဲ႕တလွိမ့္လွိမ့္သြားေနတဲ့
ကားေလးသည္ သူတို႔ဆင္းမဲ့ေနရာကို
ေရာက္လာေတာ့သည္။ ကားရပ္သြားတာနဲ႕
ေရွာင္းက်န့္က ကေလးကိုခ်ီထားၿပီး
ေရွ႕ကအရင္ဆင္းသြားသည္ ရိေပၚကေတာ့ အထုပ္ေတြယူရင္း
သူနဲ႕အတူကပ္လိုက္လာသည္။

သူတို႔နဲ႕အတူ ေဘးခုံက ေကာင္ေလးကပါ အတူလိုက္ဆင္းတာမို႔ ရိေပၚကေတာ့
မ်က္ခုံးေတြ တြန့္ခ်ိဳးကုန္သည္။

"အကိုတို႔က ဘယ္မွာေနတာလဲ "

"မင္းနဲ႕ဆိုင္လို႔လား "

ကားေပၚမွာကတည္းက ထိန္းထားတဲ့ေဒါသက
ခုခ်ိန္မွာေတာ့ ရိေပၚမထိန္းနိုင္ေတာ့ေပ။
ဘာကိစၥဒီေကာင္က သူတို႔ဆင္းတဲ့ေနရာမွာဆင္းရတာလဲ။

"မင္းကဒီကလား "

ေရွာင္းက်န့္ေမးလိုက္ေတာ့ ေကာင္ေလးက ေခါင္းကုတ္ကာ

"အာ မဟုတ္ပါဘူး ကြၽန္ေတာ္ေနတဲ့ေနရာေရာက္ဖို႔
ေနာက္ထပ္ ႏွစ္ကားထပ္စီးရဉီးမယ္ "

အေတာ့မွ ရိေပၚမ်က္ခုံးေတြအနည္းငယ္ ေျပသြားတာ
သတိထားလိုက္မိသည္။

"အဲ့...အဲ့...အဲ့ "

လူေပၚကေန တအဲ့အဲ့ေအာ္ေနတဲ့သားက လူေတြရႈပ္ၿပီး
ဆူညံေနလို႔ စိတ္ရႈပ္ေနၿပီထင္သည္။

"သားက စိတ္ရႈပ္ေနၿပီထင္တယ္ ျပန္ၾကမယ္ေလ
ဘာေတြေစာင့္ေနတာလဲ "

"ဟင့္အင္ မေစာင့္ပါဘူး "

ေျပာလိုက္ေတာ့ ရိေပၚက အထုပ္ကိုဆြဲရင္း ေရွ႕ကသြားဆိုတဲ့
သေဘာမ်ိဳးနဲ႕ေမးေငါ့ျပသည္။
ေရွာင္းက်န့္ ကေလးကိုခ်ီၿပီးေရွ႕ကသြားမွ
ရိေပၚကလည္း ေနာက္ကေနပါလာသည္။

"အကို ကံမကုန္ရင္ ျပန္ဆုံခ်င္ေသးတယ္ေနာ္ "

ေနာက္ကေကာင္ေလးရဲ႕ အသံကိုၾကားလိုက္ရသည္။
ဒါေပမဲ့ ေရွာင္းက်န့္ ေနာက္လွည့္ၾကည့္ၿပီး ျပန္မေျဖခင္မွာဘဲ

"ေဘာေတာင္ ျပန္မဆုံဘူး ေဟ်ာင့္"

ေရွာင္းက်န့္ ႀကိတ္ရယ္လိုက္မိသည္။
ဝမ္ရိေပၚဆိုတဲ့ ဒီေကာင္ေလးက ေတာ္ေတာ္ သဝန္တိုတက္ပါလား။

------------------------------

"ေဟ တကယ္ႀကီး "

အိမ္ေရာက္ၿပီး အေၾကာင္းစုံကိုရွင္းျပလိုက္တာနဲ႕
ႀကီးေမရဲ႕ အာေမဋိတ္သံနဲ႕အတူ မ်က္လုံးအျပဴးသား
ေမးသံကိုၾကားရသည္။

"ဟုတ္တယ္ ေရွာင္းက်န့္က အတိတ္ေမ့ေနတာ "

"ဒါနဲ႕ ေနပါဉီး ဒီကေလးေလးက "

"ကြၽန္ေတာ္တို႔ႏွစ္ေယာက္သားေလးေလ "

"ေဟ ဘယ္လို ဘယ္လို အခ်ိန္တိုေလးအတြင္း
ဒီေလာက္ကေလးႀကီး ဘယ္လိုေမြးလိုက္တာတုန္း "

"ဒီလိုဘဲေလ ကြၽန္ေတာ့္အစြမ္းမစနဲ႕ေပါ့ "

"ရိေပၚ ႀကီးေမကိုစမေနနဲ႕ "

အတည္ေပါက္ႀကီးနဲ႕ စေနတဲ့ရိေပၚေၾကာင့္ ေရွာင္းက်န့္
မ်က္ေမွာင္က်ဳံ႕ၿပီးဆူလိုက္ရေသးသည္။

"ဒီလိုႀကီးေမေရ................................
.........................................။"

အစခ်ီကာ ရွင္းျပခ်က္အဆုံး ႀကီးေမက ေခါင္းၿငိမ့္ကာ

"ေအာ္ ကေလးေလးက သနားစရာေလးဘဲ
ဒါနဲ႕ မင္းတို႔တကယ္ႀကီး ေမြးစားၾကမလို႔လား "

"ဟုတ္တယ္ ႀကီးေမ သားေလးကို ကြၽန္ေတာ္တို႔
မိသားစုဝင္အျဖစ္ အၿပီးတိုင္ေမြးစားမလို႔ "

"ေကာင္းပါတယ္ကြယ္ ကေလးေလးကလည္း
ခ်စ္စရာေလး လာပါဉီး ဖြားဖြားႀကီးဆီ "

သားေလးက ႀကီးေမကို မ်က္ႏွာစိမ္းမို႔လို႔ထင္
လက္ေပၚေရာက္တာနဲ႕ ငိုမဲ့မဲ့ျဖစ္လာသည္။

"မငိုပါနဲ႕ ေျမးရဲ႕ ဖြားဖြားႀကီးေလ သားအတြက္
နို႔နို႔ေတြအမ်ားႀကီးလည္းေဖ်ာ္တိုက္မယ္ သီခ်င္းလည္း
ဆိုျပမယ္ေနာ္ "

ႀကီးေမက ခ်ီရင္းျမဴေနေတာ့ သားကငိုဖို႔ေမ့သြားသည္ထင္
မ်က္လုံးအဝိုင္းသားနဲ႕ ေမာ့ၾကည့္ေနသည္။

" ကေလးေလးက ေကာက္ရတာေရာဟုတ္ရဲ႕လား "

"ဟင္ ဘာလို႔လဲ "

"ေအးေလ ႀကီးေမကလည္း အရင္းမရွိအဖ်ားမရွိ "

"မဟုတ္ပါဘူးဟယ္ ေသခ်ာၾကည့္ေလ နင္တို႔ႏွစ္ေယာက္နဲ႕
တူေလဘဲ မသိရင္ နင္တို႔ႏွစ္ေယာက္ေမြးထားတာက်ေရာ "

ေရွာင္းက်န့္ေရာ ရိေပၚေရာၿပဳံးလိုက္မိသည္။

" ကြၽန္ေတာ္နဲ႕ေရွာင္းက်န့္အတြက္ ဘုရားေပးတဲ့
ဆုလာဘ္ထင္တယ္ အေၾကာင့္ ကြၽန္ေတာ္တို႔ႏွစ္ေယာက္နဲ႕
တူေနတာ "

"ေအး ျဖစ္နိုင္တယ္ ဒါနဲ႕ ကေလးနာမည္ေပးၿပီးၿပီလား "

"ေပးၿပီးၿပီ ဝမ္အိုက္ေရွာင္းတဲ့ "

"ဝမ္အိုက္ေရွာင္း ဘာလိုအဓိပါယ္လဲဟဲ့ "

"ဒီလိုေလ ဝမ္က ကြၽန္ေတာ္ ဝမ္ရိေပၚ အြန္း အြန္း.."

ရိေပၚမေျဖခင္ ေရွာင္းက်န့္ ပါးစပ္ကိုလက္နဲ႕
အျမန္ပိတ္လိုက္ရသည္။

"ဒီလိုပါႀကီးေမရဲ႕ အဓိပါယ္က အတိအက်မရွိဘူး
ဒီတိုင္း ကြၽန္ေတာ္တို႔ႏွစ္ေယာက္နာမည္ကိုေပါင္ထားတာ "

"ေအာ္ ေအးေအး "

"အဲ့...အဲ့...အဲ့ "

သားက ေနာက္တစ္ေခါက္ ဗိုက္ဆာျပန္ၿပီထင္သည္
ငိုမဲ့မဲ့နဲ႕ အသံေပးလာေတာ့သည္။

"ကေလးနို႔ဆာေနၿပီ နို႔ဗူးေဖ်ာ္ဖို႔ျပင္ေတာ့ "

"အင္းပါ ဝက္ေပါက္ေလးကလည္း ဆာဘဲဆာနိုင္လြန္တယ္ေနာ္ အေၾကာင့္ သူပါးႀကီးေတြကို
ၾကည့္ပါဉီး ေပါက္စိလုံးေလာက္ျဖစ္ေတာ့မယ္ "

"အဲ့...အဲ့...အဲ့.."

"သြားအျမန္ေဖ်ာ္ေတာ့ ဟိုမွာအသံေပးေနၿပီ "

"ဟုတ္ပါၿပီဗ်ာ "

အလိုနဲ႕ဘဲ ရိေပၚအိမ္ေလးတြင္ အိမ္သားအသစ္ေလး
တစ္ေယာက္တိုးလာၿပီး ထိုအိမ္သားေလးေကာင္းမႈနဲ႕ဘဲ
အိမ္ေလးသည္ စိုေျပကာ ဆူညံသံေတြညံစီလာေတာ့သည္။

ေနာက္ေန႕တြင္ တစ္ရက္ကြက္လုံးပါးစပ္ဖ်ားမွာ
ေရပန္းစားေနတဲ့ သတင္းကေတာ့ ေရွာင္းက်န့္
အိမ္ျပန္ေရာက္ေနၿပီဆိုတာထက္ ဝမ္ရိေပၚနဲ႕ေရွာင္းက်န့္က
ကေလးေလးတစ္ေယာက္ေမြးၿပီး အိမ္ျပန္ေရာက္လာတယ္
ဆိုတဲ့သတင္းပင္။

------------------------------------

ေပက်င္းကျပန္လာၿပီးေနာက္ပိုင္း ရိေပၚအလုပ္ေတြ
အရမ္းႀကိဳစားလာတာ ေရွာင္းက်န့္ သတိထားမိသည္။
ခုလည္း သူမ်ားဆီမွာ အလုပ္လုပ္မွာထက္
ကိုယ္ပိုင္ဆိုင္ေလးဖြင့္ခ်င္တယ္ဆိုၿပီး ၿမိဳ႕ထဲကို
ဆိုင္းခန္းၾကည့္သြားေလသည္။ ဆိုင္ခန္းဌားတာက
သိပ္မေပးရဘူးဆိုေပမဲ့ လိုအပ္တဲ့ပစၥည္းေတြ
ဝယ္ထည့္ဖို႔ၾကအေတာ္ ကုန္ေလာက္မည္။

ေရွာင္းက်န့္စုထားတဲ့ ပိုက္ဆံေလးကလည္း
ဟိုဟာဝယ္ဒီဟာဝယ္နဲ႕ သိပ္မက်န္ေတာ့ဘူးမို႔
အပိုဝင္ေငြေလးရေအာင္ သူပါအလုပ္လုပ္ခ်င္ေျပာေပမဲ့
ရိေပၚက လုံးဝလက္မခံပါ။ 'သားေလးနဲ႕အိမ္မွာဘဲ
ေအးေဆးေန ခင္မ်ားေယာက်္ားက ဒီေလာက္ေတာ့ရွာနိုင္တယ္' ဆိုၿပီး သူ႕ကိုေတာင္
စိတ္ဆိုးသြားေသးသည္။

ဒီတိုင္း စိတ္ဆိုး႐ုံဘဲလားဆိုေတာမဟုတ္ပါ
တစ္ရက္ကျခားတစ္ခါ အတူေနတာကို အဲ့ေန႕ညက
အတူေနရမဲ့ရက္ မဟုတ္ပါဘဲ သူ႕တစ္ကိုယ္လုံးကို
ရစရာမရွိေအာင္ ေသာင္းၾကမ္းသြားေသးသည္။
ေတာ္ေသးတာေပါ့ သားေလးကနို႔ဆာလို႔ ငိုကာမွ
သူ႕ကို အလႊတ္ေပးလို႔ ေနာက္မို႔ဆို
ေရွာင္းက်န့္ဒီေန႕မနက္ထနိုင္မွာေတာင္မဟုတ္။

မနက္မိုးလင္းေတာ့လည္း ညကေသာင္းက်န္းသြားတာ သူမဟုတ္သလို။ ေရွာင္းက်န့္ ရစရာမရွိေအာင္
ဆဲဆိုေနလည္း ဝမ္ရိေပၚတို႔က မၿဖဳံပါ
'အရိုင္းတုန္းေလး 'လို႔ေျပာၿပီး သူ႕ပါးကိုေတာင္
နမ္းသြားေသးသည္။ ေရွာင္းက်န့္က ဆဲတယ္ဆိုေပမဲ့
ဝမ္ရိေပၚလို ရိုင္းရိုင္းစိုင္းစိုင္းႀကီးဆဲတာမဟုတ္
webioမွာလူေတြဆဲၾကသလို အ႐ူးေကာင္၊ႏွာဗူးေကာင္၊
ေခြးေကာင္ ဒီလိုယဥ္ယဥ္ေက်းေက်းဆဲျခင္းသာ။

ဝမ္ရိေပၚက အသက္ငယ္ေပမဲ့
တကယ္ကိုကတိတည္သည္။ ဟိုတစ္ခါ မဆဲေတာ့ဘဲ
လိမ္လိမ္မာမာေနမယ္လို႔ ေျပာၿပီးကတည္းက
ရိုင္းရိုင္းဆိုင္းဆိုင္းေတြ သိပ္မေျပာေတာ့ဘဲ
သူ႕စကားကိုနားေထာင္လာသည္။ သို႔ေပမဲ့
လူတစ္ေယာက္မွာ စရိုက္နဲ႕အမူအက်င့္က
ေျပာင္းဖို႔ခက္သည္ေလ သူေဒါသထြက္စရာ ကိစၥမရွိေသးလို႔ လိမၼာခ်င္ေယာင္ ေဆာင္ေနတယ္ဆိုတာ ေရွာင္းက်န့္က သိပါသည္။ဒါေပမဲ့ လူလိမၼာေလးက ကုတင္ေပၚမွာ
ဆိုရင္ေတာ့ ခြၽင္းခ်က္ေပါ့ မၾကားဝံ့မနာသာေတြကို
ပယ္ပယ္နယ္နယ္ေျပာကာ ရိုင္းစိုင္းေနတက္ျပန္သည္။

ရိေပၚ အျပင္သြားေတာ့ ႀကီးေမကေတာင္ သူ႕ကိုအထူးအဆန္းလာေမးေသးသည္။

"ေရွာင္းက်န့္ မင္းတကယ္ကိုအတိတ္ေမ့သြားတာဘဲ
မရင္ကေရွာင္းက်န့္ဆို ဆဲဖို႔ေနေနသာ ရိေပၚကို
ျပန္လွန္ေတာင္မၾကည့္ရဲဘူးသိလား "

"ဟုတ္လား ဒါေပမဲ့ ခုေရွာင္းက်န့္ကေတာ့
ႀကီးေမတူကိုမေၾကာက္ပါဘူးေနာ္ သူက၁ဆို
ကိုယ္က၂ဘဲ "

တကယ္ေတာ့ ခုအတိတ္ေမ့ေနတဲ့ ေရွာင္းက်န့္ကလည္း
ဝမ္ရိေပၚကို ေၾကာက္ပါသည္။ ဒါေပမဲ့ သူ႕ကိုအရမ္းခ်စ္တဲ့
ေကာင္ေလးက နာေအာင္လုပ္မွာမဟုတ္တာ သိတာေၾကာင့္
မေၾကာက္ခ်င္ေယာင္ ေဆာင္ေနတာျဖစ္သည္။
တကယ္သာ ဝမ္ရိေပၚ ေဒါသထြက္ရင္ သူတကယ္ကို
ေၾကာက္ပါ၏။

"ေအးေအး ေကာင္းတယ္ ေကာင္းတယ္
အဲ့ေကာင္ေလးကို နိုင္တဲ့သူရွိဉီးမွ "

ႀကီးေမစကားေၾကာင့္ ေရွာင္းက်န့္ရယ္လိုက္မိသည္။
သူေရာက္ေနတဲ့ ရက္ပိုင္းအေတာ္အတြင္း
ႀကီးေမက အေတာ္ခင္ဖို႔ကာင္းၿပီး သေဘာေကာင္းမွန္း
ေရွာင္းက်န့္သိလာသည္။ သူ႕ကိုတူတစ္ေယာက္
သားတစ္ေယာက္လိုဆုံးမၿပီး ရိေပၚနဲ႕တန္းတူပင္
ဆက္ဆံသည္။ ခုလည္း သူ႕တူဘက္ကမပါဘဲ
ကိုယ့္ဘက္ကပါေနတာသာၾကည့္ေလ။

ခုေနတဲ့ရက္ကြက္ကေလးက ဆင္းရဲသားရက္ကြက္
အေသးစားေလးဆိုေပမဲ့ အတိတ္မေမ့ခင္က
ဒီကလူေတာ္ေတာ္မ်ားမ်ားနဲ႕ ခင္ခဲ့ပုံေပၚသည္။
ညေနဘက္ ရိေပၚရယ္၊သူရယ္၊သားေလးရယ္
လမ္းေလွ်ာက္ရင္း မုန့္ထြက္စားခ်ိန္ဆို ရက္ကြက္ထဲက
လူေတြကေဖာ္ေဖာ္ေ႐ြေ႐ြနဲ႕ႏႈတ္ဆက္ၾကသည္။
သားေလးကိုေတာင္ ခ်စ္စရာေလးဘာေလးနဲ႕
လာကိုင္ၾကည့္ၾကၿပီး

'ကေလးဘယ္ခ်ိန္ေမြးလိုက္တာလည္း'
'ဝမ္ရိေပၚတို႔မ်ား လက္သြက္လိုက္တာ'
'ကေလးက ဝမ္ရိေပၚနဲ႕တူတယ္ '

လို႔ လာေျပာရင္း ဟိုတစ္ေယာက္ကေတာ့ ႏြားျပာႀကီးေအာက္သြားမရွိသလို တၿဖဲၿဖဲနဲ႕လုပ္တက္သည္။

ႀကီးေမအထည္ဆိုင္ ခနလိုက္သြားရင္လည္း
ဒီလိုပင္ အမက်ိ႐ႊမ္းဆိုတဲ့ တစ္ေယာက္ဆို
စကားမ်ားေပမဲ့ သူနဲ႕အေတာ္ရင္းႏွီပုံရမည္။
ကေလးထိန္းနည္းေတြ ကေလးအတြက္ ဘာေတြလုပ္ေပးရမယ္ ဆိုတာေတြပါ သင္ေပးၿပီး အ႐ုပ္ေလးေတြလည္း ဝယ္ေပးတက္သည္။
ဒါေၾကာင့္မို႔ သားကေတာ့
အမက်ိ႐ႊမ္းျမင္ရင္ တၿဖဲၿဖဲနဲ႕လက္ကမ္းေတာ့သည္။

ေနာက္ၿပီး ရိေပၚသူငယ္ခ်င္း ေဟာက္႐ႊမ္းဆိုတဲ့
တစ္ေယာက္ကလည္း အိမ္ကို ခနခနလာၿပီး
ကေလးလာၾကည့္တက္သည္။ သားေလးက
သူတို႔သားအရင္းမဟုတ္ဘဲ ေမြးစားထားတယ္
ဆိုတဲ့အေၾကာင္းကို ရိေပၚရယ္၊သူရယ္အျပင္
ေဟာက္႐ႊမ္း၊ႀကီးေမနဲ႕ အမက်ိ႐ႊမ္း ဒီသုံးေယာက္သာ
သိသည္။ သားေလးက သူတို႔ႏွစ္ေယာက္နဲ႕႐ုပ္ခ်င္
ဆင္သည့္အျပင္ တိုးတက္ေနတဲ့ေခတ္ႀကီးမို႔
သူတို႔သားပါလို႔ေျပာလိုက္တာပါ ဘာမွေထြေထြထူးထူး ဆက္မေမးဘဲ ယုံၾကတဲ့သူေတြခ်ည္းပင္။

ေဟာက္႐ႊမ္းက ၾကည့္ေကာင္းရႈေကာင္းတဲ့ ႐ုပ္ရည္ရွိေပမဲ့
ေပ်ာ္ေပ်ာ္ေနတက္ၿပီး ပြင့္လင္းသည္။လာရင္လည္း
သူတို႔သူငယ္ခ်င္းႏွစ္ေယာက္ ေကာင္းမႈနဲ႕ ေရွာင္းက်န့္ပါးစပ္မစိရပါ။

"ေတာ္ေသးတာေပါ့ မင္းျပန္လာလို႔ ေနာက္မို႔ဆို
ဒီေကာင္က ႐ူးရင္႐ူး မ႐ူးရင္ လူၫႊန့္တုန္းေတာ့မွာ"

"ဟင္ ဘာလို႔လဲ "

"အဲ့ေကာင္အေၾကာင္းကေတာ့ မေျပာခ်င္ေတာ့ပါဘူး "

စကားပလႅင္ခံၿပီသတာနဲ႕ ေဟာက္႐ႊမ္းကစကားဆက္သည္။

"ဒီေကာင္ေပါ့ မင္းေပ်ာက္သြားတဲ့ေန႕ကစၿပီး
အ႐ူးႀကီးလိုဘဲ ေန႕ေန႕ညည တေရွာင္းက်န့္တည္း ေရွာင္းက်န့္ျဖစ္ေနတာေလ
ၿပီးေတာ့ ေရမခ်ိဳးဘာမခ်ိဳးနဲ႕ နံေစာ္လို႔
ဒီၾကားထဲ ဘာစိတ္ကူးေပါက္လည္း
မသိဘူး ကတုံးေတြ တုံးလို႔တုံးနဲ႕ ဒါနဲ႕
အဲ့ေကာင္ဟြာက ရွင္ေရာရွင္ေသးရဲ႕လား
၁ႏွစ္ေက်ာ္ေလာက္ အလုပ္မလုပ္တာဆိုေတာ့
ငါေတာ့ေသသြားၿပီထင္တာဘဲ "

အားေပါင္အာရင္းသန္သန္နဲ႕ေျပာလာတဲ့
ေဟာက္႐ႊမ္းစကားေၾကာင့္ ေရွာင္းက်န္ရယ္ရခက္
ငိုရခက္ျဖစ္သြားသည္။ ေဘးကရိေပၚကေတာ့
သူ႕မေကာင္းေၾကာင္း ပယ္ပယ္နယ္နယ္ေျပာေနတဲ့
ေဟာက္႐ႊမ္းကို မ်က္ေမွာင္က်ဳံ႕ကာ

"ေဘာျဖစ္လို႔ေသရမွာလား မင္းဟာသာမွိုတက္မွာ "

ေရွာင္းက်န့္ တဟားဟားေအာ္ရယ္ပစ္မိသည္။
ဝမ္ရိေပၚညီေလးလား ေသမွာ အရွင္လြန္လို႔
ခက္ေနတာဆိုတဲ့ စကားေတာ့မေျပာခဲ့ပါဘူး။

ေရွာင္းက်န့္က အတိတ္ေမ့ေနတာဆိုေပမဲ့
ရက္ကြက္ထဲကလူေတြ အကုန္လုံးက ေဖာ္ေ႐ြတာမို႔
ခနေလးနဲ႕ ခင္မင္ရင္းႏွီးသြားသည္။
ဒါေပမဲ့ ေဘးအိမ္က မ်က္ႏွာရွစ္ေခါက္ခ်ိဳးမဟုတ္
မ်က္ႏွာဆယ္ႏွစ္ေခါက္ခ်ိဳးနဲ႕
အေဒၚႀကီးကေတာ့ သူ႕ကိုသိပ္ၾကည္ပုံမေပၚ
ျမင္တာနဲ႕ မ်က္ေစာင္းတထိုးထိုးနဲ႕အပင္။
ၿပီးေတာ့ ညေနတိုင္း မူးမူး႐ူး႐ူးနဲ႕ သီခ်င္းေအာ္ဆိုတက္တဲ့
ဉီးေလးႀကီးကလည္း ဟိုတစ္ေန႕က ေနာက္ေဖးမွာ
အဝတ္လွန္းေနတုန္း သူ႕ကိုျမင္ေတာ့ မထိတထိစကားေတြ
လာေျပာတာမို႔ ေရွာင္းက်န့္ ခဲနဲ႕ေကာက္ေပါက္လို႔
ေခါင္းေပါက္သြားေသးသည္။ အဲ့တုန္းကလည္း
ထိုအေဒၚႀကီးက သူ႕သားကိုေခါင္းေပါက္ေအာင္
လုပ္ရမလားဆိုၿပီး ႏွစ္ျပားမတန္ေအာင္ေျပာလို႔
ေရွာင္းက်န့္နဲ႕ေတာင္ ရန္ျဖစ္ခဲ့ေသးသည္။ ေနာက္ပိုင္း
ဝမ္ရိေပၚ ေရာက္လာၿပီး 'ေရွာင္းက်န့္ကိုေျပာတဲ့
ေစာက္ေပါက္ေတြအကုန္ ဆြဲၿဖဲပစ္မယ္ 'ဆိုၿပီး
တုတ္ဆြဲကာမွ ၿငိမ္သြားကာ အိမ္ထဲျပန္ဝင္သြားၾကသည္။

ေနာက္ေတာ့မွ သူတို႔ႏွစ္ေယာက္ကို ကြဲေအာင္လုပ္တဲ့ အဓိက
တရားခံရဲ႕ အေမနဲ႕အကိုမွန္း ေရွာင္းက်န့္ သိရေတာ့သည္။
ဒါေၾကာင့္ ဒီအေဒၚႀကီးကသူ႕ကိုျမင္တိုင္း
ကိုက္ခ်င္ အဲ ရိုက္ခ်င္ေနတာကိုး။

ေရွာင္းက်န့္ တကယ္ကိုစဥ္းစားမရပါ။
သူ႕သမီးက ဘာေကာင္းတာေတြလုပ္ခဲ့လို႔
အဲ့အေဒၚႀကီးက ခုထိသူတို႔ကို မေက်မနပ္ျဖစ္ေနရတာလဲ။
တကယ္ဆို သူတို႔ကသာစိတ္ဆိုးသင့္တာကိုမ်ား
တျပန္ႀကီး။

အရင္ကေရွာင္းက်န့္ဆိုရင္ေတာ့ ၿငိမ္ခံခ်င္ခံလိမ့္မယ္။
ဒါေပမဲ့ ခုေရွာင္းက်န့္ ကေတာ့မရပါ သူမ်က္ေစာင္းတစ္ခါထိုးရင္
ကိုယ္က မ်က္ရိုးက်ိဳးသည္ထိ ျပန္ထိုးပစ္မယ္မွတ္။

ဆက္ရန္....

ဝမ္အိုက္ေရွာင္းက ေက်ာင္းနာမည္ပါေနာ္ အိမ္ေခၚနာမည္
လာပါဉီးမယ္ ဘာနာမည္လဲသိတယ္ဟုတ္။

ကိုယ္ တကယ္ကို ေနမေကာင္းဘူးကြာ လူကႏုန္းခ်ိေနေရာ။
ေဝဖန္အႀကံျပဳတဲ့မန့္ေလးေတြ ဖတ္ရရင္ အားျပန္ရွိလာမယ္
ထင္တယ္ ။ အိုက္နီ အကုန္လုံးကိုခ်စ္တယ္ေနာ္

7.2.2023
#AhNu

Continue Reading

You'll Also Like

264K 17.3K 37
မုန္းတယ္ဆိုတဲ႕စကားတစ္ခြန္းနာၾကင္ရေပမယ့္ ငါမေျပာပါနဲ႕လို့မင္းကိုမတားျမစ္ခဲ႕ဘူး မင္းငါ့ကိုမုန္းလည္းရတယ္ ဒါေပမယ့္မင္းသိထားဖို့ကငါမင္းကိုအရမ္းခ်စ္တယ္ uni...
4M 415K 41
Myanmar BL
136K 8.4K 48
ငါတို့မိသားစုအပေါ်မှားခဲ့တဲ့တွေအတွက်မင်းပြန်ပေးဆပ်ရမယ်ရှောင်ကျန့်...မင်းကငါ့အတွက်တော့အသုံးချခံသက်သက်ပဲ ...
193K 19.4K 32
ခ်စ္​တယ္​လို႔...ဦးWang ​ေျပာပါ။ ချစ်တယ်လို့...ဦးWang ပြောပါ။ I only write Yizhan fic. So, be careful of Reading Lists. Start date...26.June.2021 ...