31⚠

13.4K 742 120
                                    

unicode version

လွန်ခဲ့သော တစ်လလောက်ကတည်းက
ဖွင့်ဖို့ကြိုးစားနေသော ရိပေါ်ရဲ့ ဆိုင်ကယ်
ပြင်ဆိုင်လေးသည် ပြီးခဲ့တဲ့တစ်ပတ်ကဘဲ အောင်မြင်စွာ
ဖွင့်လှစ်နိုင်ခဲ့ပြီဖြစ်သည်။ ဆိုင်လေးက ခပ်သေးသေးဆိုပေမဲ့
မြို့ထဲက နေရာကောင်းမှာဖွင့်ထားတာမို့
စဖွင့်တဲ့ရက်မှာပင် လူအများကြီးမဟုတ်ပေမဲ့
ပြင်သူများ လာကြသည်။

အကိုကျင်းလန် ဆိုင်ကယ်ပြင်ဆိုင်မှာ ကတည်းက
ပြင်နေကျသူတွေကလည်း ရိပေါ် ဆိုင်ဖွင့်တာသိတာနဲ့
သူ့ဆီကိုလာကြတာမို့ ဆိုင်လေးက အဆင်ပြေသည်ဟု
ပြောရမည်။

ဆိုင်ဖွင့်ချိန်က သိပ်တော့ပုံမှန်မရှိ တစ်ခါတစ်လေ
၇နာရီဖွင့်ပြီး ရှောင်းကျန့်နဲ့အတူနေဖြစ်တဲ့ ရက်ဆို
၈နာရီမှဖွင့်သည်။ ဆိုင်သိမ်းချိန်ကတော့ ပုံမှန်
ညနေ ၆နာရီဖြစ်သည်။

ရှောင်းကျန့်ကိုတော့ ကလေးတစ်ဖက်နဲ့မို့ အိမ်မှာဘဲ
နေခိုင်းပေမဲ့ မရပါ။ ပျင်းတယ်ဆိုပြီး မနက်ပိုင်း
ချက်ပြုတ်ပြီးတာနဲ့ ကလေးပါခေါ်ပြီး
အထည်ဆိုင်ကိုလိုက်လာတက်သည်။ သူ့ရဲ့
ဆိုင်ကယ်ပြင်ဆိုင်က ကြီးမေအထည်ဆိုင်နဲ့
သိပ်မဝေးတာမို့ ရိပေါ်ကတော့ လူပါးတာနဲ့ အထည်ဆိုင်ကို
ချောင်းပေါက်မတက်သွားသည်။ ဟိုရောက်ရင်
သားနဲ့အတူဆော့လိုက် လူမမြင်အောင် ရှောင်းကျန့်ကို
ခိုးနမ်းလိုက် လုပ်ရတာလည်း သူ့အတွက်အလုပ်တစ်ခုလိုပင်။

နေ့လည်စာစားချိန်ရောက်ရင်တော့ ရှောင်းကျန့်
အိမ်မှာချက်ပြုတ်ပြီး ဂျိုင့်နဲ့ထည့်ထားတဲ့
ထမင်းချိင့်အပြင် သားအတွက် နို့မှုန့်ထုတ်နဲ့
နို့ဗူးပါ သူတစ်ခေါက်ပြန်ယူသည်။ ပြီးရင်
ဆိုင်ပြန်လာပြီး သားကိုနို့ဖျော်တိုက်ပြီး အရင်သိပ်ရသည်။
ဆိုင်ထဲမှာ သားအတွက် အိပ်ယာအသေးစားလေး
လုပ်ပေးထားတာမို့ အိပ်ဖို့အဆင်ပြေသည်။

ပြီးမှ သုံးယောက်သား နေ့လည်စာစားရသည်။
ဒါပေမဲ့ သားမအိပ်တဲ့ ရက်တွေဆိုရင်တော့ ကြီးမေကိုအရင်စားခိုင်းပြီး သားကို သူတို့နှစ်ယောက်
ထိန်းသည်။ ကြီးမေပြီးမှ သားကိုတစ်လှည့်ပြန်ထိန်းခိုင်းပြီး
ရှောင်းကျန့်နဲ့ သူနဲ့စားသည်။ သားက အရမ်းမငိုဘဲ
လိမ္မာတယ်ဆိုပေမဲ့ အစားမြင်ရင်တော့မရပါ
ပါးစပ်တစ်ပြင်ပြင်နဲ့ သူ့ကိုကျွေးရင်ကျွေး
မကျွေးရင် အကျယ်ကြီးအော်ငိုတက်တာကြောင့်
ဖြစ်သည်။

My very bad husband  belong to meWhere stories live. Discover now