တို့..အတူ(BL Fiction)
အပိုင်း(၃၂)
ဒီနေ့သည် အောင်ရဲသူတက်ေနသည့် ရိုးရာ အခြေခံ အစားအစာ ချက်ပြုတ်
ေရးသင်တန်း က သင်တန်းဆင်းပွဲ ပင်ဖြစ်သည်။
မနက်အစောကြီး ထ ကာ သင်တန်းဆင်းပွဲ၌ လက်ရာပြသရန်အတွက် အောင်ရဲသူက ဟင်းေတွချက်နေသည်။ရိုးရာ အချိုပွဲ ကိုလည်း လုပ်နေသည်။
ဖေဖေက သူ့သားငယ်လေး ဒီလိုပျော်ရွှင်ပြီး တက်ကြွနေသည်ကို မြင်ရတော့ သူလည်းသဘောကျနေဟန် ရှိသည်။
ကျတော်ကတော့ သူပျော်နေတာ၊သူစိတ်ဝင်စားနေတာ ကိုမြင်ရရင် အလိုလို ပျော်နေမိရက်သားပင် ဖြစ်နေပြီ။
"ကိုကို ဘာကူညီရမလဲ?"
တယောက်တည်း အလုပ်ရှုပ်နေသော အောင်ရဲသူလေးကို ချစ်မိသည်။သူလေး ပင်ပန်းတာ လျော့သွားအောင် လုပ်ပေးချင်မိသည်။
"ကိုကို ကျတော့်ကို မွှေးမွှေးပေး။ဒီလို အချိန်ကျ ကိုကို့ဆီက အချစ်ရဲ့ အင်အားတွေ ကို ပိုလိုအပ်တယ်"
ကြည့်ပါဦး
အလိုလိုနေရင်းတောင် ချစ်နေရသည့် လူကို ကလူဤသို့ မြှူဤသို့ လုပ်နေပြန်ပြီလေ။ကျတော် သူ့ခါးလေးကို ဖက်ကာ သူ့ပါးလေး တဖက်ကို မွှေးမွှေးပေးလိုက်မိသည်။
"ဒီဘက်ရောပဲ ကိုကို"
ဒီလို ချွဲတတ်သည့် ကောင်ကလေးကို မလွှတ်တမ်းဖက်ထားချင်မိသည်။သူထိုးပေးသော နောက်ပါးလေး တဖက်ကိုပါ မွှေးမွှေးပေးလိုက်မိသည်။
"ကိုကို ဒီမှာ ထိုင်နေ။ပြီးရင် ကျတော့်လက်ရာကို မြည်းပေး။အဲ့ဒီလောက်ကူညီရင် ရပါပြီ။ချက်တာကိုတော့ ကျတော် တယောက်တည်းပဲ လုပ်ချင်တယ်။ဒါမှ ကျတော့် လက်ရာ ဖြစ်မှာလေ ကိုကိုရဲ့"
အောင်ရဲသူလေးဟာ ရိုးသားရဲရင့်တဲ့ ကောင်လေးတယောက်လည်း ဖြစ်နေပြန်သည်။ထိုအချက်လေးက သူ့ကိုကျတော် ချစ်တာထက်ပင် ပိုပြီး အထင်ကြီးစေမိပြန်သည်။
"ဟုတ်ပါပြီ။သည်းငယ်လေး ဟင်းချက်နေတာကို ကိုကိုက ဗီဒီယို နှင့် မှတ်တမ်းတင်ပေးမယ်။ကြိုးစားနော် ကိုကို့သည်းငယ်လေး"
"ရိုက်ပေးမလား?ကောင်းလိုက်တာ၊မှတ်တမ်းတင်ဖို့ ကျတော် မတွေးလိုက်မိဘူး။ဒီလိုကျ ကိုကိုရှိနေတာ ကောင်းလိုက်တာ"
ဒီစကားလေး တခွန်းလောက်နဲ့တင် ဘာမဆို လုပ်ပေးဖို့ လုံလောက်နေပါပြီ အောင်ရဲသူရေလို့ တွေးကာ ပြုံးပြုံးကြီး သူ့ကို ဗီဒီယို မှတ်တမ်းတင် ရိုက်ပေးနေမိသည်။
"ဟယ်လို မင်္ဂလာပါ ကျတော် က ရိုးရာ အခြေခံ အစားအစာ သင်တန်း အမှတ်စဉ်(၅၂)က သင်တန်းသား အောင်ရဲသူပါခက်ဗျာ၊ကျတော် ဒီနေ့ ချက်ပြုတ်မယ့် အစားအစာ တွေကတော့........"
ကင်မရာကတဆင့် မြင်တွေ့နေရသည့် အောင်ရဲသူ၏ မျက်နှာလေး၊အသံလေး၊လှုပ်ရှားမှု သေးသေးလေးတွေက အစ ကျတော် ချစ်နေမိပြန်ပါသည်။သူ့ကို အကြိမ်ကြိမ်အခါခါ ချစ်မိအောင် လုပ်ဆောင်နိုင်စွမ်း ရှိနေတာပဲ အောင်ရဲသူရေ။
...............
"လာ၊ကိုကို ကိုယ်တိုင် ကားမောင်းပြီး လိုက်ပို့မယ်။ပြီးတော့ ဒါလေး ကိုလည်း လက်ခံပေးပါခင်ဗျာ"
အဖြူရောင် နှင်းပန်းပွင့်လေးတွေကြားက အဝါရောင် လီလီ ပန်းပွင့်လေးတွေနှင့် ပန်းစည် း လှလှလေးကို အောင်ရဲသူ၏ လက်ထဲသို့ ထည့်ပေးလိုက်သည်။ဟင်းပွဲတွေ ထည့်သည့် ယွန်းဟင်းချိုင့်ကြီးကို ကျတော်က သယ်ယူလာပေးလိုက်သည်။
နှင်းပန်းလေးတွေထက်ပင် လှပသော အောင်ရဲသူ၏ မျက်နှာလေးမှာ အဝါရောင် လီလီ ပန်းလေးတွေ ထက်ပင် တောက်ပသော အပြုံးလေးတွေကို လက်ကနဲ့ မြင်လိုက်ရသည်။
...........
ကားပေါ်က ဆင်းတော့ ကိုကိုက ဟင်းထည့်သည့် ချိုင့်တွေကို ခန်းမထဲထိ သယ်ပြီး လိုက်ပို့ပေးလေသည်။
ပြီးတော့ ဧည့်ပရိတ်သတ်တွေ ထိုင်သည့် နေရာ၌ ကိုကိုက ထိုင်နေလေသည်။
"ကိုကို ပြပွဲ ပြီးတဲ့ အထိ စောင့်နေပေးနော်"
"စိတ်ချ၊ကိုကို ဒီနေ့ အလုပ်ကနေ ခွင့်ယူလာတယ်။ပွဲပြီးတဲ့ အထိ ကိုကို စောင့်နေပေးမယ် နော် သည်းငယ်လေး"
ကိုကို့ကို ကျတော် ယုံပါသည်။ကိုကိုက သူ၏ အချစ်များကို ထုတ်ဖော်ပြသပေးဖို့ရာ ဘယ်သောအခါကမှ တွန့်တိုတတ်သည့် လူသားတယောက်မဟုတ်ခဲ့။သူ့ချစ်ခြင်းတွေက အစစ်အမှန်တွေ ဖြစ်ကြောင်း အမြဲတမ်း နည်းလမ်းမျိုးစုံနှင့် ပြသတတ်သူဖြစ်သည်။
ကျတော့်အလှည့်ကို ကျလာသည့် အခါ ရဲရဲရင့်ရင့်နှင့်ပင် စင်ပေါ်ကိုတက်သွားပြီး ကျတော် ဖန်တီးထားသည့် ဟင်းပွဲ၊အချိုပွဲတွေကို မိတ်ဆက်ပေးနိုင်ခဲ့သည်။
လက်ခုပ်တီးပြီး အပြုံးတွေနှင့် အားပေးနေသည့် လူများထဲ၌ ကိုကို့ကို မြင်ရသည်မှာ ပျော်ရွှင်ချမ်းမြေ့ဖွယ် အတိပင်ဖြစ်သည်။
နောက်ဆုံး ဆုရရှိသူတွေကို ကြော်ငြာသည့်အခါ ကျတော်ကိုကို့လက်ကလေးကို ဆုပ်ကိုင်ထားမိသည်။
ကိုကို ကျတော့်လက်ကလေးကို သူ၏ လက်ဖဝါးနွေးနွေးလေးနှင့် ပြန်လည်ကာ ဆုပ်ကိုင်ပေးခဲ့ပြန်ပါသည်။
ဘဝမှာ ကိုကို့ကို ရွေးချယ်ခဲ့မိလို့ ပျော်ရွှင်ရတာ အကြိမ်ကြိမ်အခါခါ ပါပဲကိုကိုရယ်။
"ဒုတိယ ဆုကို ပိုင်ဆိုင်ရရှိသူကတော့ သင်တန်းသား အောင်ရဲသူဖြစ်ပါတယ် ခင်ဗျာ"
ကျတော် အရမ်းပျော်ရွှင်မိသွားသည်။ဘယ်တုန်းကမှ မမျှော်လင့်ခဲ့ပဲ အကောင်းဆုံး လုပ်ဆောင်ခဲ့တာ သာ ရှိသည်။
ကိုကို့ကို ဖက်ထားမိသည်။လူတွေ အားလုံး၏ကြားထဲ၌ ကိုကို့ကိုသာ မြင်နေရလေသည်။
.........
သင်တန်းဆင်းပွဲက ပြန်လာသည်အထိ အောင်ရဲသူက ပျော်ပျော်ရွှင်ရွှင်ပင်ဖြစ်ေနေသးသည်။
ဖေဖေတို့ ၊အန်တီချိုတို့၊ကျတော်တို့နှင့် မိသားစု ဂုဏ်ပြုညစာ စားပွဲလေးပင် ကျင်းပနေသေးသည်။
"အဲ့ဒီတော့ သင်တန်းက လွှတ်မယ့်ပညာသင် ဆု နဲ့ နိုင်ငံခြားကို သားငယ်လေး သွားမှာလား?"
ဖေဖေ့စကားကြောင့် အောင်ရဲသူက ရုတ်တရက် ငြိမ်ကျသွားလေသည်။ကျတော့်ကို တချက်ဝေ့ကြည့်လိုက်သေးသည်။သူ့အရွယ်လေးနှင့် သူ့ပညာလေးနှင့် ပညာသင်ဆုနှင့် နိုင်ငံခြားအထိ အချက်အပြုတ် သင်တန်းကို သွားတက်ရမည် ဆိုတော့ သွားလည်း သွားချင်ပေလိမ့်မည်။
တဖက်ကလည်း အသက်ရလာပြီ ဖြစ်သည့် ချစ်သူကို ထည့်တွေးမိလိမ့်မည်။
မထက်ခဲ့ရက်တာလည်း ဖြစ်နေနိုင်ပါလိမ့်မည်။
ဖေဖေနှင့် အန်တီချိုကတော့ သွားစေ့ချင်ဟန် ရှိသည်။သို့သော် ကျတော်နှင့် အောင်ရဲသူတို့၏ ပတ်သက်မှုကို သိနေတာကြောင့် ထူးထူးခြားခြား တိုက်တွန်းတာမျိုးကိုတော့ မလုပ်ကြချေ။
"ကျတော် စဉ်းစားနေတုန်းပဲ ဖေဖေ"
ဖြစ်နိုင်ရင် ကျတော်ကတော့ အောင်ရဲသူလေးကို ကျတော့်အနားမှာပင် ထားချင်မိသည်။ခွဲလည်း မခွဲချင်သလို။ဝေးလည်း မဝေးလိုပေ။
ဒါပေမယ့် ပညာအခွင့်အလမ်း ဘက်က စဉ်းစား ကြည့်ရင်တော့ အောင်ရဲသူကို မတားလိုပေ။သူ့အသက်အရွယ်လေးနှင့် သူ့အရည်အချင်းလေးနှင့် ပညာသွားသက်စေ့ချင်သေးသည်။
ကိုယ်ချစ်ရသည့် သူလေးက တလက်လက်တောက်ပကာ အဖိုးတန်လေး ဖြစ်လာနေမှာကို ကျတော်လည်း မြင်ချင်၊တွေ့ချင်မိသည်။တဖက်က စိတ်မချတာကလည်း စိတ်မချတာပေမယ့်လို့ပေါ့လေ။
အဲ့ဒီနောက်ပိုင်း အောင်ရဲသူက ငြိမ်သွားသည်။စကားတွေ ရွှန်းရွှန်းဝေနေအောင် ပြောနေရင်းကပင် ငြိမ်ကျသွားသည့် ကောင်လေးကို ဖက်ထားပေးချင်မိပေမယ့် ဖေဖေနှင့် အန်တီချိုလည်း ရှိနေတာမို့ စိတ်ကို ဆင်ခြင်နေရလေသည်။
အောင်ရဲသူသာ အနားမှာ မရှိရင်ဆိုသော အတွေးတို့သည် ကျတော် တခါမျှပင် မတွေးရဲခဲ့ဖူးသော အတွေးများဖြစ်ခဲ့ပါသည်။
.............
ညစာစား ပြီး ကျတော့် အခန်းလေးထဲသို့ ဝင်လာခဲ့သည်။
တံခါးရွက်မှ စာလေးကို ဖတ်နေမိသည်။
"ညီလေး မြန်မြန်နေကောင်းပြီး အိမ်ကိုပြန်လာပါတော့ ကိုကို လွမ်းလှပြီ" တဲ့
ကျတော် ဒုတိယတန်းအရွယ်လောက်က ဆေးရုံတက်ရသည်။အိမ်မှာ တယောက်တည်းလေး ကျန်နေခဲ့သည့် ကိုကိုက ကျတော့်ကို လွမ်းပြီး ရေးခဲ့ဟန်ရှိသည်။
သားတွေ၏ ငယ်စဉ်ဘဝ လက်ရာတွေမို့ ဖေဖေက မဖျက်ပဲ ချန်ရစ်ထားပေးခဲ့သည့် အမှတ်တရလေးတွေပင်။
ပြီးတော့ ကျတော့်အခန်းလေး။
ငယ်စဉ်ဘဝကတည်းက ဒီအခန်းလေးထဲမှာပင် အိပ်ခဲ့သည်။ဖေဖေ့ကို မကျေနပ်သော အတွေးတွေကို တွေးခဲ့
ဖူးသည်။ကိုကို့ကို မနာလိုသော အတွေးတွေ တွေးခဲ့ဖူးသည်။
ကျတော် တလျှောက်လုံး နေထိုင်ကြီးပြင်းလာခဲ့ရသည့် ဒီအိပ်ခန်းလေး၊ဒီပန်းချီခန်းလေး၊ပြီးတော့ ဖေဖေ့အိမ်။
ဒါတွေကို ခဏတော့ ခွဲပြီး နေရအုံးမှာပါ့လား ဆိုသည့် အတွေးက ရင်ကို ပူလောင်စေသည်။
ပြီးတော့ ကိုကို။
ကိုကိုက စမတ်ကျလွန်းလို့ ဘယ်ဝန်ထမ်း ကျား၊မ နှင် ဖြစ်ဖြစ် အရောဝင်လွန်းလျှင် ကျတော် သဝန်တိုသည်။
ကိုကို့ကို ခဏလေး ခွဲရမှာကိုပင် စိတ်မချတာကို ၊အခု ပညာသင်နှစ်က နှစ်နှစ်ကြီးများတောင်။ကျတော် ဘယ်လို သွားရမှာလဲ?ကိုကိုရယ် လို့ တွေးနေမိသည်။
မသွားချင်ဘူးလား?ဆိုတော့ သွားလည်း သွားချင်သည်လေ။တော်ရုံ ရသည့် အခွင့်အလမ်း မှ မဟုတ်တာပဲကို။
ကျတော် တွေးတော ငေးမောနေတုန်းမှာပဲ တံခါးချပ်လေး ပွင့်လာပြီး ကိုကို က ကျတော့် အခန်းထဲသို့ ဝင်လာလေသည်။
"ကိုကို"
ကိုကို့ ကို မြင်တာနှင့် အပြေးကလေး ပြေးကာ ဖက်ထား လိုက်မိသည်။
ကိုကိုက ကျတော့် ပုံစံလေးကြောင့် သဘောကျကာ ပြုံးသွားသည်။
"ကိုကို့ သည်းငယ်လေး ဘာတွေ တွေဝေနေတာလဲ?"
"ကျတော် ကိုကိုနဲ့ မခွဲနိုင်ဘူး"
ကျတော့်စကား ကြောင့် ကိုကို ပြုံးရုံမကပဲ ရယ်ပင်ရယ်နေလေသည်။
"ကျတော်နှင့် ခွဲရမှာ ဝမ်းမနည်းဘူးလား? ကျတော့်မှာတော့ ထမင်းကိုတောင် ဆက်မစားနိုင်ဘူး"
ကိုကိုက ကျတော့်ကို သူ့ရင်ခွင်ထဲသို့ ဆွဲထည့်လိုက်လေသည်။
"ဘယ်လိုပြောလိုက်တာလဲ?သည်းငယ်လေးရဲ့ ကိုကိုလည်း သည်းငယ်လေးနဲ့ မခွဲချင်ပါဘူး။ဒါပေမယ့် ကိုကို တားလည်း မတားရက်ဘူး"
ကျတော်က ကိုကို့ရင်ခွင်ထဲကနေ ကိုကို့မျက်နှာလေးကို မော့ကြည့်နေမိသည်။ပြီးတော့ ကိုကို့မေးဖျားလေးကို လှမ်းကာ နမ်းလိုက်မိသည်။ကိုကိုက ကျတော့်ကို စူးစူးနက်နက် ငုံ့ကြည့်နေလေသည်။
"ကိုကိုကမတားရက်ဘူး ဆိုတော့ ကျတော်က သွားမယ်လို့ ပြောနေလို့လား?"
ကိုကို့မျက်လုံးတောက်တောက်လေးက အရောင်ဖျတ်ကနဲ လက်သွားလေသည်။အံ့ဩ သွားသလို၊ဝမ်းသာသွားသလို ပုံမျိုးပင် ဖြစ်လေသည်။
"ကိုကို့သည်းငယ်လေးက တကယ် မသွားဘူးလား?"
"အစက ကျတော် သွားတော့ သွားချင်မိတယ်။ဒါပေမယ့် အခုပြန်စဉ်းစားကြည့်တော့ ဒီနိုင်ငံမှာလည်း ကျတော့်ကို အစားအစာ ချက်ပြုတ်တဲ့ သူအဖြစ် လူသိများသွားပြီ ဆိုတော့ ဒီနိုင်ငံမှာပဲ သင်တန်းဆရာဖြစ်ဖြစ်၊စားသောက်ဆိုင်ဖြစ်ဖြစ် ဖွင့်လည်း ရနေပြီပဲဟာ။ကိုကိုတို့ ဖေဖေတို့နဲ့ ခွဲပြီး ကျတော် မသွားတော့ဘူး"
ကိုကိုက နှစ်နှစ်ခြိုက်ခြိုက်ရယ်နေလေသည်။
"တကယ်နော် သည်းငယ်လေး ကိုကို့ကို မညာရဘူး"
ကျတော် စိတ်လှုပ်ရှားပြီး တအံ့တဩနှင့် ဝမ်းသာနေသော ကိုကို့လက်ကလေးကို ဆွဲကိုင်လိုက်ပြီး ဖွဖွလေး နမ်းရှိုက်လိုက်လေသည်။
"တခြားဟာကိုသာ ရယ်စရာ လုပ်ရင်လုပ်မယ်။ဒါမျိုးကိုတော့ ကျတော် ဟာသ လုပ်စရာလား?ကိုကိုရဲ့ တကယ်ပြောတာ။ကျတော် မသွားတော့ဘူး"
ကိုကိုက ကျတော့်ကို ပွေ့ချီကာ ခြံထဲမှာ အော်ဟစ်ပြေးလွှားနေလေသည်။
"ဟေး အောင်ရဲသူက ဘယ်မှ မသွားတော့ဘူးတဲ့ဟေ့ ဟား ဟား ဟား"
"ကိုကို ဖေဖေတို့ကြားကုန်လိမ့်မယ်
ခစ်ခစ်"
"ကြားပေ့စေ။ဒီတခါကျ ဖေဖေကြားအောင်ကို တမင်အော်တာ။ကိုကို့သည်းငယ်လေးက ကိုကိုနှင့်ပတ်သက်ရင် ဘယ်တော့ မှ မပြောင်းလဲတော့ဘူး ဆိုတာ သေချာသွားပြီဆိုတော့ ရှေ့လျှောက် ဘာအနှောက်အယှက်တွေပဲ ရှိရှိ ကိုကိုက အကုန်ရှင်းပစ်မှာ"
ကျတော် ကိုကို့ လည်ပင်းကြီးကို ဖက်ထားလိုက်ပြီး ကိုကို့ပါးပြင်ကြီးကို နမ်းပစ်လိုက်လေသည်။
"ချစ်တယ် ကိုကို"
"ကိုကိုက ပိုချစ်တာ သည်းငယ်လေး"
အဲ့ဒီနေ့က ခြံထဲမှာ ကျတော်တို့နှစ်ယောက်၏ ရယ်သံတွေနှင့် လွှမ်းခြုံထားလိုက်လေသည်။
Author Thinn Thinn Su Hlaing
2:15 PM