part 02

7.7K 229 0
                                    

တို့..အတူ (BL Fic)
အပိုင်း(၂)
ဟော နောက်ထပ်တရက် မိုးလင်းလာပြန်ပြီ။အိပ်ရာထဲကနေ စိတ်မကြည်မလင်နဲ့ နိုးလာတာမို့ အောင်ရဲသူ တယောက် နောက်တကြိမ် ပြန်လှဲချလိုက်မိသည်။ဒါပေမယ့် နေမထွက်ခင်"နေကြာရိုင်း" ပန်းချီကားကို ရေးဖြစ်အောင် ထွက် ပြီးရေးရမယ်ဆိုသည့် အသိကလည်း ရှိ‌ေနပြန်သည်။

ဒီနေ့တော့ သိပ်အကြိုက်တွေ့သည်ဖြစ်စေ၊အကြိုက်မတွေ့သည်ဖြစ်စေ
မဖျက်ပစ်ဘဲ ပြီးဆုံးသည် အထိ ရေးမည် ဟု စိတ်ဆုံးဖြတ်လိုက်မိသည်။

ကိုကို့ထက် ပိုပြီးမထင်‌ေပါ်လည်း ကိစ္စမရှိဘူး။‌ေဖဖေက မချီးကျူးလည်း ကိစ္စမရှိဘူး။ဒီ‌ေန့ ရေးမယ့် ပန်းချီကားက ငါ့ရေးဟန်ပဲ။
ခဏ၊ခဏ ပြန်ပြန်ပြီး အသစ်ရေးနေရင်လည်း ဒီတသက်လုံး အဲ့ဒီပန်းချီကားကို အပြီးသတ်နိုင်တော့မည်မဟုတ်။နေကြာရိုင်း စုစည်းမှုကို ကိုကိုနှင့် ကျတော်အပါအဝင် ပန်းချီဆရာ (၅) ယောက်၏ လက်ရာတွေကို စုစည်း ပြသကြမှာ‌ဆိုတော့ ရေးဖြစ်မှ ဖြစ်မည် လို့ တွေးလိုက်သည်။

အတွေးကစေ့ဆော်တာကြောင့် စိတ်မကြည်သည့်ကြားကပင် ကျတော် ချက်ချင်းထကာ တကိုယ်ရည် သန့်ရှင်းရေးတွေကို လျင်လျင်မြန်မြန် လုပ်လိုက်သည်။

ပြီးတော့ ပန်းချီရေးမည့် ပစ္စည်းတွေကိုပါ အိမ်ရှေ့ထိ အရောက် သယ်လာခဲ့လေသည်။

ခုမှပဲ စိတ်ဆုံးဖြတ်လိုက်တာမို့ တောင်တောင်အီအီ အတွေးမများတော့ပဲ စိတ်က ငြိမ်သက်နေကာ ဈာန်ဝင်ပြီး ရေးဖြစ်တော့သည်။

လိုချင်သည့် အတိုင်းမဖြစ်ရင်တောင်မှ အတည်ယူတော့မည် ဆိုတဲ့ စိတ်နဲ့ ရေးလိုက်တာ ပတ်ဝန်းကျင်ကိုပါ မေ့သွားရသည်။

နည်းနည်းကြာလာတော့ ကျတော်ညောင်းညာလာသည်။နည်းနည်း လည်း ပင်ပန်းစပြုလာလေပြီ။ ဒီနေ့တော့ နားအုံးမှ ဖြစ်မည်။နောက်နေ့တွေကျမှ အပြီးသတ်ရမည်။

လက်နှစ်ဖက်ကို အပေါ်သို့ဆန့်ကာ အညောင်း ဆန့်လိုက်သည်။ပြီးတော့ ကျတော်၏ ရေးလက်စ ပန်းချီကားကို ပြန်ပြီး ခြုံငုံ ကြည့်မိပြန်သည်။

"ဟင် ဖြစ်ပြန်ပြီကွာ။
လိုချင်တဲ့ ပုံအတိုင်းကို ထွက်မလာဘူး"

တို့....အတူ (Complete)Where stories live. Discover now