11

12.8K 654 44
                                    

Unicode Version

ညနေဆိုင်ပိတ်ခါနီးမို့ သိမ်းစရာရှိတာတွေသိမ်းနေရင်း
နေ့လည်ကမောင်ပြောတဲ့ 'ရေမိုးချိုးပြီးသေချာပြင်ဆင်ထား'
ဆိုတဲ့စကားကိုပြန်ကြားယောင်မိတော့ ရှက်ပြုံးလေးတစ်ခု
ဖြစ်ထွန်းသွားသည်။ ညနေအစောပိုင်းလောက်ကတည်းက
ရေမိုးချိုးပြီးသေချာပြင်ဆင်နေတဲ့သူ့ကို
ကြီးမေက'ဘယ်သွားစရာရှိလို့လဲ'မေးပေမဲ့
ရှောင်းကျန့်ပြုံးစိစိလုပ်ပြီးဘာမှပြန်မဖြေမိ။
ဒီကိစ္စကို ကြီးမေကိုပြောလို့ဘယ်ဖြစ်ပါ့မလဲ။

"ဘွမ်း! ဘွမ်း! ဘွမ်း! "

တွေးနေတုန်း ဆိုင်ကယ်လီဗာအသံကုန်ဖြဲသံနဲ့
အတူဆိုင်ရှေ့ကိုထိုးရပ်လာတဲ့ဆိုင်ကယ်တစ်စီး။

ဆိုင်ကယ်ပေါ်ကလူက Helmetစောင်းထားသည်မို့
ဘယ်သူဘယ်ဝါမှန်းမသိရပေမဲ့ ပုံစံက
stypleခပ်မိုက်မိုက်ထဲကဖြစ်ပြီး
မောင်နဲ့တောင်နဲနဲဆင်သည်။

"တီ! တီ! တီ!

လီဗာအသားကုန်ဖြဲပြီးအသံပေးပေမဲ့ မလှုပ်မရှပ်ရပ်
နေတဲ့သူကြောင့် ဟွန်းသံထပ်ပေးလိုက်သည်။
သို့ပေမဲ့ သူ့ကိုမှတ်မိပုံမရဘဲ ရပ်မြဲအတိုင်းသာရပ်နေသည်။

"ရှောင်းကျန့် ဘယ်သူတုန်း "

ရပ်နေတဲ့သူနားကြီးမေကရောက်လာကာမေးသည်။
ရှောင်းကျန့်လည်းဘယ်သူမှန်းမသိတာမို့ ခေါင်းသာ
ခါပြလိုက်သည်။

"ကျစ်! "

ရိပေါ်ကျစ်တစ်ချက်ဆုတ်လိုက်ပြီး ဆောင်ထားတဲ့Helmet
မှန်ကိုချလိုက်တော့မှ 'မောင်'ဆိုပြီးအံသြသလိုအသံလေးနဲ
ခေါ်လာသည်။ ခုထိသူရှိရာကိုရောက်မလာသေး။

"ဟဲ့ နင်ကဆိုင်ကယ်ကြီးနဲ့ဘယ်သွားမလဲ "

"ဟိုနားဒီနားသွားမလို့ ရှောင်းကျန့်ကိုလာခေါ်တာ "

"ဘယ်သွားမလို့လဲမောင် "

မျက်လုံးလေးကလည်လည်နဲ့ မေးလာတဲ့တစ်ယောက်ပုံစံကို
ကြည့်ပြီး ရိပေါ်မျက်မှောင်ကျုံ့လိုက်သည်။

shirtလက်တိုအမဲကို ကော်လံပါတဲ့အပေါ်ထပ်
အညိုလေးနဲ့တွဲဝတ်ထားပြီးအောက်ပိုင်းက
ဒူးလောက်ဘောင်းဘီအမဲလေးနဲ့ဖြစ်သည်။
ကြည့်ကောင်းပေမဲ့ ဘောင်းဘီကဒူးခေါင်းလောက်မို့
ခြေသလုံးသွယ်သွယ်ဖွေးဖွေးလေးက ထင်းနေသည်။ မျက်နှာလေးကလည်းဒီနေ့မှ ပိုဖြူအုပြီး ပြောင်းတင်းတင်းလေး ဖြစ်နေသည်မို့
ဆွဲကိုက်ချင်စရာကောင်းနေ၏။
ဆံပင်တွေကတော့ထုံးစံအတိုင်းမပြောင်းမလဲ
အမဲရောင်ဆိုပေမဲ ရှေ့ကိုခပ်အုပ်အုပ်လေးချထားပြီး
အလည်မရောက်တရောက်နားကနေ နည်းနည်း​လေး
ခွဲထားသေးသည်။

My very bad husband  belong to meWhere stories live. Discover now