26

9K 812 196
                                    

Unicode Version

စျေးထဲရောက်တာနဲ့ ရိပေါ် ဟိုကြည့်ဒီကြည့်လုပ်ရင်း
ဘာဝယ်ရမှန်းမသိဖြစ်နေသည်။ ရှောင်းကျန့် ရေးပေးလိုက်တဲ့
စာကိုကြည့်တော့လည်း

*ဝက်သား ၁ကီလို၊ ဆီ ၁ဗူး ၊
ကန်စွန်းရွက်နှစ်စည်း၊ မုန်လာဉနီ၂လုံး၊
ပဲတောင့်ရှည် ၁စည်း၊ ကြက်ဉ ၅လုံး
ကြက်သွန့်ဖြူ/နီ၊ဂျင်း၊ဆား

မှတ်ချက်-ပေးလိုက်တဲ့ ပိုက်ဆံနဲ့ လောက်အောင်ဝယ်
မလောက်ရင် ကိုယ့်ဟာကိုယ်စိုက် *

ဘာကစဝယ်ရမှန်းမသိတာနဲ့ မလှန်းမကန်းမှာမြင်နေရတဲ့
အရွက်သည်ဆီ လျှောက်လာခဲ့သည်။

"ဟို..."

"ဘာယူမလဲ မောင်လေး ဟင်ရွက်တွေအကုန်လတ်တယ်နော်"

"မုန်လာဉနီ နှစ်လုံး၊ ကန်စွန်းရွက်နှစ်စီး၊ ပဲတောင့်ရှည်နှစ်စီး "

"ရမယ် "

"ပြီးတော့ နံနံပင်ရောဘဲ ၅စည်း "

ဟင်းရွက်ဝယ်ပြီးတာနဲ့ ရှောင်းကျန့် ထည့်ပေးလိုက်တဲ့
ခြင်းတောင်းလေးထဲထည့်လိုက်သည်။
ကတုံးနဲ့ စျေးခြင်းတောင်း ဘယ်လိုမှ မလိုက်ဖက်ပေမဲ့
ရှောင်းကျန့် ကယူသွားဆိုတာနဲ့ ယူလာခဲ့ရသည်။
ခုသူ့ပုံစံက ရယ်စရာကြီးဖြစ်နေလားမသိ
စျေးထဲကလူတွေကတောင်
မသိမသာကြည့်ပြီး ရယ်နေတာမို့ ရိပေါ် ကြာတော့ရှက်လာသည် ။ဒါ့ကြောင့် ထိုနေရာကနေ
မြန်မြန်ပြန်ထွက်လာပြီး အသားတန်းဘက်ကို သွားလိုက်သည်။

"အဒေါ်ကြီး "

"ဘာ! ဘာအဒေါ်ကြီးလဲ "

"ဟို အမကြီး "

"ရပါတယ် မမဆိုလည်းအဆင်ပြေတယ် သလား "

အဒေါ်ကြီးဆိုလို့ရန်တွေ့မယ်ပြင်ပြီးမှ ကတုံးနဲ
အဆင်လေးဖြစ်နေတာမို့ လေသံကိုပြန်လျှော့လိုက်သည်။

"ဟုတ် မမ ကျွန်တော့်ကို ဝက်သား ၁ကီလိုလောက်ပေးပါ "

(AN/ 1viss1ပိဿာ=1.6293kg ကီလို)

"၂ကီလိုလောက်ယူပါလား မောင်လေးရဲ့ လျှော့ပေးမယ်လေ"

"ဟို အိမ်သားက ၁ကီလိုဘဲဝယ်ရမယ်ဆိုလို့ "

My very bad husband  belong to meWhere stories live. Discover now