38

6.2K 517 83
                                    

unicode version

ဧပရယ် ၁ရက်၊ တနင်္ဂနွေနေ့။

"ပါးပါး တားဂျပင်ကို ဆီယိမ်းပြီး ထောင်ပေး "

"သားကလည်း ဒီတိုင်းဆံပင်လေးကို ရှေ့ချထားတာ
ဘယ်လောက် ချစ်ဖို့ကောင်းလဲ "

"ပါးပါးကရဲ တားက ချိဖို့ကောင်းချင်တာဟုတ်ဝူး
ယမ်းချင်မိုက်ချင်တာပါချို "

"လန်းချင်မနေနဲ့ ကိုယ်တော်ချော အလိုနဲ့ မှောင်တော့မယ် "

"ပြီးရောဂျာ အချိုယဲ အညန်တွားမယ် "

ဒီနေ့က တနင်္ဂနွေနေ့ ကျောင်းပိတ်ရက်မို့ သားဖနှစ်ယောက်သား ရေမိုးချိုးပြင်ဆင်ပြီး အပြင်သွားဖို့လုပ်နေကြသည်။
အချိန်က ညနေ၄ နာရီခွဲလောက်ဘဲ ရှိသေးပေမဲ့
ညနေဘက်ဆိုလူကျတဲ့ အကင်ဆိုင်က ခုချိန်မှ မသွားရင်
ကုန်သွားလိမ့်မည်။

"သား ။ ခုလိုပါးပါးနဲ့အကင်သွားဝယ်စားတာ သားဒယ်ဒီကို
ပြန်မတိုင်နဲ့နော် ကြားလား "

"တိပါရယ် ပါးပါးရာ တိုင်ချရာယား "

"အင်းအင်း အကြောင့် သားကိုချစ်တာ "

ပေါက်စိလုံးလို ဖြူလုံးလုံးပါးကြီးနှစ်ဖက်ကို တရူးရှူးအသံ
ထွက်သည်ထိ နမ်းလိုက်တော့ သားကအတင်းရုန်းကာ
အော်လာသည်။

"မယုတ်နဲ့ ပါးပါးရာ တူညားလှနေတာရေ ကျက်ကုန်မယ် "

"ဟုတ်ပါပြီဗျာ "

ခေါင်းလျှော်ပေးထားတာမို့ မျက်လုံးအုပ်ချင်နေတဲ့
ရှေ့ဆံပင်လေးကို ဘီးနဲ့ ဘေးခွဲလေးခွဲပေးလိုက်တော့
မျက်နှာရှင်းရှင်းလေးက ထင်းထင်းလေး ပေါ်လာသည်။
ထို့နောက် လက်ထဲကို ဆီအနည်းငယ်ထည့်ပြီး
ဆံပင်နှစ်ဖက်ကိုပြားနေအောင် ဖိပေးလိုက်တော့
သားနှုတ်ခမ်းက တစ်ထောင်လောက်ဆူလာသည်။
သို့ပေမဲ့ ဘာမှမပြောဘဲ သူလုပ်သမျှကို ငြိမ်ခံနေသည်။

ရှောင်းကျန့် ကိုယ့်ဘာသာလုပ်ပေးပြီးကာမှ သားပုံစံကို
ကြည့်ပြီး ရယ်ချင်သွားသည်။ ဆံပင်ဘေးခွဲလေးနဲ့မို့ သားက
လူကြီးပေါက်စလေးနှင့်တူနေပေမဲ့ နှုတ်ခမ်းဆူကာ စူပုတ်ပုတ်လုပ်နေတော့ Baby Bossကားထဲက
ကလေးလေးနဲ့သွားတူနေသည်။ ခန္ဓာကိုယ်ကလည်း
ထိုကားထဲ Baby Bossလေးလို လုံးတစ်တစ်နဲ့
ဝကစ်ကစ်ကလေးဖြစ်ကာ ခုဝတ်ပေးထားတဲ့
pokemon အိင်္ကျီဝမ်းဆက်လေးနဲ့ ဖြစ်ညှစ်ချင်စရာ
ကောင်းနေသည်။ အတူဆုံးကတော့
ပူလုံးလုံးဗိုက်ကလေးပင်။ ထိုဗိုက်ကလေးကြောင့်
အိင်္ကျီက အပေါ်ပြန်လိပ်သွားတက်တာမို့
ခနခနပြန်ဆွဲချပေးနေရသည်။

My very bad husband  belong to meWhere stories live. Discover now