9

13.9K 834 83
                                    

Unicode Version

ဒေါ်ကျန်းမေ မနေ့ကပေကျင်းကိုအထည်တွေယူရင်း
တစ်ညအိပ်သွားခဲ့သည်။ အထည်တွေက များတာမို့
ရှောင်းကျန့်ကိုခေါ်သွားချင်ပေမဲ့ သူ့တူရိပေါ်က
မလွှတ်မှာသိတာမို့ တစ်ယောက်ထဲသာသွားခဲ့ရ၏။
ဒါပေမဲ့လည်း အိမ်ကနှစ်ယောက်ကိုစိတ်မချ။
သူ့တူကအောက်သာဆိုတယ် ရှောင်းကျန့်ကိုနိုင်လိုက်
တာမှဟိုကပြားပြားကိုဝပ်လို့။ သူမရှိတုန်းရန်ဖြစ်နေမှာ
ဆိုးတာကြောင့် အထည်တွေယူပြီးတာနဲ့အမြန်ဘဲ
ပြန်လာခဲ့သည်။ဒါပေမဲ့ ပါလာတဲ့အထည်တွေကိုဆိုင်မှာ
တစ်ခေါက်ဝင်ထားနေရတာမို့ သူအိမ်ပြန်လာတော့
မနက်၁၀ နာရီထိုးနေလေပြီ။ခုလောက်ဆိုရိပေါ်လည်း
အိမ်မကပ်ဘဲလျှောက်သွားနေလောက်ပြီး
ရှောင်းကျန့်ကတော့ အိမ်မှာဘဲရှိမည်ဟု ထင်လိုက်သည်။

"ဟူး...မောလိုက်တာ။
ရှောင်းကျန့်ရေ ကြီးမေပြန်လာပြီနော် "

အိမ်ပြန်ရောက်တာနဲ့ အသံတစ်ချက်ပေးပြီး
ရေသောက်လိုက်သည်။ ပြီးတာနဲ့အခန်းထဲဝင်လိုက်ပြီး
နားဖို့ပြင်လိုက်သည်။ တစ်ညလုံးကားစီးလာရတော့
သူလည်းပင်ပန်းနေပြီလေ။

"ဟယ်...ဒီနှစ်ယောက်ကဘယ်လို့ဖြစ်လို့ငါ့ကုတင်ပေါ်မှာ
လာဖက်အိပ်နေကြတာလဲ "

အခန်းထဲဝင်ဝင်ချင်း သူ့ကုတင်ပေါ်မှာ
လာဖက်အိပ်နေကြတဲ့ ဟိုနှစ်ယောက်။

ဖက်အိပ်နေလိုက်တာများ
တစ်ယောက်ကလည်း ရင်ခွင်ထဲမှာပျောက်လို့
တစ်ယောက်ကလည်းသူ့လက်ကြီးနဲ့ဖက်ထားလိုက်တာ
လွတ်ထွက်သွားတော့မှာဆိုးနေသည့်အလား။
မနက်၇နာရီဆိုနိုးတက်တဲ့ ရှောင်းကျန့်ကလည်း
ဒီနေ့မှ၁၀ နာရီထိုးတာတောင်မနိုးသေး။
ရိပေါ်ကလည်း ဒီနေ့မှကြားသားမိုးကြိုးအိမ်မှာ
ရှိနေသည်။ သူ့ခေါ်သံကိုတောင်မကြားတဲ့ နှစ်ယောက်က
တော်တော်အိပ်ရေးပျက်နေပုံရ၏။

"ထားပါတော့လေ သူတို့အခန်းဘဲသွားနားတော့မယ် "

လူလည်းပင်ပန်းလာသည်မို့ မနိုးတဲ့နှစ်ယောက်ကို
နှိုးမနေတော့ဘဲ သူတို့အခန်းထဲသာဝင်လာခဲ့သည်။

"ဟင်...ဒါတွေကဘယ်လို့ဖြစ်ထားတာတုန်း"

အခန်းထဲကိုဝင်ဝင်ချင်းမြင်လိုက်ရတဲ့မြင်ကွင်းက
ပါးစပ်အဟောင်းသားဖြစ်သွားစေသည်။
အခန်းထဲကကုတင်ကြီးက ကျိုးတာမဟုတ်ဘဲ
အလည်ကနေအပေါက်ကြီးပေါက်ပြီးကျွံကျနေသည်။
ကြမ်းပြင်မှာလည်းနို့ဆီတွေဖိတ်လို့။

My very bad husband  belong to meWhere stories live. Discover now