part 30

3.1K 124 0
                                    

တို့....အတူ(BL Fiction)
အပိုင်း(၃၀)
"အဲ့ဒီ နှစ်နှစ် အတွင်းမှာ ဖေဖေက သားကြီးကို လခ ပေးမယ်၊သားကြီးလည်း ပန်းချီရေးတာ အပြင် တခြား ဝါသနာပါတာလေးတွေ လုပ်လို့ရတာပေါ့"

ဒ‌ီတခါလည်း ကျတော်က ကိုကို့ကို မျက်နှာပူရပြန်သည်။ကိုကို့ထံ၌ ဖြစ်ပျက်လာသော အကြောင်းတရားတို့သည် ကျတော့်ကို အရင်းခံ၍ပင် ဖြစ်လာကြသည်မဟုတ်လား။?

"ဟုတ်ကဲ့ ကျတော် သဘောတူပါတယ် ။ဖေဖေ"

ကျတော်က မျက်နှာ ပူနေပေမယ့် ကိုကိုကတော့ လွယ်လွယ်ကူကူပဲ လက်ခံလိုက်လေသည်။

အန်တီချိုကတော့ ကျတော့်လိုပင် ဖေဖေနှင့်ကိုကိုတို့၏ သားအဖလည်းဟုတ်၊သားသားမက်လည်း ဟုတ်လာမည့် အနေအထားကို ဘာတခွန်းမှ ဝင်ပြီး မစွက်ဖက်ချေ။

"ကျတော်လည်း ပြောစရာ ရှိပါတယ်။ဖေဖေ"ကိုကို့ကိုရောပေါ့"

"အေး ပြောလေ ငါ့သား"

"ကျတော် စားဖိုမှူး သင်တန်း တက်ပြီး အစားအစာ ချက်ပြုတ်တာကို လေ့လာချင်ပါတယ် ဖေဖေ"

"သေချာပြီလား အငယ်လေး"?

ဖေဖေ့စိတ်ထဲမှာ တွေးနေမည့် အတွေးတွေကို ကျတော်သိသည်။ဒီကောင်လေး စိတ်ပြောင်းအုံးမှာလား မသိဘူး ဆိုသည့် အတွေးမျိုးကို တွေးနေပေလိမ့်မည်။

"သေချာတယ် ဖေဖေ။ဒီတခါ ကျတော်တကယ် လုပ်ချင်တာ"

"ကိုကိုကတော့ ထောက်ခံတယ် ညီလေး။ဒီရက်တွေ အတွင်းမှာ ညီလေး ရဲ့ ဟင်းချက်လက်ရာ တိုးတက်နှုန်းက မြန်ဆနိတယ်လို့ ကိုကိုထင်တယ်။သေသေချာချာ သင်ကြားပြီးတော့ လေ့လာရင် တော်လာမယ်လို့ ကိုကိုထင်တယ်"

ကိုကို့စကားကြောင့် ဖေဖေက ပြုံးသွားသည်။

"ဘယ်လိုပဲ ဖြစ်ဖြစ် ပါ။ဖေဖေ့အ ‌ေနနဲ့ကတော့  ခွင့်ပြုပေးရမှာပါပဲ။"

ဖေဖေက ကျတော့်အကြောင်းကို ကျတော့်ထက်ပိုသိပါသည်။သူခွင့်မပြုလည်း ကျတော်က လုပ်မည်ဆိုလျှင် လုပ်တတ်တာကို ဖေဖေသိသည်လေ။

"ကဲ စားပြီးပြီ ဆိုတော့ အိမ်ကိုပြန်ကြမလား?ပြခန်းကို ပြန်ကြမလား အကို"

တို့....အတူ (Complete)Where stories live. Discover now