37

6.2K 522 73
                                    

unicode version

"ပါးပါးပြီးတေးဝူးယား ဒယ်ရီနဲ့တားက ချောင့်နေတာကြာနေပြီ "

"လာပြီ လာပြီ "

အထဲကနေ ပြန်ထူးသံကြားရသည်။ သို့ပေမဲ့ ထွက်တော့မလာသေး။

"ဒယ်ရီ ဂျပင်ညှပ်ဆိုင်ရောက်ရင် တားကို ခပ်ယမ်းယမ်း
ဂျပင်ကေညှပ်ပေးနော် ပြီးတော့ ဘေးနားကို ယိုင်းပါဖောက်ပေး "

"မင်းပါးပါးကိုပြောလေ သူညှပ်ခိုင်းရင် ညှပ်ပေါ့ "

"ဟာ ဒယ်ရီကယဲ ပါးပါးက တားကိုကျောင်းသားချိုပြီး
အယိုညှပ်ခိုင်းမှာဟုတ်ဝူး ကတုံးမတုံးရုံတမယ်
ညှပ်ပေးမှာကိုး အဟင့် ယုတ်ပါနော်  ဒယ်ရီ တားညှပ်ချင်လို့ကိုး "

"မသိဘူးကွာ ငါတောင်မင်းပါးပါး စိတ်တိုင်းကျ
တိုတိုကပ်ကပ်ဘဲ ညှပ်ထားတာ မမြင်ဘူးလား "

"ဒယ်ရီလူဂျိုးနော် အဲဒါ ဒယ်ရီက အတက်ကြီးတွားလို့ကို
အရင်ကချို ဂျပင်အရှည်ကို ချေးတွေဆိုးပြီး
နားကပ်တွေနားကွင်းတွေနဲ့ ဖယမ်းဖယမ်းထပြီးတော့
တားကျရော့ ညှပ်ခိုင်းဝူး "

သူငယ်ငယ်တုန်းကပုံတွေကို ကြီးမေပြပြီးကတည်းက
သားက သူ့လိုခပ်မိုက်မိုက်ပုံစံ လုပ်ချင်နေသည်။
ခုလည်း ဆံပင်အရှည်ထားမရတော့ ဘေးနားကို
စက်နဲ့လိုင်းဖောက်ချင်နေပြန်သည်။

"ငါကလူပျိုဖြစ်မှ ဖလန်းဖလန်းထတာကွ
မင်းလိုအရွယ်မတိုက်ခင်ကတည်းက ယွနေတာမဟုတ်ဘူး
ပြီးတော့ ဘာကိုအသက်ကြီးတာလဲ ခုမှသုံးဆယ်ကို
နှာတစ်ဖျားလေးဘဲ ကျော်သေးတာ "

"တိဝူး တိဝူး တာကရော့ ညှပ်ချင်တာဘဲချိုမှ
ဒယ်ရီ ကြောပေးပါ နော် နော် နော်ယို့ "

ဆံပင်တစ်ခါညှပ်ဖို့အရေး လူဆိုးပေါက်စရဲ့ ပေါက်ပေါက်
ဖောက်ပြီး ဂျီဂျတာကို ရိပေါ်အလူးအလဲခံနေရသည်။
ခုလည်း ဆူပုတ်ပုတ်နဲ့ သူ့အိင်္ကျီကိုဆွဲကာ မရပ်မနား
ဂျီကျနေသည်။

"မဆွဲနဲ့ လူဆိုးပေါက်စရာ မင်းပါးပါး ကိုယ်တိုင်
ဝတ်ပေးလိုက်တဲ့ အိင်္ကျီတွေ ကျေကုန်မယ် "

ဘယ်လောက်ဖြေချချ လူဆိုးပေါက်စတို့ကတော့
သူ့ကိုအတင်းတွယ်ကပ်ကာ တစ်ဂျီဂျီလုပ်နေသည်။
ကြာလာတော့ ရိပေါ်စိတ်အိုက်လာတာမို့
ဘေးခွဲခွဲထားပြီး ဆီလိမ်းကာ ပိပြားနေအောင်
ဖိထားတဲ့ ဆံပင်တွေကို လက်နဲ့အနည်းငယ် ထိုးဖွလိုက်သည်။
သားပြောသလိုပါဘဲ ကလေးတစ်ယောက်အဖေ
ရာထူးနဲ့ အသက်သုံးဆယ်ကို နှာတစ်ဖျားလေး ကပ်ကျော်လာတော့ အရင်လို ဆံပင်ရှည်တွေ နားကပ်တွေနဲ့ ကလေးကလား နေလို့မဖြစ်။ ဒါကြောင့် လူကြီးပုံပေါက်အောင် ခပ်တိုတိုဆံပင်ကေကို
ဘေခွဲခွဲကာ လူကြီးပုံပေါက်အောင် မနည်းဖမ်းထားရသည်။
အိင်္ကျီကိုလည်း အရင်လို လမ်းသရဲစတိုင်နဲ့ ဖယိုဖရဲတွေ
ဝတ်လို့မရ။ အတွင်းက shirt အမဲလက်တိုကို အပေါ်ကြယ်သီးတစ်လုံး ဖြုတ်ထားပြီး ဂျင်းရောင်လက်ရှည် အထူကို အပေါ်က ထပ်ဝတ်ထားကာ ကော်လံအရှည်ကို
ခေါက်ရိုးကျအောင် သေချာခေါက်ပေးထားမို့
လူကြီးလူကောင်းပုံ ​ပုံပေါက်နေမှာသေချာသည်။

My very bad husband  belong to meWhere stories live. Discover now