23

8.9K 764 198
                                    

Unicode Version

"အားကျန့် တရုတ်ကိုပြန်ချင်တာသေချာပြီလား"

"ဟုတ် ကျဲကျဲ ကျွန်တော်ပြန်ချင်တယ် "

ယန်လီသက်ပြင်းချမိသည်။ လူကပြန်ကောင်းတာ
ဘယ်လောက်မှ မကြာသေးတာကို
ပြန်လွှတ်လိုက်လို့ ဖြစ်ပါ့မလား။

"ဒါပေမဲ့ အားကျန့် ကျန်းမာရေးက သိပ်မကောင်းသေးဘူးမလား
ဒီမှာဘဲတစ်နှစ်လောက်ထပ်နေပြီး... "

"ကျွန်တော် ကောင်းနေပါပြီကျဲကျဲရယ်
ပြီးတော့ ကျွန်တော်လူတစ်ယောက်ကိုလည်း
ရှာချင်သေးတယ် "

ယန်လီဘာမှဆက်မပြောတော့ပါ။အားကျန့်ကပြန်ချင်နေမှတော့ သူကပြန်ပို့ပေးရတော့မှာပေါ့။

"ဟုတ်ပါပြီ အာဆိုလည်း ခုလထဲပြန်ဖို့
ကျဲစီစဉ်ပေးမယ်နော် "

"ဟုတ် ကျဲကျဲ ကျေးဇူးတင်ပါတယ် "

ကျဲကျဲထွက်သွားတာနဲ့ ရှောင်းကျန့် အိပ်ယာပေါ်
လှဲချပြီး မျက်လုံးမှိတ်ထားလိုက်သည်။

ခုသူရောက်နေတာက ဂျပန်နိုင်ငံ ၊တိုကျိုမြို့မှာ
ဖြစ်သည်။

ဒီကိုရောက်နေရတဲ့အကြောင်းအရင်းကတော့
လွန်ခဲ့တဲ့တစ်နှစ်လောက်က သူကားaccidentဖြစ်ခဲ့သည်။
accidentက တော်တော်အခြေအနေဆိုးပေမဲ့
ကံကောင်းချင်တော့ သူ့ကိုတိုက်တဲ့ကားက
သူ့အမဝမ်းကွဲကားဖြစ်နေတယ်လေ။ ဒီတိုင်းဆို
တရုတ်မှာဆက်ကုရင်
သေချာပေါက် အသက်ရှင်မှာမဟုတ်တာမို့ ကျဲကျဲက
သူ့ကိုနိုင်ငံခြားထိ ပို့ကာ ဆေးကုပေးခဲ့သည်။

ဒီမှာနာမည်ကြီးဆရာဝန်တွေနဲ့
အကောင်းဆုံးဆေးဝါးတွေနဲ့ကုသပေးခဲ့တာမို့
6လလောက်ကိုမာဝင်ခဲ့ပေမဲ့ သူပြန်ကောင်းလာခဲ့သည်။

ဒါပေမဲ့ ခေါင်းကအတော်ထိသွားတာမို့
အတိတ်မေ့သွားခဲ့ပြီး သူ့ကိုယ်သူဘယ်သူမှန်းတောင်မသိ
ခဲ့ပါ။သူ့နာမည်က ရှောင်းကျန့်ဆိုတာအပြင်
ဉီးရှောင်းလုံ ဒေါ်ချန်းလီတို့ရဲ့သားဖြစ်ကြောင်းနဲ
သူ့ကိုကားနဲ့တိုက်မိတာက သူ့အမဝမ်ကွဲဖြစ်ကြောင်း
ကျဲကျဲပြန်ပြောမှသူသိခဲ့သည်။

တစ်စက်တည်းမှာဘဲ သူ့မှာပါးနဲ့မားရှိသေးတယ်
ဆိုတာသိရတော့ ရှောင်းကျန့်ဝမ်းသာလိုက်တာ
အတိုင်းမသိဘဲ။ ဒါပေမဲ့ ပါးနဲ့မားကို ကျဲကျဲတို့နဲ့
အဆက်အသွယ်မရတာ အတော်ကြာပြီဆိုတာ
သိရတော့ ရှောင်းကျန့်မျှော်လင့်ချက်တွေ မှေးမိန်သွားပြန်သည်။
ပြီးတော့ ကျဲကျဲကဆက်မေးသေးသည်

My very bad husband  belong to meWhere stories live. Discover now